(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

 လမ္းမေတာ္ ဖိုးတုတ္
လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ ျမန္မာ့ ႐ုပ္ရွင္ေလာက မွာ ထြက္ေပၚ ခဲ့တဲ့ လူမိုက္ တစ္ရာ ဆိုတဲ့ ဇာတ္ကားကို လူႀကိဳက္ အေတာ္မ်ားခဲ့ ပါတယ္..။ ဒီဇာတ္လမ္းဟာ တစ္ေခတ္တစ္ခါ က ရန္ကုန္ၿမိဳ႕မွာ တကယ္ရွိခဲ့ဖူးတဲ့ လူမိုက္ႀကီး လမ္းမေတာ္ ဦးဖိုးတုတ္ ရဲ႕ ျဖစ္ရပ္မွန္ ဇာတ္လမ္း ကို ႐ိုက္ကူး ထားတယ္ လို႔လည္း ေျပာေန ဆိုေနတာေတြ ၾကားခဲ့ဖူး ပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္ ဒီဇာတ္လမ္းေခြ ကို ၾကည့္ၿပီးတဲ့ အခါမွာေတာ့ လမ္းမေတာ္ ဖိုးေတ ဇာတ္လမ္း ဟာ သမိုင္း အခ်က္အလက္ အရ လမ္းမေတာ္ဖိုးတုတ္ ဇာတ္လမ္းအစစ္ အမွန္ လုံး၀ မဟုတ္ဘူး သိလိုက္ ရပါ တယ္..။အဲဒီ ဇာတ္ကားၾကည့္ၿပီး တဲ့ လူေတာ္ေတာ္မ်ားမ်ား ကေတာ့ ဒါဟာ လမ္းမေတာ္ ဖိုးတုတ္ သမိုင္း အမွန္ပဲ လို႔ ထင္ေနၾကတဲ့ အတြက္ ကြၽန္ေတာ္ ဒီသမိုင္းေၾကာင္း ကို ေရးသား ရျခင္းျဖစ္ပါတယ္။
လမ္းမေတာ္ ဖိုးတုတ္
လူမိုက္ တစ္ေယာက္ရဲ႕ သမိုင္းေၾကာင္း ကို မင္းက ဘာလို႔ ဒီေလာက္ ရွင္းခ်က္ေတြ ထုတ္ေနတာ လဲဆိုၿပီး ေမးလာ သူေတြရွိပါလိမ့္မယ္..။ ကြၽန္ေတာ္ရွင္းပါ့မယ္။

ဦးဖိုးတုတ္ ဟာ ကိုလိုနီေခတ္ မွာ ရန္ကုန္ၿမိဳ႕ရဲ႕ ၿပိဳင္ဘက္ မရွိ နာမည္ အေက်ာ္ၾကားဆုံး ျမန္မာ လူမ်ိဳး လူမိုက္ တစ္ဦးပါ။

ယို႔ယြင္းေနတဲ့ ကိုလိုနီ အုပ္ခ်ဳပ္ေရးစနစ္ နဲ႔အတူ လူမ်ိဳးျခား လူမိုက္ေတြ ႀကီးစိုးေနတဲ့ ရန္ကုန္ၿမိဳ႕ မွာ လူမ်ိဳးျခား မိုက္ေတြကို ႏွိပ္ကြပ္ ခဲ့ၿပီး ျမန္မာေတြ ဘက္ကရပ္တည္ေပး ခဲ့တဲ့ ျမန္မာ လူမိုက္ႀကီး ပါ ။

မခံခ်င္ စိတ္ေၾကာင့္ အသက္ငယ္ငယ္ မွာ လူဆိုး လူမိုက္ျဖစ္ခဲ့ ရေပမယ့္ ဦးဖိုး တုတ္ဟာ လူယုတ္မာ တစ္ေယာက္ေတာ့ မဟုတ္ခဲ့ပါဘူး..။

ေခတ္ရဲ႕ သားေကာင္ အျဖစ္ လူဆိုး လူမိုက္ျဖစ္ခဲ့ တဲ့ လမ္းမေတာ္ ဦးဖိုးတုတ္ရဲ႕ တစ္ျခား မ်က္ႏွာတစ္ဖက္ မွာ ရွိေနတဲ့ မ်ိဳးခ်စ္စိတ္၊ ႏိုင္ငံခ်စ္စိတ္၊ လြတ္လပ္ေရး ကိုျမတ္ႏိုးစိတ္ ဆိုတဲ့ ဇာတိမာန္ေလး ကို ေတြ႕ျ မင္ေစ ခ်င္လို႔ ၊ ႐ုပ္ရွင္ၾကည့္ၿပီး သမိုင္းအခ်က္အလက္ အမွားေတြကို အမွန္လို႔ မထင္ေစခ်င္လို႔ ဒီစာ ကို ေရးရျခင္းျဖစ္ပါတယ္ ။

လမ္းမေတာ္ ဖိုးတုတ္ ဆိုတဲ့ လူမိုက္ႀကီး ဟာ ဟိုင္နန္ကြၽန္း မွာ စစ္ပညာ သင္ၾကားဖို႔ သြားခဲ့တဲ့ ရဲေဘာ္သုံးက်ိပ္ အတြက္ ေငြေၾကး အမ်ားဆုံး လႉဒါန္းခဲ့တဲ့သူ တစ္ဦးျဖစ္တယ္ ဆိုတဲ့ သမိုင္းမွာ မထင္ရွားခဲ့တဲ့ျဖစ္ရပ္ေလးေတြကို ေပၚလြင္ေစခ်င္ တဲ့ ေစတနာလည္းျဖစ္ပါတယ္..။
လမ္းမေတာ္ ဖိုးတုတ္ ဆိုတာ

ဦးေက်ာ္ဟိန္း ႐ိုက္ခဲ့ တဲ့ လမ္းမေတာ္ ဖိုးေတ ႐ုပ္ရွင္ ထဲကလို ဖိုးတုတ္ ဟာ ကုန္ထမ္း သမားတစ္ေယာက္ မဟုတ္ သလို ဖိုးတုတ္ရဲ႕ လူမိုက္ ဘ၀ ဟာ အစျပဳခဲ့တာလည္းမဟုတ္ပါဘူး ။

ဖိုးတုတ္ ရဲ႕ မိခင္ ႀကီးေဒၚခ်စ္ပု ဟာ ရန္ကုန္ၿမိဳ႕ (၁၄)လမ္းမွာ ေဈးေရာင္းၿပီး အတန္အသင့္ ေခ်ာင္လည္တဲ့ မိသားစုပါ ။

ဖိုးတုတ္ မွာ ညီ ကိုဘသိန္း၊ ညီမ အရပ္ ၅ ေပ ၈ လက္မ ၊ အသားညိဳညိဳ ႏႈတ္ခမ္းေမႊး ထားတတ္တဲ့ ဖိုးတုတ္ ဟာ ဘဝကို အပူအပင္ မရွိ ျဖတ္သန္းႏိုင္ခဲ့ သူပါ..။ ဖိုးတုတ္ ဟာ သူေန တဲ့ လမ္းမေတာ္ (၁၄)လမ္း မွာ အတန္းအစားေပါင္းစုံ နဲ႔ အေပါင္းအသင္း ဆန႔္သူတစ္ေယာက္ျဖစ္ ၿပီး လူငယ္ ပီပီ ဂ်င္ဝိုင္း ၊ ၾကက္ဝိုင္း ေတြ မွာ လွည့္လည္ေပ်ာ္ပါး အခ်ိန္ျဖဳန္းရင္း တစ္ခါတစ္ရံ မိခင္ကို ကူညီေဈးေရာင္း ရင္းေန ခဲ့သူပါ ။

ဦးေလးေတာ္ သူ ရဲ႕ ၿမိဳ႕တြင္း ဆြဲ ေမာ္ေတာ္ကား မွာ စပါယ္ယာ လိုက္လုပ္ခဲ့ေပမယ့္ မဟုတ္မခံ စိတ္ေၾကာင့္ ခဏခဏ ႐ိုက္မႈျဖစ္ ၿပီး အလုပ္ထြက္ခဲ့သူ တစ္ဦးျဖစ္ပါတယ္။

ဖိုးတုတ္ရဲ႕ လူမိုက္ ဘဝက………..ဒီလိုစပါတယ္..။

ဖိုးတုတ္ ကို လူမိုက္ ဘဝေရာက္ေအာင္ စတင္ခဲ့တဲ့ သူကေတာ့ လမ္းမေတာ္ ဖိုးတုတ္ ေခတ္ မတိုင္ခင္ လမ္းမေတာ္ လူမိုက္ႀကီးျဖစ္ခဲ့တဲ့……….ပုဏားဘထြန္း ပါပဲ…။

အဲ့ဒီေခတ္က လမ္းမေတာ္ မွာ ပုဏားဘထြန္း ၊ သိမ္ႀကီးေဈး လွေဖ ၊ ဗိုလ္တစ္ေထာင္ ေက်ာက္တံတား မတ္စတီးခန္း ၊ ၾကည့္ျမင္တိုင္ ၾကက္က်ား ၊ ဘားလမ္း ဟူစိန္ ဆိုၿပီး ရန္ကုန္ၿမိဳ႕ မွာ သူ႔အပိုင္း နဲ႔သူ အပိုင္ စား လူမိုက္ ႀကီးေတြ ႀကီးစိုးခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမွာ ပုလိပ္အင္အားနဲ႔လူဦးေရ မမွ်တဲ့အတြက္ ပုလိပ္ေတြ ဟာ နယ္ေျမတိုင္းက အပိုင္စား လူမိုက္ေတြကို ခါးပိုက္ေဆာင္ထဲ ထည့္ၿပီး အုပ္ခ်ဳပ္ ခိုင္းေလ့ရွိပါတယ္ ။နယ္ေျမ အပိုင္ လူမိုက္ေတြ ဟာ ကိုယ္ပိုင္ နက္ နယ္ေျမထဲက ဒုစ႐ိုက္မႈ က ရတဲ့ေငြေၾကး ၊ ေဈးေရာင္း ေဈးဝယ္ စီးပြားေရး သမားေတြ ရဲ႕ မိမိစီးပြားေရး မထိခိုက္ေအာင္ ကာကြယ္ေပးဖို႔ ေပးတဲ့ လစဥ္ေၾကးကို ခံစားေလ့ ရွိပါတယ္..။

ပုဏားဘထြန္းက ေၾကာက္စရာအေကာင္းဆုံးအျဖစ္ နာမည္ႀကီး ပါ တယ္။ ပုဏား ဘထြန္း ရဲ႕ ေနာက္ မွာ ဗိုလ္တစ္ေထာင္ ကကုလား သူေဌးတစ္ဦးလည္းျဖစ္ လူမိုက္ တစ္ဦးလည္း ျဖစ္တဲ့ မတ္ စတီးခန္း ရွိပါ တယ္။ ၿပီးေတာ့ ပုလိပ္မင္းႀကီးနဲ႔လည္း ပုဏားဘထြန္း ဟာ ပုဂၢိဳလ္ေရး အရ အင္မတန္ရင္းႏွီးတယ္ လို႔ နာမည္ႀကီး ပါတယ္ ။

အဲ့ဒီ အခ်ိန္မွာ ဖိုးတုတ္ ကလည္း လမ္းမေတာ္ တဝိုက္မွာ နည္းနည္းေလးနာမည္ ထြက္လာတဲ့ ဇ ရွိတဲ့ လူငယ္ေျခတက္ ကေလးေပါ့..။

