မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×


Extrovert ကေတာ့ တက္ႂကြၿပီး ယုံၾကည္ခ်က္အျပည့္ ရွိသလို အမ်ားနဲ႔ ေျပာဆိုဆက္ဆံရတာကို ႀကိဳက္ႏွစ္သက္သူေတြပါ။ တစ္နည္းေျပာရမယ္ဆိုရင္ ဘြင္းဘြင္းေပ်ာ္ေပ်ာ္သမားေတြေပါ့။ Introvert ဆိုသူေတြကေတာ့ အရွက္အေၾကာက္ႀကီးၿပီး အျခားသူနဲ႔ ေရာေရာေႏွေႏွာ မေနတတ္သူေတြျဖစ္ပါတယ္။ ဒီလိုမ်ိဳး မတူကြဲျပားတဲ့ အက်င့္စ႐ိုက္ပိုင္ရွင္ေတြက စီးပြားေရးလုပ္ကိုင္ရာမွာေကာ ဘယ္လို ကြာျခားခ်က္ေတြ ရွိေနမွာလဲဆိုတာ ေဖာ္ျပေပးခ်င္ပါတယ္။


ဘြင္းဘြင္းေပ်ာ္ေပ်ာ္ေနတတ္တဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြ (Extrovert သမားေတြ) က အျခားသူေတြနဲ႔ အတူတူရွိေနရင္ ခြန္အားျဖစ္သလို ခံစားရၿပီး လူေတြနဲ႔ မေပါင္းသင္းရ မေနႏိုင္ဆိုသူေတြ ျဖစ္ၾကပါတယ္။ ဩဇာတိကၠမရွိၿပီး ကိုယ့္ကို လူခ်စ္လူခင္မ်ားတဲ့အတြက္ ေငြရွာရတာ လြယ္ကူေစပါတယ္။ ဒါေပမဲ့ လုပ္ငန္းစပ်ိဳးကာစမွာ စီးပြားေရးလုပ္ငန္းရွင္ေတြက ၁၈ ရာခိုင္ႏႈန္းေလာက္ပဲ ေအာင္ျမင္တာမ်ားလို႔ risk နည္းနည္းေတာ့ ယူရမွာ ျဖစ္ပါတယ္။ စီးပြားေရးေရရွည္တည္တံ့ဖို႔ဆိုရင္ လူခ်င္းေတြ႕ဆုံၿပီး ေျပာဆိုေဆြးေႏြးတတ္မႈေတြက အေရးပါတာေၾကာင့္ ဒီလိုလူမ်ိဳးေတြအတြက္ မိတ္ေဆြအေပါင္းအသင္းဖြဲ႕ရတာက အလြယ္ေလးပါပဲ။ အေကာင္းျမင္တတ္တဲ့ စိတ္ေၾကာင့္ လုပ္ငန္းကိုလည္း အက်ိဳးျဖစ္ထြန္းေစသူေတြ ျဖစ္ပါတယ္။

