ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တရားစီရင္ေရးနယ္ ပယ္က တိုင္းေဒသ ႀကီးအဆင့္အရာရွိ ႀကီးေတြအပါအ၀င္ ရဲအုပ္တစ္ ေယာက္တို႔ကုိ အဂတိလုိက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ စက္တင္ ဘာ ဒုတိယပတ္အတြင္း တရားစြဲ ဆုိလုိက္ပါတယ္။

တရားစြဲဆုိခံၾကရသူေတြ ဟာ တရားခံရဲ႕မိဘေတြထံကေန လာဘ္ေငြနဲ႔ တံစုိးလက္ေဆာင္ ေတြရယူခဲ့လုိ႔ တရားစြဲဆုိခံရတာ လုိ႔ဆုိပါတယ္။ တကယ္ေတာ့ ဒီ အမႈက အမ်ားသူငါအာ႐ုံစုိက္ခံရ တဲ့သ႐ုပ္ေဆာင္ေအာင္ရဲေထြး အသတ္ခံရတဲ့အမႈျဖစ္စဥ္ပါ။ ဒါ့ အျပင္ လူမသိသူမသိနယ္ၿမိဳ႕ေလး မွာျဖစ္ခဲ့တာမဟုတ္ဘဲ ရန္ကုန္လုိ ၿမိဳ႕ႀကီးျပႀကီးမွာ တုိင္းသိျပည္သိ ျဖစ္ခဲ့တဲ့မႈခင္းလည္းျဖစ္ပါတယ္။

လက္ရွိအဂတိလုိက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္လက္ ထက္မွာ အဂတိလုိက္စားမႈ ေၾကာင့္ တရားစြဲဆုိခံထားရတဲ့အ ဆင့္ျမင့္အရာရွိေတြ မ်ားစြာရွိ တယ္။ တရားေရးနယ္ပယ္က အ ရာရွိႀကီးေတြအပါအ၀င္ အက္ဖ္ဒီ ေအၫႊန္ၾကားေရးမွဴးခ်ဳပ္၊ အ ေကာက္ခြန္အရာထမ္း၊အမႈထမ္း ၁၃ ဦး၊ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမွဴးစတဲ့သူေတြ တရားစြဲဆုိခံ ထားရတယ္။

ျမန္မာႏုိင္ငံရဲ႕ တရားဥပေဒ စုိးမုိးေရးနဲ႔ တရားစီရင္ေရးနယ္ ပယ္မွာပါ အခုလုိအဂတိလုိက္စား မႈေတြရွိေနရင္ ျပည္သူေတြအဖုိ႔ ဘယ္သူ႔ကုိ အားကုိးအားထားျပဳ ၾကရေတာ့မလဲ။ ျမန္မာလူမ်ိဳးအ မ်ားစုက ႐ုံးေရာက္ဂါတ္ေရာက္ မွာ ေၾကာက္ၾကတယ္။ ႐ုံးျပင္ ကနားမသြားခ်င္ၾကဘူး။ မလႊဲ သာမေရွာင္သာလုိ႔ သြားရရင္ လည္း မ်က္လႊာေလးေအာက္ခ် ၿပီး သြားေနၾကရတယ္။ သာမန္ ျပည္သူေတြအဖုိ႔ ႐ုံးေရာက္ဂါတ္ ေရာက္ေရာက္ရတဲ့အခါ အ ေဟာက္ခံ၊ အေငါက္ခံသနားစရာ သတၱ၀ါေတြျဖစ္ၾကရရွာတယ္။

ျမန္မာဆုိ႐ုိးစကားမွာ ေတာ မီးေလာင္ေတာေၾကာင္လက္ခ ေမာင္းခတ္ဆုိတဲ့စကားရွိတယ္။ သတၱ၀ါအမ်ားေတာမီးေလာင္ၿပီး ဒုကၡေရာက္လုိ႔ ဒေရာေသာပါး ေျပးလႊားေနရခ်ိန္မွာ ေတာ ေၾကာင္ေတြက လက္ခေမာင္း ခတ္ၿပီး ေအာင္ပြဲခံေနတယ္ဆုိတဲ့ အဓိပၸာယ္ပါ။ တစ္ဖက္သားဒုကၡ ေရာက္ေနခ်ိန္မွာ ခ်နင္းတယ္ဆုိ တာ အ႐ုိင္းဆန္တဲ့ေတာတြင္း ဥပေဒသသာျဖစ္ပါတယ္။ ေတာ ေၾကာင္ယဥ္ေက်းမႈကုိ ယဥ္ေက်း တဲ့လူ႔အဖြဲ႕အစည္းက လက္မခံ ပါဘူး။

