ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕ ညဘက္ထြန္းလင္းထားေသာ မီးတိုင္မ်ားေအာက္ ကားမ်ားေမာင္းႏွင္ေနစဥ္ (ဓာတ္ပံု − စိုင္းေဇာ္)

ရန္ကုန္ၿမိဳ႕တြင္းရွိ မီးပြိဳင့္လမ္းဆံုမ်ားႏွင့္ လိုအပ္သည့္ေနရာမ်ားတြင္ Highmark LED မီးတိုင္မ်ား တပ္ဆင္ရန္ ၂၀၁၈-၁၉ ဘ႑ာႏွစ္အတြင္း ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ ေတာ္ဝန္ ဦးေမာင္ေမာင္စိုးကေျပာသည္။

စက္တင္ဘာ ၁၇ ရက္က ျပဳလုပ္သည့္ ရန္ကုန္တုိင္းလႊတ္ ေတာ္၌ လိႈင္ၿမိဳ႕နယ္ တုိင္းလႊတ္ ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ ေက်ာ္ထြန္းက ရန္ကုန္ၿမိဳ႕တြင္းရွိ မီးပြိဳင့္လမ္းဆံုမ်ားႏွင့္ လိုအပ္ သည့္ေနရာမ်ားတြင္ Highmark LED မီးတိုင္မ်ား တပ္ဆင္ရန္ အစီအစဥ္ ရွိ၊ မရွိ ေမးျမန္းရာ ၿမိဳ႕ ေတာ္ဝန္က အထက္ပါအတုိင္း ေျဖၾကားျခင္းျဖစ္သည္။


‘‘ဒီမီးေတြတပ္ဖို႔ အစီအစဥ္ ရွိပါတယ္။ သို႔ေသာ္ Highmark ေတြတပ္တဲ့ေနရာမွာ သတိထား ရပါတယ္။ ေတာ္ေတာ္မ်ားမ်ား အမ်ားျပည္သူအသံုးမ်ားတဲ့ ေနရာေတြမွာ တပ္ဆင္ရပါတယ္။ တခ်ိဳ႕လူေနရပ္ကြက္ေတြမွာ မလိုအပ္ တဲ့ မီးအလင္းေရာင္၊ သူတို႔ရဲ႕ လူ မႈေရးအေျခအေနကိုလည္း ျပန္ စဥ္းစားရပါတယ္’’ဟု ဦးေမာင္ ေမာင္စိုးက ရွင္းျပသည္။

၂၀၁၈-၁၉ ဘ႑ာႏွစ္ ေအာက္တုိဘာအတြင္း ဘ႑ာ ေငြထည့္သြင္းၿပီး တပ္ဆင္ေပး မည္ျဖစ္ေၾကာင္း ၎က ေျပာသည္။

ထို႔အျပင္ Highmark မီး တုိင္မ်ားတပ္ဆင္ပါက   ယာဥ္ ေမာင္းသူမ်ားအား အလင္းေရာင္ ျပန္မႈအႏၲရာယ္ မည္မွ်ရွိသည္ကို စမ္းသပ္ရန္လိုအပ္ၿပီး လက္ရွိတြင္ မီးပြိဳင့္လမ္းဆံုမ်ား၌ စစ္တမ္း ေကာက္ကာ သုေတသနျပဳလုပ္ ေနေၾကာင္း ၿမိဳ႕ေတာ္ဝန္က ဆက္ လက္ေျပာသည္။

ညအခ်ိန္ အမ်ားျပည္သူ သြားလာရာတြင္ ေဘးအႏၲရာယ္ ကင္းေစရန္ ေမးျမန္းျခင္းျဖစ္ ေၾကာင္း ဦးေက်ာ္ေက်ာ္ထြန္းက ေျပာသည္။

