×

 တစ္ေနကုန္အလုပ္ေတြပင္ပန္းထားေပမယ္႔ ညအိပ္ခါနီးက်မွ အိပ္မေပ်ာ္တာမ်ိဳးက ျဖစ္တတ္ပါတယ္။

 ဒါေပမယ္႔ ေနာက္တစ္ေန႕မွာအေရးႀကီးမီတင္ေတြကလည္း ရွိေနေတာ႔ အိပ္ေရးပ်က္လို႔ကလည္း မရဘူး။ တကယ္ေတာ႔ အိပ္ေရးပ်က္ေရာဂါ (insomnia) က လူကိုေတာ္ေတာ္ဒုကၡေပးတာပါ။ ညဘက္နားခ်ိန္ကေလးမွာ စိတ္ေအးလက္ေအးနဲ႔ သက္ေတာင္႔သက္သာ အိပ္ေပ်ာ္ႏိုင္ဖို႔ ေအာက္ပါအခ်က္ေတြကို သိထားသင္႔ပါတယ္။
၁။ အပူခ်ိန္ကိုထိန္းညွိပါ

ပူလြန္းရင္ အိပ္မေပ်ာ္ႏိုင္သလို ေအးလြန္းရင္လည္း အိပ္လို႔အဆင္မေျပပါဘူး။ ဒါေၾကာင္႔ အခန္းအပူခ်ိန္ကို ခင္ဗ်ားအိပ္လို႔ သက္္ေတာင္႔သက္တာရွိမယ္႔ အေနအထားမွာ ထိန္းညွိထားေပးလိုက္ပါ။ အဲလ္ကြန္း ဖြင္႔မယ္ဆိုရင္ မပူလြန္း၊ မေအးလြန္းတဲ႔ အေနအထားမွာပဲထားပါ။ ေနာက္ၿပီး ညအိပ္ခါနီးရင္ essential oil တစ္မ်ိဳးမ်ိဳးကိုလိမ္းေပးတာဟာလည္း ပိုမိုလြယ္ကူစြာ အိပ္ေမာက်ႏိုင္ေအာင္ ကူညီေပးႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ႔ ေန႕လည္ဘက္မွာေနေရာင္ကို လံုေလာက္စြာရရွိေအာင္ ခံယူတာဟာလည္း ခႏၶာကိုယ္ရဲ႕ဇီဝနာရီကို မွန္ကန္ေစၿပီး လူကိုေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။
၂။ ညစာစားရင္ သတိထားပါ


ေလ႔လာမႈေတြက ေဖာ္ျပထားတာကေတာ႔ မဂၢနီစီယမ္နဲ႕ ဗိုက္တာမင္ ဘီစစ္ၾကြယ္ဝတဲ႔အစားအေသာက္ေတြက အိပ္ေရးပ်က္ေရာဂါနဲ႔ဆက္စပ္ေနၿပီး ပိုမိုလြယ္ကူစြာ အိပ္ေမာက်ေစပါသတဲ႔။ ေနာက္ၿပီး အခ်ိဳမ်ားတဲ႔အစားအေသာက္ေတြကို အိပ္ယာဝင္ခါနီးစားသံုးျခင္းကို ေရွာင္ရွားသင္႔ၿပီး မီလာတိုနင္ (melatonin) ျမင္႔တက္ေစဖို႔ ပရိုတိန္းဓာတ္ပါဝင္တဲ႔ အစားအေသာက္ေတြကိုေတာ႔ နည္းနည္းစားေပးသင္႔ပါတယ္။

အားလံုးသိထားျပီးတဲ႔အတိုင္း ကဖင္းဓာတ္ကေတာ႔ ခင္ဗ်ားရဲ႕မ်က္လံုးေတြကို အိပ္ခ်င္စိတ္ေၾကာင္႔ မ်က္ခြံေတြေလးလံလာျခင္းမွ ကာကြယ္ေပးထားမွာျဖစ္လိုု႔ အိပ္ခါနီး ေကာ္ဖီမေသာက္သင္႔ပါဘူး။
၃။ စိတ္ကိုရွင္းလင္းထားပါ
သားေရး၊ သမီးေရး၊ မိသားစုေရးနဲ႔ပူေလာင္ေနမယ္ဆိုရင္၊ ေခါင္းထဲမွာ ေတြးစရာေတြမ်ားလြန္းေနမယ္ဆိုရင္ အိပ္ရတာ အဆင္ေျပမယ္မထင္ပါဘူး။ ဒါေၾကာင္႔ အိပ္ခါနီး တရားထိုင္တာတို႔၊ စိတ္ကိုျငိမ္းခ်မ္းေစမယ္႔ စာအုပ္ေလးေတြဖတ္ေပးတာတို႔က အိပ္ေပ်ာ္ေစဖို႔အေထာက္အကူျဖစ္ေစပါတယ္။
၄။ အိပ္ယာထဲကို လွ်ပ္စစ္ပစၥည္းေတြယူမသြားပါနဲ႕


