ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

Demi Lovato တစ္ေယာက္ ေဆးအလြန္အကၽြံ သံုးစြဲမႈေၾကာင့္ Cedars-Sinai Medical Center ကို အသည္းအသန္သြားခဲ့ရတာ ၂လေတာင္ ျပည့္သြားခဲ့ပါၿပီ။ စက္တင္ဘာလ ၂၃ ရက္ေန႕မွာေတာ့ ျပန္လည္ထူေထာင္ စခန္းကေန အားရက္ရၿပီး လမ္းေလွ်ာက္ထြက္လာေနတဲ့ ပံုေပၚတဲ့ Demi Lovato ရဲ႕ ဓါတ္ပံုအခ်ိဳ႕က အင္တာနက္ေပၚမွာ ပ်ံ႕ႏွံ႔ေနပါတယ္။ ဓါတ္ပံုကိုေတာ့  TMZ သတင္းမီဒီယာကေန ရိုက္ကူးခဲ့တာျဖစ္ပါတယ္။ Demi ကို ၾကည့္ရတာေတာ့ စိတ္ေပ်ာ္ေနပံုေပၚၿပီး ေခြးနဲ႔ လမ္းေလွ်ာက္ေနတဲ့ အမ်ိဳးသမီးနဲ႔လည္း စကားေတြ ေျပာေနပါေသးတယ္။


Demi ကို မ်က္ျမင္ေတြ႔တဲ့ သူအခ်ိဳ႕ကေတာ့ Starbucks ဆိုင္မွာ Demi ကို မၾကာခဏ ေတြ႔ရေလ့ရွိၿပီး သူမက တစ္ေယာက္တည္း လာေလ့ရွိတာ မဟုတ္ဘူးလို႔လည္း ဆုိပါတယ္။ Demi ကေတာ့ တစ္ခါတစ္ေလမွာ ျပန္လည္ထူေထာင္ေရးစခန္းက သူငယ္ခ်င္းေတြနဲ႔အတူလည္း လာေလ့ရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သူမရဲ႕ ရည္းစားေဟာင္းျဖစ္တဲ Wilmer Valderrama နဲ႔အတူလည္း ေတြ႔ရတယ္လို႕ သတင္းအရင္းအျမစ္တစ္ခုက ေျပာပါတယ္။ ဧည့္ေတြ႔တဲ့ေန႔ေတြမွာလည္း လာေလ့ရွိတယ္လို႔ သိရပါတယ္။



Demi ကေတာ့ အခုအခ်ိန္မွာ ေတာ္ေတာ္ေလး ေနေကာင္းေနၿပီ ျဖစ္တယ္လို႔လည္း Demi ရဲ႕ အေမက အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: auntymay
# Unicode Version ျဖင့္ ဖတ္ပါ #
Demi Lovato တစ်ယောက် ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့် Cedars-Sinai Medical Center ကို အသည်းအသန်သွားခဲ့ရတာ ၂လတောင် ပြည့်သွားခဲ့ပါပြီ။ စက်တင်ဘာလ ၂၃ ရက်နေ့မှာတော့ ပြန်လည်ထူထောင် စခန်းကနေ အားရက်ရပြီး လမ်းလျှောက်ထွက်လာနေတဲ့ ပုံပေါ်တဲ့ Demi Lovato ရဲ့ ဓါတ်ပုံအချို့က အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဓါတ်ပုံကိုတော့  TMZ သတင်းမီဒီယာကနေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Demi ကို ကြည့်ရတာတော့ စိတ်ပျော်နေပုံပေါ်ပြီး ခွေးနဲ့ လမ်းလျှောက်နေတဲ့ အမျိုးသမီးနဲ့လည်း စကားတွေ ပြောနေပါသေးတယ်။

Demi ကို မျက်မြင်တွေ့တဲ့ သူအချို့ကတော့ Starbucks ဆိုင်မှာ Demi ကို မကြာခဏ တွေ့ရလေ့ရှိပြီး သူမက တစ်ယောက်တည်း လာလေ့ရှိတာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ Demi ကတော့ တစ်ခါတစ်လေမှာ ပြန်လည်ထူထောင်ရေးစခန်းက သူငယ်ချင်းတွေနဲ့အတူလည်း လာလေ့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူမရဲ့ ရည်းစားဟောင်းဖြစ်တဲ Wilmer Valderrama နဲ့အတူလည်း တွေ့ရတယ်လို့ သတင်းအရင်းအမြစ်တစ်ခုက ပြောပါတယ်။ ဧည့်တွေ့တဲ့နေ့တွေမှာလည်း လာလေ့ရှိတယ်လို့ သိရပါတယ်။

Demi ကတော့ အခုအချိန်မှာ တော်တော်လေး နေကောင်းနေပြီ ဖြစ်တယ်လို့လည်း Demi ရဲ့ အမေက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: auntymay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top