(၉) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×









Credit:.7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
ရွှေတစ်ကျပ်သား ကျပ်၁၀သိန်းကျော်ဆိုသည်မှာ စံချိန်တင်မြင့်တက်ခြင်းဖြစ်သည် (ဓာတ်ပုံ−စိုင်းဇော်)

 ကမ္ဘာရွှေဈေးကျဆင်း နေသော်လည်း ငွေကြေးဈေးကွက် တွင် ကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀ သိန်းအထက်သို့ စံချိန်တင်မြင့်တက်လာသည်။

စက်တင်ဘာ ၁၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ဆယ်သိန်းနှစ်ထောင်သို့ ရောက်ရှိလာသည်။ မြန်မာနိုင်ငံ တွင် ကန်ဒေါ်လာတန်ဖိုးစတင်မြင့်တက်ခဲ့သည့် သုံးလအတွင်း ပြည်တွင်းရွှေဈေး   ၇ ရာခိုင်နှုန်းခန့်မြင့်တက်လာသည်။  ပြည်တွင်း အခေါက်ရွှေဈေးက   ဇွန်လ ၁၈ ရက်တွင် တစ်ကျပ်သား  ကျပ်၉၃၃,၀၀၀ ဈေးဖွင့်ခဲ့သည်။

‘‘ဈေးကတက်လာပေမယ့် အရောင်းအဝယ်လည်း ပုံမှန်ပါပဲ’’ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ပြည်တွင်းရွှေဈေးမြင့်တက် နေသော်လည်း ကမ္ဘာရွှေဈေးက သုံးလအတွင်း ၁၀ ရာခိုင်နှုန်းဈေး ကျဆင်းသည်။ ဇွန်လ ၁၈ ရက်က ကမ္ဘာရွှေဈေးသည် တစ်အောင်စ လျှင် ၁,၃၃၃ ဒေါ်လာ ရှိရာကစက်တင်ဘာ ၁၈ ရက်တွင် ၁,၁၉၉ ဒေါ်လာသို့ ကျဆင်းခဲ့သည်။

ကမ္ဘာ့ရွှေဈေးတစ်အောင်စ လျှင် ၁၃၄ ဒေါ်လာကျဆင်းလာ ချိန်တွင် ပြည်တွင်းရွှေဈေးမြင့် တက်ခြင်းနှင့် ပတ်သက်၍ ဦးဝင်း မြင့်က ကန်ဒေါ်လာတန်ဖိုးမြင့်တက်လာခြင်းနှင့် ပြည်ပသို့ ရွှေများတင်ပို့နေခြင်းက ဈေးတွန်း တင်သကဲ့သို့ ဖြစ်နေသည်ဟု ပြောသည်။ ပြီးခဲ့သည့်တစ်ပတ်ထိ မြန်မာနိုင်ငံတွင် ရောင်းချသည့် ရွှေဈေး နှုန်းက နိုင်ငံတကာဈေးနှုန်းထက် လျော့နည်းနေသဖြင့် ပြည်တွင်းမှ ရွှေများကို ပြည်ပသို့ ပြန်လည်တင်ပို့ရောင်းချမှုများရှိခဲ့သည်။ ထို့ ကြောင့် ပြည်တွင်းရွှေဈေးသည် ဆက်တိုက်မြင့်တက်လာရန် တွန်း အားဖြစ်ခဲ့ကြောင်း စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။

ပြည်တွင်းရွှေဈေးစံချိန်တင် မြင့်တက်ချိန်တွင် ဒေါ်လာဈေးကလည်း တစ်ဒေါ်လာလျှင် ၁,၅၇၂ကျပ်သို့ မြင့်တက်လာသည်။ ကန်ဒေါ်လာကို ကုန်စည်တစ်ခုကဲ့သို့ ဈေးနှုန်းမြင့်တက်ရန် ဈေးဆွဲတင်မှုများကြောင့် ပြန်လည်မြင့်တက်လာခြင်း ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

ထို့ကြောင့် ဈေးကစားလိုသူ များနှင့် တရားမဝင်နိုင်ငံခြားငွေ ကြေးရောင်းဝယ်သူများကို ဗဟို ဘဏ်က အရေးယူရန် လိုအပ်လာပြီဟု စီးပွားရေးလုပ်ငန်းရှင်အချို့ က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top