×





 
Credit:  Buzzy

#Unicode Version#
ဘယ်လိုတွေတောင်အံ့သြဖို့ကောင်းလဲမေး…

ကဲ လူဝင်စား ဆိုတာ တကယ်ကြီးများရှိနေလေသလား??? Bruce Lee ကြီးများလူပြန်ဝင်စားသလားထင်ရလောက်ပါပေတယ်…ဂျပန်နိုင်ငံမှာနေထိုင်သူ Ryuji Imai ဆိုတဲ့ကောင်လေးဟာအသက် ၈နှစ်အရွယ် ကလေးလေးတစ်ယောက်ဖြစ်ပြီး လူအများကတော့ Bruce Lee လူဝင်စားလို့ အမည်ပေးခံထားရသူလေးပါ။ သူ့အသက် ၅နှစ်အရွယ်မှာ Bruce Lee ပုံစံ တိုက်ကွက်တွေလုပ်ပြခဲ့ပြီး Video တင်ခဲ့ရင်းကနေလူအများကြား စတင်ပြီးနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

သူ့စတိုင်တွေသူ့ပုံစံတွေနဲ့သူ့ရဲ့ကိုယ်ဟန်တွေက Bruce Lee ကိုမြင်နေရသလိုခံစားရစေတာတော့အမှန်ပါပဲ။ သူ့ဖခင်ဖြစ်သူနဲ့အားရင်အားသလို တိုက်ရေးခိုက်ရေးတွေသင်ကြားလေ့ကျင့်တတ်သူလည်းဖြစ်ပါတယ်။

Social Media မှာတင်နာမည်ကြီးရုံမကပဲ TV Shows တွေ ပွဲတွေကပါ ဖိတ်ကြားခြင်းခံလာရတဲ့ကောင်လေးဖြစ်ခဲ့ပါတယ်…ဘယ်လိုတောင်ချစ်ဖို့ကောင်းပြီး ကိုယ်တွေရဲ့အသည်းစွဲ Bruce Lee ကြီးနဲ့တူချက်ကတော့ ချစ်စရာကောင်းတဲ့ ရှစ်နှစ်သားကောင်လေးရဲ့ Video လေးတွေကြည့်ရင်းသာ မှင်သက်အံ့သြလိုက်ပါ…


ဖိုးသူတော် (www.phothutaw.com)
Credit:  Buzzy

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top