iMyanmarHouse.com - Best Property Website for Myanmar
×

အိႏၵိယႏိုင္ငံ၌ ျပဳလုပ္သည့္ Face of Beauty Interna-tional 2018 ၿပိဳင္ပြဲတြင္ စည္းကမ္း ပိုင္းႏွင့္ပတ္သက္၍ ခ်ီးက်ဴးအသိအမွတ္ျပဳခံရေၾကာင္း ယင္းၿပိဳင္ပြဲ ၌ Winner ဆုရရွိသည့္ အလွမယ္ ျမင့္မိုရ္ေမက ေျပာသည္။

‘‘ျမန္မာေတြ ဘယ္ေလာက္ ထိ စိတ္ထားျဖဴစင္တယ္၊ ေဖာ္ေရြ တယ္ဆိုတာကို ခ်ျပႏုိင္ခဲ့တယ္။ အဲဒီအျပင္ စည္းကမ္းေတြကို လည္း အစအဆံုးလိုက္နာႏိုင္တဲ့ အတြက္ ခ်ီးက်ဴးတယ္။ တစ္ေန႔ တာ အစီအစဥ္ေတြကို ဘာမွလက္ မလြတ္ေအာင္ လုပ္ႏုိင္တယ္။ စည္းကမ္းလည္းရွိတယ္၊  အခ်ိန္ လည္း ေနာက္မက်ဘူးဆိုတာက သူတို႔အတြက္ ေျပာစမွတ္ျဖစ္ေစ တဲ့အရာေပါ့’’ဟု ၎က ေျပာ သည္။

Face of Beauty Interna-tional 2018 ၿပိဳင္ပြဲကို အိႏၵိယႏုိင္ငံနယူးေဒလီတြင္ စက္တင္ဘာ ၇ ရက္မွ ၁၇ ရက္အထိ ျပဳလုပ္ၿပီး ၿပိဳင္ပြဲဝင္ ၄၂ ႏိုင္ငံတြင္ ျမန္မာ ႏုိင္ငံက  Winner  ရရွိျခင္းျဖစ္ သည္။

ျမန္မာႏုိင္ငံကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္သည့္ အလွမယ္ ျမင့္မိုရ္္ေမသည္ Winner ဆုႏွင့္အတူ People Choice Award ႏွင့္ National Costume ဒုတိယဆုကိုလည္း  ရရွိၿပီး  စက္တင္ဘာ ၁၈ ရက္ညတြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာသည္။

ယင္းၿပိဳင္ပြဲသို႔ ေရာက္ရွိ သည့္ ပထမဆံုးေန႔တြင္ တစ္ေန႔ တာအစီအစဥ္မ်ားကို ေၾကညာ ေပးသည့္ Application ကို မသိ ေသာေၾကာင့္ အဆင္မေျပမႈႀကံဳခဲ့ ရေၾကာင္း ၎က ဆိုသည္။

‘‘အဲဒီေန႔က Evening Gown (ညေနခင္းပြဲတက္ဝတ္စံု) နဲ႔ National Costume (အမ်ိဳးသား ဝတ္စံု) Official Photo ႐ိုက္တဲ့ ေန႔။ တျခားၿပိဳင္ပြဲဝင္ေတြက ႐ိုက္ ၿပီးေနၿပီ။ ျမန္ျမန္လုပ္၊ အခ်ိန္ နည္းနည္းပဲရေတာ့တယ္တဲ့။ မိတ္ကပ္ျပင္ေပးတဲ့သူေတြလည္း မရွိ ေတာ့လို႔ ကိုယ့္ဟာကုိယ္ အစအဆံုးျပင္၊ National Costume ကလည္း ဝတ္ရတာေတာ္ေတာ္ခက္ တယ္။ ကူညီမယ့္သူမရွိေတာ့  ကိုယ့္ဟာကိုယ္လုပ္၊  အသည္းအသန္ေအာက္ျပန္ဆင္းၿပီး PhotoShooting ႐ိုက္ခဲ့ရတာ’’ဟု ၎ ႀကံဳေတြ႕ခဲ့သည့္ အခက္အခဲကို ေျပာသည္။

ထုိ႔ျပင္ ယင္းၿပိဳင္ပြဲတြင္ Winner ဆုရရွိေသာေၾကာင့္ ယင္းၿပိဳင္ပြဲအဖြဲ႕အစည္းႏွင့္အတူ ပရ ဟိတလုပ္ငန္းမ်ားေဆာင္ရြက္ရန္ အစီအစဥ္ရွိၿပီး ျမန္မာႏုိင္ငံမွ Miss Universe Myanmar အဖြဲ႕အ စည္းႏွင့္ ပူးေပါင္းေဆာင္ရြက္ရန္ အစီအစဥ္ရွိသည္ဟု ေရွ႕ဆက္မည့္ အႏုပညာလႈပ္ရွားမႈမ်ားႏွင့္ပတ္သက္၍ ေျပာသည္။

