ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

Tai kok Tsui ၿမိဳ႕နယ္ ၊ ေဟာင္ေကာင္မွာ့ တိုင္ဖြန္းမုန္တိုင္း Mangkhut တိုက္ခတ္ေနစဥ္အတြင္း ဒီဗီဒီယိုကို႐ိုက္ကူးထားခဲ့တာပဲျဖစ္ပါတယ္။ ဗီဒီယိုထဲမွာဆိုရင္ ၂၂ ထပ္ေလာက္ျမင့္တဲ့ မိုးေမွ်ာ္အေဆာက္အဦးႀကီးတစ္ခုကို မုန္တိုင္းက တိုက္ခ်ဖ်က္ဆီးသြားတာကိုျမင္ၾကရမွာပါ။ ဒီအေဆာက္အဦးႀကီးကေတာ့ Boundary လမ္း နဲ႔ Tai Kok Tsui လမ္းေထာင့္က ေဆာက္လုပ္ေနဆဲအေဆာက္အဦးႀကီးတစ္ခုပဲျဖစ္ပါတယ္။

အထပ္ေပါင္း ၂၂ ထပ္နဲ႔ လူေနခန္းေပါင္း ၇၆ ခန္းပါဝင္ၿပီး ၂၀၁၉ ခုႏွစ္ေအာက္တိုဘာလမွာ အၿပီးသတ္ႏိုင္ေအာင္ ႀကိဳးစားပမ္းစားေဆာက္လုပ္ေနၾကတဲ့ ဒီမိုးေမွ်ာ္အေဆာက္အဦးႀကီးဟာ အခုဆိုရင္ေတာ့ ေျမခသြားၿပီပဲျဖစ္ပါတယ္။ n ေၾကာက္စရာေကာင္းတဲ့တိုင္ဖြန္းမုန္တိုင္းဟာ ဖိလစ္ပိုင္ႏိုင္ငံေျမာက္ပိုင္းမွ စတင္လာခဲ့တာျဖစ္ၿပီး အခုခ်ိန္ထိ လူေပါင္း ၆၀ ေလာက္ မုန္တိုင္းေၾကာင့္အသက္ဆုံးရႈံးခဲ့ရၿပီးပါၿပီ။





































၂၀၁၈ ႏွစ္အတြင္း အျပင္းထန္ဆုံး မုန္တိုင္းတစ္ခုျဖစ္တဲ့ Mangkhut တိုင္ဖြန္းမုန္တိုင္းေၾကာင့္ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းမွ လူ ၂.၄ သန္းေက်ာ္ေနရာေ႐ႊ႕ေျပာင္းခဲ့ၾကရပါတယ္။ ယခုခ်ိန္မွာေတာ့ တစ္နာရီကို ၁၆၁ မိုင္ႏႈန္းနဲ႔ဆက္လက္ေ႐ႊ႕လ်ားေနၿပီး တ႐ုတ္ႏိုင္ငံေတာင္ပိုင္း နဲ႔ ေဟာင္ေကာင္ဘက္ကို ဦးတည္ေ႐ႊ႕လ်ားေနဆဲျဖစ္ပါတယ္။ ကုန္းတြင္းပိုင္းကိုဝင္ေရာက္လာၿပီျဖစ္တဲ့အတြက္ မုန္တိုင္းအနည္းငယ္အားေပ်ာ့သြားၿပီျဖစ္ေပမယ့္လည္း မိုးသည္းထန္စြာ႐ြာသြန္းမႈေတြရွိေနဦးမွာျဖစ္ေၾကာင္း ေဟာင္ေကာင္မိုးေလဝသဌာနကေျပာၾကားထားပါတယ္။

ယခုတိုက္ခတ္သြားတဲ့ စူပါတိုင္ဖြန္းမုန္တိုင္း Mangkhut ဟာဆိုရင္ အေမရိကန္အေရွ႕ပိုင္းကမ္းေျခကို တစ္နာရီမိုင္ ၉၀ ႏႈန္းနဲ႔တိုက္သြားတဲ့ ဟာရီကိန္းမုန္တိုင္းထက္ ႏွစ္ဆနီးပါး ျပင္းထန္ပါတယ္။

ေဟာင္ေကာင္လုံၿခဳံေရးဝန္ႀကီး John Lee Ka-chiu ကေတာ့ –

” Mangkhut မုန္တိုင္းဟာ ျပင္ထန္တဲ့ ေလျပင္းေတြ မိုးေတြကို ယူေဆာင္လာႏိုင္တဲ့အတြက္ မုန္တိုင္းၿပီးတဲ့အခါ အဆိုးဆုံးအေျခအေနတစ္ခုအျဖစ္က်န္ခဲ့လိမ့္မယ္လို႔ေမွ်ာ္လင့္ထားၾကပါ။
ကြၽန္ေတာ္တို႔ ဌာနတိုင္းဟာလည္း အဆိုးဆုံး ရလဒ္ေတြကို ရင္ဆိုင္ႏိုင္ဖို႔အတြက္ အစီအစဥ္ေတြခ်ထားၿပီးပါၿပီ” လို႔ ေဒသခံေတြကိုအဆိုးဆုံးအေျခအေနအတြက္ျပင္ဆင္ထားဖို႔ သတိေပးထားခဲ့ပါတယ္။

