iMyanmarHouse.com - Best Property Website for Myanmar
×

 ” အေဝးေျပးလမ္းေပၚက လူသတ္ ေၾကာင္မ်က္လုံးမ်ား ”

ဒီအေၾကာင္းကို ေရးမလို႔ ေရးမလို႔နဲ႔ အာ႐ုံထဲ ေမ့ေမ့သြားတာနဲ႔ မေရးျဖစ္တာ၊ ဘယ္အခ်ိန္ကတည္းက စ ေရးခ်င္တာလဲ ဆိုရင္ မွတ္ မွတ္ရရ နတ္စင္တစ္ရာ ဘုန္းႀကီး အျမန္လမ္းမွာ အကြၽတ္အလြတ္ပြဲေတြလုပ္တဲ့အခ်ိန္တုန္းက ေရးခ်င္စိတ္ေပါက္ၿပီး ေမ့သြားတာနဲ႔ မေရးျဖစ္ေတာ့တာ၊ ဒီေန႔ေတာ့ ေရးျဖစ္ေအာင္ ေရးဦးမယ္ ။

က်ေနာ္တို႔ မိတ္ေဆြႀကီး ညီလင္းဆက္ တစ္ေယာက္ ဂေန႔ ရန္ကုန္ -ၾကပ္ေျပး – မန္းေလး အျမန္လမ္းမႀကီးမွာ သူ႔ ဆတ္ကားႀကီး တာယာပြင့္ထြက္သြားတဲ့ ပုံ တက္လာတယ္၊ အေျခအေနအေတာ္ဆိုးတာပဲ၊ တာယာတစ္ခုလုံးနီးပါး ဖြာလန္က်ဲသြားတယ္၊

က်ေနာ္လည္း ဖုန္းဆက္ေမးမလို႔ ေနပါေစ၊ သူလည္း ႐ုတ္တရက္ပူထူေနမွာပဲ ေနာက္မွေအးေဆး မက္ဆင္ဂ်ာကေနလွမ္းေမးၾကည့္ဦးမယ္ေပါ့၊ ကားေတာ့မေမွာက္ဘူး၊ Hilux Surf ေတြက ဗ်က္အေနအထားနဲ႔ ကား အျမင့္အထာက ေတာ္ယုံေမွာက္ခဲတယ္၊

ပ်ာဒို ဆိုရင္ေတာ့ က်ိန္းေသ ဂြမ္းၿပီပဲ၊ သူတင္တဲ့ ဓါတ္ပုံေတြအရေတာ့ လမ္းအေကြ႕မွာ စျဖစ္တာဆိုေတာ့ တာယာကလည္း အေကာင္းႀကီး ဗ်စ္စတုံးအမ်ိဳးအစား .. ဆိုေတာ့ က်ေနာ္ မွန္းၾကည့္တာ က်ိန္းေသတယ္ ေၾကာင္မ်က္လုံးဒုကၡေပးတာပဲေနရာမယ္၊ ထင္တဲ့ အတိုင္းပဲ ညက်မွ သူ႔ျဖစ္စဥ္ ေရးတင္လိုက္တာနဲ႔ ဒီအေၾကာင္းေရးခ်င္စိတ္ ျပန္ေပၚလာတာ ။

ရန္ကုန္ – ၾကပ္ေျပး – မန္းေလး ေဆာက္တလြဲလမ္းႀကီးမွာ လမ္း အလယ္ ယာဥ္ေၾကာ ၂ ေၾကာ အၾကား ညဘက္ အဆင္ေျပေအာင္နဲ႔ တူပါတယ္ Raised pavement marker ေလးေတြ ျမဳပ္ တပ္ေပးထားတယ္၊ အမ်ားအေခၚ ေရာင္ျပန္ျပားေလးေတြေပါ့၊