 မိမိရဲ႕အိပ္ခန္းထဲမွာ တီဗီေတြ၊ ကြန္ပ်ဴတာေတြလို လွ်ပ္စစ္ပစၥည္းေတြထားထားတာက အၾကံေကာင္းတစ္ခုေတာ႔မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ႔ ညဘက္မွာ လွ်ပ္စစ္ပစၥည္းေတြက ထုတ္လႊင္႔တဲ႔ blue light လို႔ေခၚတဲ႔အလင္းက မ်က္စိအာရံုေၾကာေတြကို ထိခိုက္ေစႏိုင္ၿပီး အိပ္ခါနီးမ်က္စိေၾကာင္ေစႏိုင္ပါတယ္။ ေနာက္ၿပီး ဒါေတြသာအိပ္ခန္းထဲရွိေနရင္ အိပ္ခါနီးဖုန္းပြတ္ေနမိတာနဲ႔ အိပ္ခ်င္စိတ္ေပၚလာမွာ မဟုတ္ေတာ႔ပါဘူး။
၅။ မနက္ပုိင္းအခ်ိန္မွာေလ႔က်င္႔ခန္းလုပ္ေပးပါ


မိမိရဲ႕တစ္ေန႕တာလုပ္ေဆာင္မႈေတြက အိပ္စက္ျခင္းကိုအက်ိဳးသက္ေရာက္မႈရွိပါတယ္။ မနက္ပိုင္းအခ်ိန္မွာ ေလ႔က်င္႔ခန္း လုပ္ေပးျခင္းဟာ က်န္းမာေရးအတြက္ အေလ႔အက်င္႔ေကာင္းတစ္ခုျဖစ္သလို ညအိပ္ယာဝင္ခ်ိန္မွာ အလြယ္တကူ အိပ္ေမာက်ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။ ေနေရာင္ျခည္နဲ႔ မနက္ခင္းေလျပည္ေလညင္းေလးေတြရဲ႕ကုထံုးက တစ္ေန႕တာလံုး စိတ္ကုိၾကည္လင္လန္းဆန္း ေစရံုသာမက ညအိပ္ယာဝင္ခ်ိန္မွာလည္း အေထာက္အကူျပဳႏိုင္တာကို ေတြ႔ရွိရမွာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.duwun
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်နေကုန်အလုပ်တွေပင်ပန်းထားပေမယ့် ညအိပ်ခါနီးကျမှ အိပ်မပျော်တာမျိုးက ဖြစ်တတ်ပါတယ်။

 ဒါပေမယ့် နောက်တစ်နေ့မှာအရေးကြီးမီတင်တွေကလည်း ရှိနေတော့ အိပ်ရေးပျက်လို့ကလည်း မရဘူး။ တကယ်တော့ အိပ်ရေးပျက်ရောဂါ (insomnia) က လူကိုတော်တော်ဒုက္ခပေးတာပါ။ ညဘက်နားချိန်ကလေးမှာ စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာ အိပ်ပျော်နိုင်ဖို့ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။
၁။ အပူချိန်ကိုထိန်းညှိပါ

ပူလွန်းရင် အိပ်မပျော်နိုင်သလို အေးလွန်းရင်လည်း အိပ်လို့အဆင်မပြေပါဘူး။ ဒါကြောင့် အခန်းအပူချိန်ကို ခင်ဗျားအိပ်လို့ သက်တောင့်သက်တာရှိမယ့် အနေအထားမှာ ထိန်းညှိထားပေးလိုက်ပါ။ အဲလ်ကွန်း ဖွင့်မယ်ဆိုရင် မပူလွန်း၊ မအေးလွန်းတဲ့ အနေအထားမှာပဲထားပါ။ နောက်ပြီး ညအိပ်ခါနီးရင် essential oil တစ်မျိုးမျိုးကိုလိမ်းပေးတာဟာလည်း ပိုမိုလွယ်ကူစွာ အိပ်မောကျနိုင်အောင် ကူညီပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ နေ့လည်ဘက်မှာနေရောင်ကို လုံလောက်စွာရရှိအောင် ခံယူတာဟာလည်း ခန္ဓာကိုယ်ရဲ့ဇီဝနာရီကို မှန်ကန်စေပြီး လူကိုကောင်းကောင်းအိပ်ပျော်စေပါတယ်။
၂။ ညစာစားရင် သတိထားပါ

