iMyanmarHouse.com - Best Property Website for Myanmar
×

 Facebook ဟာ ''ဖူးစာရွာ'' ဝန္ေဆာင္မႈ (Dating service) ကို ကိုလမ္ဘီယာ (Colombia) ႏိုင္ငံမွာ စတင္စမ္းသပ္မိတ္ဆက္လိုက္ၿပီ ျဖစ္ပါတယ္။ ယခုႏွစ္ ေမလ ကတည္းက တရားဝင္ေၾကျငာခဲ့ၿပီး အခုအခါမွာေတာ့ အျခားႏိုင္ငံေတြမွာပါ

မၾကာခင္ သုံးစြဲခြင့္ရေတာ့မယ္ လို႔ ေျပာပါတယ္။ ကိုလမ္ဘီယာက အသက္ ၁၈ ႏွစ္ေက်ာ္လြန္သူမ်ားဟာ Dating profile (ကိုယ္ေရးအခ်က္အလက္) ေတြျဖည့္ၿပီး မိမိနဲ႔ သင့္ေတာ္မယ့္ အေဖာ္မြန္ကို အခု ရွာေဖြႏိုင္ေနပါၿပီ။ WIRED (မူရင္းသတင္းေပ့ခ္်) က ဒီဝန္ေဆာင္မႈကို ေလ့လာခြင့္ရခဲ့ၿပီး အသုံးျပဳသူေတြဟာ ေရရွည္ အဆင္ေျပႏိုင္မယ့္ အေဖာ္မြန္ေတြကိုသာ ေ႐ြးခ်ယ္လိုစိတ္ရွိေနေၾကာင္းေတြ႕ခဲ့ရပါတယ္။

''ဖူးစာရွာ'' ဝန္ေဆာင္မႈ ေဈးကြက္ကို Facebook ဝင္ေရာက္လာတာက တင္ဒါ (Tinder) တို႔ ဘန္ဘယ္(Bumble) တို႔ထက္ေတာ့ ႏွစ္မ်ားစြာ ေနာက္က်ေနပါတယ္။ ဒါေပမဲ့ လူတိုင္းနီးပါး Facebook အေကာင့္ရွိေနတာရယ္၊ ေနာက္ထပ္ Application အသစ္ ထပ္ထည့္စရာ မလိုတာရယ္က Facebook ရဲ႕ အားသာခ်က္ေတြျဖစ္ပါတယ္။ US မွာဆိုရင္ တစ္ကိုယ္တည္းသမားေတြဟာ Facebook ကို သိပ္သုံးေလ့ မရွိဘူးလို႔ ဆိုတာေၾကာင့္ ဒီဝန္ေဆာင္မႈဟာ သူတို႔ကို ျပန္လည္ဆြဲေဆာင္ေစလိမ့္မလား ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။


