×

ဘယ္ေလာက္လွတဲ့ ကမ္းေျချဖစ္ျဖစ္ ညဘက္ဆိုရင္ တစ္မ်ိဳးျဖစ္သြားတတ္ပါတယ္။ ဒါေပမဲ့ Dumas ကမ္းေျခက ပိုေၾကာက္စရာေကာင္းပါတယ္


အိႏၵိယႏိုင္ငံ ဆုရတ္ျပည္နယ္က Dumas ကမ္းေျခဟာ လွပသေလာက္ လည္ပတ္သူမ်ားသလို လူေတြထူးဆန္းစြာေပ်ာက္ဆံုးေလ့႐ွိတယ္လို႔ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ေနရာျဖစ္ပါတယ္။


ေနာက္ၿပီး အဲ့ဒီကမ္းေျခရဲ႕ ထူးျခားတဲ့အရာကေတာ့ ကမ္းေျခက အနက္ေရာင္သဲေတြပါ။ Black Sand Beach လို႔လဲေခၚဆိုၾကတဲ့ Dumas ကမ္းေျခဟာ အိႏၵိယရဲ႕ သရဲအေျခာက္ဆံုးေနရာေတြထဲက တတိယေျမာက္တစ္ခုပါ။


အဲ့ဒီကမ္းေျခမွာ ဘုရားေက်ာင္းေတြ၊ အမွတ္တရပစၥည္းဆိုင္ေတြနဲ႔ ေန႔ဘက္ဆိုရင္ လူစည္ကားသေလာက္ ညဘက္ဆိုရင္ေတာ့ ကမ္းေျခတစ္ေလ်ွာက္ လမ္းေလ်ွာက္တဲ့သူနည္းပါတယ္။


အေၾကာင္းကေတာ့ ညဘက္လမ္းေလ်ွာက္တဲ့အခါ ကမ္းေျခတစ္ေလ်ွာက္မွာ ညည္းညဴေအာ္ဟစ္သံေတြ၊ ဘယ္ကေနလာမွန္းမသိတဲ့ မသဲမကြဲေအာ္ဟစ္သံေတြ၊ ထိတ္လန္႔ဖြယ္ရာ ရယ္ေမာသံေတြကို ေျခာက္ျခားဖြယ္ရာၾကားရေလ့႐ွိပါသတဲ့။


ဒါေပမဲ့ ဒီအေၾကာင္းအရာကို ျပန္ေျပာျပသူကေတာ့ နည္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အေၾကာင္းမသိလို႔ ညဖက္ ကမ္းေျခတစ္ေလ်ွာက္ လမ္းထြက္ေလ်ွာက္သူေတြဟာ ထြက္သြားၿပီးရင္ ျပန္မလာဘဲ အစအန႐ွာမရေအာင္ ေပ်ာက္ဆံုးသြားတတ္လို႔ပါ။

သူတို႔ထဲက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပန္ေရာက္လာသူေတြပဲ ဒီလိုျပန္ေျပာျပၾကတာပါ။
အဲ့ဒီကမ္းေျခက ေဒသခံေတြကေတာ့ ညဖက္မွာ နာနာဘာဝေတြက ကမ္းေျခတစ္ေလ်ွာက္ သြားလာေပ်ာ္ျမဴးၾကတယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ ဒီကမ္းေျခဟာ ေ႐ွးယခင္က လူေသေတြကိုသၿဂိဳဟ္ တဲ့အရပ္မို႔ ဒီလို တေစၦသရဲေတြ ေပါမ်ားတာပါလို႔ဆိုပါတယ္။

ဒီအရပ္ေဒသကို ေရာက္႐ွိဖူးသူေတြ အေျပာမ်ားၾကတာက Orbs ေတြအေၾကာင္းပါ။ Obs ဆိုတာက ဓာတ္ပံု႐ိုက္တဲ့အခါ ေပၚလာတတ္တဲ့ စက္ဝိုင္းလိုလို ၾကယ္တံခြန္လိုလိုအလင္းစက္ေတြပါ။ အဲ့ဒီအလင္းစက္ေတြဟာ သရဲတေစၦေတြကို ဓာတ္ပံု႐ိုက္မိရင္ ဓာတ္ပံုမွာ ေပၚလာတတ္တဲ့အရာလို႔ ယံုၾကည္ၾကပါတယ္။

အဲ့ဒီအလင္းစက္ေတြဟာ Dumas ကမ္းေျခမွာ႐ိုက္တဲ့ ပံုတိုင္းလိုလိုမွာေတြ႔ရတတ္ပါတယ္။ ေန႔ဘက္ လည္ပတ္သူေတြ႐ိုက္တဲ့ ပံုေတြမွာလည္းေတြ႔ရသလို ဒီကမ္းေျခရဲ႕ နာနာဘဝပံုျပင္ေတြကိုမယံုၾကည္လို႔ ညဘက္ ကမ္းေျခကို သြားေရာက္စူးစမ္းမွတ္တမ္းတင္ဖို႔ သြားေရာက္ခဲ့တဲ့ လူငယ္ေတြ႐ိုက္ကူးခဲ့တဲ့ ဓာတ္ပံုေတြမွာ အမ်ားအျပားေတြ႔ရတယ္လို႔ဆိုပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:bahuthuta.
# Unicode Version ျဖင့္ ဖတ္ပါ #
ဘယ်လောက်လှတဲ့ ကမ်းခြေဖြစ်ဖြစ် ညဘက်ဆိုရင် တစ်မျိုးဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ Dumas ကမ်းခြေက ပိုကြောက်စရာကောင်းပါတယ်

