မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

 ပရိသတ္ေတြ အားက်ရတဲ့ စုံတြဲေလးပါ။

G-fatt တစ္ေယာက္ နန္းဆုနဲ႔အတူ ဘယ္ေတာ့လက္ထပ္ျဖစ္ၾကမလဲဆုိတာကုိ ေျပာျပခဲ့ပါတယ္။ ႏွစ္ေယာက္စလုံးရဲ႕ ရုိမန္႔ တစ္ ဆန္တဲ့ ခ်စ္ ျခင္းေလးေတြကုိလည္း အကယ္၍လက္ထပ္ျဖစ္ၾကရင္ ဆုိတဲ့ သီခ်င္းေလးထဲမွာ စိတ္တုိင္းက် ဖန္တီး သြား မယ္ လုိ႔ ဆက္လက္ေျပာျပလာ ပါတယ္။

Photo: G-Fatt Facebook

အဆုိေတာ္ G-fatt တစ္ေယာက္ '' အကယ္၍ လက္ထပ္ခဲ့ၾကရင္'' ဆုိတဲ့ သီခ်င္း MTV ေလးမွာ ခ်စ္သူ နန္းဆုရတီစုိးနဲ႔ အတူ ရုိမန္႔တစ္ ဆန္ဆန္ ေလး ရုိက္ကူးထားတာ ေတြ႔ရပါတယ္။ ဒီ MTV ေလးေတြကုိ ေသေသခ်ာခ်ာေလး စီစဥ္ျဖစ္ခဲ့တဲ့ သူ႔ရဲ႕ အုိင္ဒီယာေလးကုိလည္း မီဒီယာေတြကေန တဆင့္ေျပာျပလာပါတယ္။

'' ရုိတယ္ ဆုိတာထက္ ကုိယ္ပုံေဖာ္ခ်င္တာေပါ့ေနာ္။ အဓိက ေရးထားတဲ့ သီခ်င္းကလည္း ရုိမန္႔တစ္ဆန္ဆန္ ေရးထားတာကုိး၊ ကၽြန္ေတာ္ ဖန္တီးတဲ့ အခ်ိန္မွာလည္း အဲ့ဒီအပုိင္းကုိ မေလွ်ာ့ေစခ်င္ဘူး။ အဲ့ဒီအတြက္ ေသေသခ်ာခ်ာေလး စဥ္းစားၿပီးေတာ့ ေရးထားတာေပါ့။ အကယ္၍ လက္ထပ္ျဖစ္ခဲ့ၾကရင္ေတာ့ ေတြ႔ရပါမယ္''လုိ႔ သူကဆုိပါတယ္။


Photo: G-Fatt Facebook
သူတုိ႔ ခ်စ္သူႏွစ္ဦးကုိေတာ့ အားက်တဲ့ ပရိသတ္မရွိသေလာက္ပါပဲ။ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေတြနဲ႔ ေရွ႕ဆက္ေနၾကတာျဖစ္တဲ့ အတြက္ အဆင္ေျပေျပရွိၾကတယ္လုိ႔ ဆုိပါတယ္။ လက္ထပ္ၾကဖုိ႔ အစီအစဥ္ကုိလည္း စက္တင္ဘာလ ၁၄ ရက္ေန႔က Pyay Gradan မွာ ျပဳလုပ္ခဲ့တဲ့ စုိင္းစုိင္းShow မိတ္ဆက္ပြဲမွာ မီဒီယာေတြကုိ ေျပာျပခဲ့တာျဖစ္ပါတယ္။

