ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 မနာလိုမႈမရွိခ်င္ဘူးတဲ့။
ဂီတေလာကမွာ တမူထူးျခားတဲ့ ဂီတဖန္တီးမႈေတြေၾကာင့္ ပရိသတ္အားေပးမႈ အခိုင္အမာရရွိလာတဲ့ အဆိုေတာ္ ေဝလဟာ ဂီတေလာကမွာ နာမည္ပ်က္မရွိသူတစ္ေယာက္လညး္ ျဖစ္ပါတယ္။ သူ႕အေနနဲ႕လည္း လူတိုင္းအေပၚမွာ အတတ္နိုင္ဆံုး မနာလိုမႈ ရွင္းရွင္းနဲ႕ ကိုယ့္အလုပ္ကို လုပ္ၿပီး အတတ္ႏုိင္ဆံုး လူေကာင္းျဖစ္ေအာင္ ႀကိဳးစားေနတယ္လို႕ ဆိုပါတယ္။

Photo: Wai La Facebook
ဂီတေလာကမွာ တမူထူးျခားတဲ့ ဂီတဖန္တီးမႈေတြေၾကာင့္ ပရိသတ္အားေပးမႈ အခိုင္အမာရရွိလာတဲ့ အဆိုေတာ္ ေဝလဟာ ဂီတေလာကမွာ နာမည္ပ်က္မရွိသူတစ္ေယာက္လညး္ ျဖစ္ပါတယ္။ သူ႕အေနနဲ႕လည္း လူတိုင္းအေပၚမွာ အတတ္နိုင္ဆံုး မနာလိုမႈ ရွင္းရွင္းနဲ႕ ကိုယ့္အလုပ္ကို လုပ္ၿပီး အတတ္ႏုိင္ဆံုး လူေကာင္းျဖစ္ေအာင္ ႀကိဳးစားေနတယ္လို႕ ဆိုပါတယ္။

"သူေတာ္ေကာင္းေတာ့ မဟုတ္ပါဘူး။ အတတ္ႏိုင္ဆံုးလူေကာင္းျဖစ္ေအာင္ ႀကိဳးစားတယ္။ အတက္ႏုိင္ဆံုး မနာလိုမႈ ရွင္းရွင္းနဲ႕ ကိုယ့္အလုပ္ကို အေကာင္းဆံုးျဖစ္ေအာင္လုပ္တယ္။ ကိုယ္လုပ္တဲ့ သီခ်င္းေလးေတြအေပၚမွာလည္းအဲ့လိုပါပဲ။ ၿပီးေတာ့ ကၽြန္ေတာ့္က ပတ္ဝန္းက်င္ နည္းနည္း နည္းတယ္။ အဲ့အေပၚမွာလည္း ကၽြန္ေတာ္ သာသာယာယာပဲေနတယ္။ေအးေအးေဆးေဆးပဲ ေနပါတယ္။" လို႕ သူက စက္တင္ဘာ(၁၈) ရက္ေန႕က ျပဳလုပ္တဲ့ Live in 360 ပြဲမွာ  မီဒီယာေတြကို ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။


Photo: Wai La Facebook
ပရိသတ္ေတြအတြက္ စင္ျမင့္ေပၚမွာ သီခ်င္းေတြနဲ႕ အေကာင္းဆံုး ျဖစ္ေအာင္ ေဖ်ာ္ေျဖတတ္ေပမယ့္ တကယ္တမ္းမွာ သူဟာ လူေၾကာက္တတ္ တဲ့ သူတစ္ေယာက္ျဖစ္တယ္လို႕ ဆုိပါတယ္။

"ကၽြန္ေတာ္အရမ္းခင္တဲ့ အႏုပညာညီအမေတြ အမ်ားႀကီး ရွိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ကိုယ္တိုင္ကလည္း လူေရွ႕မွာ ေနရတာထက္ လူရွင္းတဲ့ေနရာမွာ ေနတတ္တယ္။ လူေၾကာက္တဲ့ သေဘာရိွတယ္။ လူေၾကာက္တဲ့သူကလည္း သီခ်င္းဆိုတဲ့သူျဖစ္ေနေတာ့ အတတ္ႏိုင္ ဆံုးေတာ့ ေအးေအးေဆးေဆး ျဖစ္ေအာင္ေနပါတယ္။ အဓိကေတာ့ ကိုယ့္သီခ်င္းေလးနဲ႕ ကိုယ့္ဘာသာကိုယ္ ဘာေလးေတြလုပ္မလဲဆိုတဲ့ အေတြးေလးနဲ႕ သြားျဖစ္ပါတယ္။။ လူေၾကာက္တယ္ဆိုတာက ပြဲေတြဘာေတြမွာ ေရွ႕ဆံုးခံုထိုင္ရတာတို႕ ဘာတို႕ဆိုရင္ မေနတတ္ဘူး။ လူေၾကာက္ၿပီးအဆိုေတာ္ျဖစ္ေနတာကလည္း မေျပာတတ္ဘူး။ အဓိကေတာ့ ဝါသနာနဲ႕ ဆိုင္မယ္ထင္ပါတယ္" ဆိုၿပီး ေဝလက ဆက္လက္ ေျပာျပခဲ့ပါတယ္။