အိန္ဒိယနိုင်ငံ ဆုရတ်ပြည်နယ်က Dumas ကမ်းခြေဟာ လှပသလောက် လည်ပတ်သူများသလို လူတွေထူးဆန်းစွာပျောက်ဆုံးလေ့ရှိတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့နေရာဖြစ်ပါတယ်။

နောက်ပြီး အဲ့ဒီကမ်းခြေရဲ့ ထူးခြားတဲ့အရာကတော့ ကမ်းခြေက အနက်ရောင်သဲတွေပါ။ Black Sand Beach လို့လဲခေါ်ဆိုကြတဲ့ Dumas ကမ်းခြေဟာ အိန္ဒိယရဲ့ သရဲအခြောက်ဆုံးနေရာတွေထဲက တတိယမြောက်တစ်ခုပါ။

အဲ့ဒီကမ်းခြေမှာ ဘုရားကျောင်းတွေ၊ အမှတ်တရပစ္စည်းဆိုင်တွေနဲ့ နေ့ဘက်ဆိုရင် လူစည်ကားသလောက် ညဘက်ဆိုရင်တော့ ကမ်းခြေတစ်လျှောက် လမ်းလျှောက်တဲ့သူနည်းပါတယ်။

အကြောင်းကတော့ ညဘက်လမ်းလျှောက်တဲ့အခါ ကမ်းခြေတစ်လျှောက်မှာ ညည်းညူအော်ဟစ်သံတွေ၊ ဘယ်ကနေလာမှန်းမသိတဲ့ မသဲမကွဲအော်ဟစ်သံတွေ၊ ထိတ်လန့်ဖွယ်ရာ ရယ်မောသံတွေကို ခြောက်ခြားဖွယ်ရာကြားရလေ့ရှိပါသတဲ့။

ဒါပေမဲ့ ဒီအကြောင်းအရာကို ပြန်ပြောပြသူကတော့ နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြောင်းမသိလို့ ညဖက် ကမ်းခြေတစ်လျှောက် လမ်းထွက်လျှောက်သူတွေဟာ ထွက်သွားပြီးရင် ပြန်မလာဘဲ အစအနရှာမရအောင် ပျောက်ဆုံးသွားတတ်လို့ပါ။

သူတို့ထဲက အကြောင်းအမျိုးမျိုးကြောင့် ပြန်ရောက်လာသူတွေပဲ ဒီလိုပြန်ပြောပြကြတာပါ။
အဲ့ဒီကမ်းခြေက ဒေသခံတွေကတော့ ညဖက်မှာ နာနာဘာဝတွေက ကမ်းခြေတစ်လျှောက် သွားလာပျော်မြူးကြတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီကမ်းခြေဟာ ရှေးယခင်က လူသေတွေကိုသဂြိုဟ် တဲ့အရပ်မို့ ဒီလို တစ္ဆေသရဲတွေ ပေါများတာပါလို့ဆိုပါတယ်။

ဒီအရပ်ဒေသကို ရောက်ရှိဖူးသူတွေ အပြောများကြတာက Orbs တွေအကြောင်းပါ။ Obs ဆိုတာက ဓာတ်ပုံရိုက်တဲ့အခါ ပေါ်လာတတ်တဲ့ စက်ဝိုင်းလိုလို ကြယ်တံခွန်လိုလိုအလင်းစက်တွေပါ။ အဲ့ဒီအလင်းစက်တွေဟာ သရဲတစ္ဆေတွေကို ဓာတ်ပုံရိုက်မိရင် ဓာတ်ပုံမှာ ပေါ်လာတတ်တဲ့အရာလို့ ယုံကြည်ကြပါတယ်။

အဲ့ဒီအလင်းစက်တွေဟာ Dumas ကမ်းခြေမှာရိုက်တဲ့ ပုံတိုင်းလိုလိုမှာတွေ့ရတတ်ပါတယ်။ နေ့ဘက် လည်ပတ်သူတွေရိုက်တဲ့ ပုံတွေမှာလည်းတွေ့ရသလို ဒီကမ်းခြေရဲ့ နာနာဘဝပုံပြင်တွေကိုမယုံကြည်လို့ ညဘက် ကမ်းခြေကို သွားရောက်စူးစမ်းမှတ်တမ်းတင်ဖို့ သွားရောက်ခဲ့တဲ့ လူငယ်တွေရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေမှာ အများအပြားတွေ့ရတယ်လို့ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:bahuthuta.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top