Highmark LED မီးတိုင္သည္ သာမန္ LED မီးတိုင္ထက္လင္းအား ပိုေကာင္းသည္။

လိႈင္ၿမိဳ႕နယ္ရွိ လမ္းဆံုေနရာ မ်ားျဖစ္ေသာ ဘူတာ႐ံုလမ္းႏွင့္ ဗဟိုလမ္းမီးပြိဳင့္၊ အုတ္က်င္းႏွင့္ ဗဟိုလမ္းမီးပြိဳင့္၊ ဘုရင့္ေနာင္ လမ္း ရြာမေကြ႕မီးပြိဳင့္၊ လိႈင္ျမစ္ လမ္းမီးပြိဳင့္၊ ေရႊပိေတာက္ငါးေဈး ေရွ႕ ဘုရင့္ေနာင္လမ္းႏွင့္ သီရိ မဂၤလာေဈးမီးပြိဳင့္၊ အင္းစိန္လမ္း ႏွင့္ ဘူတာ႐ံုလမ္းဆံု၊ အင္းစိန္ လမ္းႏွင့္ ရြာမေက်ာင္းလမ္းဆံု မီးပြိဳင့္ႏွင့္ လုိအပ္ေသာေနရာမ်ား တြင္ Highmark LED မီးတုိင္မ်ား တပ္ဆင္ရန္ စီစဥ္မည္ျဖစ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်မြို့ ညဘက်ထွန်းလင်းထားသော မီးတိုင်များအောက် ကားများမောင်းနှင်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်လမ်းဆုံများနှင့် လိုအပ်သည့်နေရာများတွင် Highmark LED မီးတိုင်များ တပ်ဆင်ရန် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။

စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ် တော်၌ လှိုင်မြို့နယ် တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးကျော် ကျော်ထွန်းက ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်လမ်းဆုံများနှင့် လိုအပ် သည့်နေရာများတွင် Highmark LED မီးတိုင်များ တပ်ဆင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ မြို့ တော်ဝန်က အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။


‘‘ဒီမီးတွေတပ်ဖို့ အစီအစဉ် ရှိပါတယ်။ သို့သော် Highmark တွေတပ်တဲ့နေရာမှာ သတိထား ရပါတယ်။ တော်တော်များများ အများပြည်သူအသုံးများတဲ့ နေရာတွေမှာ တပ်ဆင်ရပါတယ်။ တချို့လူနေရပ်ကွက်တွေမှာ မလိုအပ် တဲ့ မီးအလင်းရောင်၊ သူတို့ရဲ့ လူ မှုရေးအခြေအနေကိုလည်း ပြန် စဉ်းစားရပါတယ်’’ဟု ဦးမောင် မောင်စိုးက ရှင်းပြသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာအတွင်း ဘဏ္ဍာ ငွေထည့်သွင်းပြီး တပ်ဆင်ပေး မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် Highmark မီး တိုင်များတပ်ဆင်ပါက   ယာဉ် မောင်းသူများအား အလင်းရောင် ပြန်မှုအန္တရာယ် မည်မျှရှိသည်ကို စမ်းသပ်ရန်လိုအပ်ပြီး လက်ရှိတွင် မီးပွိုင့်လမ်းဆုံများ၌ စစ်တမ်း ကောက်ကာ သုတေသနပြုလုပ် နေကြောင်း မြို့တော်ဝန်က ဆက် လက်ပြောသည်။

ညအချိန် အများပြည်သူ သွားလာရာတွင် ဘေးအန္တရာယ် ကင်းစေရန် မေးမြန်းခြင်းဖြစ် ကြောင်း ဦးကျော်ကျော်ထွန်းက ပြောသည်။

Highmark LED မီးတိုင်သည် သာမန် LED မီးတိုင်ထက်လင်းအား ပိုကောင်းသည်။

လှိုင်မြို့နယ်ရှိ လမ်းဆုံနေရာ များဖြစ်သော ဘူတာရုံလမ်းနှင့် ဗဟိုလမ်းမီးပွိုင့်၊ အုတ်ကျင်းနှင့် ဗဟိုလမ်းမီးပွိုင့်၊ ဘုရင့်နောင် လမ်း ရွာမကွေ့မီးပွိုင့်၊ လှိုင်မြစ် လမ်းမီးပွိုင့်၊ ရွှေပိတောက်ငါးဈေး ရှေ့ ဘုရင့်နောင်လမ်းနှင့် သီရိ မင်္ဂလာဈေးမီးပွိုင့်၊ အင်းစိန်လမ်း နှင့် ဘူတာရုံလမ်းဆုံ၊ အင်းစိန် လမ်းနှင့် ရွာမကျောင်းလမ်းဆုံ မီးပွိုင့်နှင့် လိုအပ်သောနေရာများ တွင် Highmark LED မီးတိုင်များ တပ်ဆင်ရန် စီစဉ်မည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top