×

                                           ဓာတ္ပုံ−ခုိင္သင္းၾကည့္ေဖ့စ္ဘြတ္ခ္

၁၂ ပြဲေစ်းသည္ ဇာတ္ ကား႐ိုက္ကူးရန္ လာေရာက္ကမ္းလွမ္းခ်ိန္တြင္ ပုဂံ၌ ႐ိုက္ကူးမည္ျဖစ္၍ လက္ခံျခင္းျဖစ္ေၾကာင္း သ႐ုပ္ေဆာင္ ခိုင္သင္းၾကည္က ေျပာသည္။

‘‘ပုဂံမွာက ဘာအျမတ္ရလဲ ဆိုေတာ့ ပ႒ာန္းရြတ္တဲ့အခါ အ လိုေတာ္ျပည့္မွာရြတ္ရတာ အရမ္းၾကည္ႏူးဖို႔ ေကာင္းတယ္။ ရန္ကုန္ မွာဆိုရင္ေတာ့ ေရႊတိဂံုဘုရားမွာ တနလၤာေန႔တိုင္းရြတ္တယ္။ အဓိ႒ာန္ထားတာမဟုတ္ဘူး။ ကိုယ့္ေန႔ေလးမွာ ငါးပါးသီလကို  လံုေအာင္ေစာင့္မယ္ဆိုၿပီး အဲဒီေန႔ေလးမွာဆို ျခင္ေတာင္မသတ္ ဘူး။ အဲဒီေန႔ေလးကို ဘုရားမွာ  ပ႒ာန္းသြားရြတ္မယ္ဆိုတဲ့စိတ္နဲ႔ ကိုယ့္ကိုယ္ကိုယ္အဓိ႒ာန္ထားလိုက္တယ္။ ဘာဆုမွ လိုခ်င္လို႔လည္း မဟုတ္ဘူး။ ကိုယ့္စိတ္ကို သတ္မွတ္ထားတာေပါ့’’ဟု ၎က ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ တစ္ေနရာႏွင့္ တစ္ေနရာသြားလာရာတြင္ ကားပိတ္သည့္ အခက္အခဲေၾကာင့္ ေရႊတိဂံုေစတီသို႔ ေန႔စဥ္ ပ႒ာန္းသြားရြတ္ရန္ အဆင္မေျပေၾကာင္း ၎က ေျပာသည္။

‘‘ဟိုမွာက်ေတာ့ ေန႔တိုင္းနီး ပါးမဟုတ္ေတာင္ တစ္ရက္ျခားနီး ပါးသြားလို႔ရတယ္။ အရင္သြား တုန္းက တည္းတဲ့ဟိုတယ္ဆိုရင္ အလိုေတာ္ျပည့္ဘုရားနဲ႔ အရမ္းနီး တာပဲ။ လမ္းေလွ်ာက္သြားလို႔ ေတာင္ရတယ္။ အရမ္းအဆင္ေျပ တယ္။ ဘုရားမွာ ပ႒ာန္းသြားသြား ရြတ္ရတာ အရမ္းၾကည္ႏူးပါတယ္။အဲဒီအတြက္ ပုဂံမွာသြား႐ိုက္ရမွာ ကို အရမ္းေပ်ာ္ပါတယ္’’ဟု ခိုင္သင္းၾကည္က ေျပာသည္။

မင္းသမီးမျဖစ္မီက ဘာသာေရးကို ပိုလုပ္ျဖစ္ေသာ္လည္း ဇာတ္ကားမ်ား ႐ိုက္ကူးရာတြင္ အခ်ိန္မေပးႏိုင္ေသာေၾကာင့္ ရသည့္ အခ်ိန္တြင္    လုပ္ျဖစ္ေၾကာင္း ၎က ေျပာသည္။

လက္ရွိအႏုပညာလႈပ္ရွားမႈ အေနျဖင့္ ၁၂ ပြဲေစ်းသည္ဇာတ္ ကားတြင္ သနပ္ခါးသည္ တစ္ဦး ၏   ဇာတ္႐ုပ္အျဖစ္ ပါ၀င္ သ႐ုပ္ ေဆာင္ေနသည္။

‘‘ကာ႐ိုက္တာကေတာ့ မခိုင္ ရဲ႕အျပင္ကာ႐ိုက္တာမ်ဳိးေလးပါ ပဲ။ သြက္သြက္လက္လက္ေစ်း ေရာင္းရမယ္။ ေစ်းသည္ကာ႐ိုက္ တာေလးပါ။ သနပ္ခါးသည္ေလး ပါ။ သနပ္ခါးေလးေတြ လိမ္းရ မယ္။ ပြဲေစ်းတန္းမွာ ေစ်းေရာင္း ရမယ္။ တျခားသူေတြလည္း အဲဒီ လိုကာ႐ုိက္တာမ်ဳိးေလးေတြေပါ့’’ ဟု ခိုင္သင္းၾကည္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
                                                 ဓာတ်ပုံ−ခိုင်သင်းကြည့်ဖေ့စ်ဘွတ်ခ်