'' လက္ထပ္ဖုိ႔အခ်ိန္ေတြ ေျပာဖုိ႔က်ေတာ့ ကၽြန္ေတာ္တုိ႔အတြက္က အရမ္းေဝးေနပါေသးတယ္။ အခုကေတာ့ ကိုယ့္အလုပ္ေတြနဲ႔ သူ႔အလုပ္ေတြ နဲ႔ ရႈပ္ေနတဲ့ ကာလမ်ဳိးျဖစ္တာဆုိေတာ့ ၿပီးေတာ့ ပရိသတ္ေတြနဲ႔ ကၽြန္ေတာ္ ဖန္တီးခဲ့ခ်င္တဲ့ အမွတ္တရေတြလည္း အမ်ားႀကီးရွိတာဆုိေတာ့ ကုိယ့္ကုိယ္ကုိယ္ တြန္းေနရတဲ့ အခ်ိန္ျဖစ္တဲ့အတြက္ ေျဖးေျဖးခ်င္းေတာ့ အားလုံးကုိ ေပးသိမွာပါ''လုိ႔ ဆိုပါတယ္။


Photo: G-Fatt Facebook
G-Fatt တစ္ေယာက္ အခ်စ္နဲ႔ ေတြ႔မွ ပုိၿပီး ရင့္က်က္လာတာလား ဆုိၿပီးေတာ့လည္း ပရိသတ္ေတြက ေမးခြန္းထုတ္ေနၾကပါတယ္။ သူတုိ႔ ႏွစ္ဦး ဟာ တစ္ေယာက္ရဲ႕ လုိအပ္ခ်က္ေတြကုိ တစ္ေယာက္က ျဖည့္ဆည္းေပးျဖစ္တယ္ လုိ႔လည္း ဆက္လက္ေျပာျပလာပါေသးတယ္။

'' လူကေတာ့ အခ်ိန္နဲ႔အမွ်ေတာ့ ေျပာင္းလဲေနတာပဲေပါ့ေနာ္။ အဲ့ဒီအတြက္ ကၽြန္ေတာ္လည္း ေျပာင္းလဲေနတာ ျဖစ္ပါလိမ့္မယ္။ သူလည္း ကၽြန္ေတာ့္ကုိ သူကၽြမ္းက်င္တဲ့အပုိင္းေလးေတြက ကၽြန္ေတာ့္ လုိအပ္ခ်က္ေလးေတြ ျဖစ္ေနရင္ သူက အႀကံေကာင္းေလးေတြ ေပးပါတယ္'' လုိ႔ သူကဆုိပါတယ္။


Photo: G-Fatt Facebook
အႏုပညာေလာကမွာ ေအာင္ျမင္မႈကိုယ္စီရရွိထားတဲ့ သရုပ္ေဆာင္ အဆိုေတာ္ နန္းဆုရတီိစိုးနဲ႕ G Fatt တို႕ရဲ႕ အခ်စ္ေရးေလးက သာယာဖို႕ ေကာင္းလွပါတယ္။ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္တဲ့ ခ်စ္ဖိိုု႕ေကာင္းတဲ့ သူတုိ႕အတြဲေလးမွာ G Fattက နန္းဆုအေပၚမွာ အရမ္းကို သဝန္တို တတ္ သူျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးပါ။

G-fatt တစ်ယောက် နန်းဆုနဲ့အတူ ဘယ်တော့လက်ထပ်ဖြစ်ကြမလဲဆိုတာကို ပြောပြခဲ့ပါတယ်။ နှစ်ယောက်စလုံးရဲ့ ရိုမန့် တစ် ဆန်တဲ့ ချစ် ခြင်းလေးတွေကိုလည်း အကယ်၍လက်ထပ်ဖြစ်ကြရင် ဆိုတဲ့ သီချင်းလေးထဲမှာ စိတ်တိုင်းကျ ဖန်တီး သွား မယ် လို့ ဆက်လက်ပြောပြလာ ပါတယ်။

Photo: G-Fatt Facebook

အဆိုတော် G-fatt တစ်ယောက် '' အကယ်၍ လက်ထပ်ခဲ့ကြရင်'' ဆိုတဲ့ သီချင်း MTV လေးမှာ ချစ်သူ နန်းဆုရတီစိုးနဲ့ အတူ ရိုမန့်တစ် ဆန်ဆန် လေး ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဒီ MTV လေးတွေကို သေသေချာချာလေး စီစဉ်ဖြစ်ခဲ့တဲ့ သူ့ရဲ့ အိုင်ဒီယာလေးကိုလည်း မီဒီယာတွေကနေ တဆင့်ပြောပြလာပါတယ်။

