ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×


လူဝင္စား ဆိုတဲ့ အေၾကာင္းအရာကို ေဆြးေႏြးၾကမယ္ဆို တမလြန္ဘဝ ရွိ မရွိ ဆိုတဲ့ ျပႆနာက စတင္ရမွာ ျဖစ္ပါတယ္။ အတိတ္ဘဝဆိုတာ အမွန္တကယ္ ရွိခဲ့ပါသလား တမလြန္ ဘဝ ဆိုသည္ကေကာ ေသလြန္ၿပီးေနာက္မွာ ရွိေနလိမ့္မလား

လူဝင္စား ဆိုတဲ့အျဖစ္ကေကာ ဘယလိုဘယ္ပုံ ျဖစ္ပ်က္တယ္ ဆိုတာကို သိပၸံနည္းက်ေလ့လာေတြ႕ရွိခ်က္ေတြအရ ေလ့လာ ၾကည့္ၾကရေအာင္ပါ။


ဦးစြာ တမလြန္ဘဝ တကယ္ရွိ မရွိ ဆိုတဲ့ အေၾကာင္း လူေတြရဲ႕ အျမင္ေတြကို ေလ့လာၾကည့္ပါမယ္။ တမလြန္ဘဝကို ယုံၾကည္သူေတြရဲ႕အျမင္က-

(၁) ေရွးအဆက္ဆက္က လက္ခံယုံၾကည္ခဲ့ၾကလို႔ ဆက္လက္ယုံၾကည္ေနၾကတာ မ်ိဳးျဖစ္ပါတယ္။

(၂) ယုံၾကည္သူေတြထဲမွာ နာမည္ႀကီး ေတြးေခၚပညာရွင္ေတြ၊ ဒႆနဆရာေတြ ပါတဲ့အတြက္ လိုက္လံယုံၾကည္တာမ်ိဳးျဖစ္ပါတယ္။(ပေလတို၊ ဆိုခေရးတိ)

(၃) သဘာဝျဖစ္စဥ္အရမို႔ ယုံၾကည္တာမ်ိဳးပါ။ ေန႔-ည၊ ေႏြ-မိုး-ေဆာင္း၊ စသျဖင့္ လည္ပတ္ေနတတ္တဲ့ သဘာဝအရ ျဖစ္ပါတယ္။ ေသျခင္း ၿပီးရင္ ရွင္ျခင္း ျပန္လာမယ္ဆိုတဲ့ သံသရာ စက္ဝန္း ျဖစ္တယ္ဆိုတဲ့ ယုံၾကည္မႈမ်ိဳးပါ။

(၄) ေကာင္းမႈ၊ မေကာင္းမႈကိုျပဳျခင္းအမႈေၾကာင့္ ယခုဘဝမွာ အက်ိဳးသက္ေရာက္မႈမရွိခဲ့ေသာ္ ေနာက္ဘဝမွာ အက်ိဳးျဖစ္ထြန္းမယ္ဆိုတဲ့ ယုံၾကည္မႈမ်ိဳး ရွိေနတာေၾကာင့္ ျဖစ္ပါတယ္။ မိမိျပဳခဲ့သမၽွ ေကာင္းမႈကို ယခုဘဝမွာ မစံစားခဲ့ရတဲ့လူေတြ၊ မေကာင္းမႈ ျပဳခဲ့ၿပီး မခံစားခဲ့ရတဲ့လူေတြအတြက္ ေနာက္ဘဝဆိုတဲ့ တရားမၽွတမႈက ေစာင့္ႀကိဳေနလိမ့္မယ္ ဆိုတဲ့ ယုံၾကည္မႈ ျဖစ္ပါတယ္။