Photo: Wai La Facebook
သူေနခ်င္တဲ့ Life Style ေလးကလည္း အရမ္းကို ရိုးရွင္းလြန္းတာ ေတြ႕ရပါတယ္။

"ကၽြန္ေတာ့္ Life ကေတာ့ ကိုယ့္သီခ်င္းေလးေတြကို အေကာင္းဆံုးျဖစ္ေအာင္လုပ္မယ္။ အသက္ႀကီးသြားလို႕ မလုပ္ႏုိင္ေတာ့တဲ့ အခ်ိန္က်ရင္ လည္း သူမ်ားလုပ္ထားတဲ့ သီခ်င္းေလးေတြ ကိုယ္အရင္က လုပ္ထားတဲ့ သီခ်င္းေလးေတြကို ေအးေအးေဆးေဆးနားေထာင္ၿပီး ဘဝကို ျဖတ္သန္းမယ္ေပ့ါ" ဆိုၿပီး ေျပာျပခဲ့ပါတယ္။


Photo: Wai La Facebook
အဆုိေတာ္ ေဝလကေတာ့ ၁၉၈၂၊ မိတ္ကပ္မႀကိဳက္ေသာသူမ်ား၊ အဓိပတိဖြား စတဲ့ တစ္ကိုယ္ေတာ္အေခြ မ်ားနဲ႕ ေအာင္ျမင္မႈ ရရွိထားတဲ့ အဆုိေတာ္တစ္ဦးျဖစ္ၿပီး ကုတင္အမွတ္ ၁၈ ဆုိတဲ့ မီနီအယ္လ္ဘမ္ေလးကိုလည္း သူ႕ရဲ႕ေမြးေန႕မွာထြက္ရွိထားသလို ၂၀၁၈ခုႏွစ္၊ ေဖေဖာ္ဝါရီ (၁) ရက္ေန႕က အတုမ်ားတဲ့ၿမိဳ႕ဆိုတဲ့ တစ္ကိုယ္ေတာ္အေခြကိုလည္း ထြက္ရွိခဲ့ပါေသးတယ္။

၂၀၁၈ခုႏွစ္ စက္တင္ဘာ(၂၉) ရက္ေန႕မွာလည္း ေဝလရဲ႕ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲျဖစ္တဲ့ "Live in 360" ပြဲကို ရန္ကုန္ၿမိဳ႕၊အမ်ိဳးသားက ဇာတ္ရံုမွာ က်င္းပျပဳလုပ္သြားမွာ ျဖစ္တယ္လို႕ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 မနာလိုမှုမရှိချင်ဘူးတဲ့။
ဂီတလောကမှာ တမူထူးခြားတဲ့ ဂီတဖန်တီးမှုတွေကြောင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ အဆိုတော် ဝေလဟာ ဂီတလောကမှာ နာမည်ပျက်မရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း လူတိုင်းအပေါ်မှာ အတတ်နိုင်ဆုံး မနာလိုမှု ရှင်းရှင်းနဲ့ ကိုယ့်အလုပ်ကို လုပ်ပြီး အတတ်နိုင်ဆုံး လူကောင်းဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Photo: Wai La Facebook
ဂီတလောကမှာ တမူထူးခြားတဲ့ ဂီတဖန်တီးမှုတွေကြောင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ အဆိုတော် ဝေလဟာ ဂီတလောကမှာ နာမည်ပျက်မရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း လူတိုင်းအပေါ်မှာ အတတ်နိုင်ဆုံး မနာလိုမှု ရှင်းရှင်းနဲ့ ကိုယ့်အလုပ်ကို လုပ်ပြီး အတတ်နိုင်ဆုံး လူကောင်းဖြစ်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

