ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စက္တင္ဘာ ၁၀ ရက္ေန႔ ညေနအခ်ိန္တြင္ အမွတ္(၃) ရပ္ကြက္၊ ဗႏၶဳလတာ၀ါ၊ တိုက္အမွတ္ (စီ/၉လႊာ) အခန္းနံပါတ္ (၉၀၄)မွ အမ်ိဳးသမီးတစ္ဦး ခုန္ခ်၍ေသဆုံးသြားေၾကာင္း သိရပါသည္။

သတင္းအရ ပုဇြန္ေတာင္ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ
အဆိုပါေနရာသို႔သြားေရာက္၍ စစ္ေဆးခ့ဲရာ ေသဆုံးသူမွာ မခိုင္သဥၨာ (၁၆)ႏွစ္ျဖစ္ၿပီး ၎သည္ လြန္ခ့ဲေသာ(၁)လေက်ာ္ခန္႔က အိမ္အကူအျဖစ္ အဆိုပါ တိုက္ခန္းပိုင္ရွင္ျဖစ္သူ ေဒၚ၀င္းသီရိေက်ာ္၏ေနအိမ္တြင္လုပ္ ကိုင္ေနသူျဖစ္ေၾကာင္း သိရသည္။

 ယင္းေန႔ ညေန ၁၅၄၅ နာရီအခ်ိန္ခန္႔က အိမ္ရွင္ျဖစ္သူ ေဒၚ၀င္းသီရိေက်ာ္မွ ၎၏ပိုက္ဆံအိတ္ ေပ်ာက္ဆုံးသည့္ ကိစၥႏွင့္ပတ္သက္၍ ေမးျမန္းရာ ေသဆုံးသူမွာ စိတ္ဆိုးၿပီး အခင္းျဖစ္ တိုက္၀ရန္တာေပၚတက္ကာ ခုန္ခ်သြားခ့ဲေၾကာင္းႏွင့္ ေသဆုံးသူမွာ
အခင္းျဖစ္ တိုက္၏လမ္းမေပၚတြင္ ပက္လက္အေနအထားျဖင့္ ၀ဲဘက္တံေတာင္ ပြန္းပဲ့ဒဏ္ရာ၊ ယာလက္ေမာင္းပြန္းပ့ဲဒဏ္ရာ၊ ေမးေစ့ပြန္းပ့ဲဒဏ္ရာ၊ ၀ဲ/ယာေျခသလုံးပြန္းပ့ဲဒဏ္ရာ၊ ႏွာေခါင္းေသြးထြက္ ဒဏ္ရာမ်ားရ ရွိကာ ေသဆုံးေနသည္ကို စစ္ေဆးေတြ႕ရွိခ့ဲရပါသည္။

အဆိုပါေသဆုံးမႈႏွင့္ပတ္သက္၍ ပုဇြန္ေတာင္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းေရးဖြင့္ၿပီး ဓမၼတာအတိုင္းေသဆုံး ျခင္း ဟုတ္/မဟုတ္ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yangon Police
https://www.facebook.com/yangonpolice

#Unicode Version#
စက်တင်ဘာ ၁၀ ရက်နေ့ ညနေ အချိန်တွင် အမှတ်(၃) ရပ်ကွက်၊ ဗန္ဓုလတာဝါ၊ တိုက်အမှတ် (စီ/၉လွှာ) အခန်းနံပါတ် (၉၀၄)မှ အမျိုးသမီးတစ်ဦး ခုန်ချ၍သေဆုံးသွားကြောင်း သိရပါသည်။

သတင်းအရ ပုဇွန်တောင် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ
အဆိုပါနေရာသို့သွားရောက်၍ စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မခိုင်သဥ္ဇာ (၁၆)နှစ်ဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော(၁)လကျော်ခန့်က အိမ်အကူအဖြစ် အဆိုပါ တိုက်ခန်းပိုင်ရှင်ဖြစ်သူ ဒေါ်ဝင်းသီရိကျော်၏နေအိမ်တွင်လုပ် ကိုင်နေသူဖြစ်ကြောင်း သိရသည်။

 ယင်းနေ့ ညနေ ၁၅၄၅ နာရီအချိန်ခန့်က အိမ်ရှင်ဖြစ်သူ ဒေါ်ဝင်းသီရိကျော်မှ ၎င်း၏ပိုက်ဆံအိတ် ပျောက်ဆုံးသည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ သေဆုံးသူမှာ စိတ်ဆိုးပြီး အခင်းဖြစ် တိုက်ဝရန်တာပေါ်တက်ကာ ခုန်ချသွားခဲ့ကြောင်းနှင့် သေဆုံးသူမှာ
အခင်းဖြစ် တိုက်၏လမ်းမပေါ်တွင် ပက်လက်အနေအထားဖြင့် ၀ဲဘက်တံတောင် ပွန်းပဲ့ဒဏ်ရာ၊ ယာလက်မောင်းပွန်းပဲ့ဒဏ်ရာ၊ မေးစေ့ပွန်းပဲ့ဒဏ်ရာ၊ ၀ဲ/ယာခြေသလုံးပွန်းပဲ့ဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများရ ရှိကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ပုဇွန်တောင်မြို့မရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ပြီး ဓမ္မတာအတိုင်းသေဆုံး ခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Yangon Police
https://www.facebook.com/yangonpolice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top