တမလြန္ဘဝ မယုံၾကည္သူမ်ားရဲ႕ အျမင္ေတြကေတာ့-

(၁) ယုတၱိေဗဒ မက်ဘူးဆိုတဲ့ အျမင္ပါ၊ သိပၸံပညာနဲ႔ခ်ိန္ထိုးၿပီး တပ္အပ္မေျပာႏိုင္တဲ့ ကိစၥဆိုေတာ့ မ်က္ျမင္ကိုယ္ေတြ႕ မသိမျမင္ရတဲ့အတြက္ မယုံၾကည္တာပါ။

(၂) ယုံၾကည္သူေတြရဲ႕ အျမင္ျဖစ္တဲ့ ေသေဘးကို ေၾကာက္႐ြံမႈ၊ မ်က္ေမွာက္ဘဝ အဆင္မေျပမႈနဲ႔ အလိုမျပည့္မႈေတြကို ေထာက္ျပၿပီး တမလြန္ဘဝဟာ လူေတြရဲ႕ ယုံၾကည္မႈ သက္သက္သာ ျဖစ္တယ္၊ တကယ္ရွိေနမွာ မဟုတ္ဘူး လို႔ ယူဆၾကတာျဖစ္ပါတယ္။

(၃) တမလြန္ဘဝကို ယုံၾကည္ရင္ ေခတ္ေနာက္က်တယ္ ဆိုတဲ့ အျမင္ပါ။ တိုးတက္ေနတဲ့ ေခတ္ႀကီးမွာ ေရွး႐ိုးစြဲအျမင္ေတြဟာ လက္ခံစရာမရွိ ေဘာင္မဝင္ေတာ့ဘူးလို႔ ထင္ျမင္လာၾကတာျဖစ္ပါတယ္။ သိပၸံပညာရွင္ေတြ၊ ဒႆနပညာရွင္ေတြ၊ ေခတ္ပညာတတ္ေတြဟာ တမလြန္ဘဝကို ယုံၾကည္မႈ အင္မတန္နည္းပါးလာတာ ေတြ႕ရပါတယ္။

တမလြန္ဘဝကို ယုံၾကည္သူေတြက လူဝင္စားဆိုတဲ့ ကိစၥကို ယုံၾကည္ၾကမွာပါ။ ဒီလိုပဲ မယုံၾကည္တဲ့သူေတြလည္း ရွိေနမွာ ျဖစ္ပါတယ္။ မယုံၾကည္တဲ့ သိပၸံပညာရွင္ေတြကိုယ္တိုင္ ေသေသခ်ာခ်ာ စူစမ္းေလ့လာၾကည့္လိုက္ေတာ့လည္း လူဝင္စားကိစၥဟာ သက္ေသသာဓကေပါင္းမ်ားစြာနဲ႔ မွန္ကန္ေနတာကို ေတြ႕ရျပန္ပါတယ္။ အေနာက္ႏိုင္ငံေတြမွာတင္မကပဲ အေရွ႕တိုင္းမွာပါ လိုက္လံစူးစမ္းေလ့လာခဲ့ၾကတာပါ။


