iMyanmarHouse.com - Best Property Website for Myanmar
×





























 စက္တင္ဘာ ၁၂ ရက္ေန ့ကို ဆက္ေစာင့္ၾကည့္ရမွာပါ

Apple ကေတာ့ ဒုတိယမ်ိဳးဆက္ iPhone X သစ္ေတြကို လာမယ့္ စက္တင္ဘာ ၁၂ ရက္ ဗုဒၶဟူးေန ့မွာ မိတ္ဆက္သြားေတာ့မွာပါ။ ဒီႏွစ္မွာ ျမင္ရမယ့္ iPhone သစ္ေတြဟာ Apple သမိုင္းမွာ မ်ိဳးဆက္သစ္တစ္ခုဆီ ဦးတည္ေျပာင္းလဲသြားမယ္လို ့အားလံုးက ေမွ်ာ္လင့္ထားၾကပါတယ္။
 (၁) ပိုမို (၁)ပိုမို စိတ္ခ်ျမန္ဆန္တဲ့ FaceID စနစ္သစ္
Photo: CNET
iPhone X ရဲ့ အေကာင္းဆံုး နဲ ့အဆန္းသစ္ဆံုး feature တစ္ခုကို ေျပာပါဆိုရင္ FaceID ကို ေျပာရမွာပါ။ ဒီဖုန္းကေန ေရွ ့ေဆာင္လမ္းျပခဲ့တဲ့ FaceID နည္းပညာကို သူ ့ေနာက္ထြက္သမွ် အန္းဒရိုက္ဖုန္းတိုင္းလိုလိုက သံုးလာခဲ့ပါတယ္။ iPhone X ရဲ့ FaceID မွာ ျပႆနာတစ္ခ်ိဳ ့ရိွထားခဲ့ေပမယ့္ ဒီႏွစ္ထြက္ iPhone ေတြမွာေတာ့ ပိုျပီး ျမန္ဆန္စိတ္ခ်ရတဲ့ နည္းပညာသစ္ကို ျမင္ရမွာပါ။

fingerprint စနစ္မွာဆို TouchID ဟာ မတူညီတဲ့ လက္ေဗြ ၅ မ်ိဳးအထိ လက္ခံအလုပ္လုပ္ႏိုင္သလိုမ်ိဳး FaceID သစ္မွာလည္း မ်က္ႏွာအမ်ားအျပားကို လက္ခံႏိုင္ျပီး အေနအထားအမ်ိဳးမ်ိဳးကေန မ်က္ႏွာက္ုိ အလြယ္တကူ ဖတ္ရႈႏိုင္မယ္လို ့ေမွ်ာ္လင့္ရပါတယ္။ ဒီအတြက္ Apple ဟာ အနီေအာက္ေရာင္ျခည္ TrueDepth ကင္မရာဖတ္စနစ္မွာ ေထာင့္မ်ိဳးစံုကေန မ်က္ႏွာဖတ္ႏိုင္ေအာင္ တီထြင္သြားဖို ့ရိွပါတယ္။

ေနာက္တစ္ခ်က္ကလည္း ဒုတိယမ်ိဳးဆက္ FaceID ဟာ iPhone သစ္ ၃ မ်ိဳးစလံုးနဲ ့iPad Pros သစ္ ၂ မ်ိဳးတို ့မွာ သံုးစဲြသြားမယ့္ နည္းပညာ ျဖစ္ျပီး iPhone 6s ကေန စျပီး သံုးလာတဲ့ TouchID စနစ္ေတြရဲ့ ေနဝင္ခ်ိန္ကို လာမယ့္ စက္တင္ဘာ ၁၂ ရက္ေန ့က ေၾကျငာသြားဖို ့ရိွပါတယ္။