တခ်ိဳ႕ကားေတြညဘက္ေမာင္းရင္ ဘာအထာလဲေတာ့မသိဘူး၊ အဲဒါကို ခြေမာင္းတယ္၊အိပ္ငိုက္ၿပီး လမ္းေဘး ထိုးက်မွာစိုးလို႔လားဘာလား၊ ေဆာက္ခ်ိဳးကမေျပဘူး၊ ေနာက္ကားက မီးေတာက္ၿပီး လမ္းေတာင္းရင္လည္း ေပကပ္ကပ္နဲ႔ အေႏွးေၾကာကို ဆင္းမေပးခ်င္ဘူး၊ အေဝးေျပးလမ္း မွာပုံမွန္ ေမာင္းေနရင္ အတြင္း အေႏွးေၾကာက ေမာင္း၊ ေက်ာ္တက္ခ်င္ရင္ အေပၚက တက္ေက်ာ္ၿပီး၊ အတြင္းလမ္းျပန္ဆင္း၊ ဒါ ယာဥ္ စည္းကမ္းပဲ၊ ေရာင္ျပန္ျပားျမဳပ္ထားတဲ့ အလယ္စည္းကို ခြေမာင္းရမယ္လို႔ ဘယ္တိုင္းျပည္ ယာဥ္စည္းကမ္းမွာမွ ျပဌာန္းမထားဘူး ။

ျပႆနာက အဲဒီ ေရာင္ျပန္ျပား ျမဳပ္ထားတဲ့ အတုံးေလးေတြပဲ စံခ်ိန္မမီတဲ့ ဒီလမ္းႀကီးကို တာဝန္ယူခင္းသြားတဲ့ ငပိန္းေတြက ေရာင္ျပန္တုံးေတြကို ( ေၾကာင္မ်က္လုံးပဲေခၚၾကပါစို႔ ) အေပၚစား သထၳဳအမာေတြနဲ႔ဟာ တပ္သြားတယ္၊ ေနာက္ပိုင္း နည္းပညာအျမင့္နဲ႔ လုပ္ထားတဲ့ ႐ြံ႕အမာထည္နဲ႔လုပ္ထားတာတို႔၊ ေန ေရ ဒဏ္ခံႏိုင္တဲ့ ပလတ္စတစ္နဲ႔ လုပ္ထားတဲ့ Raised pavement marker ေတြမဟုတ္ဘူး၊

သထၳဳနဲ႔က ဘယ္ႏိုင္ငံမွ မသုံးေတာ့ဘူး၊ အဲဒီ ေၾကာင္မ်က္လုံးေတြကို လမ္းမႀကီး အနီး ႐ြာနီးေျခာက္စပ္က မအိမ္လုံး ေတာသားေတြက ေဆာက္နဲ႔ကေလာ္ၿပီး အထဲက ေရာင္ျပန္ျပားကို ျဖဳတ္ခိုး၊ သူတို႔ ဆိုင္ကယ္တို႔စက္ဘီးတို႔မွာ တပ္တယ္၊ ေဟာင္းေလာင္းက်န္ရစ္ခဲ့တဲ့ သထၳဳအိမ္ကျဖတ္သန္း သြားလာေနတဲ့ ကားႀကီး ကားေသးေတြရဲ႕ တာယာေတြကိုထိုး ခြဲေတာ့တာပဲ ။

လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က က်ေနာ့္ ေဘာ္ဒါတစ္ေဗြ ျဖစ္ၿပီးၿပီ ကံေခလို႔ေသာ ကားေမွာက္မသြားတာ၊ မႏွစ္က က်ေနာ့္ မိန္းမ ျဖစ္ၿပီးၿပီ၊ ပဲခူး ဘုရားႀကီးက ျပန္လာတာ ေဘာနတ္ႀကီးအထြက္ ရန္ကုန္ ဘက္ဦးတည္လမ္းမွာ ေတာ္ေသးတယ္၊ ကားေပၚမွာ လူဝိတ္နဲ႔ အရွိန္ကသိပ္မမ်ားလို႔ ကားက ၿငိမ္ၿပီး လမ္းေဘးထိုးဆင္းသြားတာ၊ အဲဒီ ေၾကာင္မ်က္လုံး ေဟာက္ပက္ေတြ ဒုကၡေပးတာပဲ၊ အႀကီး အက်ယ္ ျဖစ္ရင္ေတာ့ ေခါင္းစဥ္က ” မဆင္မျခင္ ေမာင္းႏွင္မႈပဲ ” ေစာက္တလြဲ ။