ေလ့လာမႈေတြအရ လူဝင္စားေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ျပန္လည္ဝင္စားတဲ့ အခ်ိန္မတူတာကိုေတြ႕ရပါတယ္။ အခ်ိဳ႕က လပိုင္းနဲ႔ ျပန္ဝင္စားတယ္။အခ်ိဳ႕က ၁ ႏွစ္၊ အခ်ိဳ႕ကေတာ့ ႏွစ္ေပါင္း ၆၀ ေလာက္ၾကာမွ စသျဖင့္ေပါ့။ စဥ္းစားစရာအခ်က္က ေသၿပီးတဲ့အခါ လူရဲ႕ နာမ္တရားက ဝိညာဥ္ေလာကကို ေရာက္ရွိသြားၿပီး က်င္လည္ေနရပါသလား။ ျပန္လည္ဝင္စားတဲ့အခါ အရင္ဘဝ ျဖစ္ရပ္ေတြကိုသာ ေျပာျပႏိုင္ၾကၿပီး ၾကားကာလအခ်ိန္ေတြကို မမွတ္မိတတ္ၾကပါဘူး။ အခုလို ျဖစ္ရပ္မ်ိဳးေတြသာ အမွန္တကယ္ ျဖစ္ေနတယ္ဆိုရင္ေတာ့ တမလြန္ဘဝဆိုတာ တကယ္ရွိေနတယ္လို႔ ကၽြန္ေတာ္တို႔ ယူဆရမွာ ျဖစ္ပါတယ္။ ဒီထက္ပိုၿပီး ေယဘုယ်က်တာက လူဝင္စားေတြဆိုတာ တမလြန္ဘဝကို ယုံၾကည္မႈ လြန္ကဲလြန္းတဲ့အစြဲေၾကာင့္ ျပန္လည္ဝင္စားတာမ်ိဳး ျဖစ္ႏိုင္တယ္ ဆိုတဲ့အခ်က္ပါ။
 အခုေခတ္ သိပၸံပညာဟာ လူသားေတြရဲ႕ အတိတ္ဘဝ၊ တမလြန္ဘဝနဲ႔ လူဝင္စားဘဝေတြကို ခ်ိန္ထိုး ဆုံးျဖတ္ႏိုင္ျခင္း မရွိေသးပါဘူး။ တစ္ခ်ိန္ခ်ိန္မွာ ဆုံးျဖတ္လာႏိုင္လိမ့္မယ္လို႔ေတာ့ ခန္႔မွန္းရပါတယ္။ သိပၸံပညာနဲ႔ လက္လွမ္းမမွီတာ မဟုတ္ပါဘူး၊ လက္လွမ္းမမွီေသးတာ ျဖစ္ပါတယ္။ သိပၸံပညာကို အလ်င္းမယုံၾကည္တာ မဟုတ္ေပမဲ့ မိမိသိထားတဲ့ ေရွး႐ိုးစြဲအျမင္ေတြကိုပဲ ပိုမိုယုံၾကည္တတ္တဲ့သူေတြအတြက္ အခ်ိန္တန္ေတာ့လည္း သိပၸံပညာကသာ အႏိုင္ရသြားတတ္တာကို ေအာင့္သက္သက္နဲ႔ ခံေနရဆဲပါပဲ။ မိမိတစ္သက္လုံး ယုံၾကည္လာတဲ့ ကိစၥတစ္ခုကို ဘယ္ေလာက္ပဲ သက္ေသခိုင္မာစြာနဲ႔ မွားေနပါတယ္လို႔ေျပာလာပါေစ၊ ယုံၾကည္မႈကို စြန္႔လႊတ္ဖို႔က အေတာ္ေလး ခဲယဥ္းတတ္ပါတယ္။ အေတာ္လည္း နာက်င္ရပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အမွန္တရားဆိုတာက ေတာ္ေတာ္ေလး ခါးလို႔ပါ။

