×

အာဂ်င္တီးနားရဲေတြဟာ ေကာက္ပဲသီးႏွံစိုက္ခင္းေတြမွာ ရုတ္တရက္ ထူးဆန္းစြာ အပင္ေတြ ပိျပားျပီး ျဖစ္ေပၚလာတဲ့ အကြက္၀ိုင္း crop circles ေတြကို ဘယ္သူ (သို ့) ဘယ္အရာက ျပဳလုပ္ ခဲ့လဲဆုိတာနဲ ့ ပတ္သတ္ျပီး ေခါင္းေျခာက္လ်က္ ရွိပါတယ္။
ယခုႏွစ္အတြင္းမွာ အာဂ်င္တီးနားႏိုင္ငံေတာင္ပုိင္းခရိုင္ Salta က ဂ်ဳံခင္းေတြမွာ ထူးဆန္းတဲ့ပုံသ႑ာန္ေတြ ျဖစ္ေပၚလ်က္ရွိျပီး ေနာက္ဆုံးျဖစ္ေပၚမွဳက Choicoana ေဒသက စိုက္ခင္းတစ္ခုမွာျဖစ္ပါတယ္။
Crop circle ေတြကို စုံစမ္းေလ့လာေနသူ အမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ Mercedes Casas က “ ဒီတစ္ခါေတြ ့ရတဲ့ ပုံစံကေတာ့ ၾကီးရာကေန ေသးသြားတဲ့ အ၀ုိင္းကုိးခုပုံစံျဖစ္ပါတယ္။ ပထမစက္၀ုိင္းက အခ်င္း ခုႏွစ္မီတာရွိျပီး တျဖည္းျဖည္း ေသးသြားကာ ေနာက္ဆုံးစက္၀ုိင္းက ေလးမီတာရွိပါတယ္။ တစ္မူထူးျခားတဲ့အမွတ္အသားေတြလည္း ေတြ ့ရပါတယ္။ ဒီ စက္၀ုိင္းကိုးခုကို အက်ယ္ တစ္မီတာ၊ စင္တီမီတာနည္းနည္းရွည္တဲ့ မ်ဥ္းလုိင္းေတြနဲ ့ဆက္စပ္ထားတဲ့ ပုံျဖစ္ပါတယ္” လုိ ့ရွင္းျပပါတယ္။
အခုလုိ အလားတူျဖစ္ရပ္မ်ိဳးတစ္ခုလည္း ေဖေဖာ္၀ါရီလတုန္းက Salta ခရိုင္မွာျဖစ္ပြားခဲ့ပါေသးတယ္။
ဒီ Crop circle ေတြဟာ လူသားနဲ ့တူတဲ့သတၱ၀ါ၊ လူသားပုံစံရွိတဲ့တျခားကမၻာကျဂိဳလ္သားေတြရဲ့ ဖန္တီးခ်က္ေတြ ျဖစ္ျပီး အဆုိပါသတၱ၀ါေတြဟာ ရွည္ေမ်ာေမ်ာနဲ ့အေမႊးအမွ်င္ ေရႊေရာင္ေဖ်ာ့ေဖ်ာ့ေတြ ရွိတယ္လုိ ့သူမက ေျပာျပခဲ့ပါတယ္။
ဒါေပမယ့္ တစ္ခ်ိဳ ့လူေတြကေတာ့ ဒီစက္၀ိုင္းေတြဟာ လူေတြရဲ့ ေနာက္ေျပာင္က်ီစယ္မွဳတစ္ခုသာ ျဖစ္တယ္လုိ ့ ထင္ျမင္လ်က္ရွိပါတယ္။
Ref: Mirror
ဖိုးသူေတာ္ (www.phothutaw.com)
Credit:thithtoolwin
# Unicode Version ျဖင့္ ဖတ္ပါ #
အာဂျင်တီးနားရဲတွေဟာ ကောက်ပဲသီးနှံစိုက်ခင်းတွေမှာ ရုတ်တရက် ထူးဆန်းစွာ အပင်တွေ ပိပြားပြီး ဖြစ်ပေါ်လာတဲ့ အကွက်ဝိုင်း crop circles တွေကို ဘယ်သူ (သို့) ဘယ်အရာက ပြုလုပ် ခဲ့လဲဆိုတာနဲ့ ပတ်သတ်ပြီး ခေါင်းခြောက်လျက် ရှိပါတယ်။
ယခုနှစ်အတွင်းမှာ အာဂျင်တီးနားနိုင်ငံတောင်ပိုင်းခရိုင် Salta က ဂျုံခင်းတွေမှာ ထူးဆန်းတဲ့ပုံသဏ္ဍာန်တွေ ဖြစ်ပေါ်လျက်ရှိပြီး နောက်ဆုံးဖြစ်ပေါ်မှုက Choicoana ဒေသက စိုက်ခင်းတစ်ခုမှာဖြစ်ပါတယ်။
Crop circle တွေကို စုံစမ်းလေ့လာနေသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Mercedes Casas က “ ဒီတစ်ခါတွေ့ရတဲ့ ပုံစံကတော့ ကြီးရာကနေ သေးသွားတဲ့ အဝိုင်းကိုးခုပုံစံဖြစ်ပါတယ်။ ပထမစက်ဝိုင်းက အချင်း ခုနှစ်မီတာရှိပြီး တဖြည်းဖြည်း သေးသွားကာ နောက်ဆုံးစက်ဝိုင်းက လေးမီတာရှိပါတယ်။ တစ်မူထူးခြားတဲ့အမှတ်အသားတွေလည်း တွေ့ရပါတယ်။ ဒီ စက်ဝိုင်းကိုးခုကို အကျယ် တစ်မီတာ၊ စင်တီမီတာနည်းနည်းရှည်တဲ့ မျဉ်းလိုင်းတွေနဲ့ဆက်စပ်ထားတဲ့ ပုံဖြစ်ပါတယ်” လို့ရှင်းပြပါတယ်။
အခုလို အလားတူဖြစ်ရပ်မျိုးတစ်ခုလည်း ဖေဖော်ဝါရီလတုန်းက Salta ခရိုင်မှာဖြစ်ပွားခဲ့ပါသေးတယ်။
ဒီ Crop circle တွေဟာ လူသားနဲ့တူတဲ့သတ္တဝါ၊ လူသားပုံစံရှိတဲ့တခြားကမ္ဘာကဂြိုလ်သားတွေရဲ့ ဖန်တီးချက်တွေ ဖြစ်ပြီး အဆိုပါသတ္တဝါတွေဟာ ရှည်မျောမျောနဲ့အမွှေးအမျှင် ရွှေရောင်ဖျော့ဖျော့တွေ ရှိတယ်လို့သူမက ပြောပြခဲ့ပါတယ်။
ဒါပေမယ့် တစ်ချို့လူတွေကတော့ ဒီစက်ဝိုင်းတွေဟာ လူတွေရဲ့ နောက်ပြောင်ကျီစယ်မှုတစ်ခုသာ ဖြစ်တယ်လို့ ထင်မြင်လျက်ရှိပါတယ်။
Ref: Mirror
ဖိုးသူတော် (www.phothutaw.com)
Credit:thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top