ဘယ္အခ်ိန္မွာ ျဖစ္တတ္သလဲ ဆိုရင္ ေရွ႕ကားကို ေက်ာ္တက္အၿပီးပုံမွန္ ယာဥ္ေၾကာထဲကို ျပန္ကူးအဝင္ ငရမန္ကန္း ေၾကာင္မ်က္လုံးနဲ႔ေတြ႕ရင္ တာယာ ကြဲမယ္၊ ေနာက္ တစ္ေနရာက အခု ညီလင္းဆက္ျဖစ္တဲ့ အေကြ႕ေတြမွာျဖစ္တတ္တယ္၊အဲဒါကေတာ့ ကားေမာင္းကြၽမ္းက်င္လြန္းသူေတြျဖစ္တတ္တာမ်ားတယ္၊

အျမန္လမ္းမွာ အေကြ႕နားနီးလာရင္ အေကြ႕ကို သက္သာေအာင္ အရွိန္လည္း မေလွ်ာ့ခ်င္ေတာ့သခ်ၤာသေဘာတရားနဲ႔ ေကြ႕တယ္၊ ေကြ႕တဲ့ အေကြ႕ curve အေကြးအတိုင္း အလိုက္သင့္ အေႏွးယာဥ္ေၾကာအတြင္းကပဲ လိုက္သင့္ေကြ႕တာမ်ိဳးမဟုတ္ဘဲ ပုံမွန္ စပိအတိုင္းပဲ အေႏွးေၾကာ ( ေအာက္ေၾကာ ) ကေမာင္းလာရင္း အေကြးရဲ႕ အက်ဥ္းဆုံး ေထာင့္ေရာက္မွ ဘယ္ဘက္က အျမန္ေၾကာ ( အေပၚေၾကာ ) ကို နင္း ဝင္ၿပီး ကူးေကြ႕လိုက္တာ၊

အေပၚေၾကာမွာ ေနာက္ကားပါလာသလားေတာ့ သတိျပဳရမယ္၊ အဲသလိုေကြ႕ရင္ ကားစတီယာတိုင္လည္း သိပ္မလွည့္ရသလို ကားရဲ႕အယိုင္ အႏြဲ႕လည္း သက္သာတယ္၊ အရွိန္လည္း ေလ်ာ့စရာမလိုဘူး ..ျပည္ပႏိုင္ငံ ဟိုက္ေဝးေတြမွာေတာ့ အဲသလို အေကြ႕မ်ာ လမ္းကိုကslope ေစာင္းေပးထားေတာ့ အႏၲရယ္လည္းကင္းတယ္၊ ဒီမွာေတာ့အဲသလို မဟုတ္ပါဘူး၊

အဲသလို အေကြ႕မ်ိဳးမွာ သခ်ၤာသေဘာတရားနဲ႔ သြားေကြ႕လိုက္ေတာ့ ဘာျဖစ္သလဲဆိုရင္ အေကြ႕မွာ ဘယ္ဘက္ယာဥ္ေၾကာထဲ ကူးလိုက္မိတာနဲ႔ အရွိန္ကလည္းပါေန တာယာလည္းတေစာင္းအေနအထားနဲ႔ဆိုေတာ့ ငရမ္မန္ကန္းေၾကာင္မ်က္လုံးေတြအဲဒီ အေကြ႕မွာ ရွိေနလို႔ကေတာ့ .. အေရွ႕တာယာဆို ပြဲသိမ္းပဲ ။

အေဝးေျပးလမ္းေၾကးေတြ မတရားနင္းကန္ေကာက္တယ္၊ လမ္းကိုဂ႐ုစိုက္ အၿမဲစစ္ေဆးလိုက္ၾကည့္ရေကာင္းမွန္းမသိ တာဝန္မဲ့တယ္၊ဆိုေတာ့ကာ ကိုယ့္ အႏၲရယ္ ကိုယ္ၾကည့္ေရွာင္ပဲ၊ ျဖစ္သြားရင္ ကိုယ္ပဲ ေစာက္သုံးမက်လို႔ မဆင္မျခင္ေမာင္းလို႔ဆိုၿပီး ေခါင္းစဥ္တပ္ခံရဦးမယ္၊