Extrovert သမားေတြအေနနဲ႔ ႀကဳံေတြ႕ရမယ့္ စိန္ေခၚမႈေတြကေတာ့ စိတ္ရွည္လက္ရွည္ နားေထာင္ႏိုင္စြမ္းရည္ ျဖစ္ပါတယ္။ သူတို႔ေတြက တစ္ခုတည္းကို အာ႐ုံစိုက္ႏိုင္စြမ္း နည္းၾကလို႔ မိနစ္ ၅၀ ေလာက္ ေခါင္းစားေအာင္ အလုပ္လုပ္ၿပီးရင္ ၁၀ မိနစ္ေလာက္က အနားယူခ်င္သူေတြ ျဖစ္ၾကပါတယ္။
တစ္ကိုယ္တည္းေနရတာ ႀကိဳက္တဲ့ Introvert သမားေတြမွာေတာ့ အမ်ားနဲ႔ ေရာေႏွာရတာကိုက သူတို႔အတြက္ စိတ္ပင္ပန္းေစတဲ့ အရာ ျဖစ္ေနပါတယ္။ တီထြင္ဖန္တီးႏိုင္စြမ္း အားေကာင္းၾကသူေတြျဖစ္လို႔ အလုပ္ခ်ိန္ျပင္ပမွာ ဝါသနာပါရာေတြကို အခ်ိန္ေပးၿပီး လုပ္တတ္ၾကသူေတြ ျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ အၿမဲသုံးသပ္တတ္သူေတြျဖစ္လို႔ ဘဝမွာရလာတဲ့ သင္ခန္းစာေတြကေန အလုပ္ကို ပိုေကာင္းေအာင္ လုပ္တတ္ၾကပါတယ္။ အုံ႔ပုန္းေနတတ္သူေတြျဖစ္လို႔ အလုပ္မွာ စိတ္ႏွစ္ၿပီး အာ႐ုံစိုက္ၾကပါတယ္။ စကားေျပာရတာထက္ နားေထာင္ရတာကို ပိုႀကိဳက္သူေတြ ျဖစ္လို႔ တိက်မႈမ်ားၿပီး အမွားနည္းသူေတြ ျဖစ္ပါတယ္။

Introvert ေတြႀကဳံေတြ႕ရတတ္တဲ့ စိန္ေခၚမႈေတြကေတာ့ လုပ္ေဖာ္ကိုင္ဖက္သူငယ္ခ်င္းေတြနဲ႔ တူတူရွိခ်ိန္ စိတ္ေတြ႐ႈပ္လာၿပီး စဥ္းစားရမထြက္ ျဖစ္တတ္ၾကပါတယ္။ ဒီလိုလူေတြအတြက္ကေတာ့ ကိုယ့္ကို အေႏွာင့္အယွက္ မေပးသင့္တဲ့ အခ်ိန္ေတြကို တျခားသူေတြသိေအာင္ ေျပာထားဖို႔ပါပဲ။ လူေရွ႕ထြက္ရတာ ေၾကာက္တတ္သူေတြျဖစ္လို႔ အစည္းအေဝးပြဲေတြ မတိုင္ခင္ စကားေျပာအဆင္ေျပမေျပဆိုတာကို ႀကိဳတင္ျပင္ဆင္ထားရပါတယ္။





































Extrovert နဲ႔ Introvert ႏွစ္ဦးစလုံးမွာ အားနည္းခ်က္ အားသာခ်က္ အနည္းအမ်ားစီ ရွိၾကတာမို႔ ေအာင္ျမင္တဲ့ လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္ခ်င္တယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ အားနည္းခ်က္ကို သတိမူၿပီး နည္းနည္းခ်င္း ေျပာင္းလဲသင့္ပါေၾကာင္း တိုက္တြန္းလိုက္ရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
Extrovert ကတော့ တက်ကြွပြီး ယုံကြည်ချက်အပြည့် ရှိသလို အများနဲ့ ပြောဆိုဆက်ဆံရတာကို ကြိုက်နှစ်သက်သူတွေပါ။ တစ်နည်းပြောရမယ်ဆိုရင် ဘွင်းဘွင်းပျော်ပျော်သမားတွေပေါ့။ Introvert ဆိုသူတွေကတော့ အရှက်အကြောက်ကြီးပြီး အခြားသူနဲ့ ရောရောနှေနှော မနေတတ်သူတွေဖြစ်ပါတယ်။ ဒီလိုမျိုး မတူကွဲပြားတဲ့ အကျင့်စရိုက်ပိုင်ရှင်တွေက စီးပွားရေးလုပ်ကိုင်ရာမှာကော ဘယ်လို ကွာခြားချက်တွေ ရှိနေမှာလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