'' ရိုတယ် ဆိုတာထက် ကိုယ်ပုံဖော်ချင်တာပေါ့နော်။ အဓိက ရေးထားတဲ့ သီချင်းကလည်း ရိုမန့်တစ်ဆန်ဆန် ရေးထားတာကိုး၊ ကျွန်တော် ဖန်တီးတဲ့ အချိန်မှာလည်း အဲ့ဒီအပိုင်းကို မလျှော့စေချင်ဘူး။ အဲ့ဒီအတွက် သေသေချာချာလေး စဉ်းစားပြီးတော့ ရေးထားတာပေါ့။ အကယ်၍ လက်ထပ်ဖြစ်ခဲ့ကြရင်တော့ တွေ့ရပါမယ်''လို့ သူကဆိုပါတယ်။

Photo: G-Fatt Facebook
သူတို့ ချစ်သူနှစ်ဦးကိုတော့ အားကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတာဖြစ်တဲ့ အတွက် အဆင်ပြေပြေရှိကြတယ်လို့ ဆိုပါတယ်။ လက်ထပ်ကြဖို့ အစီအစဉ်ကိုလည်း စက်တင်ဘာလ ၁၄ ရက်နေ့က Pyay Gradan မှာ ပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းShow မိတ်ဆက်ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

'' လက်ထပ်ဖို့အချိန်တွေ ပြောဖို့ကျတော့ ကျွန်တော်တို့အတွက်က အရမ်းဝေးနေပါသေးတယ်။ အခုကတော့ ကိုယ့်အလုပ်တွေနဲ့ သူ့အလုပ်တွေ နဲ့ ရှုပ်နေတဲ့ ကာလမျိုးဖြစ်တာဆိုတော့ ပြီးတော့ ပရိသတ်တွေနဲ့ ကျွန်တော် ဖန်တီးခဲ့ချင်တဲ့ အမှတ်တရတွေလည်း အများကြီးရှိတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် တွန်းနေရတဲ့ အချိန်ဖြစ်တဲ့အတွက် ဖြေးဖြေးချင်းတော့ အားလုံးကို ပေးသိမှာပါ''လို့ ဆိုပါတယ်။

Photo: G-Fatt Facebook
G-Fatt တစ်ယောက် အချစ်နဲ့ တွေ့မှ ပိုပြီး ရင့်ကျက်လာတာလား ဆိုပြီးတော့လည်း ပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ်။ သူတို့ နှစ်ဦး ဟာ တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက်က ဖြည့်ဆည်းပေးဖြစ်တယ် လို့လည်း ဆက်လက်ပြောပြလာပါသေးတယ်။

'' လူကတော့ အချိန်နဲ့အမျှတော့ ပြောင်းလဲနေတာပဲပေါ့နော်။ အဲ့ဒီအတွက် ကျွန်တော်လည်း ပြောင်းလဲနေတာ ဖြစ်ပါလိမ့်မယ်။ သူလည်း ကျွန်တော့်ကို သူကျွမ်းကျင်တဲ့အပိုင်းလေးတွေက ကျွန်တော့် လိုအပ်ချက်လေးတွေ ဖြစ်နေရင် သူက အကြံကောင်းလေးတွေ ပေးပါတယ်'' လို့ သူကဆိုပါတယ်။

Photo: G-Fatt Facebook
အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးနဲ့ G Fatt တို့ရဲ့ အချစ်ရေးလေးက သာယာဖို့ ကောင်းလှပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ချစ်ဖို့ကောင်းတဲ့ သူတို့အတွဲလေးမှာ G Fattက နန်းဆုအပေါ်မှာ အရမ်းကို သဝန်တို တတ် သူဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top