ဒီေတာ့ ရန္ကုန္ – ၾကပ္ေျပး – မန္းေလး လမ္းမႀကီးမွာ အဲဒီငရမန္ကန္း ေၾကာင္မ်က္လုံး ေဟာက္ပက္ေတြကို အထူး သတိျပဳၾကပါ၊ ယာဥ္ေၾကာအကူး၊ ေရွ႕ကား အေက်ာ္ အခြနဲ႔ အေကြ႕ေတြမွာအာ႐ုံက ေဘးကား ေရွ႕ကားကို အထူးအာ႐ုံစိုက္ေနရေတာ့ ေအာက္က ငရမန္ကန္း ေၾကာင္မ်က္လုံးေတြကို သတိမျပဳလိုက္မိတာနဲ႔ ဘဝ ခ်က္ျခင္းေျပာင္းသြားႏိုင္ပါေၾကာင္း ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit::Minn Thaik
# Unicode Version ျဖင့္ ဖတ္ပါ #
 ” အဝေးပြေးလမ်းပေါ်က လူသတ် ကြောင်မျက်လုံးများ ”

ဒီအကြောင်းကို ရေးမလို့ ရေးမလို့နဲ့ အာရုံထဲ မေ့မေ့သွားတာနဲ့ မရေးဖြစ်တာ၊ ဘယ်အချိန်ကတည်းက စ ရေးချင်တာလဲ ဆိုရင် မှတ် မှတ်ရရ နတ်စင်တစ်ရာ ဘုန်းကြီး အမြန်လမ်းမှာ အကျွတ်အလွတ်ပွဲတွေလုပ်တဲ့အချိန်တုန်းက ရေးချင်စိတ်ပေါက်ပြီး မေ့သွားတာနဲ့ မရေးဖြစ်တော့တာ၊ ဒီနေ့တော့ ရေးဖြစ်အောင် ရေးဦးမယ် ။

ကျနော်တို့ မိတ်ဆွေကြီး ညီလင်းဆက် တစ်ယောက် ဂနေ့ ရန်ကုန် -ကြပ်ပြေး – မန်းလေး အမြန်လမ်းမကြီးမှာ သူ့ ဆတ်ကားကြီး တာယာပွင့်ထွက်သွားတဲ့ ပုံ တက်လာတယ်၊ အခြေအနေအတော်ဆိုးတာပဲ၊ တာယာတစ်ခုလုံးနီးပါး ဖွာလန်ကျဲသွားတယ်၊

ကျနော်လည်း ဖုန်းဆက်မေးမလို့ နေပါစေ၊ သူလည်း ရုတ်တရက်ပူထူနေမှာပဲ နောက်မှအေးဆေး မက်ဆင်ဂျာကနေလှမ်းမေးကြည့်ဦးမယ်ပေါ့၊ ကားတော့မမှောက်ဘူး၊ Hilux Surf တွေက ဗျက်အနေအထားနဲ့ ကား အမြင့်အထာက တော်ယုံမှောက်ခဲတယ်၊

ပျာဒို ဆိုရင်တော့ ကျိန်းသေ ဂွမ်းပြီပဲ၊ သူတင်တဲ့ ဓါတ်ပုံတွေအရတော့ လမ်းအကွေ့မှာ စဖြစ်တာဆိုတော့ တာယာကလည်း အကောင်းကြီး ဗျစ်စတုံးအမျိုးအစား .. ဆိုတော့ ကျနော် မှန်းကြည့်တာ ကျိန်းသေတယ် ကြောင်မျက်လုံးဒုက္ခပေးတာပဲနေရာမယ်၊ ထင်တဲ့ အတိုင်းပဲ ညကျမှ သူ့ဖြစ်စဉ် ရေးတင်လိုက်တာနဲ့ ဒီအကြောင်းရေးချင်စိတ် ပြန်ပေါ်လာတာ ။

ရန်ကုန် – ကြပ်ပြေး – မန်းလေး ဆောက်တလွဲလမ်းကြီးမှာ လမ်း အလယ် ယာဉ်ကြော ၂ ကြော အကြား ညဘက် အဆင်ပြေအောင်နဲ့ တူပါတယ် Raised pavement marker လေးတွေ မြုပ် တပ်ပေးထားတယ်၊ အများအခေါ် ရောင်ပြန်ပြားလေးတွေပေါ့၊

