မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×














































Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #လင်္ကာဒီပချစ်သူ ပြဇာတ်ကို ယခင်စီစဉ်ထားသူများ နှင့်မဟုတ်ဘဲ ပြောင်းလဲကပြမည် ကို ကြိုတင်အသိမပေးသော် လည်း ကပြခွင့်ပြုခဲ့ကြောင်း စာ ရေးဆရာချစ်ဦးညိုက ပြောသည်။








Credit:7daydaily
လင်္ကာဒီပချစ်သူ ပြဇာတ်ကို ယခင်စီစဉ်ထားသူများ နှင့်မဟုတ်ဘဲ ပြောင်းလဲကပြမည် ကို ကြိုတင်အသိမပေးသော် လည်း ကပြခွင့်ပြုခဲ့ကြောင်း စာ ရေးဆရာချစ်ဦးညိုက ပြောသည်။

‘‘သဘောတူခြင်း၊ မတူခြင်း အသာထား၍ စိတ်မကောင်းစွာ နဲ့ပင် နားလည်ခွင့်လွှတ်လိုက်ပါ တယ်’’ ဟု ၎င်းကပြောသည်။

လင်္ကာဒီပချစ်သူပြဇာတ်ကို မန္တလေးတွင် ဇန်နဝါရီလကုန်က နာမည်ကြီးသရုပ်ဆောင်များဖြင့် ကပြရန် စီစဉ်ခဲ့သော်လည်း မက ပြဖြစ်ဘဲ အဆိုပါဝတ္ထုကို ဝယ် ယူထားသူက မင်းသား၊ မင်းသမီး အချို့ကို အပြောင်းအလဲပြုလုပ်၍ ယခုနှစ်ကုန်တွင် ကပြရန်စီစဉ်ခဲ့ သည်။ ယင်းကိစ္စ ကြော်ငြာတွေ့ ချိန်မှသာ စာရေးဆရာချစ်ဦးညို သိရှိပြီး လက်ရှိတွင် ပွဲစီစဉ်သည့် မန္တလေးအင်တာတိန်းမန့်ဘက်က ဖုန်းဆက်  တောင်းပန်သော ကြောင့်  ကပြခွင့်ပြုခဲ့သည်ဟု ဆရာချစ်ဦးညိုက ဆိုသည်။

ဇန်နဝါရီတွင် ကပြရန်စီစဉ် ခဲ့စဉ် ဒဿဂီရိအဖြစ် လူမင်း၊ ဦးရီးတော် မာရဇ္ဇအဖြစ် ကျော် သူ၊ ရာမမင်းသားအဖြစ် သူထူးစံ၊ ဘိဘိသနအဖြစ် ကျော်ကျော်ဗို၊ ဒဿဂီရိညီမ ဂမ္ဘီအဖြစ်ခိုင်သင်း ကြည်၊ သီတာဒေဝီအဖြစ်ဝတ်မှုံ ရွှေရည်တို့ကို ရွေးချယ်ထားသော် လည်း ယခုကပြမည့် ပြဇာတ်တွင် လူမင်းနှင့် ဝတ်မှုံရွှေရည်တို့သာ ပြန်လည်ပါဝင်ပြီး အခြားအနု ပညာရှင်များကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

ထို့အပြင် ယခင်က ယင်း ပြဇာတ်ဒါရိုက်တာအဖြစ် ဇာနည် က တာဝန်ယူသော်လည်း ယခု ဒါရိုက်တာမောင်သီက ဆောင် ရွက်မည်ဖြစ်သည်။

‘‘ရှေ့မှာသူတို့စီစဉ်ထားတာ အကြောင်းအမျိုးမျိုးကြောင့် မက ဖြစ်ဘူး။ ကိုယ့်ဆီရောက်လာ တော့ ဝယ်ထားပြီးသားလားမေး တော့ ဟုတ်တယ်တဲ့။ ဝယ်ထား ပြီးသားဆိုတော့ လက်ခံလိုက် တာ’’ ဟု ဒါရိုက်တာမောင်သီက ပြောသည်။

ယင်းဝတ္ထု ပိုင်ရှင်ဆရာချစ် ဦးညိုထံ ၎င်းရိုက်ကူးမည့်အ ကြောင်း အသိမပေးဖြစ်သော ကြောင့် စက်တင်ဘာ ၁၅ ရက် နံနက်ကဖုန်းဆက်၍ ၎င်းဘက် က အကြောင်းမကြားဖြစ်သည့် အပေါ် တောင်းပန်ခဲ့ကြောင်း ဆို သည်။

‘‘ပရိသတ်က သူတို့ရင်ထဲမှာ အမြတ်တနိုးထားတာကို ထိခိုက် ပွန်းပဲ့တယ်လို့ခံစားရလို့၊ လင်္ကာ ဒီပကြီးကို ချစ်လို့။ ကျွန်တော်အ ဆဲခံရပေမယ့် ကျေနပ်ပါတယ်’’ ဟု ယင်းကိစ္စနှင့်ပတ်သက်၍ လူမှု ကွန်ရက်တွင် ပရိသတ်အချို့က ဆဲဆိုဝေဖန်ခဲ့သည့်အပေါ် ဒါရိုက် တာမောင်သီက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top