ႏုိင္ငံေတာ္သမၼတဦး၀င္းျမင့္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ တာ၀န္ထမ္းေဆာင္စဥ္ တရားစီ ရင္ေရးႏွင့္ ဥပေဒေရးရာေကာ္မ တီကုိ ေရာက္လာတဲ့တုိင္ၾကားစာ  တစ္ႏွစ္အတြင္း ၁,၁၃၂ ေစာင္အ ထိရွိခဲ့ေၾကာင္း ေကာ္မတီရဲ႕ ႏွစ္ ပတ္လည္အစီရင္ခံစာမွာ ေဖာ္ျပ ခဲ့တယ္။ ႏုိင္ငံေတာ္သမၼတအျဖစ္ တာ၀န္ထမ္းေဆာင္စဥ္ ႏွစ္သစ္ ကူးမိန္႔ခြန္းမွာလည္း အဂတိလုိက္ စားမႈေတြကုိ  ထိထိေရာက္ေရာက္ ကုိင္တြယ္ေျဖရွင္းသြားမွာျဖစ္ ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ တယ္။ တကယ္ေတာ့ ျမန္မာ့လူ႔ အဖြဲ႕အစည္းမွာ အဂတိလုိက္စား မႈက အျမစ္တြယ္ေနခဲ့တာ ကာလ ရွည္ၾကာခဲ့ၿပီ။

အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ ခ်ဳပ္ရဲ႕ ၂၀၁၅ ေရြးေကာက္ပြဲ ေႂကြးေၾကာ္သံက ေျပာင္းလဲခ်ိန္ တန္ၿပီျဖစ္ပါတယ္။ ျပည္သူေတြ က အေျပာင္းအလဲကုိလုိခ်င္လြန္း လုိ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကုိ ပုံေအာမဲေပးခဲ့ၾကတာျဖစ္ တယ္။ ျပည္သူေတြရဲ႕ မဲနဲ႔ NLD ပါတီလည္း အစုိးရဖြဲ႕ႏုိင္ခဲ့ပါ တယ္။ NLD ေခါင္းေဆာင္ေဒၚ ေအာင္ဆန္းစုၾကည္ကုိယ္တုိင္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ရာထူးနဲ႔ ႏုိင္ငံျခားေရး၀န္ႀကီးတာ ၀န္ေတြယူၿပီး ျပည္ေထာင္စုအစုိး ရအဖြဲ႕မွာ ပါ၀င္ခဲ့တယ္။ လက္ရွိ အစုိးရတက္လာခါစမွာ အရွိန္ အ၀ါႀကီးမားခဲ့တယ္။ ရပ္ကြက္ထဲ က ႏွစ္လုံး၊သုံးလုံးေလာင္းကစား ေတြ၊ ေဘာလုံးေလာင္းကစားဒုိင္ ေတြလည္း ေျခၿငိမ္သြားခဲ့သလုိ ေခတ္အဆက္ဆက္ လုိင္းေၾကး ယူသူေတြလည္း ကုိယ္ရွိန္သတ္ခဲ့ ၾကတယ္။ ဌာနဆိုင္ရာေတြမွာ ၀န္ ထမ္းႀကီး၊ငယ္ဟူသမွ် ေငြေၾကး လာဘ္လာဘနဲ႔ တံစုိးလက္ ေဆာင္မေတာင္းရဲဘဲ ႐ုိး႐ုိးသား သားလုပ္ေဆာင္ခဲ့ၾကတယ္။ ဒါ ေပမဲ့ ေနာက္ပိုင္းမွာေတာ့ ဒံုရင္း အတုိင္းျပန္ျဖစ္သြားခဲ့ရတယ္။

ႏုိင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ သင္ပုန္းေခ်ေရး၊ ေနာက္ေၾကာင္း ျပန္မလွည့္ေရး၊ သူမနာကုိယ္မနာ လမ္းစဥ္၊ အမ်ိဳးသားရင္ၾကားေစ့ ေရးစတဲ့ေျပာဆုိမႈေတြအေပၚ ကုိယ္က်ိဳးရွာ ၀ိသမေလာဘသ မားေတြက အဓိပၸာယ္ေကာက္လြဲ ခဲ့ၾကတယ္။ ပုိေနၿမဲ က်ားေနၿမဲ အတိုင္း ဆက္လက္လုပ္ေဆာင္ခဲ့ ၾကတယ္။  ဌာနဆုိင္ရာ ၀န္ထမ္း ေတြထဲမွာ ျပည္သူအေပၚအႏုိင္ က်င့္ခ်င္တဲ့ေတာေၾကာင္လုိ ၀န္ ထမ္းဆုိးေတြရွိေနဆဲျဖစ္တယ္။