၁၂ ပွဲဈေးသည် ဇာတ် ကားရိုက်ကူးရန် လာရောက်ကမ်းလှမ်းချိန်တွင် ပုဂံ၌ ရိုက်ကူးမည်ဖြစ်၍ လက်ခံခြင်းဖြစ်ကြောင်း သရုပ်ဆောင် ခိုင်သင်းကြည်က ပြောသည်။

‘‘ပုဂံမှာက ဘာအမြတ်ရလဲ ဆိုတော့ ပဋ္ဌာန်းရွတ်တဲ့အခါ အ လိုတော်ပြည့်မှာရွတ်ရတာ အရမ်းကြည်နူးဖို့ ကောင်းတယ်။ ရန်ကုန် မှာဆိုရင်တော့ ရွှေတိဂုံဘုရားမှာ တနင်္လာနေ့တိုင်းရွတ်တယ်။ အဓိဋ္ဌာန်ထားတာမဟုတ်ဘူး။ ကိုယ့်နေ့လေးမှာ ငါးပါးသီလကို  လုံအောင်စောင့်မယ်ဆိုပြီး အဲဒီနေ့လေးမှာဆို ခြင်တောင်မသတ် ဘူး။ အဲဒီနေ့လေးကို ဘုရားမှာ  ပဋ္ဌာန်းသွားရွတ်မယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်အဓိဋ္ဌာန်ထားလိုက်တယ်။ ဘာဆုမှ လိုချင်လို့လည်း မဟုတ်ဘူး။ ကိုယ့်စိတ်ကို သတ်မှတ်ထားတာပေါ့’’ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် တစ်နေရာနှင့် တစ်နေရာသွားလာရာတွင် ကားပိတ်သည့် အခက်အခဲကြောင့် ရွှေတိဂုံစေတီသို့ နေ့စဉ် ပဋ္ဌာန်းသွားရွတ်ရန် အဆင်မပြေကြောင်း ၎င်းက ပြောသည်။

‘‘ဟိုမှာကျတော့ နေ့တိုင်းနီး ပါးမဟုတ်တောင် တစ်ရက်ခြားနီး ပါးသွားလို့ရတယ်။ အရင်သွား တုန်းက တည်းတဲ့ဟိုတယ်ဆိုရင် အလိုတော်ပြည့်ဘုရားနဲ့ အရမ်းနီး တာပဲ။ လမ်းလျှောက်သွားလို့ တောင်ရတယ်။ အရမ်းအဆင်ပြေ တယ်။ ဘုရားမှာ ပဋ္ဌာန်းသွားသွား ရွတ်ရတာ အရမ်းကြည်နူးပါတယ်။အဲဒီအတွက် ပုဂံမှာသွားရိုက်ရမှာ ကို အရမ်းပျော်ပါတယ်’’ဟု ခိုင်သင်းကြည်က ပြောသည်။

မင်းသမီးမဖြစ်မီက ဘာသာရေးကို ပိုလုပ်ဖြစ်သော်လည်း ဇာတ်ကားများ ရိုက်ကူးရာတွင် အချိန်မပေးနိုင်သောကြောင့် ရသည့် အချိန်တွင်    လုပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိအနုပညာလှုပ်ရှားမှု အနေဖြင့် ၁၂ ပွဲဈေးသည်ဇာတ် ကားတွင် သနပ်ခါးသည် တစ်ဦး ၏   ဇာတ်ရုပ်အဖြစ် ပါဝင် သရုပ် ဆောင်နေသည်။

‘‘ကာရိုက်တာကတော့ မခိုင် ရဲ့အပြင်ကာရိုက်တာမျိုးလေးပါ ပဲ။ သွက်သွက်လက်လက်ဈေး ရောင်းရမယ်။ ဈေးသည်ကာရိုက် တာလေးပါ။ သနပ်ခါးသည်လေး ပါ။ သနပ်ခါးလေးတွေ လိမ်းရ မယ်။ ပွဲဈေးတန်းမှာ ဈေးရောင်း ရမယ်။ တခြားသူတွေလည်း အဲဒီ လိုကာရိုက်တာမျိုးလေးတွေပေါ့’’ ဟု ခိုင်သင်းကြည်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top