Writer – Min Thu
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Daily Hot News
# Unicode Version ျဖင့္ ဖတ္ပါ #
Tai kok Tsui မြို့နယ် ၊ ဟောင်ကောင်မှာ့ တိုင်ဖွန်းမုန်တိုင်း Mangkhut တိုက်ခတ်နေစဉ်အတွင်း ဒီဗီဒီယိုကိုရိုက်ကူးထားခဲ့တာပဲဖြစ်ပါတယ်။ ဗီဒီယိုထဲမှာဆိုရင် ၂၂ ထပ်လောက်မြင့်တဲ့ မိုးမျှော်အဆောက်အဦးကြီးတစ်ခုကို မုန်တိုင်းက တိုက်ချဖျက်ဆီးသွားတာကိုမြင်ကြရမှာပါ။ ဒီအဆောက်အဦးကြီးကတော့ Boundary လမ်း နဲ့ Tai Kok Tsui လမ်းထောင့်က ဆောက်လုပ်နေဆဲအဆောက်အဦးကြီးတစ်ခုပဲဖြစ်ပါတယ်။

အထပ်ပေါင်း ၂၂ ထပ်နဲ့ လူနေခန်းပေါင်း ၇၆ ခန်းပါဝင်ပြီး ၂၀၁၉ ခုနှစ်အောက်တိုဘာလမှာ အပြီးသတ်နိုင်အောင် ကြိုးစားပမ်းစားဆောက်လုပ်နေကြတဲ့ ဒီမိုးမျှော်အဆောက်အဦးကြီးဟာ အခုဆိုရင်တော့ မြေခသွားပြီပဲဖြစ်ပါတယ်။ n ကြောက်စရာကောင်းတဲ့တိုင်ဖွန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှ စတင်လာခဲ့တာဖြစ်ပြီး အခုချိန်ထိ လူပေါင်း ၆၀ လောက် မုန်တိုင်းကြောင့်အသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။

၂၀၁၈ နှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်တဲ့ Mangkhut တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်းမှ လူ ၂.၄ သန်းကျော်နေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။ ယခုချိန်မှာတော့ တစ်နာရီကို ၁၆၁ မိုင်နှုန်းနဲ့ဆက်လက်ရွှေ့လျားနေပြီး တရုတ်နိုင်ငံတောင်ပိုင်း နဲ့ ဟောင်ကောင်ဘက်ကို ဦးတည်ရွှေ့လျားနေဆဲဖြစ်ပါတယ်။ ကုန်းတွင်းပိုင်းကိုဝင်ရောက်လာပြီဖြစ်တဲ့အတွက် မုန်တိုင်းအနည်းငယ်အားပျော့သွားပြီဖြစ်ပေမယ့်လည်း မိုးသည်းထန်စွာရွာသွန်းမှုတွေရှိနေဦးမှာဖြစ်ကြောင်း ဟောင်ကောင်မိုးလေဝသဌာနကပြောကြားထားပါတယ်။

ယခုတိုက်ခတ်သွားတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း Mangkhut ဟာဆိုရင် အမေရိကန်အရှေ့ပိုင်းကမ်းခြေကို တစ်နာရီမိုင် ၉၀ နှုန်းနဲ့တိုက်သွားတဲ့ ဟာရီကိန်းမုန်တိုင်းထက် နှစ်ဆနီးပါး ပြင်းထန်ပါတယ်။

ဟောင်ကောင်လုံခြုံရေးဝန်ကြီး John Lee Ka-chiu ကတော့ –

” Mangkhut မုန်တိုင်းဟာ ပြင်ထန်တဲ့ လေပြင်းတွေ မိုးတွေကို ယူဆောင်လာနိုင်တဲ့အတွက် မုန်တိုင်းပြီးတဲ့အခါ အဆိုးဆုံးအခြေအနေတစ်ခုအဖြစ်ကျန်ခဲ့လိမ့်မယ်လို့မျှော်လင့်ထားကြပါ။
ကျွန်တော်တို့ ဌာနတိုင်းဟာလည်း အဆိုးဆုံး ရလဒ်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် အစီအစဉ်တွေချထားပြီးပါပြီ” လို့ ဒေသခံတွေကိုအဆိုးဆုံးအခြေအနေအတွက်ပြင်ဆင်ထားဖို့ သတိပေးထားခဲ့ပါတယ်။

Writer – Min Thu
ဖိုးသူတော် (www.phothutaw.com)
Credit:Daily Hot News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top