ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 စက္တင္ဘာ ၁၉ ရက္ေန႔ကၾကေရာက္ခဲ့ေသာ ေရႊထူးရဲ ့ေမြးေန ့ကို မိဘမဲ႔ေဂဟာမွာ မိသားစု၊ ခ်စ္သူနဲ႔အတူ သြားေရာက္ အလွဴျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အရင္က ျပတ္ဆဲခဲ့တဲ့ Relationship နဲ႔ပတ္သက္ျပီး အေဝဖန္ခံေနရတဲ့ ေရႊထူးရဲ႕အခ်စ္ေရးမွာ မိခင္ျဖစ္သူက ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္ေနခဲ့တာျဖစ္ပါတယ္။

သားျဖစ္သူ ေရႊထူးကို ဆဲၾကဆိုၾက ေဝဖန္ေနၾကတဲ့ ေကာမန္႔ေတြဟာ မိခင္ျဖစ္သူ ေဒၚယဥ္ေက်းရဲ႕ မ်က္ရည္ေတြကို စီးဆင္းေစခဲ့တာလည္းျဖစ္ပါတယ္။ ေရႊထူးမိခင္ကေတာ့ သူမရဲ႕သား ေရႊထူးအေပၚမွာ မဆဲပါနဲ႔ေတာ့လို႔ ေတာင္းဆိုလုိက္တာျဖစ္ပါတယ္။

ေမတၱာရပ္ခံခ်င္တာက မဆဲပါနဲ႔လို႔ ငိုျပီးေျပာခ်င္တာ။ ရင္ထဲမွာ အရမ္းခံစားရတယ္။ ကိုယ့္သားေလ တီက သိပ္ခ်စ္တာကိုး။ ခုလိုဆဲတာေတြ လာေမးရင္ မေျပာခ်င္ဘူး တီအရမ္းခံစားရတယ္။ အမွန္ တီ႔သားက အရမ္းဆိုးဆိုးဝါးဝါးၾကီးလုပ္ေနတာမဟုတ္ဘူးေလ။ ေယာက္က်ားပီပီသသနဲ႔ သူအကုန္လံုးကိုပြင့္ပြင့္လင္းလင္းေျပာျပီးမွ လုပ္တာေလ။ အဲမွာဆဲတဲ့ေျပာတဲ့လူေတြကလည္း ဒါေၾကာင့္ ဆဲခ်င္ေနၾကတာကိုး။ တီ႔သားမွမဟုတ္တာ။ အေမစုကိုေတာင္မွသူတို႔ဆဲၾကတာေလ။ သားထက္အမ်ားၾကီး အရည္အခ်င္းရွိတဲ့၊ အရည္အေသြးရွိတဲ့သူေတြကိုေတာင္မွ သူတုိ႔ဆဲေနၾကတာပဲ။ အဲေတာ့ဒီအေပၚမွာ တီလိုက္ခံစားေနရင္ တီလည္း အိပ္ယာထဲကေန ထႏိုင္မွာမဟုတ္ဘူး။ ဒါေပမယ့္ အေမတစ္ေယာက္အေနနဲ႔ေတာ့ အရမ္းခံစားရတာေပါ့။ အားရင္ငိုတာပဲ။ တီ ငိုတယ္ တီ႔မွာဘာမွမရွိဘူး။ တီ အားကိုးစရာ ဒီမ်က္ရည္ပဲ။

အဲလိုစိတ္ေပ်ာ့ စိတ္ေျပသြားရင္ တီကုိယ့္ကိုျပန္ျပီးထူေထာင္တာပဲ။ ဘာလို႔လဲဆို သားသမီးေတြေရွ႕မွာ တီရပ္ရဦးမယ္ေလ တီပဲရွိတာေလ။ ဒီသားသမီးေတြက တီ႔ရဲ႕အားနဲ႔ ေနေနၾကတာ။ ပိုက္ဆံရွိတာ ခ်မ္းသာတာ တီစိတ္မဝင္စားဘူး။ တီ စိတ္ခ်မ္းခ်မ္းသာသာေလးပဲေနခ်င္တယ္။ ခု ဆဲၾကဆိုၾကတယ္ အန္တီသားကို ကြ်ဲေတြ၊ ႏြားေတြ သူတုိ႔မိဘေတြ သူတို႔ကိုေျပာရင္ ဘယ္လိုခံစားရမလဲဆိုတဲ့ ကိုယ္ခ်င္းစာတရားေလး ျမင္ရင္ပဲ အန္တီေက်နပ္ပါျပီ။ ဆဲရမွ ေက်နပ္မယ္ဆုိရင္လဲ ဆဲပါ အန္တီဘာမွမေျပာပါဘူး။ အားေပးတဲ့ပရိသတ္ေတြကိုေတာ့ တအားခ်စ္တာ အန္တီအိမ္မွာ ထမင္းေတာင္ ေခၚျပီး တစ္သက္လံုးေက်ြးထားခ်င္တာ။ တီအရမ္းေမတၱာေပးတယ္။