ဘွင်းဘွင်းပျော်ပျော်နေတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ (Extrovert သမားတွေ) က အခြားသူတွေနဲ့ အတူတူရှိနေရင် ခွန်အားဖြစ်သလို ခံစားရပြီး လူတွေနဲ့ မပေါင်းသင်းရ မနေနိုင်ဆိုသူတွေ ဖြစ်ကြပါတယ်။ ဩဇာတိက္ကမရှိပြီး ကိုယ့်ကို လူချစ်လူခင်များတဲ့အတွက် ငွေရှာရတာ လွယ်ကူစေပါတယ်။ ဒါပေမဲ့ လုပ်ငန်းစပျိုးကာစမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ၁၈ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်တာများလို့ risk နည်းနည်းတော့ ယူရမှာ ဖြစ်ပါတယ်။ စီးပွားရေးရေရှည်တည်တံ့ဖို့ဆိုရင် လူချင်းတွေ့ဆုံပြီး ပြောဆိုဆွေးနွေးတတ်မှုတွေက အရေးပါတာကြောင့် ဒီလိုလူမျိုးတွေအတွက် မိတ်ဆွေအပေါင်းအသင်းဖွဲ့ရတာက အလွယ်လေးပါပဲ။ အကောင်းမြင်တတ်တဲ့ စိတ်ကြောင့် လုပ်ငန်းကိုလည်း အကျိုးဖြစ်ထွန်းစေသူတွေ ဖြစ်ပါတယ်။

Extrovert သမားတွေအနေနဲ့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကတော့ စိတ်ရှည်လက်ရှည် နားထောင်နိုင်စွမ်းရည် ဖြစ်ပါတယ်။ သူတို့တွေက တစ်ခုတည်းကို အာရုံစိုက်နိုင်စွမ်း နည်းကြလို့ မိနစ် ၅၀ လောက် ခေါင်းစားအောင် အလုပ်လုပ်ပြီးရင် ၁၀ မိနစ်လောက်က အနားယူချင်သူတွေ ဖြစ်ကြပါတယ်။

တစ်ကိုယ်တည်းနေရတာ ကြိုက်တဲ့ Introvert သမားတွေမှာတော့ အများနဲ့ ရောနှောရတာကိုက သူတို့အတွက် စိတ်ပင်ပန်းစေတဲ့ အရာ ဖြစ်နေပါတယ်။ တီထွင်ဖန်တီးနိုင်စွမ်း အားကောင်းကြသူတွေဖြစ်လို့ အလုပ်ချိန်ပြင်ပမှာ ဝါသနာပါရာတွေကို အချိန်ပေးပြီး လုပ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲသုံးသပ်တတ်သူတွေဖြစ်လို့ ဘဝမှာရလာတဲ့ သင်ခန်းစာတွေကနေ အလုပ်ကို ပိုကောင်းအောင် လုပ်တတ်ကြပါတယ်။ အုံ့ပုန်းနေတတ်သူတွေဖြစ်လို့ အလုပ်မှာ စိတ်နှစ်ပြီး အာရုံစိုက်ကြပါတယ်။ စကားပြောရတာထက် နားထောင်ရတာကို ပိုကြိုက်သူတွေ ဖြစ်လို့ တိကျမှုများပြီး အမှားနည်းသူတွေ ဖြစ်ပါတယ်။

Introvert တွေကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတွေကတော့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေနဲ့ တူတူရှိချိန် စိတ်တွေရှုပ်လာပြီး စဉ်းစားရမထွက် ဖြစ်တတ်ကြပါတယ်။ ဒီလိုလူတွေအတွက်ကတော့ ကိုယ့်ကို အနှောင့်အယှက် မပေးသင့်တဲ့ အချိန်တွေကို တခြားသူတွေသိအောင် ပြောထားဖို့ပါပဲ။ လူရှေ့ထွက်ရတာ ကြောက်တတ်သူတွေဖြစ်လို့ အစည်းအဝေးပွဲတွေ မတိုင်ခင် စကားပြောအဆင်ပြေမပြေဆိုတာကို ကြိုတင်ပြင်ဆင်ထားရပါတယ်။

Extrovert နဲ့ Introvert နှစ်ဦးစလုံးမှာ အားနည်းချက် အားသာချက် အနည်းအများစီ ရှိကြတာမို့ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ အားနည်းချက်ကို သတိမူပြီး နည်းနည်းချင်း ပြောင်းလဲသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:.yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top