ျမင့္မိုရ္ေမသည္ Miss Universe Myanmar 2017 ၿပိဳင္ပြဲတြင္ ကရင္ျပည္နယ္ကိုယ္စားျပဳ အလွမယ္အျဖစ္ ပါဝင္ယွဥ္ၿပိဳင္ ၿပီး စတုတၳဆုရရွိကာ ယင္းၿပိဳင္ပြဲ အဖြဲ႕အစည္းမွ Face of Beauty International 2018 ၿပိဳင္ပြဲသို႔ ေစလႊတ္ျခင္းျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily.
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံ၌ ပြုလုပ်သည့် Face of Beauty Interna-tional 2018 ပြိုင်ပွဲတွင် စည်းကမ်း ပိုင်းနှင့်ပတ်သက်၍ ချီးကျူးအသိအမှတ်ပြုခံရကြောင်း ယင်းပြိုင်ပွဲ ၌ Winner ဆုရရှိသည့် အလှမယ် မြင့်မိုရ်မေက ပြောသည်။

‘‘မြန်မာတွေ ဘယ်လောက် ထိ စိတ်ထားဖြူစင်တယ်၊ ဖော်ရွေ တယ်ဆိုတာကို ချပြနိုင်ခဲ့တယ်။ အဲဒီအပြင် စည်းကမ်းတွေကို လည်း အစအဆုံးလိုက်နာနိုင်တဲ့ အတွက် ချီးကျူးတယ်။ တစ်နေ့ တာ အစီအစဉ်တွေကို ဘာမှလက် မလွတ်အောင် လုပ်နိုင်တယ်။ စည်းကမ်းလည်းရှိတယ်၊  အချိန် လည်း နောက်မကျဘူးဆိုတာက သူတို့အတွက် ပြောစမှတ်ဖြစ်စေ တဲ့အရာပေါ့’’ဟု ၎င်းက ပြော သည်။

Face of Beauty Interna-tional 2018 ပြိုင်ပွဲကို အိန္ဒိယနိုင်ငံနယူးဒေလီတွင် စက်တင်ဘာ ၇ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ပြီး ပြိုင်ပွဲဝင် ၄၂ နိုင်ငံတွင် မြန်မာ နိုင်ငံက  Winner  ရရှိခြင်းဖြစ် သည်။

မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်သည့် အလှမယ် မြင့်မိုရ်မေသည် Winner ဆုနှင့်အတူ People Choice Award နှင့် National Costume ဒုတိယဆုကိုလည်း  ရရှိပြီး  စက်တင်ဘာ ၁၈ ရက်ညတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။

ယင်းပြိုင်ပွဲသို့ ရောက်ရှိ သည့် ပထမဆုံးနေ့တွင် တစ်နေ့ တာအစီအစဉ်များကို ကြေညာ ပေးသည့် Application ကို မသိ သောကြောင့် အဆင်မပြေမှုကြုံခဲ့ ရကြောင်း ၎င်းက ဆိုသည်။

‘‘အဲဒီနေ့က Evening Gown (ညနေခင်းပွဲတက်ဝတ်စုံ) နဲ့ National Costume (အမျိုးသား ဝတ်စုံ) Official Photo ရိုက်တဲ့ နေ့။ တခြားပြိုင်ပွဲဝင်တွေက ရိုက် ပြီးနေပြီ။ မြန်မြန်လုပ်၊ အချိန် နည်းနည်းပဲရတော့တယ်တဲ့။ မိတ်ကပ်ပြင်ပေးတဲ့သူတွေလည်း မရှိ တော့လို့ ကိုယ့်ဟာကိုယ် အစအဆုံးပြင်၊ National Costume ကလည်း ဝတ်ရတာတော်တော်ခက် တယ်။ ကူညီမယ့်သူမရှိတော့  ကိုယ့်ဟာကိုယ်လုပ်၊  အသည်းအသန်အောက်ပြန်ဆင်းပြီး PhotoShooting ရိုက်ခဲ့ရတာ’’ဟု ၎င်း ကြုံတွေ့ခဲ့သည့် အခက်အခဲကို ပြောသည်။

ထို့ပြင် ယင်းပြိုင်ပွဲတွင် Winner ဆုရရှိသောကြောင့် ယင်းပြိုင်ပွဲအဖွဲ့အစည်းနှင့်အတူ ပရ ဟိတလုပ်ငန်းများဆောင်ရွက်ရန် အစီအစဉ်ရှိပြီး မြန်မာနိုင်ငံမှ Miss Universe Myanmar အဖွဲ့အ စည်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိသည်ဟု ရှေ့ဆက်မည့် အနုပညာလှုပ်ရှားမှုများနှင့်ပတ်သက်၍ ပြောသည်။

မြင့်မိုရ်မေသည် Miss Universe Myanmar 2017 ပြိုင်ပွဲတွင် ကရင်ပြည်နယ်ကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင် ပြီး စတုတ္ထဆုရရှိကာ ယင်းပြိုင်ပွဲ အဖွဲ့အစည်းမှ Face of Beauty International 2018 ပြိုင်ပွဲသို့ စေလွှတ်ခြင်းဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top