 (၂) VR နည္းပညာအတြက္ ပိုမိုေကာင္းမြန္တဲ့ အေထာက္အပံ့


Photo: CNET
iOS 11 ကစျပီး iPhone 6s နဲ ့ေနာက္ထြက္ ေမာ္ဒယ္ေတြအတြက္ ARKit ပံ့ပိုးခ်က္နဲ ့အတူ Apple ဟာ App Store မွာ AR app မ်ိဳးစံု သံုးလို ့ရေအာင္ ဖန္တီးခဲ့ပါတယ္။ iOS 12 သစ္မွာေတာ့ iPhone ေတြမွာ ပံုရိပ္ေယာင္ စနစ္ေတြ ပိုျပီး စံုလင္လာခဲ့ပါတယ္။ ဒီအခ်က္ေၾကာင့္ iPhone XS series သစ္ေတြဟာ VR ပိုင္းမွာ အသစ္အသစ္ေတြ မိတ္ဆက္လာမယ္လို ့ယူဆေနၾကပါတယ္။

 (၃) USB Type C နဲ ့ပိုျမန္လာတဲ့ ၾကိဳးမဲ့အားသြင္းစနစ္


ဒီႏွစ္ေစာင့္ၾကည့္ရမယ့္ iPhone သတင္းတစ္ခုက charge မွာ USB Type C port သံုးမယ္ဆိုတဲ့ သတင္းပါ။  ၂၀၁၈ ေမာ္ဒယ္ iPhone ေတြဟာ 18W USB-C charger နဲ ့လာမွာ ျဖစ္လို ့အားသြင္းရ ပိုျမန္မယ္လို ့လည္း သတင္းထြက္ေနပါတယ္။ ဒီ Type C charger စနစ္ေၾကာင့္  iPhone သစ္တစ္လံုးဟာ မိနစ္ ၃၀ အားသြင္းတာနဲ ့အား ၅၀% ထိ ရွိလာမယ္လို ့ဆိုပါတယ္။

 (၄) ပိုၾကီးလာတဲ့ screen size


Photo: Dimensiva
ဒီႏွစ္ iPhone ေတြဟာ ထြက္ဖူးသမွ် iPhone ေတြထဲမွာ စံခ်ိန္တင္ မ်က္ႏွာျပင္အရြယ္ အၾကီးအစားနဲ ့ထြက္လာမွာပါ။ iPhone X ကစျပီး ဆယ္ႏွစ္တာ iPhone ေတြကုိ ေတာ္လွန္ခဲ့တဲ့ iPhone မ်ိဳးဆက္ကို မိတ္ဆက္ခဲ့တဲ့ Apple ဟာ ဒီႏွစ္မွာ မ်က္ႏွာျပင္ ၅.၈ လက္မနဲ ့၆.၅ လက္မ OLED အမ်ိဳးအစား ႏွစ္ခုနဲ ့၆.၁ လက္မ LCD display ဖုန္းေတြကို ေၾကျငာသြားမယ္ဆိုတာ အားလံုး သိထားျပီး ျဖစ္မွာပါ။

နာမည္အေနနဲ ့LCD ေမာ္ဒယ္ကို iPhone XC ၊ ၅.၈ လက္မနဲ ့၆.၅ လက္မေမာ္ဒယ္ကို iPhone XS နဲ ့iPhone XS Max ဆိုျပီး ေခၚသြားမယ္လို ့လည္း သတင္းမ်ား ထြက္ေပၚေနပါတယ္။

 (၅) စိတ္လႈပ္ရွားစရာ ေစ်းႏႈန္း


Photo: Apple Insider
ထူးထူးျခားျခားလို ့ဆုိႏိုင္တဲ့ သတင္းတစ္ခုက ဒီႏွစ္ရဲ့ အျမင့္ဆံုး iPhone XS Max ဟာ အရင္ႏွစ္ iPhone X ေစ်းနဲ ့ထြက္လာမယ္ဆိုတဲ ့သတင္းပါ။