တချို့ကားတွေညဘက်မောင်းရင် ဘာအထာလဲတော့မသိဘူး၊ အဲဒါကို ခွမောင်းတယ်၊အိပ်ငိုက်ပြီး လမ်းဘေး ထိုးကျမှာစိုးလို့လားဘာလား၊ ဆောက်ချိုးကမပြေဘူး၊ နောက်ကားက မီးတောက်ပြီး လမ်းတောင်းရင်လည်း ပေကပ်ကပ်နဲ့ အနှေးကြောကို ဆင်းမပေးချင်ဘူး၊ အဝေးပြေးလမ်း မှာပုံမှန် မောင်းနေရင် အတွင်း အနှေးကြောက မောင်း၊ ကျော်တက်ချင်ရင် အပေါ်က တက်ကျော်ပြီး၊ အတွင်းလမ်းပြန်ဆင်း၊ ဒါ ယာဉ် စည်းကမ်းပဲ၊ ရောင်ပြန်ပြားမြုပ်ထားတဲ့ အလယ်စည်းကို ခွမောင်းရမယ်လို့ ဘယ်တိုင်းပြည် ယာဉ်စည်းကမ်းမှာမှ ပြဌာန်းမထားဘူး ။

ပြဿနာက အဲဒီ ရောင်ပြန်ပြား မြုပ်ထားတဲ့ အတုံးလေးတွေပဲ စံချိန်မမီတဲ့ ဒီလမ်းကြီးကို တာဝန်ယူခင်းသွားတဲ့ ငပိန်းတွေက ရောင်ပြန်တုံးတွေကို ( ကြောင်မျက်လုံးပဲခေါ်ကြပါစို့ ) အပေါ်စား သထ္ထုအမာတွေနဲ့ဟာ တပ်သွားတယ်၊ နောက်ပိုင်း နည်းပညာအမြင့်နဲ့ လုပ်ထားတဲ့ ရွံ့အမာထည်နဲ့လုပ်ထားတာတို့၊ နေ ရေ ဒဏ်ခံနိုင်တဲ့ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ Raised pavement marker တွေမဟုတ်ဘူး၊

သထ္ထုနဲ့က ဘယ်နိုင်ငံမှ မသုံးတော့ဘူး၊ အဲဒီ ကြောင်မျက်လုံးတွေကို လမ်းမကြီး အနီး ရွာနီးခြောက်စပ်က မအိမ်လုံး တောသားတွေက ဆောက်နဲ့ကလော်ပြီး အထဲက ရောင်ပြန်ပြားကို ဖြုတ်ခိုး၊ သူတို့ ဆိုင်ကယ်တို့စက်ဘီးတို့မှာ တပ်တယ်၊ ဟောင်းလောင်းကျန်ရစ်ခဲ့တဲ့ သထ္ထုအိမ်ကဖြတ်သန်း သွားလာနေတဲ့ ကားကြီး ကားသေးတွေရဲ့ တာယာတွေကိုထိုး ခွဲတော့တာပဲ ။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျနော့် ဘော်ဒါတစ်ဗွေ ဖြစ်ပြီးပြီ ကံခေလို့သော ကားမှောက်မသွားတာ၊ မနှစ်က ကျနော့် မိန်းမ ဖြစ်ပြီးပြီ၊ ပဲခူး ဘုရားကြီးက ပြန်လာတာ ဘောနတ်ကြီးအထွက် ရန်ကုန် ဘက်ဦးတည်လမ်းမှာ တော်သေးတယ်၊ ကားပေါ်မှာ လူဝိတ်နဲ့ အရှိန်ကသိပ်မများလို့ ကားက ငြိမ်ပြီး လမ်းဘေးထိုးဆင်းသွားတာ၊ အဲဒီ ကြောင်မျက်လုံး ဟောက်ပက်တွေ ဒုက္ခပေးတာပဲ၊ အကြီး အကျယ် ဖြစ်ရင်တော့ ခေါင်းစဉ်က ” မဆင်မခြင် မောင်းနှင်မှုပဲ ” စောက်တလွဲ ။

ဘယ်အချိန်မှာ ဖြစ်တတ်သလဲ ဆိုရင် ရှေ့ကားကို ကျော်တက်အပြီးပုံမှန် ယာဉ်ကြောထဲကို ပြန်ကူးအဝင် ငရမန်ကန်း ကြောင်မျက်လုံးနဲ့တွေ့ရင် တာယာ ကွဲမယ်၊ နောက် တစ်နေရာက အခု ညီလင်းဆက်ဖြစ်တဲ့ အကွေ့တွေမှာဖြစ်တတ်တယ်၊အဲဒါကတော့ ကားမောင်းကျွမ်းကျင်လွန်းသူတွေဖြစ်တတ်တာများတယ်၊

