မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×


မေဓာဝီဆေးရုံသို့ အလောင်းအပ်နှံ၍ ကူညီပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Credit: Htin Lin Aung

#Unicode Version#
စက်တင်ဘာ 11ရက်ည (7:00)အချိန်ခန့်ကရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်း ( ၁၀ )လမ်းတွင်ရှိသော ယမ်ယမ်ခေါက်ဆွဲခြောက်စက်ရုံသို့ ဂျုံအိတ်များလာပို့သော ထွန်းမေတ္တာဂျုံစက်ရုံမှ အမျိုးသားဝန်ထမ်းတစ်ဦး အသက် ( ၄၃ )နှစ်အရွယ်ရှိ ဦးဇော်ဝင်းဆိုသူသည် ဂျုံအိတ်များအပေါ်သို့ တင်ဆောင်စဉ်လှေကားညှပ်ပြီး ပြုတ်ကျကာ နေရာမှာတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာနှင့် သေဆုံးသွားခဲ့ပါသည်။

ယမ်ယမ်စက်ရုံမှတာဝန်ရှိသူများမှ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့သို့ အကူအညီတောင်းခံသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်းသို့ အကြောင်းကြားပြီး နယ်မြေခံတာဝန်ကျ လှည့်ကင်းရဲအရာရှိမှ အခင်းဖြစ်ပွားရာနေရာအား လာရောက်စစ်ဆေးပြီး သေဆုံးသူအလောင်းအား ရဲဆေးစာနှင့်အတူ ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ
မေဓာဝီဆေးရုံသို့ အလောင်းအပ်နံှ၍ ကူညီပေးခဲ့ကြောင်းသတင်းရရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Htin Lin Aung
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top