ဖိုးတုတ္ က ဆင္းရဲသား မဟုတ္ ၊ မိုက္ေၾကးခြဲခံ ရတဲ့အထဲ မပါေပမယ့္ လူမ်ိဳးျခား လူမိုက္ေတြ ရန္ကုန္ၿမိဳ႕ ထဲ စိုးမိုးျခယ္လွယ္ေနတာ ကို လုံး၀ မေက်နပ္ ၊ ျမန္မာ လူမ်ိဳးေတြ သတၱိ နည္းလို႔ လူမ်ိဳးျခား လူမိုက္ေတြ ဗိုလ္က်ခံေနရတာ ကို မႏွစ္ၿမိဳ႕ ၊ ၿပီးေတာ့ သိမ္ႀကီးေဈး လွေဖ တို႔လို ျမန္မာ လူမိုက္ေတြ ကလည္း ကိုယ့္ အပိုင္ နယ္ေလာက္မွာ သာ က်ယ္ႏိုင္ၿပီး တစ္ျခားနယ္ေတြမွာ ကုလား လူမိုက္ေတြ ျမန္မာ လူမ်ိဳးေတြကို အႏိုင္က်င့္တဲ့ ကိစၥေတြကို လက္ေရွာင္ေနတတ္ ၾကတာ ဟာ ဒီကုလား လူမိုက္ေတြကို ျမန္မာ လူမိုက္ေတြ က ေၾကာက္လို႔ပဲလို႔ ယူဆမိၿပီး ခံျပင္းေနခဲ့ပါတယ္။

ဒါနဲ႔ပဲ လူမိုက္ေလာက ထဲ ဝင္ဖို႔ ဖိုးတုတ္ရဲ႕ ဆုံးျဖတ္ခ်က္ ကို ပိုမို ခိုင္မာေစမဲ့… ကိစၥတစ္ခု ေပၚလာ ပါေတာ့ တယ္ ။

ျပသနာက ဒါလ္ဟိုဇီလမ္း မွာအပိုင္စားၿပီး ေဈးသည္ေတြ ကို မိုက္ေၾကးလိုက္ ခြဲေနတဲ့ မတ္စတီးခန္း ရဲ႕ တပည့္ မာမြတ္ နဲ႔ဖိုးတုတ္ တို႔ စကားမ်ားရာ က ဖိုးတုတ္ က မာမြတ္ကို မူလီေခါင္းတပ္ တုတ္ နဲ႔ မေသ မရွင္႐ိုက္လိုက္ရာ က စတာပါ..။

မာမြတ္ကို ႐ိုက္လိုက္တဲ့ ကိစၥအတြက္ လူမိုက္ေၾကာေနာေၾကေန တဲ့ မတ္စတီးခန္း က သူ႔တပည့္ကုလား လူမိုက္ေတြ ကို ဖိုးတုတ္ကို ရန္သြား မရွာၾကဖို႔ ၊ ဖိုးတုတ္ ဟာ မီးခဲ ျဖစ္လာႏိုင္တယ္ ဆိုၿပီး တားျမစ္ခဲ့ ပါေသးတယ္..။

ဒါေပမယ့္ မာမြတ္ ကိစၥမေက်နပ္ တဲ့ မတ္စတီးခန္း တပည့္ ႏွစ္ေယာက္က ဖိုးတုတ္ ကို ျပသနာ ရွာၾကရာ မွာ ႏွစ္ေယာက္လုံး ဖိုးတုတ္ က ဓါးေျမာင္ နဲ႔ထိုးလႊတ္လိုက္ပါတယ္..။

ဒါေပမယ့္ လည္း မတ္စတီးခန္းေရာ ၊ ပုဏားဘထြန္း ပါ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာမွ ဖိုးတုတ္ ကို ျပသနာ လာမရွာၾကတာကိုက ဖိုးတုတ္အတြက္ ဝိေရာဓိျဖစ္စရာ ကိစၥတစ္ခုျဖစ္ေနပါတယ္ ..။

ပုဏားဘထြန္းက သူ႔လူကို ထိရင္ ဘယ္လိုျပန္လုပ္တတ္သည္ ဆိုတာ ရာဇဝင္ေတြ ရွိတာကို ဖိုးတုတ္သိ သည္.. ဒီအတိုင္း ထိုင္ေနၿပီး သူလာမယ့္ အခ်ိန္ ေစာင့္ေနတာ ထက္ ပုဏားကို သြားရွင္းမည္။ ၿပီးေတာ့ နယ္ေျမ အပိုင္လူမိုက္ေတြ ကို တစ္ေယာက္ၿပီး တစ္ေယာက္ ဆက္ရွင္းဖို႔ ဆုံးျဖတ္လိုက္ပါေတာ့ တယ္………..။

လမ္းမေတာ္ ဖိုးတုတ္
ဖိုးတုတ္ လူမိုက္ျဖစ္သြားၿပီ..။

၁၉၃၂ ခုႏွစ္ ၊ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ (၁၁)လမ္း ၊လမ္းမေတာ္ တစ္ရပ္ကြက္လုံး မွ ဆင္းရဲသား ၊ လူခ်မ္းသာ ၊ ဖိုးတုတ္ ၏ မိဘမ်ားပါ မက်န္ ဖိန႔္ဖိန႔္ တုန္ေအာင္ ေၾကာက္႐ြံ႕ရေသာ ၊ ရန္ကုန္ၿမိဳ႕အတြင္းရွိ အျခားနယ္ေျမ အပိုင္စား လူမိုက္ အခ်င္းခ်င္းပင္ ဆရာႀကီး ဟု ေရွ႕က တပ္ေခၚ ရေလေသာ ပုဏားဘထြန္း ၏ အိမ္ေရွ႕သို႔ ျမေနေအာင္ေသြးထားသည့္ ငွက္ႀကီးေတာင္ ဓါးျဖင့္ လူမိုက္ေပါက္စ တစ္ေယာက္ရပ္ေနသည္…။

ဖိုးတုတ္……ငွက္ႀကီးေတာင္ဓါး ကို က်စ္က်စ္ပါေအာင္ ဆုတ္ၿပီး တစ္ေယာက္ခ်င္း ဓါးခ်င္း ယွဥ္ခုတ္မည္ အိမ္ေပၚက ဆင္းခဲ့ ဖို႔ စိန္ေခၚပါတယ္ ။
တပည့္တပန္း အလြန္ေပါမ်ားၿပီး လူမိုက္ အခ်င္းခ်င္းပင္ ေၾကာက္ရေသာ လူမိုက္ႀကီး ပုဏားဘထြန္း အိမ္ေပၚက လုံး၀ ဆင္းမလာ ။

တကယ္ေတာ့ ပုဏားဘထြန္းနဲ႔ ဖိုးတုတ္ အသက္ခ်င္း အ႐ြယ္ခ်င္း ကြာလြန္းေနၿပီ ။ ဘယ္ေလာက္ပဲ မိုက္ခဲ့ မိုက္ခဲ့ ႏြားအို က ေပါင္က်ိဳးေနၿပီျဖစ္တဲ့ ပုဏား အေနျဖင့္ ဖိုးတုတ္ ႏွင့္ တစ္ေယာယ္ခ်င္း ယွဥ္လို႔ မျဖစ္ ႏိုင္ေတာ့မွန္း သိသည္.. အိမ္ေပၚက လုံးဝဆင္းမလာ ။
အႀကိမ္ႀကိမ္ စိန္ေခၚၿပီး ဖိုးတုတ္က စကားတစ္ခြန္းေျပာ သြားသည္ ။

” ခင္ဗ်ားက လူမိုက္ ပုဏား မဟုတ္ေတာ့ဘူး.. ဆန္ေတာင္းတဲ့ ပု႑ားျဖစ္သြားၿပီ……….

ဖိုးတုတ္ က ဒီေန႔က စၿပီး လမ္းမေတာ္ လူမိုက္ျဖစ္သြားၿပီ ”

တကယ့္ ဝါရင့္လူမိုက္ႀကီး ပုဏားဘထြန္း ကိုပင္ အိမ္ေရွ႕သြား စိန္ေခၚေသာ ဖိုးတုတ္ သတင္း က တစ္ျခား နယ္ပယ္ ပိုင္ လူမိုက္ႀကီးေတြၾကား ဂရက္ ႐ိုက္သြားပါေတာ့တယ္…။

အဲ့ဒီလို နဲ႔ ရန္ကုန္ လူမိုက္ေလာက မွာ လမ္းမေတာ္ ဖိုးတုတ္ က အခ်ိန္တို အတြင္း ေနရာရခဲ့သူ တစ္ေယာက္ ျဖစ္ခဲ့ပါတယ္..။

လမ္းမေတာ္ဖိုးတုတ္ ဆိုတာ အပိုင္း(၂)

ကိုကိုေမာင္ေရးသားသည္။

နယ္ခ်ဲ႕ဖိုးတုတ္

အဲ့ဒီေခတ္က ရန္ကုန္ၿမိဳ႕ ရပ္ကြက္ အသီးသီးမွာ တစ္ဗိုလ္ တစ္မင္း စိုးမိုး မင္းမူေနသည့္ ရပ္ကြက္ အပိုင္ စား လူမိုက္ မ်ား သာ ႀကီးစိုး ပါတယ္..။ လူမိုက္ အခ်င္းခ်င္းနယ္ မေက်ာ္ၾကပဲ နယ္ေက်ာ္ တဲ့ လူမိုက္ေတြ အတြက္လည္း ဇာတ္သိမ္း မေကာင္းခဲ့တာ ထုံးစံလိုျဖစ္ေန ခဲ့ပါတယ္..။

ဒါေပမယ့္ လမ္းမေတာ္ဖိုးတုတ္ ကေတာ့ လမ္းမေတာ္ တစ္ရပ္ကြက္ထဲ မွာ ထိုင္ၿပီး မင္းမူေန႐ုံ နဲ႔ ေက်နပ္ ႏိုင္သူ မဟုတ္ပါဘူး..။ ဖိုးတုတ္ ပထမဆုံး မ်က္ေစာင္းထိုးတာ ကေတာ့ ပန္းဆိုးတန္းလမ္း ပါ.. ။ ပန္းဆိုးတန္းလမ္း မွာက ဗိုလ္တစ္ေထာင္ ၊ ေက်ာက္တံတား လူမိုက္ မတ္စတီးခန္း ႀကီးစိုးေနပါတယ္ ။

မတ္စတီးခန္း က ေတာ့ သူ႔လက္႐ုံး မာမြတ္ကိစၥၿပီး ကတည္းက ဖိုးတုတ္ကို ေရွာင္ဖို႔ သူ႔တပည့္ေတြကို မွာပါတယ္..

