ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကဲ..အျမဲတမ္း ဂယက္ေတြဖန္တီးတတ္သူတစ္ဦးျဖစ္တဲ႔ ႏွဳတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ ခ်ီခ်ီကေတာ႔ ေျပာခ်လိုက္ျပန္ပါျပီ။ ေနျခည္က သူမရဲ႕ အခန္းကို room tour Vlog ေလး လုပ္ေပးရင္း ပရိသတ္ေတြၾကား ေဟာ႔သြားမယ္႔စကားတခ်ိဳ႕ကိုေျပာခ်လိုက္တာပါ။


ေနျခည္က သူမၾကိဳက္တဲ႔ အိတ္ေတြအေၾကာင္းေျပာရင္း “ေနျခည္႔ေၾကာင္႔ Gucci ကို နာမည္ပိုမၾကီးေစခ်င္ဘူး။ brand ကို ေနျခည္ အလကားမေၾကာ္ျငာေပးခ်င္ဘူး” ဆိုျပီး ေျပာသြားခဲ႔တာပါ။ အဲ႔ဒီစကားေၾကာင္႔ ေဝဖန္သံေတြဆူညံလာျပန္တာပဲ ျဖစ္ပါတယ္။ ခ်ီခ်ီက အရင္တခါကလည္း GiGi Hadid ကိစၥနဲ႔ ပတ္သက္ျပီး ေျပာခဲ႔တဲ႔ စကားေၾကာင္႔ ေဝဖန္မႈေတြအမ်ားၾကီးခံခဲ႔ရတာပါ။ ဒီတစ္ေခါက္မွာလည္း သူမကို အမ်ိဳးမ်ိဳး ေဝဖန္မႈေတြရွိေနျပန္တာပဲ ျဖစ္ပါတယ္။


“သူ႕ပစၥည္းလည္းဝယ္ရတယ္။ သူ႕ကို အလကားေနရင္းေၾကာ္ျငာေပးသလိုလည္းျဖစ္တယ္” လို႔ ဆိုပါတယ္။ ေနျခည္ဦးစတိုင္လ္ဆိုတာ ပိုၾကိဳက္တယ္လို႔ ေျပာရင္း သူမကိုင္ထားတဲ႔ အိတ္ရဲ႕ brand ေၾကာင္႔မဟုတ္ဘဲ သူ႔ရဲ႕ စတိုင္လ္ေၾကာင္႔သာ လူုသိမ်ားခ်င္တဲ႔ အေၾကာင္း၊ အိတ္ brand ေတာ္ေတာ္မ်ားမ်ားမွာ Logo ေတြသိပ္မပါတာမ်ိဳးကို ပိုသေဘာက်တဲ႔ အေၾကာင္းကိုလည္း ခ်ီခ်ီက ရွင္းျပသြားခဲ႔ပါေသးတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://bahuthuta.net
# Unicode Version ျဖင့္ ဖတ္ပါ #

ကဲ..အမြဲတမ်း ဂယက်တွေဖန်တီးတတ်သူတစ်ဦးဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ချီချီကတော့ ပြောချလိုက်ပြန်ပါပြီ။ နေခြည်က သူမရဲ့ အခန်းကို room tour Vlog လေး လုပ်ပေးရင်း ပရိသတ်တွေကြား ဟော့သွားမယ့်စကားတချို့ကိုပြောချလိုက်တာပါ။

နေခြည်က သူမကြိုက်တဲ့ အိတ်တွေအကြောင်းပြောရင်း “နေခြည့်ကြောင့် Gucci ကို နာမည်ပိုမကြီးစေချင်ဘူး။ brand ကို နေခြည် အလကားမကြော်ငြာပေးချင်ဘူး” ဆိုပြီး ပြောသွားခဲ့တာပါ။ အဲ့ဒီစကားကြောင့် ဝေဖန်သံတွေဆူညံလာပြန်တာပဲ ဖြစ်ပါတယ်။ ချီချီက အရင်တခါကလည်း GiGi Hadid ကိစ္စနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ စကားကြောင့် ဝေဖန်မှုတွေအများကြီးခံခဲ့ရတာပါ။ ဒီတစ်ခေါက်မှာလည်း သူမကို အမျိုးမျိုး ဝေဖန်မှုတွေရှိနေပြန်တာပဲ ဖြစ်ပါတယ်။

“သူ့ပစ္စည်းလည်းဝယ်ရတယ်။ သူ့ကို အလကားနေရင်းကြော်ငြာပေးသလိုလည်းဖြစ်တယ်” လို့ ဆိုပါတယ်။ နေခြည်ဦးစတိုင်လ်ဆိုတာ ပိုကြိုက်တယ်လို့ ပြောရင်း သူမကိုင်ထားတဲ့ အိတ်ရဲ့ brand ကြောင့်မဟုတ်ဘဲ သူ့ရဲ့ စတိုင်လ်ကြောင့်သာ လူုသိများချင်တဲ့ အကြောင်း၊ အိတ် brand တော်တော်များများမှာ Logo တွေသိပ်မပါတာမျိုးကို ပိုသဘောကျတဲ့ အကြောင်းကိုလည်း ချီချီက ရှင်းပြသွားခဲ့ပါသေးတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:http://bahuthuta.net
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top