မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×
Credit: We Love Cele
#Unicode Version#
စက်တင်ဘာလ (၁) ရက်ညပိုင်းက ပဲခူးဆောင်၊ ရတနာဆောင်နဲ့ ရွှေဘိုမောင်နှမဆောင်တို့ စုပေါင်းပြုလုပ်တဲ့ မိတ်ဆုံစားပွဲနဲ့ နှုတ်ဆက်ပွဲမှာ ကပြဖျော်ဖြေခဲ့တဲ့ ကျောင်းသူတစ်ဦးရဲ့ဗီဒီယိုဖိုင်ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်း သရုပ်ပျက်ကပြတယ်ဟုဆိုကာ တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ဝေဖန်မှုများထွက်ပေါ်ခဲ့ပါတယ်။ သူက အမျိုးသမီးတစ်ယောက်မဟုတ်ဘဲ အမျိုးသမီးစိတ်ပေါက်နေတဲ့ Lady Boy တစ်ယောက်လည်းဖြစ်ပါတယ်။ သူ ဒီလိုမျိုးဘာကြောင့်ကပြဖျော်ဖြေဖြစ်ခဲ့တာလည်းဆိုတာကို ပြောပြထားပါတယ်။
“ညီမ ဒီကိစ္စနဲ့ပတ်သက်ပြီး တင်လိုက်တဲ့ ဗီဒီယိုက မီဒီယာတွေကြောင့်ပိုပြီးပြန့်သွားတာပါ ဒီလိုကလိုက်တယ်ဆိုတာကလည်း ဒင်နားမို့လို့ပါ။ တစ်ကျောင်းလုံးလုပ်တဲ့ပွဲလည်းမဟုတ်ဘူး။ မောင်နှမဆောင်ဒင်နာမို့ အဲလိုဝတ်ပြီး ကမိတာ ပြီးတော့ Final Year မို့ နောက်နှစ်လည်း ကဖို့အစီအစဉ်မရှိတော့ဘူး။ အဲဒါကြောင့်မို့ပါ။ ညီမကလည်း ဝတ်ချင်သလိုဝတ်ပြီးကမိတာကိုး လူတိုင်းမှာက ပြောပိုင်ခွင့်၊ ဆိုပိုင်ခွင့်၊ ဆဲပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့်လည်းရှိတယ်။ အဲဒီအတွက်သူတို့ကဘာမှမပြောချင်ပါဘူး။ ဒီကိစ္စက ညီမဘာသာတက်ကမိတဲ့အတွက် ညီမတစ်ယောက်တည်းနဲ့ပဲ ဆိုင်တာပါ ရန်ကုန်တက္ကသိုလ်နဲ့ရော ညီမ မြန်မာစာမေဂျာနဲ့ရော ညီမနေတဲ့ ပဲခူးအဆောင်နဲ့ရော သူတို့နဲ့ဘာမှပတ်သက်မှုမရှိပါဘူးလို့ ပြောချင်ပါတယ်။”
သူမဒီလိုကပြဖျော်ဖြေခဲ့တဲ့အတွက် LGBT လူ့အဖွဲ့အစည်းကိုထိခိုက်တယ်လို့ ဝေဖန်ပြောဆိုခဲ့ကြပါသေးတယ် အဲဒီအတွက် သူမအနေနဲ့လည်း တောင်းပန်စကားဆိုခဲ့ပါသေးတယ်။ အရင်တုန်းကဒီလိုဝေဖန်တိုက်ခိုက်မှုတွေကို ဝမ်းနည်းမိပေမယ့် ခုချိန်မှာတော့ သူမအနေနဲ့ Strong ဖြစ်သွားပြီလို့ဆိုပါတယ်။
“မိသားစုတွေလည်းခုဆိုသိသွားပါပြီ ညီမကိုဖုန်းတွေဆက်ပြီးပြောကြပါတယ်။ ဒါပေမယ့် ညီမအစကထင်ထားတာ သူတို့ပြောတော့မယ် ဆူတော့မယ်ပေါ့ မဟုတ်ဘူး အဲလိုမျိုးမဖြစ်လာဘူး ညီမကိုအဆင်ပြေရဲ့လား ဘာညာ မေးကြတာ မိသားစုကတော့ ညီမဘက်မှာရှိပါတယ်။”
“သီချင်းအရပ်ခံလိုက်ရတော့ နည်းနည်းလေးတော့ ဒေါသလည်းထွက်တယ် စိတ်မကောင်းလည်းဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် ကိုယ့်ဘာသာပြန်စဉ်းစားမိတဲ့အခါကျတော့ အဆောင်မှူးကလည်း ညီမကို မကဖို့ သတိပေးတယ်။ အရင်နှစ်တွေတုန်းကလည်း ညီမကတယ် ကတယ်ဆိုတာ ဒင်နာပွဲတွေပဲကဖြစ်တာများတာပါ။ တခြားကျောင်းကလုပ်တဲ့ပွဲတွေတခုမှဝင်မကဘူးညီမက နည်းနည်းလေးကြမ်းတဲ့အခါကျတော့။ သူများကထားတဲ့ ဟာတွေကို Youtube ကနေကြည့်ပြီး ညီမ Idea နဲ့ပေါင်းစပ်လိုက်တာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: We Love Cele
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top