ဒါေပမယ့္…………ဖိုးတုတ္ ပန္းဆိုးတန္း ကို ကိစၥ တစ္ခုနဲ႔သြားတဲ့ ည မွာ မတ္စတီးခန္း တပည့္ တစ္ေယာက္ က နယ္ေက်ာ္လာ တယ္ဆိုၿပီး ဖိုးတုတ္ကို ရင့္ရင့္ သီးသီးေျပာခဲ့တဲ့ အတြက္ အဲ့ဒီ လူမိုက္ ဟာ ဖိုးတုတ္ ဓါးခ်က္နဲ႔ အူပြင့္တဲ့ အထိ အထိုးခံခဲ့ ရပါေတာ့တယ္..။

မတ္စတီးခန္း ဟာ ဖိုးတုတ္ နဲ႔တိုက္႐ိုက္ေတြ႕မယ္ ထင္ခဲ့ေပမယ့္… သူ တကယ္ရင္ဆိုင္ လိုက္ရတာက သူ႔ဗိုလ္တစ္ေထာင္နယ္ထဲ က လူမိုက္ေပါက္စေလး ငမိုး ပါပဲ..။ မတ္စတီးခန္း ရဲ႕ တပည့္ေတြ ႀကီးစိုးေန တဲ့ ဗိုလ္တစ္ေထာင္ ဘုရားပြဲေတာ္ ညတစ္ည မွာ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္ ထဲက ပ်ံက်ေပေတေနတဲ့ ဆိုးသြမ္း လူငယ္ေလး တစ္ေယာက္က မတ္စတီးခန္း တပည့္ ကုလားလူမိုက္ (၈)ေယာက္ကို ဓါးနဲ႔ ဝင္ ပိုင္းပါတယ္ ။

ကုလားလူမိုက္ (၃)ေယာက္ ေသလုေမ်ာပါး ဒဏ္ရာရသြားၾကၿပီး က်န္တဲ့ လူမိုက္ေတြလည္းေခြးေျပး ဝက္ေျပး ေျပးခဲ့ ရပါေတာ့တယ္…. ဒီအခ်ိန္က စလို႔ မက္စတီးခန္း ဟာ ပန္းဆိုးတန္း ကို ဖိုးတုတ္လက္ ၊ ဗိုလ္တစ္ေထာင္ ကို ငမိုးလက္ အပ္ၿပီး လူမိုက္ေလာက ကေန တစ္ျဖည္းျဖည္းေနာက္ဆုတ္ သြားပါေတာ့ တယ္..။

လမ္းမေတာ္ဖိုးတုတ္ နဲ႔ မေရွးမေႏွာင္း မွာပဲ ဓားေရးႂကြယ္ပါတယ္ ဆိုတဲ့ ဗိုလ္တစ္ေထာင္ ငမိုး ရဲ႕ နာမည္ ဟာလည္း ရန္ကုန္ လူမိုက္ေလာက မွာ တျဖည္းျဖည္းႀကီးမား လာပါေတာ့တယ္..။

ဗိုလ္တစ္ေထာင္ငမိုးရဲ႕ ဧည့္ဝတ္

ငမိုး ပခုံးခ်င္းယွဥ္လာၿပီ ဆိုတာနဲ႔ လမ္းမေတာ္ဖိုးတုတ္ က သူ႔ထုံးစံ အတိုင္း ထိပ္တိုက္ေတြ႕ဖို႔ ဆုံးျဖတ္ လိုက္ပါေတာ့တယ္..။

ရန္ကုန္ရဲ႕ ခ်မ္းစီးစီး ဒီဇင္ဘာ မနက္ခင္း တစ္ခုမွာ သကၠလပ္ အက်ႌအထူစားေအာက္မွာ ဓားရွည္ တစ္ေခ်ာင္း ကို လြယ္ၿပီး ဘိုကေလးေဈး (ဘ႐ုတ္ကင္းေဈး) လမ္းထဲ ကို ဝင္လာတဲ့ ဖိုးတုတ္ ကို ေတြ႕ရပါတယ္..။

ဖိုးတုတ္က ဗိုလ္တစ္ေထာင္ငမိုးအိမ္ေရွ႕ရပ္လိုက္တယ္ဆိုလွ်င္ပဲ…ငမိုးဘာလုပ္ရမွန္းမသိ ျပဴးျပဴး ျပာျပာျဖစ္ သြားပါတယ္ …. ငမိုး ခ်က္ခ်င္း အိမ္ေပၚကေျပးဆင္းၿပီး လာရင္း ကိစ ၥကိုေမး ပါေတာ့တယ္.။

ဖိုးတုတ္ က သကၠလပ္ အက်ႌ ကို ဆြဲခြၽတ္ၿပီး ရင္ဘတ္ကိုေကာ့ေပးသည္.. ေအး ငမိုး မင္းဓါးေရးထက္ တယ္ဆိုလို႔ ငါလာ အထိုးခံၾကည့္တာ ဟု ေအာ္ႀကီး ဟစ္က်ယ္ေျပာေတာ့သည္ ။

ငမိုးကလည္း လူနပ္…။ ပုဏားလိုေတာ့ အရွက္ကြဲ မခံႏိုင္ ။ ဒီေတာ့ ဖိုးတုတ္ ကို ၿပဳံးျပရင္း”ဟာ အကိုႀကီး ကလည္း မဟုတ္တာ ဒီအေၾကာင္းေတြ မေျပာပါနဲ႔ ကြၽန္ေတာ္တို႔ဗမာညီအစ္ကို ခ်င္း ၾကား မွာ ဒါမ်ိဳးေတြရွိေသးလားဗ်ာ.. အကိုေတြ႕ခ်င္ရင္ေခၚခိုင္း လိုက္ေပါ့..တကူးတက ကြၽန္ေတာ့္ဆီ လာေနရ တယ္လို႔”

“ေအး မင္းက ဗိုလ္တစ္ေထာင္ မွာ ဗိုလ္မထားဘူး ဆိုလို႔.. ငါကလည္း ဗိုလ္လာ လုပ္တာေလကြာ”

“ဟာ အကိုႀကီးရာ ကြၽန္ေတာ့္ ကို မႀကိဳက္တာရွိရင္ ဆုံးမလို႔ရပါတယ္.. နာခံပါ့မယ္..ကြၽန္ေတာ္ အကိုႀကီး ကို ဧည့္ဝတ္ျပဳပါရေစ ”

ဖိုးတုတ္ ဘာမွ မေျပာေတာ့ပါ… ဗိုလ္တစ္ေထာင္ ငမိုး … နယ္ေျမ ခ်င္း စည္းမေက်ာ္ ဖို႔သာေျပာ ခဲ့ၿပီး ..။
အျပန္တြင္ေတာ့ အလာတုန္း ကလို မဟုတ္…………ဗိုလ္တစ္ေထာင္ ငမိုးပိုင္ ရထားလုံးႏွင့္ ဖိုးတုတ္ကို အိမ္အေရာက္ လိုက္ျပန္ပို႔ေပးပါေတာ့တယ္………….။

အဲ့ဒီအခ်ိန္က စၿပီး ဗိုလ္တစ္ေထာင္ ငမိုး ေသဒဏ္ က်သြားတဲ့ အခ်ိန္အထိ ဖိုးတုတ္နဲ႔ ငမိုးတို႔ဟာ သံခင္း တမန္ခင္း ဆက္ဆံေရးနဲ႔ ဘာျပသနာ မွ ထပ္မျဖစ္ၾကေတာ့ပါဘူး..။

သူေဌးဖိုးတုတ္

လမ္းမေတာ္ ဖိုးတုတ္ ဟာ အရင္ လူမိုက္ေတြလို ကိုယ့္နယ္ေျမ က်ဥ္းက်ဥ္းေလး ထဲ မင္းမူေနတာ မဟုတ္ တဲ့အတြက္ ၾကည္ျမင္တိုင္ ၊ ပုဇြန္ေတာင္ ၊ လသာ ၊ ကမ္းနားလမ္း သိမ္ႀကီးေဈး လူမိုက္ေတြက အစ ဖိုးတုတ္ရဲ႕ တပည့္အျဖစ္ ဝင္ေရာက္လာၿပီး နယ္ေျမဆိုင္ရာ ဆက္ေၾကး တစ္ပုံကို လမ္းမေတာ္ ဖိုးတုတ္ထံ သြင္းၾကရပါေတာ့တယ္ ..။

ရန္ကုန္ၿမိဳ႕ထဲ က ဘိန္းခန္းမ်ား ၊ ဇိန္ခန္းမ်ား ၊ ဟိုတယ္မ်ား ၊ ေပ်ာ္ပြဲစား ႐ုံႀကီးမ်ား မွ အစ သိမ္ႀကီးေဈး၊ သံေဈး ရွိ အေရာင္းအဝယ္ ဒိုင္ႀကီးမ်ား၊ ေလာင္းကစား ဝိုင္းမ်ား အလယ္ ၊ ၾကည့္ျမင့္တိုင္ စက္ဆန္း ေျပး ဆြဲေသာ ဘတ္စ္ကားလိုင္းေတြ ၊ ဂိတ္ထိုးသည့္ Taxi ကားမ်ား အဆုံး လစဥ္ ဆက္ေၾကး မ်ားအား ဖိုးတုတ္ ထံ ေပးသြင္းရေတာ့သည္..။

လမ္းမေတာ္ဖိုးတုတ္ ဝင္ေငြက တစ္လလွ်င္ (၃၀၀၀)နီးပါး ရွိသည္ ဟု ခန႔္မွန္းၾက သလို ဖယ္မလီယာ ကား(၂)စီးႏွင့္ ေမာ္ေတာ္ တစီးပိုင္သည္ အထိ ႂကြယ္၀ ခ်မ္းသာ လာခဲ့ေတာ့သည္..။

လမ္းမေတာ္ ဖိုးတုတ္က ရာဇဝတ္မႈမ်ား လိုက္ရာတြင္ နာမည္ႀကီးေသာ ေရွ႕ေနႀကီး ပန္ကာေအးကို လို လူကို ပင္ ဥပေဒ အႀကံေပးအျဖစ္ လစာေပး ငွားထားလိုက္ေသးသည္..။

နာမည္ႀကီးလာသည္ ႏွင့္အမွ် အေပါင္းအသင္း မ်ားလာသည္ ။ ဗိုလ္ေအာင္ဒင္ ႐ုပ္ရွင္မင္းသား ခင္ေမာင္ရင္ ၊ ဇာတ္မင္းသားေ႐ႊက်ီးညိဳ တို႔ ဖိုးတုတ္ႏွင့္ တတြဲတြဲ ျဖစ္လာသည္ ။ ႏိုင္ငံေရးေလာက မွ အမတ္ မ်ားႏွင့္ တစ္စားပြဲတည္း ထိုင္ေသာက္ႏိုင္သည္ အထိ ဖိုးတုတ္ ပါဝါက ႀကီးမားခဲ့သည္ ။

အခ်စ္လူၾကမ္း ဖိုးတုတ္

လူမိုက္ ဆိုတာ ဂ်ိဳနဲ႔လား ဆိုေသာ ဆို႐ိုးစကား ရွိပါတယ္… ဖိုးတုတ္ က ဂ်ိဳနဲ႔ လူမိုက္ မဟုတ္ေပမယ့္ ႏွလုံးသား နဲ႔ လူမိုက္ပါ……….။

ဖိုးတုတ္ ႏွလုံးသား ကို ညႇိငင္ ဖမ္းစားထားတာ က လမ္းမေတာ္ သူ တ႐ုတ္ကျပား မသင္းျမ..။

မသင္းျမ က အေဖ မရွိေတာ့ အေမနဲ႔အေဒၚက လမ္းေမေတာ္ (၂၄)လမ္း၊ ကြမ္းတန္းေဈး တြင္ ေဈးေရာင္း တဲ့ သူေတြ.. ဖိုးတုတ္ အေမနဲ႔ မသင္းျမ အေမက ဥပုသ္ေစာင့္ ၊ ဘုရားသြား အတူတူ လူရင္းေတြ..။

ေငြေရးေၾကးေရးေတာင့္တင္းၿပီး ဖိုးတုတ္ အေမ ေဒၚခ်စ္ပု ေငြလို လွ်င္ မသင္းျမ တို႔ မိဘေတြ က ေထာက္ ပံ့ေနၾက။ မသင္းျမ ကို ဖိုးတုတ္ ႀကိဳက္တယ္.. ဒါေပမယ့္ ဖြင့္မေျပာရဲ ခဲ့… မသင္းျမ ေရွ႕ေရာက္ လွ်င္ပင္ လူမိုက္ႀကီး က ရဲရဲဝံ့ဝံ့ စကားမေျပာရဲရွာ ..။

ဒါေပမယ့္ တပည့္ အရင္းေတြ..အေပါင္းအသင္း အရင္းေတြ နဲ႔ အတူတူေသာက္ၾကတဲ့ အရက္ဝိုင္း မွာေတာ့ ဖိုးတုတ္ႀကီး ရဲ႕ ရင္တြင္းေဝဒနာေတြ က အန္အန္ ထြက္လာ တတ္လို႔…. ဖိုးတုတ္ ရင္တြင္းက အခ်စ္ ဓာတ္ေတြ ကို သူ႔ညီ ဘသိန္းနဲ႔ တပည့္ ရင္းေတြျဖစ္တဲ့ လသာ လူမိုက္ စံဘေသာင္းရီ (ေခၚ) ဂႏၵမာ ေဆာင္းရင္ ၊ ကမ္းနားလမ္း အုန္းေဖ ၊ လြစ္စ္လမ္း ငၫြန႔္ ၊ တာေမြေအာင္ဘ ၊ လက္ေကာက္ ခ်န္ထြန္း တို႔က အူမေခ်းခါး မၾကားခ်င္ မွ အဆုံး သိထားၿပီးသား..။