အဲဒီလုိ၀န္ထမ္းဆုိးေတြ ေၾကာင့္ စိတ္ရင္းေစတနာေကာင္း တဲ့၀န္ထမ္းေကာင္းေတြမွာ နစ္နာ ရတယ္။ ခြင္ဖန္တဲ့အက်င့္ပ်က္၀န္ ထမ္းဆုိးေတြေၾကာင့္ ျပည္သူေတြ ၀န္ထုပ္၀န္ပုိးျဖစ္ရသလုိ သက္ ဆုိင္ရာဌာနလည္း နာမည္ပ်က္ရ တယ္။

ေတာေၾကာင္လုိ ၀န္ထမ္း ဆုိးေတြကုိ ရွင္းထုတ္ရမယ့္အခ်ိန္ ေရာက္ပါၿပီ။

အဂတိလုိက္စားမႈေတြကုိ ရဲရဲ၀ံ့၀ံ့ရွင္းထုတ္ၿပီး အစုိးရပုံရိပ္ ေကာင္းကုိ တည္ေဆာက္ၾကရပါ မယ္။ အဂတိလုိက္စားမႈေတြက ဌာနတူ၀န္ထမ္းအခ်င္းခ်င္းၾကား မွာလည္း ရွိသလုိ ၀န္ထမ္းနဲ႔ ျပည္ သူၾကားမွာလည္း ရွိေနတယ္။ အ ဂတိလုိက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္ကေတာ့ လာဘ္ေပး လာဘ္ယူမႈေတြကုိ နစ္နာသူကုိယ္ တိုင္ကျဖစ္ေစ၊ ေတြ႕ျမင္ၾကားသိ သူကျဖစ္ေစ တိုင္ၾကားႏုိင္ ေၾကာင္း သတင္းထုတ္ျပန္ထားပါ တယ္။

ျမန္မာ့လူ႔အဖြဲ႕အစည္းက ကုိယ့္ပေယာဂေၾကာင့္ တျခားသူ နစ္နာမယ့္ကိစၥေတြမလုပ္လုိၾက ဘူး။ တုိင္ရေတာရမယ့္ကိစၥႀကီး၊ ငယ္ေတြမွာ လက္ေရွာင္ခ်င္ၾက တယ္။ နစ္နာလြန္းမက နစ္နာမွ သာတုိင္ဟယ္၊ ေတာဟယ္ျဖစ္ ၾကရတာပါ။ အဂတိလုိက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္အေနနဲ႔ လာဘ္ေပး၊ လာဘ္ယူမႈေတြကို စုံစမ္းေဖာ္ထုတ္အေရးယူေစလုိ ပါတယ္။

ျပည္သူ႔ဆႏၵမဲနဲ႔ တက္လာ တဲ့ဒီမုိကရက္တစ္အစုိးရတိုင္း အ ဂတိလုိက္စားမႈေတြကုိ တိုက္ဖ်က္ ဖုိ႔ မျဖစ္မေနတာ၀န္ရွိပါတယ္။ ေတာင္ကုိရီးယားႏုိင္ငံမွာ သမၼတ သည္ပင္လွ်င္ အဂတိလုိက္စားမႈ ေၾကာင့္ ေထာင္ဒဏ္ႏွစ္ရွည္က်ခံ ေနရတယ္။ ဥပေဒရဲ႕အထက္မွာ ဘယ္သူမွမရွိဆုိတဲ့ဆုိ႐ုိးစကား အတြက္ နမူနာေကာင္းျဖစ္တယ္။

အိႏၵိယႏုိင္ငံရဲ႕ သမၼတႀကီး ဒုံးပ်ံနည္းပညာပါေမာကၡအဗၺဒူ ကလမ္သမၼတရာထူးသက္တမ္း ျပည့္လုိ႔ အိမ္ျပန္ေတာ့ စက္ဘီး ေပၚမွာ ေသတၱာေလးတင္လုိ႔ ျပန္ သြားသတဲ့။ ေသတၱာထဲမွာ သူ႔စာ အုပ္ေတြသာ ပါသြားတယ္။

ျမန္မာႏုိင္ငံမွာလည္း အဂ တိကင္းစင္တဲ့၀န္ႀကီးခ်ဳပ္တစ္ ေယာက္ေပၚထြက္ခဲ့ဖူးပါတယ္။ သူ႔ရဲ႕လုပ္ေဖာ္ကုိင္ဖက္ေတြက ကုိႀကီးႏုလုိ႔ ခ်စ္စႏုိးေခၚၾကတဲ့ ဖဆပလေခါင္းေဆာင္ဦးႏုပါ။ ၀န္ ႀကီးခ်ဳပ္ဦးႏုတာ၀န္ကအၿငိမ္းစား ယူေတာ့ ၀န္ႀကီးခ်ဳပ္ဘ၀မွာ ႏုိင္ငံ့ ဘ႑ာေငြတစ္က်ပ္တစ္ျပားယူခဲ့ ရင္ သူခုိးလုိ႔စြပ္စြဲပါဆုိၿပီး ရဲရဲ ေတာက္ေျပာခဲ့တဲ့ပုဂၢိဳလ္ပါ။