ၿပီးခဲ့တဲ့ ေမလ က Facebook ရဲ႕ ေၾကညာခ်က္အရ သင္ဟာ Facebook profile နဲ႔မတူတဲ့ Dating profile ကို ထပ္မံ ျဖည့္သြင္းရမွာ ျဖစ္ပါတယ္။ အသက္အ႐ြယ္၊ နာမည္၊ ေနရပ္၊ လိင္အမ်ိဳးအစား၊ စိတ္ဝင္စားတဲ့လိင္အမ်ိဳးအစား(က်ား/မ/လိင္တူ စသည္) ၊ အရပ္အေမာင္း၊ ကိုးကြယ္ ဘာသာ၊ လုပ္ကိုင္သည့္ အလုပ္၊ တက္ခဲ့တဲ့ေက်ာင္း စသျဖင့္ ျပည့္ျပည့္စုံစုံ ျဖည့္ရမွာ ျဖစ္ပါတယ္။ Facebook က သင္နဲ႔ ယွဥ္တြဲဖ္ို႔ အဆင္ေျပႏိုင္မယ့္ (သူငယ္ခ်င္း ျဖစ္ေနတဲ့ သူလည္း မဟုတ္၊ Block ထားတဲ့ သူလည္း မဟုတ္တဲ့) ပါတနာကို ကီလိုမီတာ ၁၀၀ အတြင္း (ႏိုင္ငံအလိုက္ ကြဲျပားမႈရွိႏိုင္) ရွာေဖြေပးသြားမွာပါ။ ၿပီးေတာ့ Facebook မွာလိုမ်ိဳး ''Hi'' ''Hello'' စသျဖင့္ လြယ္လြယ္ကူကူ စတင္ဆက္သြယ္ လို႔ရမွာ မဟုတ္ပါဘူး။ သင္စိတ္ဝင္စားတဲ့ ပါတနာ ရဲ႕ ဓာတ္ပုံေတြကို ၾကည့္႐ႉရပါမယ္။ ၿပီးေတာ့ ''ျပင္ဦးလြင္ကို ေရာက္ဖူးသလား။ ကၽြန္မေတာ့ တစ္ခါေရာက္ဖူးတယ္'' ဆိုတာမ်ိဳး ေမးခြန္းေလးေတြ (သင္စိတ္ဝင္စားတဲ့ ပါတနာရဲ႕ ေမးခြန္းေတြ)ကို အရင္ေျဖဆိုရမွာျဖစ္ပါတယ္။ Messenger မွာဆိုရင္လည္း Facebook မွာလို link ေတြ share တာမ်ိဳး photo ေတြ ပို႔ေပးတာမ်ိဳး လုပ္လို႔ မရပါဘူး။ ဓာတ္ပုံေတြ အလဲအလွယ္ျပဳခ်င္တယ္ဆိုရင္ေတာ့ ဖုန္းနံပါတ္ေပးၿပီး Viber ကေနျဖစ္ျဖစ္ ဆက္သြယ္ေပးပို႔လို႔ပဲရမွာပါ။

အျခား Dating app ေတြ ေတာ္ေတာ္မ်ားမ်ားက Facebook ရဲ႕ အခ်က္အလက္ေတြ အေပၚေတာ္ေတာ္ေလး မွီခိုေနရပါတယ္။ ဒါေၾကာင့္ Facebook က ဒီ Dating app ကို စတင္လာၿပီဆိုေတာ့ အျခား Company ေတြဟာ အမီလိုက္ဖို႔ ႀကိဳတင္ ျပင္ဆင္ရေတာ့ မွာပါ။ ဥပမာ အေနနဲ႔ Tinder ဟာဆိုရင္ ၿပီးခဲ့တဲ့ ေမလ မွာ Places (ေနရာမ်ား) ဆိုတဲ့ လုပ္ေဆာင္ခ်က္ အသစ္ကို စတင္မိတ္ဆက္ခဲ့ပါတယ္။ အားကစားပြဲေတြ၊ စားေသာက္ဆိုင္ေတြ၊ ကလပ္ေတြ ကိုအတူသြားခ်င္တဲ့ သူေတြအတြက္ ရည္႐ြယ္ခဲ့တာျဖစ္ၿပီး အခ်က္အလက္ေတြကို Facebook က မဟုတ္ပဲ Foursquare ကေန ရယူခဲ့တယ္လို႔ ဆိုပါတယ္။ Bumble နဲ႔ Hinge တို႔လို Dating app ေတြဟာလည္းပဲ သုံးစြဲသူေတြရဲ႕ အခ်က္အလက္ေတြကို Facebook ကေန ရယူေနျခင္းကို ရပ္တန္႔လိုက္ၾကပါတယ္။