မသင္းျမ က ဘာသာ တရားရဲ႕ အရိပ္ေအာက္မွာ ႀကီးျပင္း လာခဲ့တဲ့ မိန္းကေလး ပီပီ ဖိုးတုတ္လို နာမည္ ႀကီး လူမိုက္ ကို ေဝးေဝးေရွာင္ ပါတယ္.. ဒါေပမယ့္ မသင္းျမက ဖိုးတုတ္ညီ ကိုဘသိန္း နဲ႔ေတာ့ ေတာ္ေတာ္ ရင္းႏွီးပါတယ္တဲ့……။

ေဈးထဲမွာ မသင္းျမ ကလည္း မဟုတ္မခံ ဇတ္ဇတ္ႀကဲ…ဆိုေတာ့ ဘသိန္း က သူ႔အကိုနဲ႔ စိတ္ခ်င္းတူ သဟဲ့ ဆိုၿပီး မသင္းျမ ကို သူ႔အကို ဖိုးတုတ္နဲ႔ ႀကိတ္ သေဘာတူေနပါတယ္ ။

ျဖစ္ခ်င္ေတာ့ အဲ့ဒီေန႔က…

မသင္းျမ ေဈးေရာင္း တဲ့ေနရာကို ဘသိန္း ေရာက္လာၿပီး ကိုဖိုးတုတ္ က မသင္းျမ ကို ခ်စ္ေၾကာင္း ႀကိဳက္ေၾကာင္း ကို ေအာင္သြယ္ေျပာပါေတာ့တယ္.. အဲ့ဒီမွာ မသင္းျမက ဘသိန္းကို ခဲနဲ႔ေကာက္ထု လိုက္ပါေလေရာလား…နဖူး အာလူးသီးႀကီး ကို အုပ္ၿပီး ေအာင္သြယ္ေတာ္ ဘသိန္းက စပ္ၿဖဲၿဖဲ နဲ႔ ေနာက္ေၾကာင္းျပန္ လွည့္ေျပးလာခဲ့ပါတယ္..။

အဲ့ဒီညက လမ္းမေတာ္ ဖိုးတုတ္ ႏွင့္ တြဲဖက္ ႐ုပ္ရွင္ မင္းသားခင္ေမာင္ရင္ ၊ ဇာတ္မင္းသား ေ႐ႊက်ီးညိဳ ၊ ႐ုပ္ရွင္ မင္းသားေက်ာ္စိုး တို႔ နန္းသီတာ ဆိပ္ကမ္းက သေဘၤာ တစ္စီးေပၚမွာ ေလညႇင္း ခံရင္း အရက္ေသာက္ခဲ့ရာ မွ အမူးလြန္သြားခဲ့ ပါတယ္..။

ခင္ေမာင္ရင္ ကားနဲ႔ ဖိုးတုတ္ ကို အိမ္အထိ လိုက္ပို႔ၾကၿပီး သူငယ္ခ်င္းေတြျပန္သြားၾကေတာ့ ဖိုးတုတ္ အိပ္ေပ်ာ္သြား ပါေလေရာလား..။
မနက္ မိုးလင္းေတာ့ အခန္း တံခါးေခါက္သံေၾကာင့္ ဖိုးတုတ္ တံခါးကို ဆြဲဖြင့္လိုက္ေတာ့…သူ႔ညီ ဘသိန္း နဲ႔ တပည့္ေတြက မိန္းမ တစ္ေယာက္ကို အတင္းဆြဲေခၚလာၿပီး ဖိုးတုတ္ အခန္းထဲ အတင္း တြန္းပို႔ေတာ့ ပါေလေရာ..။

လမ္းမေတာ္ ဖိုးတုတ္
“ေဟ့ ေကာင္ေတြ ဒါ ဘာလုပ္တာလဲ”

“အကိုပဲ ညက မသင္းျမ ကို မရရင္ ေသေတာ့မယ္ဆို..အဲ့ဒါနဲ႔ က်ဳပ္တို႔ စီမံလာေပးတာ” ဘသိန္း က ေျပာေျပာ ဆိုဆိုႏွင့္ တံခါးကို ဆြဲပိတ္ လိုက္ၿပီး အျပင္က ေသာ့ခတ္ လိုက္ပါေတာ့တယ္..။

(အမွန္က မင္းသား ခင္ေမာင္ရင္ စနက္ပါ.. ကိုဖိုးတုတ္ ကိုလိုက္ပို႔ရင္း ကေန ဖိုးတုတ္ ညီနဲ႔တပည့္ ေတြကို မင္းတို႔ အကိုေတာ့ မသင္းျမ ကို မရရင္ နန္းသီတာ ဆိပ္က ခုန္ခ်မယ္ လုပ္ေနလို႔ မူးေအာင္ တိုက္ၿပီးျပန္ေခၚ လာတာ ဆိုၿပီး သ႐ုပ္ေဆာင္ျပ သြားတာကို တပည့္ေတြက အတည္ ထင္ၿပီး အခုလို လုပ္ေပး လိုက္ၾကတာပါ..ပဲ)

ဖိုးတုတ္ တပည့္ေတြ ကို ေဒါသ ထြက္သလို..မသင္းျမ ကို အားနာေနသည္ ။ မသင္းျမ က ငိုယိုေနတာျမင္ ရေတာ့ သူ စိတ္မေကာင္း.. ၿပီးေတာ့ မသင္းျမ အေမေတြ က သူ႔အေမ ရဲ႕ ေက်းဇူးရွင္ေတြ…. အခုေတာ့ ဘသိန္း နဲ႔ တပည့္ေတြေၾကာင့္ အေမ မ်က္ႏွာပ်က္ ရေတာ့မည္.. ဖိုးတုတ္ ကို ဆဲသည္ ။ ဖိုးတုတ္က ရွင္းျပသည္ ။

တကယ္ေတာ့ ဘသိန္း ႏွင့္တပည့္မ်ား က မသင္းျမ အိမ္ကေန ေဈးကို အထြက္မွာ ကားေပၚ တင္ဆြဲလာ ခဲ့ျခင္းတဲ့…..
ရန္ကုန္ တစ္ၿမိဳ႕လုံး လႊမ္းမိုးေနသည့္ ဖိုးတုတ္ ၊ ဒုစ႐ိုက္ သမားတိုင္း ဦးၫႊတ္ရေသာ ဖိုးတုတ္ ၊ အသက္ အ႐ြယ္ ႏွင့္ ဥစၥာပစၥည္း ရွိေသာ သူေဌးေလး ဖိုးတုတ္ ၊ ေသရဲ ၊ သတ္ရဲ ၊ ႐ိုက္ရဲ လူမိုက္ႀကီး ဖိုးတုတ္ .. အခုေတာ့ မသင္းျမ ကို ေတာင္းပန္စကားေတြ တတြတ္တြတ္ ဆိုေနရွာသည္။

မသင္းျမ ကလည္း လူမိုက္ေတြ ေပါမ်ား လွသည့္ ရန္ကုန္ၿမိဳ႕ႀကီးေတြ မိန္းမသားေတြ ခ်ည္း ေဈးေရာင္း စားေနရ သည့္ ဘဝက မလုံၿခဳံ.. ဖိုးတုတ္ႏွင့္ ပတ္သက္မိလွ်င္ မိမိ မိဘအသိုင္းအဝိုင္း အားလုံးကို ဘယ္သူ မွ မတို႔ရဲ မထိရဲသည့္ လုံၿခဳံမႈ ရလာႏိုင္သည္ ကိုေတြးမိသြားတယ္ ထင္ပါရဲ႕…။ အဲ့ဒီ အခန္းေလးထဲ မွာ ဖိုးတုတ္ လူပ်ိဳဘ၀ တစ္စခန္း သိမ္းသြားေတာ့သည္။

ဖိုးတုတ္ အတု (သို႔) လမ္း(၃၀) ဖိုးတုတ္

မဂၤလာေဆာင္ ခါနီး ေပ်ာ္႐ႊင္ေနေသာ လမ္းမေတာ္ ဖိုးတုတ္ ေဒါသ ထြက္ေနပါတယ္..။

သားလုပ္ သမွ် ခ်ိဳသည္ ခါးသည္ မေျပာဖူးေသာ မိခင္ႀကီး ေဒၚခ်စ္ပု က အခု နာနာၾကည္းၾကည္းႏွင့္ လာေျပာ သြားတဲ့ စကားက…..ဖိုးတုတ္ ကို ယမ္းပုံ မီးက်ေစပါေတာ့တယ္။

“ဖိုးတုတ္ နင္ လူမိုက္ ႐ုံတင္ မကေတာ့ဘူး လူလိမ္ လူယုတ္မာျဖစ္ေနၿပီ…. ငါတို႔ ေဈးေရာင္းစား လာ တာ တစ္သက္လုံး သူတစ္ပါး ပစၥည္းကိုမလိမ္မညာ ခဲ့ဘူး..နင့္ က်မွ တစ္ေဈး လုံး ဟိုးဟိုးေက်ာ္ ကလိမ္ ဖိုးတုတ္ျဖစ္ေနပါလားဟဲ့” တဲ့ ။
တပည့္ေတြ ကို စုံစမ္းခိုင္းၾကည့္ေတာ့ ဟုတ္သည္ ။

သိမ္ႀကီးေဈး နဲ႔ လသာ တစ္ဝိုက္မွာ ဖိုးတုတ္ ဆိုတဲ့ နာမည္နဲ႔ ကုန္ေတြ မွာၿပီးနယ္ပို႔ သတဲ့.. ၿပီးေတာ့ ကုန္သည္ေတြ ကို ပိုက္ဆံ မရွင္းပဲ ေျဗာင္လိမ္သည္ ။ ကုန္သည္ေတြ ခမ်ာ လည္း ဖိုးတုတ္ ဆိုသည့္ နာမည္ၾကား သည္ႏွင့္ပင္ သြား မေတာင္းရဲေတာ့ေခ်..။

ဖိုးတုတ္ ဓါးဆြဲၿပီး ဆင္းလာခဲ့သည္……………….။ ………..အဲ့ဒီ ဖိုးတုတ္ က ဘယ္သူလဲ ။ ၾကာၾကာ မစုံစမ္းရ..လမ္းမေတာ္ ဖိုးတုတ္ေတာ့ မဟုတ္ လမ္း(၃၀) ဖိုးတုတ္ တဲ့ ပြဲစား ဖိုးတုတ္လို႔လဲ ေခၚသတဲ့..။

လမ္းမေတာ္ ဖိုးတုတ္…..လမ္း(၃၀) ဖိုးတုတ္ေၾကာင့္ ေဒါသထြက္ရၿပီ..။
မၾကာမီ……..ဖိုးတုတ္ တပည့္ေတြ လက္ထဲမွာ ယက္ကန္ယက္ကန္ နဲ႔ မူးေနတဲ့ လူတစ္ေယာက္ ပါလာ ပါေတာ့တယ္..။

လမ္းမေတာ္ ဖိုးတုတ္ကို အထင္ေသး သည့္ အမူအယာျဖင့္ လမ္း(၃၀) ဖိုးတုတ္က ၾကည့္လိုက္သည္။

“ခင္ဗ်ား..ဘယ္သူလဲ..က်ဳပ္ကို ဘယ္သူမွတ္ လို႔ ဒီလိုေခၚလာတာလဲ ..ေသခ်င္လို႔လား”

လမ္း(၃၀) က ေဟာက္သည္..လမ္းမေတာ္ က ရယ္သည္.။

“က်ဳပ္နာမည္ ဖိုးတုတ္ဗ်..ဖိုးတုတ္..ခင္ဗ်ားၾကားဖူးတယ္ မွတ္လား” လမ္း(၃၀) က ထပ္ေဟာက္သည္။