တခ်ိဳ႕ကေလးေတြ အန္တီ႔သားေပၚ ေျပာၾကဆိုၾကတာ သားေလးကိုခ်စ္လြန္းလို႔ ျဖစ္ၾကတာ အန္တီနားလည္တယ္။ ဂရုဏာေဒါသနဲ႔ျဖစ္ၾကတာ။ သို႔ေသာ္လည္းပဲ သူတုိ႔ေတြက ဦးေႏွာက္မရွိတဲ့ အေတြးအေခၚမရွိတဲ့ ကေလးေတြမဟုတ္ဘူး သူတုိ႔မွာလည္း သူတို႔ဆံုးျဖတ္ပိုင္ခြင့္ရွိတဲ့အခါက်ေတာ့ ပရိသတ္ေတြမွာလည္း သူတို႔ဆံုးျဖတ္ပိုင္ခြင့္နဲ႔ေျပာၾကတာ ေျပာပါေစ။ သုိ႔ေသာ္လည္းပဲ ေနာက္ပိုင္းဆက္ခ်စ္ေပးပါ။ ဒီေလာက္ေျပာခဲ့ရရင္ ေက်နပ္ၾကပါေတာ့ ။ ရပ္ေပးၾကပါေတာ့ ဒါေလးပါပဲ။

ေရႊထူးဟာ အရမ္းအားငယ္တတ္တဲ့သားတစ္ေယာက္ျဖစ္ျပီး ယခုအခ်ိန္ထိ မိခင္ရင္ခြင္ထဲမွာ အားငယ္တဲ့အခါ လာေရာက္ငိုေၾကြးေနတုန္းလို႔ဆုိပါတယ္။ေဒၚယဥ္ေက်းအေနနဲ႔ေတာ့ ဘယ္အေျခအေနပဲေရာက္ေရာက္ သားျဖစ္သူေရွ႕ကေန မားမားမတ္မတ္ရပ္တည္ေပးဖုိ႔ ေရႊထူးကလည္း ေတာင္းဆိုထားတာျဖစ္ပါတယ္။ သူမအေနနဲ႔ေတာ့ ေရွ႕မွာ အမ်ားသိၾကတဲ့အတိုင္း စိတ္ဆင္းရဲမွုေတြကို အမ်ားၾကီးၾကံဳခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Celebrity အင္တာဗ်ဴးမွေျဖၾကားခ်က္အခ်ိဳ႕ကိုေကာက္ႏွုတ္ေဖာ္ျပထားျခင္းျဖစ္ပါသည္။

Photos-MC & Htoo Khant

#Unicode Version#
 စက်တင်ဘာ ၁၉ ရက်နေ့ကကြရောက်ခဲ့သော ရွှေထူးရဲ ့မွေးနေ ့ကို မိဘမဲ့ဂေဟာမှာ မိသားစု၊ ချစ်သူနဲ့အတူ သွားရောက် အလှူပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အရင်က ပြတ်ဆဲခဲ့တဲ့ Relationship နဲ့ပတ်သက်ပြီး အဝေဖန်ခံနေရတဲ့ ရွှေထူးရဲ့အချစ်ရေးမှာ မိခင်ဖြစ်သူက တော်တော်လေးစိတ်မကောင်းဖြစ်နေခဲ့တာဖြစ်ပါတယ်။

သားဖြစ်သူ ရွှေထူးကို ဆဲကြဆိုကြ ဝေဖန်နေကြတဲ့ ကောမန့်တွေဟာ မိခင်ဖြစ်သူ ဒေါ်ယဉ်ကျေးရဲ့ မျက်ရည်တွေကို စီးဆင်းစေခဲ့တာလည်းဖြစ်ပါတယ်။ ရွှေထူးမိခင်ကတော့ သူမရဲ့သား ရွှေထူးအပေါ်မှာ မဆဲပါနဲ့တော့လို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