ေလာေလာဆယ္ ၾကားေနရတဲ့ သတင္းေတြမွာေတာ့့iPhone XCကို ၆၉၉ ေဒၚလာ (ျမန္မာေငြ ၁၀ သိန္းခန့္) ၊ iPhone XS ကို ေဒၚလာ ၉၀၀ (ျမန္မာေငြ ၁၄ သိန္း နီးပါး) နဲ ့iPhone XS Max ကို ေဒၚလာ ၁၀၀၀ (ျမန္မာေငြ ၁၅ သိန္းေက်ာ္) ေစ်းေတြနဲ ့ေရာင္းခ်သြားမယ္လို ့သတင္းထြက္ထားပါတယ္။

 iPhone သမိုင္းမွာ မ်က္ႏွာျပင္အၾကီးဆံုးဆိုတဲ့ iPhone ေတြကို မိတ္ဆက္သြားမယ့္ ဒီပဲြမွာ Apple ဟာ ဘာေတြ ထူးထူးျခားျခား လုပ္ျပသြားမလဲဆိုတာကိုေတာ့ စက္တင္ဘာ ၁၂ ရက္ကို ေစာင့္ေမွ်ာ္ရမွာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 စက်တင်ဘာ ၁၂ ရက်နေ့ကို ဆက်စောင့်ကြည့်ရမှာပါ

Apple ကတော့ ဒုတိယမျိုးဆက် iPhone X သစ်တွေကို လာမယ့် စက်တင်ဘာ ၁၂ ရက် ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်သွားတော့မှာပါ။ ဒီနှစ်မှာ မြင်ရမယ့် iPhone သစ်တွေဟာ Apple သမိုင်းမှာ မျိုးဆက်သစ်တစ်ခုဆီ ဦးတည်ပြောင်းလဲသွားမယ်လို့အားလုံးက မျှော်လင့်ထားကြပါတယ်။

 (၁) ပိုမို စိတ်ချမြန်ဆန်တဲ့ FaceID စနစ်သစ်

Photo: CNET
iPhone X ရဲ့ အကောင်းဆုံး နဲ့အဆန်းသစ်ဆုံး feature တစ်ခုကို ပြောပါဆိုရင် FaceID ကို ပြောရမှာပါ။ ဒီဖုန်းကနေ ရှေ့ဆောင်လမ်းပြခဲ့တဲ့ FaceID နည်းပညာကို သူ့နောက်ထွက်သမျှ အန်းဒရိုက်ဖုန်းတိုင်းလိုလိုက သုံးလာခဲ့ပါတယ်။ iPhone X ရဲ့ FaceID မှာ ပြဿနာတစ်ချို့ရှိထားခဲ့ပေမယ့် ဒီနှစ်ထွက် iPhone တွေမှာတော့ ပိုပြီး မြန်ဆန်စိတ်ချရတဲ့ နည်းပညာသစ်ကို မြင်ရမှာပါ။

fingerprint စနစ်မှာဆို TouchID ဟာ မတူညီတဲ့ လက်ဗွေ ၅ မျိုးအထိ လက်ခံအလုပ်လုပ်နိုင်သလိုမျိုး FaceID သစ်မှာလည်း မျက်နှာအများအပြားကို လက်ခံနိုင်ပြီး အနေအထားအမျိုးမျိုးကနေ မျက်နှာကို အလွယ်တကူ ဖတ်ရှုနိုင်မယ်လို့မျှော်လင့်ရပါတယ်။ ဒီအတွက် Apple ဟာ အနီအောက်ရောင်ခြည် TrueDepth ကင်မရာဖတ်စနစ်မှာ ထောင့်မျိုးစုံကနေ မျက်နှာဖတ်နိုင်အောင် တီထွင်သွားဖို့ရှိပါတယ်။

နောက်တစ်ချက်ကလည်း ဒုတိယမျိုးဆက် FaceID ဟာ iPhone သစ် ၃ မျိုးစလုံးနဲ့iPad Pros သစ် ၂ မျိုးတို့မှာ သုံးစွဲသွားမယ့် နည်းပညာ ဖြစ်ပြီး iPhone 6s ကနေ စပြီး သုံးလာတဲ့ TouchID စနစ်တွေရဲ့ နေဝင်ချိန်ကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့က ကြေငြာသွားဖို့ရှိပါတယ်။