“ေအး မင္းက ဖိုးတုတ္ ဆို ေရာ့..”
လမ္းမေတာ္ ဖိုးတုတ္ကိုင္ေနက် မူလီေခါင္းတပ္ ႀကိမ္လုံးက လမ္း(၃၀) ဖိုးတုတ္ မ်က္ႏွာေပၚ ကန႔္လန႔္ျဖတ္ က်သြားသည္ ။

လမ္း(၃၀) ဖိုးတုတ္ေခြသြားသည္..။
“ခင္ဗ်ား ဘယ္သူလဲ..က်ဳပ္ အေၾကာင္း မသိေသးဘူး ထင္တယ္”
“ေအး..မင္း ငါ့ကို သိကၡာခ် တယ္..လူလိမ္..ေခြး”

“က်ဳပ္ အလုပ္က်ဳပ္ လုပ္တာ ခင္ဗ်ားကို ဘာသိကၡာ ခ်ေနလို႔လဲ”

လမ္း(၃၀) ဖိုးတုတ္ကလည္း…….ျပန္ ခံပက္သည္ ။

“မေအ -ိုး………..ငါ လမ္းမေတာ္ ဖိုးတုတ္ ကြ”

ဒီေတာ့မွ လမ္း(၃၀) ဖိုးတုတ္ ေခါင္းနပန္းႀကီး သြားပါေတာ့တယ္……သြားၿပီ သူ႔ဘဝ..။

“မင္းလိမ္ ထားတာေတြ (၃)ရက္ အတြင္း ျပန္ေပး..မေပးရင္………………”

လမ္းမေတာ္ ဖိုးတုတ္ စကားမဆုံးလိုက္ သလို လမ္း(၃၀) ဖိုးတုတ္လည္း စကားေျပာခြင့္ မရလိုက္ပါ.. မူလီေခါင္း တပ္ႀကိမ္လုံးက လမ္း(၃၀) ဖိုးတုတ္ေခါင္းေပၚ အခ်က္ေပါင္းမ်ားစြာ က်ေရာက္လာပါေတာ့ တယ္…………။

(၃)ရက္ေျမာက္ေန႔ တြင္ လမ္း(၃၀) ဖိုးတုတ္ သည္ သူ႔အိမ္ ကိုေရာင္းခ်ၿပီး အေႂကြးမ်ား ေခ်သြားပါေတာ့ တယ္……….။

ဖိုးသူေတာ္ (www.phothutaw.com)
Credit Original
# Unicode Version ျဖင့္ ဖတ္ပါ #
 လမ်းမတော် ဖိုးတုတ်
လွန်ခဲ့တဲ့ နှစ်အနည်းငယ် မြန်မာ့ ရုပ်ရှင်လောက မှာ ထွက်ပေါ် ခဲ့တဲ့ လူမိုက် တစ်ရာ ဆိုတဲ့ ဇာတ်ကားကို လူကြိုက် အတော်များခဲ့ ပါတယ်..။ ဒီဇာတ်လမ်းဟာ တစ်ခေတ်တစ်ခါ က ရန်ကုန်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ လူမိုက်ကြီး လမ်းမတော် ဦးဖိုးတုတ် ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို ရိုက်ကူး ထားတယ် လို့လည်း ပြောနေ ဆိုနေတာတွေ ကြားခဲ့ဖူး ပါတယ်။

ဒါပေမယ့် ကျွန်တော် ဒီဇာတ်လမ်းခွေ ကို ကြည့်ပြီးတဲ့ အခါမှာတော့ လမ်းမတော် ဖိုးတေ ဇာတ်လမ်း ဟာ သမိုင်း အချက်အလက် အရ လမ်းမတော်ဖိုးတုတ် ဇာတ်လမ်းအစစ် အမှန် လုံး၀ မဟုတ်ဘူး သိလိုက် ရပါ တယ်..။အဲဒီ ဇာတ်ကားကြည့်ပြီး တဲ့ လူတော်တော်များများ ကတော့ ဒါဟာ လမ်းမတော် ဖိုးတုတ် သမိုင်း အမှန်ပဲ လို့ ထင်နေကြတဲ့ အတွက် ကျွန်တော် ဒီသမိုင်းကြောင်း ကို ရေးသား ရခြင်းဖြစ်ပါတယ်။
လမ်းမတော် ဖိုးတုတ်
လူမိုက် တစ်ယောက်ရဲ့ သမိုင်းကြောင်း ကို မင်းက ဘာလို့ ဒီလောက် ရှင်းချက်တွေ ထုတ်နေတာ လဲဆိုပြီး မေးလာ သူတွေရှိပါလိမ့်မယ်..။ ကျွန်တော်ရှင်းပါ့မယ်။

ဦးဖိုးတုတ် ဟာ ကိုလိုနီခေတ် မှာ ရန်ကုန်မြို့ရဲ့ ပြိုင်ဘက် မရှိ နာမည် အကျော်ကြားဆုံး မြန်မာ လူမျိုး လူမိုက် တစ်ဦးပါ။

ယို့ယွင်းနေတဲ့ ကိုလိုနီ အုပ်ချုပ်ရေးစနစ် နဲ့အတူ လူမျိုးခြား လူမိုက်တွေ ကြီးစိုးနေတဲ့ ရန်ကုန်မြို့ မှာ လူမျိုးခြား မိုက်တွေကို နှိပ်ကွပ် ခဲ့ပြီး မြန်မာတွေ ဘက်ကရပ်တည်ပေး ခဲ့တဲ့ မြန်မာ လူမိုက်ကြီး ပါ ။

မခံချင် စိတ်ကြောင့် အသက်ငယ်ငယ် မှာ လူဆိုး လူမိုက်ဖြစ်ခဲ့ ရပေမယ့် ဦးဖိုး တုတ်ဟာ လူယုတ်မာ တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး..။

ခေတ်ရဲ့ သားကောင် အဖြစ် လူဆိုး လူမိုက်ဖြစ်ခဲ့ တဲ့ လမ်းမတော် ဦးဖိုးတုတ်ရဲ့ တစ်ခြား မျက်နှာတစ်ဖက် မှာ ရှိနေတဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ လွတ်လပ်ရေး ကိုမြတ်နိုးစိတ် ဆိုတဲ့ ဇာတိမာန်လေး ကို တွေ့ြ မင်စေ ချင်လို့ ၊ ရုပ်ရှင်ကြည့်ပြီး သမိုင်းအချက်အလက် အမှားတွေကို အမှန်လို့ မထင်စေချင်လို့ ဒီစာ ကို ရေးရခြင်းဖြစ်ပါတယ် ။

လမ်းမတော် ဖိုးတုတ် ဆိုတဲ့ လူမိုက်ကြီး ဟာ ဟိုင်နန်ကျွန်း မှာ စစ်ပညာ သင်ကြားဖို့ သွားခဲ့တဲ့ ရဲဘော်သုံးကျိပ် အတွက် ငွေကြေး အများဆုံး လှူဒါန်းခဲ့တဲ့သူ တစ်ဦးဖြစ်တယ် ဆိုတဲ့ သမိုင်းမှာ မထင်ရှားခဲ့တဲ့ဖြစ်ရပ်လေးတွေကို ပေါ်လွင်စေချင် တဲ့ စေတနာလည်းဖြစ်ပါတယ်..။
လမ်းမတော် ဖိုးတုတ် ဆိုတာ

ဦးကျော်ဟိန်း ရိုက်ခဲ့ တဲ့ လမ်းမတော် ဖိုးတေ ရုပ်ရှင် ထဲကလို ဖိုးတုတ် ဟာ ကုန်ထမ်း သမားတစ်ယောက် မဟုတ် သလို ဖိုးတုတ်ရဲ့ လူမိုက် ဘ၀ ဟာ အစပြုခဲ့တာလည်းမဟုတ်ပါဘူး ။

ဖိုးတုတ် ရဲ့ မိခင် ကြီးဒေါ်ချစ်ပု ဟာ ရန်ကုန်မြို့ (၁၄)လမ်းမှာ ဈေးရောင်းပြီး အတန်အသင့် ချောင်လည်တဲ့ မိသားစုပါ ။

ဖိုးတုတ် မှာ ညီ ကိုဘသိန်း၊ ညီမ အရပ် ၅ ပေ ၈ လက်မ ၊ အသားညိုညို နှုတ်ခမ်းမွှေး ထားတတ်တဲ့ ဖိုးတုတ် ဟာ ဘဝကို အပူအပင် မရှိ ဖြတ်သန်းနိုင်ခဲ့ သူပါ..။ ဖိုးတုတ် ဟာ သူနေ တဲ့ လမ်းမတော် (၁၄)လမ်း မှာ အတန်းအစားပေါင်းစုံ နဲ့ အပေါင်းအသင်း ဆန့်သူတစ်ယောက်ဖြစ် ပြီး လူငယ် ပီပီ ဂျင်ဝိုင်း ၊ ကြက်ဝိုင်း တွေ မှာ လှည့်လည်ပျော်ပါး အချိန်ဖြုန်းရင်း တစ်ခါတစ်ရံ မိခင်ကို ကူညီဈေးရောင်း ရင်းနေ ခဲ့သူပါ ။

ဦးလေးတော် သူ ရဲ့ မြို့တွင်း ဆွဲ မော်တော်ကား မှာ စပါယ်ယာ လိုက်လုပ်ခဲ့ပေမယ့် မဟုတ်မခံ စိတ်ကြောင့် ခဏခဏ ရိုက်မှုဖြစ် ပြီး အလုပ်ထွက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

ဖိုးတုတ်ရဲ့ လူမိုက် ဘဝက………..ဒီလိုစပါတယ်..။

ဖိုးတုတ် ကို လူမိုက် ဘဝရောက်အောင် စတင်ခဲ့တဲ့ သူကတော့ လမ်းမတော် ဖိုးတုတ် ခေတ် မတိုင်ခင် လမ်းမတော် လူမိုက်ကြီးဖြစ်ခဲ့တဲ့……….ပုဏားဘထွန်း ပါပဲ…။

အဲ့ဒီခေတ်က လမ်းမတော် မှာ ပုဏားဘထွန်း ၊ သိမ်ကြီးဈေး လှဖေ ၊ ဗိုလ်တစ်ထောင် ကျောက်တံတား မတ်စတီးခန်း ၊ ကြည့်မြင်တိုင် ကြက်ကျား ၊ ဘားလမ်း ဟူစိန် ဆိုပြီး ရန်ကုန်မြို့ မှာ သူ့အပိုင်း နဲ့သူ အပိုင် စား လူမိုက် ကြီးတွေ ကြီးစိုးခဲ့ပါတယ်။

ရန်ကုန်မြို့ အုပ်ချုပ်ရေးမှာ ပုလိပ်အင်အားနဲ့လူဦးရေ မမျှတဲ့အတွက် ပုလိပ်တွေ ဟာ နယ်မြေတိုင်းက အပိုင်စား လူမိုက်တွေကို ခါးပိုက်ဆောင်ထဲ ထည့်ပြီး အုပ်ချုပ် ခိုင်းလေ့ရှိပါတယ် ။နယ်မြေ အပိုင် လူမိုက်တွေ ဟာ ကိုယ်ပိုင် နက် နယ်မြေထဲက ဒုစရိုက်မှု က ရတဲ့ငွေကြေး ၊ ဈေးရောင်း ဈေးဝယ် စီးပွားရေး သမားတွေ ရဲ့ မိမိစီးပွားရေး မထိခိုက်အောင် ကာကွယ်ပေးဖို့ ပေးတဲ့ လစဉ်ကြေးကို ခံစားလေ့ ရှိပါတယ်..။