အမြန်လမ်းမှာ အကွေ့နားနီးလာရင် အကွေ့ကို သက်သာအောင် အရှိန်လည်း မလျှော့ချင်တော့သင်္ချာသဘောတရားနဲ့ ကွေ့တယ်၊ ကွေ့တဲ့ အကွေ့ curve အကွေးအတိုင်း အလိုက်သင့် အနှေးယာဉ်ကြောအတွင်းကပဲ လိုက်သင့်ကွေ့တာမျိုးမဟုတ်ဘဲ ပုံမှန် စပိအတိုင်းပဲ အနှေးကြော ( အောက်ကြော ) ကမောင်းလာရင်း အကွေးရဲ့ အကျဉ်းဆုံး ထောင့်ရောက်မှ ဘယ်ဘက်က အမြန်ကြော ( အပေါ်ကြော ) ကို နင်း ဝင်ပြီး ကူးကွေ့လိုက်တာ၊

အပေါ်ကြောမှာ နောက်ကားပါလာသလားတော့ သတိပြုရမယ်၊ အဲသလိုကွေ့ရင် ကားစတီယာတိုင်လည်း သိပ်မလှည့်ရသလို ကားရဲ့အယိုင် အနွဲ့လည်း သက်သာတယ်၊ အရှိန်လည်း လျော့စရာမလိုဘူး ..ပြည်ပနိုင်ငံ ဟိုက်ဝေးတွေမှာတော့ အဲသလို အကွေ့မျာ လမ်းကိုကslope စောင်းပေးထားတော့ အန္တရယ်လည်းကင်းတယ်၊ ဒီမှာတော့အဲသလို မဟုတ်ပါဘူး၊

အဲသလို အကွေ့မျိုးမှာ သင်္ချာသဘောတရားနဲ့ သွားကွေ့လိုက်တော့ ဘာဖြစ်သလဲဆိုရင် အကွေ့မှာ ဘယ်ဘက်ယာဉ်ကြောထဲ ကူးလိုက်မိတာနဲ့ အရှိန်ကလည်းပါနေ တာယာလည်းတစောင်းအနေအထားနဲ့ဆိုတော့ ငရမ်မန်ကန်းကြောင်မျက်လုံးတွေအဲဒီ အကွေ့မှာ ရှိနေလို့ကတော့ .. အရှေ့တာယာဆို ပွဲသိမ်းပဲ ။

အဝေးပြေးလမ်းကြေးတွေ မတရားနင်းကန်ကောက်တယ်၊ လမ်းကိုဂရုစိုက် အမြဲစစ်ဆေးလိုက်ကြည့်ရကောင်းမှန်းမသိ တာဝန်မဲ့တယ်၊ဆိုတော့ကာ ကိုယ့် အန္တရယ် ကိုယ်ကြည့်ရှောင်ပဲ၊ ဖြစ်သွားရင် ကိုယ်ပဲ စောက်သုံးမကျလို့ မဆင်မခြင်မောင်းလို့ဆိုပြီး ခေါင်းစဉ်တပ်ခံရဦးမယ်၊

ဒီတော့ ရန်ကုန် – ကြပ်ပြေး – မန်းလေး လမ်းမကြီးမှာ အဲဒီငရမန်ကန်း ကြောင်မျက်လုံး ဟောက်ပက်တွေကို အထူး သတိပြုကြပါ၊ ယာဉ်ကြောအကူး၊ ရှေ့ကား အကျော် အခွနဲ့ အကွေ့တွေမှာအာရုံက ဘေးကား ရှေ့ကားကို အထူးအာရုံစိုက်နေရတော့ အောက်က ငရမန်ကန်း ကြောင်မျက်လုံးတွေကို သတိမပြုလိုက်မိတာနဲ့ ဘဝ ချက်ခြင်းပြောင်းသွားနိုင်ပါကြောင်း ။

ဖိုးသူတော် (www.phothutaw.com)
Credit::Minn Thaik

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top