×





Credit:Khaing Gyii
# Unicode Version ဖြင့် ဖတ်ပါ #
ကနေဒါအဆိုတော် Justin Biber နဲ့ ရက်ပ်ပါကြီး Daddy Yankee တို့ Remix လုပ်ပြီးသီဆိုထားတဲ့ Despacito ကို မိုမိုလေးပရိသတ်တွေတော်တော်များများသိကြမှာပေါ့။ ဒီသီချင်းက (၂၀၁၇) ရဲ့အကောင်းဆုံးသီချင်းအဖြစ်ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံပေါင်း(၄၇)နိုင်ငံမှာ အချိန်အကြာကြီး Top 10 ဝင်ခဲ့တဲ့အထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့သီချင်းတစ်ပုဒ်ပါ။

သီချင်းတစ်ပုဒ်လုံးနီးပါး စပိန်လိုဆိုထားပြီး sexual relationship အကြောင်းကို ရိုမတ်တစ်ဆန်ဆန်ရေးဖွဲ့ထားတာပါ။ ဒါပေမဲ့ စပိန်လိုဆိုတာပဲ ကျေးဇူးတင်တယ်ပြောရမယ်။ ဘာလို့လဲဆိုတော့ ဒီသီချင်းကို အင်္ဂလိပ်လိုဘာသာပြန်ရင် ညစ်ညမ်းစာသားတွေချည်းပဲတဲ့။

ညစ်ညမ်းစကားလုံးတွေအများကြီးပါတဲ့အတွက် မလေးရှားနိုင်ငံမှာ ဒီသီချင်းက အပိတ်ခံခဲ့ရပါတယ်။ တစ်ကမ္ဘာလုံးက Radio Station တွေကလည်း ပြန်စိစစ်ဖြတ်တောက်ပေးဖို့် တောင်းဆိုခဲ့ကြပါတယ်။ အကြမ်းစားစာသားတွေဖြစ်နေပေမဲ့လည်း အောင်မြင်မှုကတော့ တဟုန်ထိုးပဲ။ မိုမိုလေးပရိသတ်တွေထဲမှာရော ဒီသီချင်းကြိုက်တဲ့သူတွေရှိကြလား…
ဖိုးသူတော် (www.phothutaw.com)
Credit:Khaing Gyii
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top