လူေတြရဲ႕စိတ္က ဆန္းၾကယ္လွပါတယ္။ လက္ရွိဘဝမွာ ဆင္းရဲဒုကၡ အမ်ိဳးမ်ိဳးႀကဳံေနရတာကိုေတာင္ ေနာက္ဘဝကို ထပ္လိုခ်င္တတ္တယ္။ အစစ အရာရာ ျပည့္စုံေနပါလ်က္နဲ႔လည္း ေနာက္ဘဝကို အလိုမရွိသူေတြ ရွိေနတတ္ျပန္ပါတယ္။ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္ၿပီး မေကာင္းတာလုပ္ရင္ မေကာင္းတာ ျဖစ္မယ္ဆိုတဲ့ တစ္ထစ္ခ် အျမင္လည္း ရွိတတ္ၾကတယ္။ တကယ္တမ္း ေကာင္းတာလုပ္ၿပီး ေကာင္းတာ ျဖစ္မလာတဲ့အခါက် မခ်ိတင္ကဲ ျဖစ္ၾကရတယ္။ အခု ဘဝရဲ႕ ေကာင္းက်ိဴး ဆိုးက်ိဳးဟာ အတိတ္ဘဝနဲ႔ (ရွိခဲ့သည္ဆိုလ်င္ေတာင္) ဘာမွ မသက္ဆိုင္ေတာ့ပါဘူး။ ယခုဘဝ ေကာင္းမႈျပဳျခင္းဟာ ေနာက္ဘဝအတြက္ ရည္႐ြယ္ျခင္းဆိုတာကလည္း နားလည္ရခက္လွပါတယ္။ အတိတ္ကိုေရာ အနာဂတ္အတြက္ကိုပါ ဘာမွ ေတြးေတာပူပန္မေနဘဲ ပစၥဳပၸန္မွာပဲ စိတ္ကိုတည့္တည့္ထားလို႔ အေကာင္းဆုံးက်င့္ႀကံေနထိုင္သင့္ပါေၾကာင္း...။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
လူဝင်စား ဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးကြမယ်ဆို တမလွန်ဘဝ ရှိ မရှိ ဆိုတဲ့ ပြဿနာက စတင်ရမှာ ဖြစ်ပါတယ်။ အတိတ်ဘဝဆိုတာ အမှန်တကယ် ရှိခဲ့ပါသလား တမလွန် ဘဝ ဆိုသည်ကကော သေလွန်ပြီးနောက်မှာ ရှိနေလိမ့်မလား

လူဝင်စား ဆိုတဲ့အဖြစ်ကကော ဘယလိုဘယ်ပုံ ဖြစ်ပျက်တယ် ဆိုတာကို သိပ္ပံနည်းကျလေ့လာတွေ့ရှိချက်တွေအရ လေ့လာ ကြည့်ကြရအောင်ပါ။

ဦးစွာ တမလွန်ဘဝ တကယ်ရှိ မရှိ ဆိုတဲ့ အကြောင်း လူတွေရဲ့ အမြင်တွေကို လေ့လာကြည့်ပါမယ်။ တမလွန်ဘဝကို ယုံကြည်သူတွေရဲ့အမြင်က-

(၁) ရှေးအဆက်ဆက်က လက်ခံယုံကြည်ခဲ့ကြလို့ ဆက်လက်ယုံကြည်နေကြတာ မျိုးဖြစ်ပါတယ်။

(၂) ယုံကြည်သူတွေထဲမှာ နာမည်ကြီး တွေးခေါ်ပညာရှင်တွေ၊ ဒဿနဆရာတွေ ပါတဲ့အတွက် လိုက်လံယုံကြည်တာမျိုးဖြစ်ပါတယ်။(ပလေတို၊ ဆိုခရေးတိ)

(၃) သဘာဝဖြစ်စဉ်အရမို့ ယုံကြည်တာမျိုးပါ။ နေ့-ည၊ နွေ-မိုး-ဆောင်း၊ စသဖြင့် လည်ပတ်နေတတ်တဲ့ သဘာဝအရ ဖြစ်ပါတယ်။ သေခြင်း ပြီးရင် ရှင်ခြင်း ပြန်လာမယ်ဆိုတဲ့ သံသရာ စက်ဝန်း ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးပါ။

(၄) ကောင်းမှု၊ မကောင်းမှုကိုပြုခြင်းအမှုကြောင့် ယခုဘဝမှာ အကျိုးသက်ရောက်မှုမရှိခဲ့သော် နောက်ဘဝမှာ အကျိုးဖြစ်ထွန်းမယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရှိနေတာကြောင့် ဖြစ်ပါတယ်။ မိမိပြုခဲ့သမျှ ကောင်းမှုကို ယခုဘဝမှာ မစံစားခဲ့ရတဲ့လူတွေ၊ မကောင်းမှု ပြုခဲ့ပြီး မခံစားခဲ့ရတဲ့လူတွေအတွက် နောက်ဘဝဆိုတဲ့ တရားမျှတမှုက စောင့်ကြိုနေလိမ့်မယ် ဆိုတဲ့ ယုံကြည်မှု ဖြစ်ပါတယ်။