ပုဏားဘထွန်းက ကြောက်စရာအကောင်းဆုံးအဖြစ် နာမည်ကြီး ပါ တယ်။ ပုဏား ဘထွန်း ရဲ့ နောက် မှာ ဗိုလ်တစ်ထောင် ကကုလား သူဌေးတစ်ဦးလည်းဖြစ် လူမိုက် တစ်ဦးလည်း ဖြစ်တဲ့ မတ် စတီးခန်း ရှိပါ တယ်။ ပြီးတော့ ပုလိပ်မင်းကြီးနဲ့လည်း ပုဏားဘထွန်း ဟာ ပုဂ္ဂိုလ်ရေး အရ အင်မတန်ရင်းနှီးတယ် လို့ နာမည်ကြီး ပါတယ် ။

အဲ့ဒီ အချိန်မှာ ဖိုးတုတ် ကလည်း လမ်းမတော် တဝိုက်မှာ နည်းနည်းလေးနာမည် ထွက်လာတဲ့ ဇ ရှိတဲ့ လူငယ်ခြေတက် ကလေးပေါ့..။

ဖိုးတုတ် က ဆင်းရဲသား မဟုတ် ၊ မိုက်ကြေးခွဲခံ ရတဲ့အထဲ မပါပေမယ့် လူမျိုးခြား လူမိုက်တွေ ရန်ကုန်မြို့ ထဲ စိုးမိုးခြယ်လှယ်နေတာ ကို လုံး၀ မကျေနပ် ၊ မြန်မာ လူမျိုးတွေ သတ္တိ နည်းလို့ လူမျိုးခြား လူမိုက်တွေ ဗိုလ်ကျခံနေရတာ ကို မနှစ်မြို့ ၊ ပြီးတော့ သိမ်ကြီးဈေး လှဖေ တို့လို မြန်မာ လူမိုက်တွေ ကလည်း ကိုယ့် အပိုင် နယ်လောက်မှာ သာ ကျယ်နိုင်ပြီး တစ်ခြားနယ်တွေမှာ ကုလား လူမိုက်တွေ မြန်မာ လူမျိုးတွေကို အနိုင်ကျင့်တဲ့ ကိစ္စတွေကို လက်ရှောင်နေတတ် ကြတာ ဟာ ဒီကုလား လူမိုက်တွေကို မြန်မာ လူမိုက်တွေ က ကြောက်လို့ပဲလို့ ယူဆမိပြီး ခံပြင်းနေခဲ့ပါတယ်။

ဒါနဲ့ပဲ လူမိုက်လောက ထဲ ဝင်ဖို့ ဖိုးတုတ်ရဲ့ ဆုံးဖြတ်ချက် ကို ပိုမို ခိုင်မာစေမဲ့… ကိစ္စတစ်ခု ပေါ်လာ ပါတော့ တယ် ။

ပြသနာက ဒါလ်ဟိုဇီလမ်း မှာအပိုင်စားပြီး ဈေးသည်တွေ ကို မိုက်ကြေးလိုက် ခွဲနေတဲ့ မတ်စတီးခန်း ရဲ့ တပည့် မာမွတ် နဲ့ဖိုးတုတ် တို့ စကားများရာ က ဖိုးတုတ် က မာမွတ်ကို မူလီခေါင်းတပ် တုတ် နဲ့ မသေ မရှင်ရိုက်လိုက်ရာ က စတာပါ..။

မာမွတ်ကို ရိုက်လိုက်တဲ့ ကိစ္စအတွက် လူမိုက်ကြောနောကြေနေ တဲ့ မတ်စတီးခန်း က သူ့တပည့်ကုလား လူမိုက်တွေ ကို ဖိုးတုတ်ကို ရန်သွား မရှာကြဖို့ ၊ ဖိုးတုတ် ဟာ မီးခဲ ဖြစ်လာနိုင်တယ် ဆိုပြီး တားမြစ်ခဲ့ ပါသေးတယ်..။

ဒါပေမယ့် မာမွတ် ကိစ္စမကျေနပ် တဲ့ မတ်စတီးခန်း တပည့် နှစ်ယောက်က ဖိုးတုတ် ကို ပြသနာ ရှာကြရာ မှာ နှစ်ယောက်လုံး ဖိုးတုတ် က ဓါးမြောင် နဲ့ထိုးလွှတ်လိုက်ပါတယ်..။

ဒါပေမယ့် လည်း မတ်စတီးခန်းရော ၊ ပုဏားဘထွန်း ပါ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ဖိုးတုတ် ကို ပြသနာ လာမရှာကြတာကိုက ဖိုးတုတ်အတွက် ဝိရောဓိဖြစ်စရာ ကိစ္စတစ်ခုဖြစ်နေပါတယ် ..။

ပုဏားဘထွန်းက သူ့လူကို ထိရင် ဘယ်လိုပြန်လုပ်တတ်သည် ဆိုတာ ရာဇဝင်တွေ ရှိတာကို ဖိုးတုတ်သိ သည်.. ဒီအတိုင်း ထိုင်နေပြီး သူလာမယ့် အချိန် စောင့်နေတာ ထက် ပုဏားကို သွားရှင်းမည်။ ပြီးတော့ နယ်မြေ အပိုင်လူမိုက်တွေ ကို တစ်ယောက်ပြီး တစ်ယောက် ဆက်ရှင်းဖို့ ဆုံးဖြတ်လိုက်ပါတော့ တယ်………..။

လမ်းမတော် ဖိုးတုတ်
ဖိုးတုတ် လူမိုက်ဖြစ်သွားပြီ..။

၁၉၃၂ ခုနှစ် ၊ရန်ကုန်မြို့၊ လမ်းမတော် (၁၁)လမ်း ၊လမ်းမတော် တစ်ရပ်ကွက်လုံး မှ ဆင်းရဲသား ၊ လူချမ်းသာ ၊ ဖိုးတုတ် ၏ မိဘများပါ မကျန် ဖိန့်ဖိန့် တုန်အောင် ကြောက်ရွံ့ရသော ၊ ရန်ကုန်မြို့အတွင်းရှိ အခြားနယ်မြေ အပိုင်စား လူမိုက် အချင်းချင်းပင် ဆရာကြီး ဟု ရှေ့က တပ်ခေါ် ရလေသော ပုဏားဘထွန်း ၏ အိမ်ရှေ့သို့ မြနေအောင်သွေးထားသည့် ငှက်ကြီးတောင် ဓါးဖြင့် လူမိုက်ပေါက်စ တစ်ယောက်ရပ်နေသည်…။

ဖိုးတုတ်……ငှက်ကြီးတောင်ဓါး ကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး တစ်ယောက်ချင်း ဓါးချင်း ယှဉ်ခုတ်မည် အိမ်ပေါ်က ဆင်းခဲ့ ဖို့ စိန်ခေါ်ပါတယ် ။
တပည့်တပန်း အလွန်ပေါများပြီး လူမိုက် အချင်းချင်းပင် ကြောက်ရသော လူမိုက်ကြီး ပုဏားဘထွန်း အိမ်ပေါ်က လုံး၀ ဆင်းမလာ ။

တကယ်တော့ ပုဏားဘထွန်းနဲ့ ဖိုးတုတ် အသက်ချင်း အရွယ်ချင်း ကွာလွန်းနေပြီ ။ ဘယ်လောက်ပဲ မိုက်ခဲ့ မိုက်ခဲ့ နွားအို က ပေါင်ကျိုးနေပြီဖြစ်တဲ့ ပုဏား အနေဖြင့် ဖိုးတုတ် နှင့် တစ်ယောယ်ချင်း ယှဉ်လို့ မဖြစ် နိုင်တော့မှန်း သိသည်.. အိမ်ပေါ်က လုံးဝဆင်းမလာ ။
အကြိမ်ကြိမ် စိန်ခေါ်ပြီး ဖိုးတုတ်က စကားတစ်ခွန်းပြော သွားသည် ။

” ခင်ဗျားက လူမိုက် ပုဏား မဟုတ်တော့ဘူး.. ဆန်တောင်းတဲ့ ပုဏ္ဍားဖြစ်သွားပြီ……….

ဖိုးတုတ် က ဒီနေ့က စပြီး လမ်းမတော် လူမိုက်ဖြစ်သွားပြီ ”

တကယ့် ဝါရင့်လူမိုက်ကြီး ပုဏားဘထွန်း ကိုပင် အိမ်ရှေ့သွား စိန်ခေါ်သော ဖိုးတုတ် သတင်း က တစ်ခြား နယ်ပယ် ပိုင် လူမိုက်ကြီးတွေကြား ဂရက် ရိုက်သွားပါတော့တယ်…။

အဲ့ဒီလို နဲ့ ရန်ကုန် လူမိုက်လောက မှာ လမ်းမတော် ဖိုးတုတ် က အချိန်တို အတွင်း နေရာရခဲ့သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်..။

လမ်းမတော်ဖိုးတုတ် ဆိုတာ အပိုင်း(၂)

ကိုကိုမောင်ရေးသားသည်။

နယ်ချဲ့ဖိုးတုတ်

အဲ့ဒီခေတ်က ရန်ကုန်မြို့ ရပ်ကွက် အသီးသီးမှာ တစ်ဗိုလ် တစ်မင်း စိုးမိုး မင်းမူနေသည့် ရပ်ကွက် အပိုင် စား လူမိုက် များ သာ ကြီးစိုး ပါတယ်..။ လူမိုက် အချင်းချင်းနယ် မကျော်ကြပဲ နယ်ကျော် တဲ့ လူမိုက်တွေ အတွက်လည်း ဇာတ်သိမ်း မကောင်းခဲ့တာ ထုံးစံလိုဖြစ်နေ ခဲ့ပါတယ်..။

ဒါပေမယ့် လမ်းမတော်ဖိုးတုတ် ကတော့ လမ်းမတော် တစ်ရပ်ကွက်ထဲ မှာ ထိုင်ပြီး မင်းမူနေရုံ နဲ့ ကျေနပ် နိုင်သူ မဟုတ်ပါဘူး..။ ဖိုးတုတ် ပထမဆုံး မျက်စောင်းထိုးတာ ကတော့ ပန်းဆိုးတန်းလမ်း ပါ.. ။ ပန်းဆိုးတန်းလမ်း မှာက ဗိုလ်တစ်ထောင် ၊ ကျောက်တံတား လူမိုက် မတ်စတီးခန်း ကြီးစိုးနေပါတယ် ။

မတ်စတီးခန်း က တော့ သူ့လက်ရုံး မာမွတ်ကိစ္စပြီး ကတည်းက ဖိုးတုတ်ကို ရှောင်ဖို့ သူ့တပည့်တွေကို မှာပါတယ်..