"သူတော်ကောင်းတော့ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံးလူကောင်းဖြစ်အောင် ကြိုးစားတယ်။ အတက်နိုင်ဆုံး မနာလိုမှု ရှင်းရှင်းနဲ့ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ကိုယ်လုပ်တဲ့ သီချင်းလေးတွေအပေါ်မှာလည်းအဲ့လိုပါပဲ။ ပြီးတော့ ကျွန်တော့်က ပတ်ဝန်းကျင် နည်းနည်း နည်းတယ်။ အဲ့အပေါ်မှာလည်း ကျွန်တော် သာသာယာယာပဲနေတယ်။အေးအေးဆေးဆေးပဲ နေပါတယ်။" လို့ သူက စက်တင်ဘာ(၁၈) ရက်နေ့က ပြုလုပ်တဲ့ Live in 360 ပွဲမှာ  မီဒီယာတွေကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo: Wai La Facebook
ပရိသတ်တွေအတွက် စင်မြင့်ပေါ်မှာ သီချင်းတွေနဲ့ အကောင်းဆုံး ဖြစ်အောင် ဖျော်ဖြေတတ်ပေမယ့် တကယ်တမ်းမှာ သူဟာ လူကြောက်တတ် တဲ့ သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်အရမ်းခင်တဲ့ အနုပညာညီအမတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း လူရှေ့မှာ နေရတာထက် လူရှင်းတဲ့နေရာမှာ နေတတ်တယ်။ လူကြောက်တဲ့ သဘောရှိတယ်။ လူကြောက်တဲ့သူကလည်း သီချင်းဆိုတဲ့သူဖြစ်နေတော့ အတတ်နိုင် ဆုံးတော့ အေးအေးဆေးဆေး ဖြစ်အောင်နေပါတယ်။ အဓိကတော့ ကိုယ့်သီချင်းလေးနဲ့ ကိုယ့်ဘာသာကိုယ် ဘာလေးတွေလုပ်မလဲဆိုတဲ့ အတွေးလေးနဲ့ သွားဖြစ်ပါတယ်။။ လူကြောက်တယ်ဆိုတာက ပွဲတွေဘာတွေမှာ ရှေ့ဆုံးခုံထိုင်ရတာတို့ ဘာတို့ဆိုရင် မနေတတ်ဘူး။ လူကြောက်ပြီးအဆိုတော်ဖြစ်နေတာကလည်း မပြောတတ်ဘူး။ အဓိကတော့ ဝါသနာနဲ့ ဆိုင်မယ်ထင်ပါတယ်" ဆိုပြီး ဝေလက ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Wai La Facebook
သူနေချင်တဲ့ Life Style လေးကလည်း အရမ်းကို ရိုးရှင်းလွန်းတာ တွေ့ရပါတယ်။

"ကျွန်တော့် Life ကတော့ ကိုယ့်သီချင်းလေးတွေကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်။ အသက်ကြီးသွားလို့ မလုပ်နိုင်တော့တဲ့ အချိန်ကျရင် လည်း သူများလုပ်ထားတဲ့ သီချင်းလေးတွေ ကိုယ်အရင်က လုပ်ထားတဲ့ သီချင်းလေးတွေကို အေးအေးဆေးဆေးနားထောင်ပြီး ဘဝကို ဖြတ်သန်းမယ်ပေ့ါ" ဆိုပြီး ပြောပြခဲ့ပါတယ်။

Photo: Wai La Facebook
အဆိုတော် ဝေလကတော့ ၁၉၈၂၊ မိတ်ကပ်မကြိုက်သောသူများ၊ အဓိပတိဖွား စတဲ့ တစ်ကိုယ်တော်အခွေ များနဲ့ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ကုတင်အမှတ် ၁၈ ဆိုတဲ့ မီနီအယ်လ်ဘမ်လေးကိုလည်း သူ့ရဲ့မွေးနေ့မှာထွက်ရှိထားသလို ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့က အတုများတဲ့မြို့ဆိုတဲ့ တစ်ကိုယ်တော်အခွေကိုလည်း ထွက်ရှိခဲ့ပါသေးတယ်။

၂၀၁၈ခုနှစ် စက်တင်ဘာ(၂၉) ရက်နေ့မှာလည်း ဝေလရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်တဲ့ "Live in 360" ပွဲကို ရန်ကုန်မြို့၊အမျိုးသားက ဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top