တမလွန်ဘဝ မယုံကြည်သူများရဲ့ အမြင်တွေကတော့-

(၁) ယုတ္တိဗေဒ မကျဘူးဆိုတဲ့ အမြင်ပါ၊ သိပ္ပံပညာနဲ့ချိန်ထိုးပြီး တပ်အပ်မပြောနိုင်တဲ့ ကိစ္စဆိုတော့ မျက်မြင်ကိုယ်တွေ့ မသိမမြင်ရတဲ့အတွက် မယုံကြည်တာပါ။

(၂) ယုံကြည်သူတွေရဲ့ အမြင်ဖြစ်တဲ့ သေဘေးကို ကြောက်ရွံမှု၊ မျက်မှောက်ဘဝ အဆင်မပြေမှုနဲ့ အလိုမပြည့်မှုတွေကို ထောက်ပြပြီး တမလွန်ဘဝဟာ လူတွေရဲ့ ယုံကြည်မှု သက်သက်သာ ဖြစ်တယ်၊ တကယ်ရှိနေမှာ မဟုတ်ဘူး လို့ ယူဆကြတာဖြစ်ပါတယ်။

(၃) တမလွန်ဘဝကို ယုံကြည်ရင် ခေတ်နောက်ကျတယ် ဆိုတဲ့ အမြင်ပါ။ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ရှေးရိုးစွဲအမြင်တွေဟာ လက်ခံစရာမရှိ ဘောင်မဝင်တော့ဘူးလို့ ထင်မြင်လာကြတာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ၊ ဒဿနပညာရှင်တွေ၊ ခေတ်ပညာတတ်တွေဟာ တမလွန်ဘဝကို ယုံကြည်မှု အင်မတန်နည်းပါးလာတာ တွေ့ရပါတယ်။

တမလွန်ဘဝကို ယုံကြည်သူတွေက လူဝင်စားဆိုတဲ့ ကိစ္စကို ယုံကြည်ကြမှာပါ။ ဒီလိုပဲ မယုံကြည်တဲ့သူတွေလည်း ရှိနေမှာ ဖြစ်ပါတယ်။ မယုံကြည်တဲ့ သိပ္ပံပညာရှင်တွေကိုယ်တိုင် သေသေချာချာ စူစမ်းလေ့လာကြည့်လိုက်တော့လည်း လူဝင်စားကိစ္စဟာ သက်သေသာဓကပေါင်းများစွာနဲ့ မှန်ကန်နေတာကို တွေ့ရပြန်ပါတယ်။ အနောက်နိုင်ငံတွေမှာတင်မကပဲ အရှေ့တိုင်းမှာပါ လိုက်လံစူးစမ်းလေ့လာခဲ့ကြတာပါ။

လေ့လာမှုတွေအရ လူဝင်စားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပြန်လည်ဝင်စားတဲ့ အချိန်မတူတာကိုတွေ့ရပါတယ်။ အချို့က လပိုင်းနဲ့ ပြန်ဝင်စားတယ်။အချို့က ၁ နှစ်၊ အချို့ကတော့ နှစ်ပေါင်း ၆၀ လောက်ကြာမှ စသဖြင့်ပေါ့။ စဉ်းစားစရာအချက်က သေပြီးတဲ့အခါ လူရဲ့ နာမ်တရားက ဝိညာဉ်လောကကို ရောက်ရှိသွားပြီး ကျင်လည်နေရပါသလား။ ပြန်လည်ဝင်စားတဲ့အခါ အရင်ဘဝ ဖြစ်ရပ်တွေကိုသာ ပြောပြနိုင်ကြပြီး ကြားကာလအချိန်တွေကို မမှတ်မိတတ်ကြပါဘူး။ အခုလို ဖြစ်ရပ်မျိုးတွေသာ အမှန်တကယ် ဖြစ်နေတယ်ဆိုရင်တော့ တမလွန်ဘဝဆိုတာ တကယ်ရှိနေတယ်လို့ ကျွန်တော်တို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ယေဘုယျကျတာက လူဝင်စားတွေဆိုတာ တမလွန်ဘဝကို ယုံကြည်မှု လွန်ကဲလွန်းတဲ့အစွဲကြောင့် ပြန်လည်ဝင်စားတာမျိုး ဖြစ်နိုင်တယ် ဆိုတဲ့အချက်ပါ။