ဒါပေမယ့်…………ဖိုးတုတ် ပန်းဆိုးတန်း ကို ကိစ္စ တစ်ခုနဲ့သွားတဲ့ ည မှာ မတ်စတီးခန်း တပည့် တစ်ယောက် က နယ်ကျော်လာ တယ်ဆိုပြီး ဖိုးတုတ်ကို ရင့်ရင့် သီးသီးပြောခဲ့တဲ့ အတွက် အဲ့ဒီ လူမိုက် ဟာ ဖိုးတုတ် ဓါးချက်နဲ့ အူပွင့်တဲ့ အထိ အထိုးခံခဲ့ ရပါတော့တယ်..။

မတ်စတီးခန်း ဟာ ဖိုးတုတ် နဲ့တိုက်ရိုက်တွေ့မယ် ထင်ခဲ့ပေမယ့်… သူ တကယ်ရင်ဆိုင် လိုက်ရတာက သူ့ဗိုလ်တစ်ထောင်နယ်ထဲ က လူမိုက်ပေါက်စလေး ငမိုး ပါပဲ..။ မတ်စတီးခန်း ရဲ့ တပည့်တွေ ကြီးစိုးနေ တဲ့ ဗိုလ်တစ်ထောင် ဘုရားပွဲတော် ညတစ်ည မှာ ဗိုလ်တစ်ထောင်မြို့နယ် ထဲက ပျံကျပေတေနေတဲ့ ဆိုးသွမ်း လူငယ်လေး တစ်ယောက်က မတ်စတီးခန်း တပည့် ကုလားလူမိုက် (၈)ယောက်ကို ဓါးနဲ့ ဝင် ပိုင်းပါတယ် ။

ကုလားလူမိုက် (၃)ယောက် သေလုမျောပါး ဒဏ်ရာရသွားကြပြီး ကျန်တဲ့ လူမိုက်တွေလည်းခွေးပြေး ဝက်ပြေး ပြေးခဲ့ ရပါတော့တယ်…. ဒီအချိန်က စလို့ မက်စတီးခန်း ဟာ ပန်းဆိုးတန်း ကို ဖိုးတုတ်လက် ၊ ဗိုလ်တစ်ထောင် ကို ငမိုးလက် အပ်ပြီး လူမိုက်လောက ကနေ တစ်ဖြည်းဖြည်းနောက်ဆုတ် သွားပါတော့ တယ်..။

လမ်းမတော်ဖိုးတုတ် နဲ့ မရှေးမနှောင်း မှာပဲ ဓားရေးကြွယ်ပါတယ် ဆိုတဲ့ ဗိုလ်တစ်ထောင် ငမိုး ရဲ့ နာမည် ဟာလည်း ရန်ကုန် လူမိုက်လောက မှာ တဖြည်းဖြည်းကြီးမား လာပါတော့တယ်..။

ဗိုလ်တစ်ထောင်ငမိုးရဲ့ ဧည့်ဝတ်

ငမိုး ပခုံးချင်းယှဉ်လာပြီ ဆိုတာနဲ့ လမ်းမတော်ဖိုးတုတ် က သူ့ထုံးစံ အတိုင်း ထိပ်တိုက်တွေ့ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်..။

ရန်ကုန်ရဲ့ ချမ်းစီးစီး ဒီဇင်ဘာ မနက်ခင်း တစ်ခုမှာ သက္ကလပ် အင်္ကျီအထူစားအောက်မှာ ဓားရှည် တစ်ချောင်း ကို လွယ်ပြီး ဘိုကလေးဈေး (ဘရုတ်ကင်းဈေး) လမ်းထဲ ကို ဝင်လာတဲ့ ဖိုးတုတ် ကို တွေ့ရပါတယ်..။

ဖိုးတုတ်က ဗိုလ်တစ်ထောင်ငမိုးအိမ်ရှေ့ရပ်လိုက်တယ်ဆိုလျှင်ပဲ…ငမိုးဘာလုပ်ရမှန်းမသိ ပြူးပြူး ပြာပြာဖြစ် သွားပါတယ် …. ငမိုး ချက်ချင်း အိမ်ပေါ်ကပြေးဆင်းပြီး လာရင်း ကိစ ္စကိုမေး ပါတော့တယ်.။

ဖိုးတုတ် က သက္ကလပ် အင်္ကျီ ကို ဆွဲချွတ်ပြီး ရင်ဘတ်ကိုကော့ပေးသည်.. အေး ငမိုး မင်းဓါးရေးထက် တယ်ဆိုလို့ ငါလာ အထိုးခံကြည့်တာ ဟု အော်ကြီး ဟစ်ကျယ်ပြောတော့သည် ။

ငမိုးကလည်း လူနပ်…။ ပုဏားလိုတော့ အရှက်ကွဲ မခံနိုင် ။ ဒီတော့ ဖိုးတုတ် ကို ပြုံးပြရင်း”ဟာ အကိုကြီး ကလည်း မဟုတ်တာ ဒီအကြောင်းတွေ မပြောပါနဲ့ ကျွန်တော်တို့ဗမာညီအစ်ကို ချင်း ကြား မှာ ဒါမျိုးတွေရှိသေးလားဗျာ.. အကိုတွေ့ချင်ရင်ခေါ်ခိုင်း လိုက်ပေါ့..တကူးတက ကျွန်တော့်ဆီ လာနေရ တယ်လို့”

“အေး မင်းက ဗိုလ်တစ်ထောင် မှာ ဗိုလ်မထားဘူး ဆိုလို့.. ငါကလည်း ဗိုလ်လာ လုပ်တာလေကွာ”

“ဟာ အကိုကြီးရာ ကျွန်တော့် ကို မကြိုက်တာရှိရင် ဆုံးမလို့ရပါတယ်.. နာခံပါ့မယ်..ကျွန်တော် အကိုကြီး ကို ဧည့်ဝတ်ပြုပါရစေ ”

ဖိုးတုတ် ဘာမှ မပြောတော့ပါ… ဗိုလ်တစ်ထောင် ငမိုး … နယ်မြေ ချင်း စည်းမကျော် ဖို့သာပြော ခဲ့ပြီး ..။
အပြန်တွင်တော့ အလာတုန်း ကလို မဟုတ်…………ဗိုလ်တစ်ထောင် ငမိုးပိုင် ရထားလုံးနှင့် ဖိုးတုတ်ကို အိမ်အရောက် လိုက်ပြန်ပို့ပေးပါတော့တယ်………….။

အဲ့ဒီအချိန်က စပြီး ဗိုလ်တစ်ထောင် ငမိုး သေဒဏ် ကျသွားတဲ့ အချိန်အထိ ဖိုးတုတ်နဲ့ ငမိုးတို့ဟာ သံခင်း တမန်ခင်း ဆက်ဆံရေးနဲ့ ဘာပြသနာ မှ ထပ်မဖြစ်ကြတော့ပါဘူး..။

သူဌေးဖိုးတုတ်

လမ်းမတော် ဖိုးတုတ် ဟာ အရင် လူမိုက်တွေလို ကိုယ့်နယ်မြေ ကျဉ်းကျဉ်းလေး ထဲ မင်းမူနေတာ မဟုတ် တဲ့အတွက် ကြည်မြင်တိုင် ၊ ပုဇွန်တောင် ၊ လသာ ၊ ကမ်းနားလမ်း သိမ်ကြီးဈေး လူမိုက်တွေက အစ ဖိုးတုတ်ရဲ့ တပည့်အဖြစ် ဝင်ရောက်လာပြီး နယ်မြေဆိုင်ရာ ဆက်ကြေး တစ်ပုံကို လမ်းမတော် ဖိုးတုတ်ထံ သွင်းကြရပါတော့တယ် ..။

ရန်ကုန်မြို့ထဲ က ဘိန်းခန်းများ ၊ ဇိန်ခန်းများ ၊ ဟိုတယ်များ ၊ ပျော်ပွဲစား ရုံကြီးများ မှ အစ သိမ်ကြီးဈေး၊ သံဈေး ရှိ အရောင်းအဝယ် ဒိုင်ကြီးများ၊ လောင်းကစား ဝိုင်းများ အလယ် ၊ ကြည့်မြင့်တိုင် စက်ဆန်း ပြေး ဆွဲသော ဘတ်စ်ကားလိုင်းတွေ ၊ ဂိတ်ထိုးသည့် Taxi ကားများ အဆုံး လစဉ် ဆက်ကြေး များအား ဖိုးတုတ် ထံ ပေးသွင်းရတော့သည်..။

လမ်းမတော်ဖိုးတုတ် ဝင်ငွေက တစ်လလျှင် (၃၀၀၀)နီးပါး ရှိသည် ဟု ခန့်မှန်းကြ သလို ဖယ်မလီယာ ကား(၂)စီးနှင့် မော်တော် တစီးပိုင်သည် အထိ ကြွယ်၀ ချမ်းသာ လာခဲ့တော့သည်..။

လမ်းမတော် ဖိုးတုတ်က ရာဇဝတ်မှုများ လိုက်ရာတွင် နာမည်ကြီးသော ရှေ့နေကြီး ပန်ကာအေးကို လို လူကို ပင် ဥပဒေ အကြံပေးအဖြစ် လစာပေး ငှားထားလိုက်သေးသည်..။

နာမည်ကြီးလာသည် နှင့်အမျှ အပေါင်းအသင်း များလာသည် ။ ဗိုလ်အောင်ဒင် ရုပ်ရှင်မင်းသား ခင်မောင်ရင် ၊ ဇာတ်မင်းသားရွှေကျီးညို တို့ ဖိုးတုတ်နှင့် တတွဲတွဲ ဖြစ်လာသည် ။ နိုင်ငံရေးလောက မှ အမတ် များနှင့် တစ်စားပွဲတည်း ထိုင်သောက်နိုင်သည် အထိ ဖိုးတုတ် ပါဝါက ကြီးမားခဲ့သည် ။

အချစ်လူကြမ်း ဖိုးတုတ်

လူမိုက် ဆိုတာ ဂျိုနဲ့လား ဆိုသော ဆိုရိုးစကား ရှိပါတယ်… ဖိုးတုတ် က ဂျိုနဲ့ လူမိုက် မဟုတ်ပေမယ့် နှလုံးသား နဲ့ လူမိုက်ပါ……….။

ဖိုးတုတ် နှလုံးသား ကို ညှိငင် ဖမ်းစားထားတာ က လမ်းမတော် သူ တရုတ်ကပြား မသင်းမြ..။

မသင်းမြ က အဖေ မရှိတော့ အမေနဲ့အဒေါ်က လမ်းမေတော် (၂၄)လမ်း၊ ကွမ်းတန်းဈေး တွင် ဈေးရောင်း တဲ့ သူတွေ.. ဖိုးတုတ် အမေနဲ့ မသင်းမြ အမေက ဥပုသ်စောင့် ၊ ဘုရားသွား အတူတူ လူရင်းတွေ..။

ငွေရေးကြေးရေးတောင့်တင်းပြီး ဖိုးတုတ် အမေ ဒေါ်ချစ်ပု ငွေလို လျှင် မသင်းမြ တို့ မိဘတွေ က ထောက် ပံ့နေကြ။ မသင်းမြ ကို ဖိုးတုတ် ကြိုက်တယ်.. ဒါပေမယ့် ဖွင့်မပြောရဲ ခဲ့… မသင်းမြ ရှေ့ရောက် လျှင်ပင် လူမိုက်ကြီး က ရဲရဲဝံ့ဝံ့ စကားမပြောရဲရှာ ..။

ဒါပေမယ့် တပည့် အရင်းတွေ..အပေါင်းအသင်း အရင်းတွေ နဲ့ အတူတူသောက်ကြတဲ့ အရက်ဝိုင်း မှာတော့ ဖိုးတုတ်ကြီး ရဲ့ ရင်တွင်းဝေဒနာတွေ က အန်အန် ထွက်လာ တတ်လို့…. ဖိုးတုတ် ရင်တွင်းက အချစ် ဓာတ်တွေ ကို သူ့ညီ ဘသိန်းနဲ့ တပည့် ရင်းတွေဖြစ်တဲ့ လသာ လူမိုက် စံဘသောင်းရီ (ခေါ်) ဂန္ဒမာ ဆောင်းရင် ၊ ကမ်းနားလမ်း အုန်းဖေ ၊ လွစ်စ်လမ်း ငညွန့် ၊ တာမွေအောင်ဘ ၊ လက်ကောက် ချန်ထွန်း တို့က အူမချေးခါး မကြားချင် မှ အဆုံး သိထားပြီးသား..။

မသင်းမြ က ဘာသာ တရားရဲ့ အရိပ်အောက်မှာ ကြီးပြင်း လာခဲ့တဲ့ မိန်းကလေး ပီပီ ဖိုးတုတ်လို နာမည် ကြီး လူမိုက် ကို ဝေးဝေးရှောင် ပါတယ်.. ဒါပေမယ့် မသင်းမြက ဖိုးတုတ်ညီ ကိုဘသိန်း နဲ့တော့ တော်တော် ရင်းနှီးပါတယ်တဲ့……။

ဈေးထဲမှာ မသင်းမြ ကလည်း မဟုတ်မခံ ဇတ်ဇတ်ကြဲ…ဆိုတော့ ဘသိန်း က သူ့အကိုနဲ့ စိတ်ချင်းတူ သဟဲ့ ဆိုပြီး မသင်းမြ ကို သူ့အကို ဖိုးတုတ်နဲ့ ကြိတ် သဘောတူနေပါတယ် ။