မေတ္တာရပ်ခံချင်တာက မဆဲပါနဲ့လို့ ငိုပြီးပြောချင်တာ။ ရင်ထဲမှာ အရမ်းခံစားရတယ်။ ကိုယ့်သားလေ တီက သိပ်ချစ်တာကိုး။ ခုလိုဆဲတာတွေ လာမေးရင် မပြောချင်ဘူး တီအရမ်းခံစားရတယ်။ အမှန် တီ့သားက အရမ်းဆိုးဆိုးဝါးဝါးကြီးလုပ်နေတာမဟုတ်ဘူးလေ။ ယောက်ကျားပီပီသသနဲ့ သူအကုန်လုံးကိုပွင့်ပွင့်လင်းလင်းပြောပြီးမှ လုပ်တာလေ။ အဲမှာဆဲတဲ့ပြောတဲ့လူတွေကလည်း ဒါကြောင့် ဆဲချင်နေကြတာကိုး။ တီ့သားမှမဟုတ်တာ။ အမေစုကိုတောင်မှသူတို့ဆဲကြတာလေ။ သားထက်အများကြီး အရည်အချင်းရှိတဲ့၊ အရည်အသွေးရှိတဲ့သူတွေကိုတောင်မှ သူတို့ဆဲနေကြတာပဲ။ အဲတော့ဒီအပေါ်မှာ တီလိုက်ခံစားနေရင် တီလည်း အိပ်ယာထဲကနေ ထနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အမေတစ်ယောက်အနေနဲ့တော့ အရမ်းခံစားရတာပေါ့။ အားရင်ငိုတာပဲ။ တီ ငိုတယ် တီ့မှာဘာမှမရှိဘူး။ တီ အားကိုးစရာ ဒီမျက်ရည်ပဲ။

အဲလိုစိတ်ပျော့ စိတ်ပြေသွားရင် တီကိုယ့်ကိုပြန်ပြီးထူထောင်တာပဲ။ ဘာလို့လဲဆို သားသမီးတွေရှေ့မှာ တီရပ်ရဦးမယ်လေ တီပဲရှိတာလေ။ ဒီသားသမီးတွေက တီ့ရဲ့အားနဲ့ နေနေကြတာ။ ပိုက်ဆံရှိတာ ချမ်းသာတာ တီစိတ်မဝင်စားဘူး။ တီ စိတ်ချမ်းချမ်းသာသာလေးပဲနေချင်တယ်။ ခု ဆဲကြဆိုကြတယ် အန်တီသားကို ကျွဲတွေ၊ နွားတွေ သူတို့မိဘတွေ သူတို့ကိုပြောရင် ဘယ်လိုခံစားရမလဲဆိုတဲ့ ကိုယ်ချင်းစာတရားလေး မြင်ရင်ပဲ အန်တီကျေနပ်ပါပြီ။ ဆဲရမှ ကျေနပ်မယ်ဆိုရင်လဲ ဆဲပါ အန်တီဘာမှမပြောပါဘူး။ အားပေးတဲ့ပရိသတ်တွေကိုတော့ တအားချစ်တာ အန်တီအိမ်မှာ ထမင်းတောင် ခေါ်ပြီး တစ်သက်လုံးကျွေးထားချင်တာ။ တီအရမ်းမေတ္တာပေးတယ်။

တချို့ကလေးတွေ အန်တီ့သားပေါ် ပြောကြဆိုကြတာ သားလေးကိုချစ်လွန်းလို့ ဖြစ်ကြတာ အန်တီနားလည်တယ်။ ဂရုဏာဒေါသနဲ့ဖြစ်ကြတာ။ သို့သော်လည်းပဲ သူတို့တွေက ဦးနှောက်မရှိတဲ့ အတွေးအခေါ်မရှိတဲ့ ကလေးတွေမဟုတ်ဘူး သူတို့မှာလည်း သူတို့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အခါကျတော့ ပရိသတ်တွေမှာလည်း သူတို့ဆုံးဖြတ်ပိုင်ခွင့်နဲ့ပြောကြတာ ပြောပါစေ။ သို့သော်လည်းပဲ နောက်ပိုင်းဆက်ချစ်ပေးပါ။ ဒီလောက်ပြောခဲ့ရရင် ကျေနပ်ကြပါတော့ ။ ရပ်ပေးကြပါတော့ ဒါလေးပါပဲ။

ရွှေထူးဟာ အရမ်းအားငယ်တတ်တဲ့သားတစ်ယောက်ဖြစ်ပြီး ယခုအချိန်ထိ မိခင်ရင်ခွင်ထဲမှာ အားငယ်တဲ့အခါ လာရောက်ငိုကြွေးနေတုန်းလို့ဆိုပါတယ်။ဒေါ်ယဉ်ကျေးအနေနဲ့တော့ ဘယ်အခြေအနေပဲရောက်ရောက် သားဖြစ်သူရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးဖို့ ရွှေထူးကလည်း တောင်းဆိုထားတာဖြစ်ပါတယ်။ သူမအနေနဲ့တော့ ရှေ့မှာ အများသိကြတဲ့အတိုင်း စိတ်ဆင်းရဲမှုတွေကို အများကြီးကြုံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Celebrity အင်တာဗျူးမှဖြေကြားချက်အချို့ကိုကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Photos-MC & Htoo Khant
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top