အခုခေတ် သိပ္ပံပညာဟာ လူသားတွေရဲ့ အတိတ်ဘဝ၊ တမလွန်ဘဝနဲ့ လူဝင်စားဘဝတွေကို ချိန်ထိုး ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။ တစ်ချိန်ချိန်မှာ ဆုံးဖြတ်လာနိုင်လိမ့်မယ်လို့တော့ ခန့်မှန်းရပါတယ်။ သိပ္ပံပညာနဲ့ လက်လှမ်းမမှီတာ မဟုတ်ပါဘူး၊ လက်လှမ်းမမှီသေးတာ ဖြစ်ပါတယ်။ သိပ္ပံပညာကို အလျင်းမယုံကြည်တာ မဟုတ်ပေမဲ့ မိမိသိထားတဲ့ ရှေးရိုးစွဲအမြင်တွေကိုပဲ ပိုမိုယုံကြည်တတ်တဲ့သူတွေအတွက် အချိန်တန်တော့လည်း သိပ္ပံပညာကသာ အနိုင်ရသွားတတ်တာကို အောင့်သက်သက်နဲ့ ခံနေရဆဲပါပဲ။ မိမိတစ်သက်လုံး ယုံကြည်လာတဲ့ ကိစ္စတစ်ခုကို ဘယ်လောက်ပဲ သက်သေခိုင်မာစွာနဲ့ မှားနေပါတယ်လို့ပြောလာပါစေ၊ ယုံကြည်မှုကို စွန့်လွှတ်ဖို့က အတော်လေး ခဲယဉ်းတတ်ပါတယ်။ အတော်လည်း နာကျင်ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမှန်တရားဆိုတာက တော်တော်လေး ခါးလို့ပါ။

လူတွေရဲ့စိတ်က ဆန်းကြယ်လှပါတယ်။ လက်ရှိဘဝမှာ ဆင်းရဲဒုက္ခ အမျိုးမျိုးကြုံနေရတာကိုတောင် နောက်ဘဝကို ထပ်လိုချင်တတ်တယ်။ အစစ အရာရာ ပြည့်စုံနေပါလျက်နဲ့လည်း နောက်ဘဝကို အလိုမရှိသူတွေ ရှိနေတတ်ပြန်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ်ဆိုတဲ့ တစ်ထစ်ချ အမြင်လည်း ရှိတတ်ကြတယ်။ တကယ်တမ်း ကောင်းတာလုပ်ပြီး ကောင်းတာ ဖြစ်မလာတဲ့အခါကျ မချိတင်ကဲ ဖြစ်ကြရတယ်။ အခု ဘဝရဲ့ ကောင်းကျိူး ဆိုးကျိုးဟာ အတိတ်ဘဝနဲ့ (ရှိခဲ့သည်ဆိုလျင်တောင်) ဘာမှ မသက်ဆိုင်တော့ပါဘူး။ ယခုဘဝ ကောင်းမှုပြုခြင်းဟာ နောက်ဘဝအတွက် ရည်ရွယ်ခြင်းဆိုတာကလည်း နားလည်ရခက်လှပါတယ်။ အတိတ်ကိုရော အနာဂတ်အတွက်ကိုပါ ဘာမှ တွေးတောပူပန်မနေဘဲ ပစ္စုပ္ပန်မှာပဲ စိတ်ကိုတည့်တည့်ထားလို့ အကောင်းဆုံးကျင့်ကြံနေထိုင်သင့်ပါကြောင်း...။
ဖိုးသူတော် (www.phothutaw.com)
Credit:yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top