ဖြစ်ချင်တော့ အဲ့ဒီနေ့က…

မသင်းမြ ဈေးရောင်း တဲ့နေရာကို ဘသိန်း ရောက်လာပြီး ကိုဖိုးတုတ် က မသင်းမြ ကို ချစ်ကြောင်း ကြိုက်ကြောင်း ကို အောင်သွယ်ပြောပါတော့တယ်.. အဲ့ဒီမှာ မသင်းမြက ဘသိန်းကို ခဲနဲ့ကောက်ထု လိုက်ပါလေရောလား…နဖူး အာလူးသီးကြီး ကို အုပ်ပြီး အောင်သွယ်တော် ဘသိန်းက စပ်ဖြဲဖြဲ နဲ့ နောက်ကြောင်းပြန် လှည့်ပြေးလာခဲ့ပါတယ်..။

အဲ့ဒီညက လမ်းမတော် ဖိုးတုတ် နှင့် တွဲဖက် ရုပ်ရှင် မင်းသားခင်မောင်ရင် ၊ ဇာတ်မင်းသား ရွှေကျီးညို ၊ ရုပ်ရှင် မင်းသားကျော်စိုး တို့ နန်းသီတာ ဆိပ်ကမ်းက သင်္ဘော တစ်စီးပေါ်မှာ လေညှင်း ခံရင်း အရက်သောက်ခဲ့ရာ မှ အမူးလွန်သွားခဲ့ ပါတယ်..။

ခင်မောင်ရင် ကားနဲ့ ဖိုးတုတ် ကို အိမ်အထိ လိုက်ပို့ကြပြီး သူငယ်ချင်းတွေပြန်သွားကြတော့ ဖိုးတုတ် အိပ်ပျော်သွား ပါလေရောလား..။
မနက် မိုးလင်းတော့ အခန်း တံခါးခေါက်သံကြောင့် ဖိုးတုတ် တံခါးကို ဆွဲဖွင့်လိုက်တော့…သူ့ညီ ဘသိန်း နဲ့ တပည့်တွေက မိန်းမ တစ်ယောက်ကို အတင်းဆွဲခေါ်လာပြီး ဖိုးတုတ် အခန်းထဲ အတင်း တွန်းပို့တော့ ပါလေရော..။

လမ်းမတော် ဖိုးတုတ်
“ဟေ့ ကောင်တွေ ဒါ ဘာလုပ်တာလဲ”

“အကိုပဲ ညက မသင်းမြ ကို မရရင် သေတော့မယ်ဆို..အဲ့ဒါနဲ့ ကျုပ်တို့ စီမံလာပေးတာ” ဘသိန်း က ပြောပြော ဆိုဆိုနှင့် တံခါးကို ဆွဲပိတ် လိုက်ပြီး အပြင်က သော့ခတ် လိုက်ပါတော့တယ်..။

(အမှန်က မင်းသား ခင်မောင်ရင် စနက်ပါ.. ကိုဖိုးတုတ် ကိုလိုက်ပို့ရင်း ကနေ ဖိုးတုတ် ညီနဲ့တပည့် တွေကို မင်းတို့ အကိုတော့ မသင်းမြ ကို မရရင် နန်းသီတာ ဆိပ်က ခုန်ချမယ် လုပ်နေလို့ မူးအောင် တိုက်ပြီးပြန်ခေါ် လာတာ ဆိုပြီး သရုပ်ဆောင်ပြ သွားတာကို တပည့်တွေက အတည် ထင်ပြီး အခုလို လုပ်ပေး လိုက်ကြတာပါ..ပဲ)

ဖိုးတုတ် တပည့်တွေ ကို ဒေါသ ထွက်သလို..မသင်းမြ ကို အားနာနေသည် ။ မသင်းမြ က ငိုယိုနေတာမြင် ရတော့ သူ စိတ်မကောင်း.. ပြီးတော့ မသင်းမြ အမေတွေ က သူ့အမေ ရဲ့ ကျေးဇူးရှင်တွေ…. အခုတော့ ဘသိန်း နဲ့ တပည့်တွေကြောင့် အမေ မျက်နှာပျက် ရတော့မည်.. ဖိုးတုတ် ကို ဆဲသည် ။ ဖိုးတုတ်က ရှင်းပြသည် ။

တကယ်တော့ ဘသိန်း နှင့်တပည့်များ က မသင်းမြ အိမ်ကနေ ဈေးကို အထွက်မှာ ကားပေါ် တင်ဆွဲလာ ခဲ့ခြင်းတဲ့…..
ရန်ကုန် တစ်မြို့လုံး လွှမ်းမိုးနေသည့် ဖိုးတုတ် ၊ ဒုစရိုက် သမားတိုင်း ဦးညွှတ်ရသော ဖိုးတုတ် ၊ အသက် အရွယ် နှင့် ဥစ္စာပစ္စည်း ရှိသော သူဌေးလေး ဖိုးတုတ် ၊ သေရဲ ၊ သတ်ရဲ ၊ ရိုက်ရဲ လူမိုက်ကြီး ဖိုးတုတ် .. အခုတော့ မသင်းမြ ကို တောင်းပန်စကားတွေ တတွတ်တွတ် ဆိုနေရှာသည်။

မသင်းမြ ကလည်း လူမိုက်တွေ ပေါများ လှသည့် ရန်ကုန်မြို့ကြီးတွေ မိန်းမသားတွေ ချည်း ဈေးရောင်း စားနေရ သည့် ဘဝက မလုံခြုံ.. ဖိုးတုတ်နှင့် ပတ်သက်မိလျှင် မိမိ မိဘအသိုင်းအဝိုင်း အားလုံးကို ဘယ်သူ မှ မတို့ရဲ မထိရဲသည့် လုံခြုံမှု ရလာနိုင်သည် ကိုတွေးမိသွားတယ် ထင်ပါရဲ့…။ အဲ့ဒီ အခန်းလေးထဲ မှာ ဖိုးတုတ် လူပျိုဘ၀ တစ်စခန်း သိမ်းသွားတော့သည်။

ဖိုးတုတ် အတု (သို့) လမ်း(၃၀) ဖိုးတုတ်

မင်္ဂလာဆောင် ခါနီး ပျော်ရွှင်နေသော လမ်းမတော် ဖိုးတုတ် ဒေါသ ထွက်နေပါတယ်..။

သားလုပ် သမျှ ချိုသည် ခါးသည် မပြောဖူးသော မိခင်ကြီး ဒေါ်ချစ်ပု က အခု နာနာကြည်းကြည်းနှင့် လာပြော သွားတဲ့ စကားက…..ဖိုးတုတ် ကို ယမ်းပုံ မီးကျစေပါတော့တယ်။

“ဖိုးတုတ် နင် လူမိုက် ရုံတင် မကတော့ဘူး လူလိမ် လူယုတ်မာဖြစ်နေပြီ…. ငါတို့ ဈေးရောင်းစား လာ တာ တစ်သက်လုံး သူတစ်ပါး ပစ္စည်းကိုမလိမ်မညာ ခဲ့ဘူး..နင့် ကျမှ တစ်ဈေး လုံး ဟိုးဟိုးကျော် ကလိမ် ဖိုးတုတ်ဖြစ်နေပါလားဟဲ့” တဲ့ ။
တပည့်တွေ ကို စုံစမ်းခိုင်းကြည့်တော့ ဟုတ်သည် ။

သိမ်ကြီးဈေး နဲ့ လသာ တစ်ဝိုက်မှာ ဖိုးတုတ် ဆိုတဲ့ နာမည်နဲ့ ကုန်တွေ မှာပြီးနယ်ပို့ သတဲ့.. ပြီးတော့ ကုန်သည်တွေ ကို ပိုက်ဆံ မရှင်းပဲ ဗြောင်လိမ်သည် ။ ကုန်သည်တွေ ခမျာ လည်း ဖိုးတုတ် ဆိုသည့် နာမည်ကြား သည်နှင့်ပင် သွား မတောင်းရဲတော့ချေ..။

ဖိုးတုတ် ဓါးဆွဲပြီး ဆင်းလာခဲ့သည်……………….။ ………..အဲ့ဒီ ဖိုးတုတ် က ဘယ်သူလဲ ။ ကြာကြာ မစုံစမ်းရ..လမ်းမတော် ဖိုးတုတ်တော့ မဟုတ် လမ်း(၃၀) ဖိုးတုတ် တဲ့ ပွဲစား ဖိုးတုတ်လို့လဲ ခေါ်သတဲ့..။

လမ်းမတော် ဖိုးတုတ်…..လမ်း(၃၀) ဖိုးတုတ်ကြောင့် ဒေါသထွက်ရပြီ..။
မကြာမီ……..ဖိုးတုတ် တပည့်တွေ လက်ထဲမှာ ယက်ကန်ယက်ကန် နဲ့ မူးနေတဲ့ လူတစ်ယောက် ပါလာ ပါတော့တယ်..။

လမ်းမတော် ဖိုးတုတ်ကို အထင်သေး သည့် အမူအယာဖြင့် လမ်း(၃၀) ဖိုးတုတ်က ကြည့်လိုက်သည်။

“ခင်ဗျား..ဘယ်သူလဲ..ကျုပ်ကို ဘယ်သူမှတ် လို့ ဒီလိုခေါ်လာတာလဲ ..သေချင်လို့လား”

လမ်း(၃၀) က ဟောက်သည်..လမ်းမတော် က ရယ်သည်.။

“ကျုပ်နာမည် ဖိုးတုတ်ဗျ..ဖိုးတုတ်..ခင်ဗျားကြားဖူးတယ် မှတ်လား” လမ်း(၃၀) က ထပ်ဟောက်သည်။

“အေး မင်းက ဖိုးတုတ် ဆို ရော့..”
လမ်းမတော် ဖိုးတုတ်ကိုင်နေကျ မူလီခေါင်းတပ် ကြိမ်လုံးက လမ်း(၃၀) ဖိုးတုတ် မျက်နှာပေါ် ကန့်လန့်ဖြတ် ကျသွားသည် ။

လမ်း(၃၀) ဖိုးတုတ်ခွေသွားသည်..။
“ခင်ဗျား ဘယ်သူလဲ..ကျုပ် အကြောင်း မသိသေးဘူး ထင်တယ်”
“အေး..မင်း ငါ့ကို သိက္ခာချ တယ်..လူလိမ်..ခွေး”

“ကျုပ် အလုပ်ကျုပ် လုပ်တာ ခင်ဗျားကို ဘာသိက္ခာ ချနေလို့လဲ”

လမ်း(၃၀) ဖိုးတုတ်ကလည်း…….ပြန် ခံပက်သည် ။

“မအေ -ိုး………..ငါ လမ်းမတော် ဖိုးတုတ် ကွ”

ဒီတော့မှ လမ်း(၃၀) ဖိုးတုတ် ခေါင်းနပန်းကြီး သွားပါတော့တယ်……သွားပြီ သူ့ဘဝ..။

“မင်းလိမ် ထားတာတွေ (၃)ရက် အတွင်း ပြန်ပေး..မပေးရင်………………”

လမ်းမတော် ဖိုးတုတ် စကားမဆုံးလိုက် သလို လမ်း(၃၀) ဖိုးတုတ်လည်း စကားပြောခွင့် မရလိုက်ပါ.. မူလီခေါင်း တပ်ကြိမ်လုံးက လမ်း(၃၀) ဖိုးတုတ်ခေါင်းပေါ် အချက်ပေါင်းများစွာ ကျရောက်လာပါတော့ တယ်…………။

(၃)ရက်မြောက်နေ့ တွင် လမ်း(၃၀) ဖိုးတုတ် သည် သူ့အိမ် ကိုရောင်းချပြီး အကြွေးများ ချေသွားပါတော့ တယ်……….။

ဖိုးသူတော် (www.phothutaw.com)
Credit Original

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top