Facebook ရဲ႕ ထုတ္ကုန္အရာရွိခ်ဳပ္ ခရစ္စ္ေကာ့စ္ (Chris Cox) ကေတာ့ ဒီလို Dating app ကိုထည့္သြင္းမယ္ဆိုရင္ တစ္ကယ္ ေကာင္းမြန္တဲ့ Relationship ေတြကို ျဖစ္လာေစဖို႔ ရည္႐ြယ္ရမယ္။ဒီလိုျဖစ္လာဖို႔လည္း ရွိႏွင့္ေနၿပီးသား Dating app ေတြထက္သာေအာင္ ပိုမိုအင္အားစိုက္ထုတ္ရမယ္ လို႔ ေျပာခဲ့ပါတယ္။ Dating service company 2 ခုမွာ လုပ္ကိုင္ေနတဲ့ ဂ်ိဳ႐ႊာ ပြန္ပီ (Joshua Pompey) ကေတာ့ "သုံးစြဲသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ လုံၿခဳံမႈရယ္၊ ပိုမိုအက်ိဴးရွိေစမယ့္ Relationship ေတြရယ္ကို အေလးထားၿပီး
လုပ္ေဆာင္ဖို႔ အႀကံေပးခ်င္ပါတယ္'' လို႔ေျပာခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ စတင္ စမ္းသပ္သုံးစြဲေနတဲ့ ကိုလမ္ဘီယာႏိုင္ငံသားေတြရဲ႕ တုံ႔ျပန္မႈေတြကို ေစာင့္ၾကည့္ေလ့လာရမွာပဲျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Zuluu (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
 Facebook ဟာ ''ဖူးစာရှာ'' ဝန်ဆောင်မှု (Dating service) ကို ကိုလမ်ဘီယာ (Colombia) နိုင်ငံမှာ စတင်စမ်းသပ်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ယခုနှစ် မေလ ကတည်းက တရားဝင်ကြေငြာခဲ့ပြီး အခုအခါမှာတော့ အခြားနိုင်ငံတွေမှာပါ

မကြာခင် သုံးစွဲခွင့်ရတော့မယ် လို့ ပြောပါတယ်။ ကိုလမ်ဘီယာက အသက် ၁၈ နှစ်ကျော်လွန်သူများဟာ Dating profile (ကိုယ်ရေးအချက်အလက်) တွေဖြည့်ပြီး မိမိနဲ့ သင့်တော်မယ့် အဖော်မွန်ကို အခု ရှာဖွေနိုင်နေပါပြီ။ WIRED (မူရင်းသတင်းပေ့ခ်ျ) က ဒီဝန်ဆောင်မှုကို လေ့လာခွင့်ရခဲ့ပြီး အသုံးပြုသူတွေဟာ ရေရှည် အဆင်ပြေနိုင်မယ့် အဖော်မွန်တွေကိုသာ ရွေးချယ်လိုစိတ်ရှိနေကြောင်းတွေ့ခဲ့ရပါတယ်။

''ဖူးစာရှာ'' ဝန်ဆောင်မှု ဈေးကွက်ကို Facebook ဝင်ရောက်လာတာက တင်ဒါ (Tinder) တို့ ဘန်ဘယ်(Bumble) တို့ထက်တော့ နှစ်များစွာ နောက်ကျနေပါတယ်။ ဒါပေမဲ့ လူတိုင်းနီးပါး Facebook အကောင့်ရှိနေတာရယ်၊ နောက်ထပ် Application အသစ် ထပ်ထည့်စရာ မလိုတာရယ်က Facebook ရဲ့ အားသာချက်တွေဖြစ်ပါတယ်။ US မှာဆိုရင် တစ်ကိုယ်တည်းသမားတွေဟာ Facebook ကို သိပ်သုံးလေ့ မရှိဘူးလို့ ဆိုတာကြောင့် ဒီဝန်ဆောင်မှုဟာ သူတို့ကို ပြန်လည်ဆွဲဆောင်စေလိမ့်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ က Facebook ရဲ့ ကြေညာချက်အရ သင်ဟာ Facebook profile နဲ့မတူတဲ့ Dating profile ကို ထပ်မံ ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။ အသက်အရွယ်၊ နာမည်၊ နေရပ်၊ လိင်အမျိုးအစား၊ စိတ်ဝင်စားတဲ့လိင်အမျိုးအစား(ကျား/မ/လိင်တူ စသည်) ၊ အရပ်အမောင်း၊ ကိုးကွယ် ဘာသာ၊ လုပ်ကိုင်သည့် အလုပ်၊ တက်ခဲ့တဲ့ကျောင်း စသဖြင့် ပြည့်ပြည့်စုံစုံ ဖြည့်ရမှာ ဖြစ်ပါတယ်။ Facebook က သင်နဲ့ ယှဉ်တွဲဖို့ အဆင်ပြေနိုင်မယ့် (သူငယ်ချင်း ဖြစ်နေတဲ့ သူလည်း မဟုတ်၊ Block ထားတဲ့ သူလည်း မဟုတ်တဲ့) ပါတနာကို ကီလိုမီတာ ၁၀၀ အတွင်း (နိုင်ငံအလိုက် ကွဲပြားမှုရှိနိုင်) ရှာဖွေပေးသွားမှာပါ။ ပြီးတော့ Facebook မှာလိုမျိုး ''Hi'' ''Hello'' စသဖြင့် လွယ်လွယ်ကူကူ စတင်ဆက်သွယ် လို့ရမှာ မဟုတ်ပါဘူး။ သင်စိတ်ဝင်စားတဲ့ ပါတနာ ရဲ့ ဓာတ်ပုံတွေကို ကြည့်ရှူရပါမယ်။ ပြီးတော့ ''ပြင်ဦးလွင်ကို ရောက်ဖူးသလား။ ကျွန်မတော့ တစ်ခါရောက်ဖူးတယ်'' ဆိုတာမျိုး မေးခွန်းလေးတွေ (သင်စိတ်ဝင်စားတဲ့ ပါတနာရဲ့ မေးခွန်းတွေ)ကို အရင်ဖြေဆိုရမှာဖြစ်ပါတယ်။ Messenger မှာဆိုရင်လည်း Facebook မှာလို link တွေ share တာမျိုး photo တွေ ပို့ပေးတာမျိုး လုပ်လို့ မရပါဘူး။ ဓာတ်ပုံတွေ အလဲအလှယ်ပြုချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ်ပေးပြီး Viber ကနေဖြစ်ဖြစ် ဆက်သွယ်ပေးပို့လို့ပဲရမှာပါ။