 (၂) VR နည်းပညာအတွက် ပိုမိုကောင်းမွန်တဲ့ အထောက်အပံ့

Photo: CNET
iOS 11 ကစပြီး iPhone 6s နဲ့နောက်ထွက် မော်ဒယ်တွေအတွက် ARKit ပံ့ပိုးချက်နဲ့အတူ Apple ဟာ App Store မှာ AR app မျိုးစုံ သုံးလို့ရအောင် ဖန်တီးခဲ့ပါတယ်။ iOS 12 သစ်မှာတော့ iPhone တွေမှာ ပုံရိပ်ယောင် စနစ်တွေ ပိုပြီး စုံလင်လာခဲ့ပါတယ်။ ဒီအချက်ကြောင့် iPhone XS series သစ်တွေဟာ VR ပိုင်းမှာ အသစ်အသစ်တွေ မိတ်ဆက်လာမယ်လို့ယူဆနေကြပါတယ်။

 (၃) USB Type C နဲ့ပိုမြန်လာတဲ့ ကြိုးမဲ့အားသွင်းစနစ်

ဒီနှစ်စောင့်ကြည့်ရမယ့် iPhone သတင်းတစ်ခုက charge မှာ USB Type C port သုံးမယ်ဆိုတဲ့ သတင်းပါ။  ၂၀၁၈ မော်ဒယ် iPhone တွေဟာ 18W USB-C charger နဲ့လာမှာ ဖြစ်လို့အားသွင်းရ ပိုမြန်မယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒီ Type C charger စနစ်ကြောင့်  iPhone သစ်တစ်လုံးဟာ မိနစ် ၃၀ အားသွင်းတာနဲ့အား ၅၀% ထိ ရှိလာမယ်လို့ဆိုပါတယ်။



(၄) ပိုကြီးလာတဲ့ screen size

Photo: Dimensiva
ဒီနှစ် iPhone တွေဟာ ထွက်ဖူးသမျှ iPhone တွေထဲမှာ စံချိန်တင် မျက်နှာပြင်အရွယ် အကြီးအစားနဲ့ထွက်လာမှာပါ။ iPhone X ကစပြီး ဆယ်နှစ်တာ iPhone တွေကို တော်လှန်ခဲ့တဲ့ iPhone မျိုးဆက်ကို မိတ်ဆက်ခဲ့တဲ့ Apple ဟာ ဒီနှစ်မှာ မျက်နှာပြင် ၅.၈ လက်မနဲ့၆.၅ လက်မ OLED အမျိုးအစား နှစ်ခုနဲ့၆.၁ လက်မ LCD display ဖုန်းတွေကို ကြေငြာသွားမယ်ဆိုတာ အားလုံး သိထားပြီး ဖြစ်မှာပါ။

နာမည်အနေနဲ့LCD မော်ဒယ်ကို iPhone XC ၊ ၅.၈ လက်မနဲ့၆.၅ လက်မမော်ဒယ်ကို iPhone XS နဲ့iPhone XS Max ဆိုပြီး ခေါ်သွားမယ်လို့လည်း သတင်းများ ထွက်ပေါ်နေပါတယ်။

 (၅) စိတ်လှုပ်ရှားစရာ ဈေးနှုန်း

Photo: Apple Insider
ထူးထူးခြားခြားလို့ဆိုနိုင်တဲ့ သတင်းတစ်ခုက ဒီနှစ်ရဲ့ အမြင့်ဆုံး iPhone XS Max ဟာ အရင်နှစ် iPhone X ဈေးနဲ့ထွက်လာမယ်ဆိုတဲ့သတင်းပါ။

လောလောဆယ် ကြားနေရတဲ့ သတင်းတွေမှာတော့iPhone XCကို ၆၉၉ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းခန့်) ၊ iPhone XS ကို ဒေါ်လာ ၉၀၀ (မြန်မာငွေ ၁၄ သိန်း နီးပါး) နဲ့iPhone XS Max ကို ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၅ သိန်းကျော်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့သတင်းထွက်ထားပါတယ်။

 iPhone သမိုင်းမှာ မျက်နှာပြင်အကြီးဆုံးဆိုတဲ့ iPhone တွေကို မိတ်ဆက်သွားမယ့် ဒီပွဲမှာ Apple ဟာ ဘာတွေ ထူးထူးခြားခြား လုပ်ပြသွားမလဲဆိုတာကိုတော့ စက်တင်ဘာ ၁၂ ရက်ကို စောင့်မျှော်ရမှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top