လေ့လာမှုတွေက ဖော်ပြထားတာကတော့ မဂ္ဂနီစီယမ်နဲ့ ဗိုက်တာမင် ဘီစစ်ကြွယ်ဝတဲ့အစားအသောက်တွေက အိပ်ရေးပျက်ရောဂါနဲ့ဆက်စပ်နေပြီး ပိုမိုလွယ်ကူစွာ အိပ်မောကျစေပါသတဲ့။ နောက်ပြီး အချိုများတဲ့အစားအသောက်တွေကို အိပ်ယာဝင်ခါနီးစားသုံးခြင်းကို ရှောင်ရှားသင့်ပြီး မီလာတိုနင် (melatonin) မြင့်တက်စေဖို့ ပရိုတိန်းဓာတ်ပါဝင်တဲ့ အစားအသောက်တွေကိုတော့ နည်းနည်းစားပေးသင့်ပါတယ်။

အားလုံးသိထားပြီးတဲ့အတိုင်း ကဖင်းဓာတ်ကတော့ ခင်ဗျားရဲ့မျက်လုံးတွေကို အိပ်ချင်စိတ်ကြောင့် မျက်ခွံတွေလေးလံလာခြင်းမှ ကာကွယ်ပေးထားမှာဖြစ်လို့ အိပ်ခါနီး ကော်ဖီမသောက်သင့်ပါဘူး။
၃။ စိတ်ကိုရှင်းလင်းထားပါ
သားရေး၊ သမီးရေး၊ မိသားစုရေးနဲ့ပူလောင်နေမယ်ဆိုရင်၊ ခေါင်းထဲမှာ တွေးစရာတွေများလွန်းနေမယ်ဆိုရင် အိပ်ရတာ အဆင်ပြေမယ်မထင်ပါဘူး။ ဒါကြောင့် အိပ်ခါနီး တရားထိုင်တာတို့၊ စိတ်ကိုငြိမ်းချမ်းစေမယ့် စာအုပ်လေးတွေဖတ်ပေးတာတို့က အိပ်ပျော်စေဖို့အထောက်အကူဖြစ်စေပါတယ်။
၄။ အိပ်ယာထဲကို လျှပ်စစ်ပစ္စည်းတွေယူမသွားပါနဲ့

 မိမိရဲ့အိပ်ခန်းထဲမှာ တီဗီတွေ၊ ကွန်ပျူတာတွေလို လျှပ်စစ်ပစ္စည်းတွေထားထားတာက အကြံကောင်းတစ်ခုတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ညဘက်မှာ လျှပ်စစ်ပစ္စည်းတွေက ထုတ်လွှင့်တဲ့ blue light လို့ခေါ်တဲ့အလင်းက မျက်စိအာရုံကြောတွေကို ထိခိုက်စေနိုင်ပြီး အိပ်ခါနီးမျက်စိကြောင်စေနိုင်ပါတယ်။ နောက်ပြီး ဒါတွေသာအိပ်ခန်းထဲရှိနေရင် အိပ်ခါနီးဖုန်းပွတ်နေမိတာနဲ့ အိပ်ချင်စိတ်ပေါ်လာမှာ မဟုတ်တော့ပါဘူး။
၅။ မနက်ပိုင်းအချိန်မှာလေ့ကျင့်ခန်းလုပ်ပေးပါ

မိမိရဲ့တစ်နေ့တာလုပ်ဆောင်မှုတွေက အိပ်စက်ခြင်းကိုအကျိုးသက်ရောက်မှုရှိပါတယ်။ မနက်ပိုင်းအချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတစ်ခုဖြစ်သလို ညအိပ်ယာဝင်ချိန်မှာ အလွယ်တကူ အိပ်မောကျအောင်လည်း ကူညီပေးနိုင်ပါတယ်။ နေရောင်ခြည်နဲ့ မနက်ခင်းလေပြည်လေညင်းလေးတွေရဲ့ကုထုံးက တစ်နေ့တာလုံး စိတ်ကိုကြည်လင်လန်းဆန်း စေရုံသာမက ညအိပ်ယာဝင်ချိန်မှာလည်း အထောက်အကူပြုနိုင်တာကို တွေ့ရှိရမှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:.duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top