အခြား Dating app တွေ တော်တော်များများက Facebook ရဲ့ အချက်အလက်တွေ အပေါ်တော်တော်လေး မှီခိုနေရပါတယ်။ ဒါကြောင့် Facebook က ဒီ Dating app ကို စတင်လာပြီဆိုတော့ အခြား Company တွေဟာ အမီလိုက်ဖို့ ကြိုတင် ပြင်ဆင်ရတော့ မှာပါ။ ဥပမာ အနေနဲ့ Tinder ဟာဆိုရင် ပြီးခဲ့တဲ့ မေလ မှာ Places (နေရာများ) ဆိုတဲ့ လုပ်ဆောင်ချက် အသစ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အားကစားပွဲတွေ၊ စားသောက်ဆိုင်တွေ၊ ကလပ်တွေ ကိုအတူသွားချင်တဲ့ သူတွေအတွက် ရည်ရွယ်ခဲ့တာဖြစ်ပြီး အချက်အလက်တွေကို Facebook က မဟုတ်ပဲ Foursquare ကနေ ရယူခဲ့တယ်လို့ ဆိုပါတယ်။ Bumble နဲ့ Hinge တို့လို Dating app တွေဟာလည်းပဲ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို Facebook ကနေ ရယူနေခြင်းကို ရပ်တန့်လိုက်ကြပါတယ်။

Facebook ရဲ့ ထုတ်ကုန်အရာရှိချုပ် ခရစ်စ်ကော့စ် (Chris Cox) ကတော့ ဒီလို Dating app ကိုထည့်သွင်းမယ်ဆိုရင် တစ်ကယ် ကောင်းမွန်တဲ့ Relationship တွေကို ဖြစ်လာစေဖို့ ရည်ရွယ်ရမယ်။ဒီလိုဖြစ်လာဖို့လည်း ရှိနှင့်နေပြီးသား Dating app တွေထက်သာအောင် ပိုမိုအင်အားစိုက်ထုတ်ရမယ် လို့ ပြောခဲ့ပါတယ်။ Dating service company 2 ခုမှာ လုပ်ကိုင်နေတဲ့ ဂျိုရွှာ ပွန်ပီ (Joshua Pompey) ကတော့ "သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုရယ်၊ ပိုမိုအကျိူးရှိစေမယ့် Relationship တွေရယ်ကို အလေးထားပြီး
လုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ်'' လို့ပြောခဲ့ပါတယ်။ လောလောဆယ်မှာတော့ စတင် စမ်းသပ်သုံးစွဲနေတဲ့ ကိုလမ်ဘီယာနိုင်ငံသားတွေရဲ့ တုံ့ပြန်မှုတွေကို စောင့်ကြည့်လေ့လာရမှာပဲဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Zuluu (ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top