ဒီစကားက သူ႔ကုိယ္က်င့္ သိကၡာကုိ မွတ္ေက်ာက္တင္ခဲ့တဲ့ စကားလည္းျဖစ္သလုိ ႏုိင္ငံ့တာ ၀န္ယူခ်င္ရင္ သူ႔လို႐ုိးသားဖုိ႔လုိ ေၾကာင္း ေႏွာင္းလူေတြကုိ စံနမူ နာအျဖစ္ ျပသခဲ့တာလည္းျဖစ္ တယ္။ ဦးႏုရဲ႕လုပ္ရပ္က ျမန္မာ့ သမိုင္းမွာ အင္မတန္လွပတဲ့ဇာတ္ ၀င္ခန္းတစ္ပုဒ္ျဖစ္ခဲ့တယ္။

ဘယ္လုိပဲျဖစ္ျဖစ္ ေတာ ေၾကာင္ေတြ မုိက္ဇာတ္သိမ္းရ မယ့္အခ်ိန္ေရာက္ပါၿပီ။ မုိက္ ဇာတ္မသိမ္းဘဲ ဆက္မုိက္ေနရင္ ျပည္သူေတြရဲ႕ ဒဏ္ခတ္ျခင္းခံရ မွာပါ။ ႐ုိးဂုဏ္က သုံးမကုန္ ေၾကာင္း ေတာေၾကာင္ေတြသိေစ ခ်င္ပါတယ္။

(ေဆာင္းပါးရွင္ သန္းႏိုင္ဦးသည္ လူမႈေရး၊ စီးပြားေရးႏွင့့္ မ်က္ ေမွာက္ေရးရာ ေဆာင္းပါးမ်ား ေရးသားေနသူျဖစ္သည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
တရားစီရင်ရေးနယ် ပယ်က တိုင်းဒေသ ကြီးအဆင့်အရာရှိ ကြီးတွေအပါအဝင် ရဲအုပ်တစ် ယောက်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ စက်တင် ဘာ ဒုတိယပတ်အတွင်း တရားစွဲ ဆိုလိုက်ပါတယ်။

တရားစွဲဆိုခံကြရသူတွေ ဟာ တရားခံရဲ့မိဘတွေထံကနေ လာဘ်ငွေနဲ့ တံစိုးလက်ဆောင် တွေရယူခဲ့လို့ တရားစွဲဆိုခံရတာ လို့ဆိုပါတယ်။ တကယ်တော့ ဒီ အမှုက အများသူငါအာရုံစိုက်ခံရ တဲ့သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရတဲ့အမှုဖြစ်စဉ်ပါ။ ဒါ့ အပြင် လူမသိသူမသိနယ်မြို့လေး မှာဖြစ်ခဲ့တာမဟုတ်ဘဲ ရန်ကုန်လို မြို့ကြီးပြကြီးမှာ တိုင်းသိပြည်သိ ဖြစ်ခဲ့တဲ့မှုခင်းလည်းဖြစ်ပါတယ်။

လက်ရှိအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်လက် ထက်မှာ အဂတိလိုက်စားမှု ကြောင့် တရားစွဲဆိုခံထားရတဲ့အ ဆင့်မြင့်အရာရှိတွေ များစွာရှိ တယ်။ တရားရေးနယ်ပယ်က အ ရာရှိကြီးတွေအပါအဝင် အက်ဖ်ဒီ အေညွှန်ကြားရေးမှူးချုပ်၊ အ ကောက်ခွန်အရာထမ်း၊အမှုထမ်း ၁၃ ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူးစတဲ့သူတွေ တရားစွဲဆိုခံ ထားရတယ်။

မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေးနယ် ပယ်မှာပါ အခုလိုအဂတိလိုက်စား မှုတွေရှိနေရင် ပြည်သူတွေအဖို့ ဘယ်သူ့ကို အားကိုးအားထားပြု ကြရတော့မလဲ။ မြန်မာလူမျိုးအ များစုက ရုံးရောက်ဂါတ်ရောက် မှာ ကြောက်ကြတယ်။ ရုံးပြင် ကနားမသွားချင်ကြဘူး။ မလွှဲ သာမရှောင်သာလို့ သွားရရင် လည်း မျက်လွှာလေးအောက်ချ ပြီး သွားနေကြရတယ်။ သာမန် ပြည်သူတွေအဖို့ ရုံးရောက်ဂါတ် ရောက်ရောက်ရတဲ့အခါ အ ဟောက်ခံ၊ အငေါက်ခံသနားစရာ သတ္တဝါတွေဖြစ်ကြရရှာတယ်။

မြန်မာဆိုရိုးစကားမှာ တော မီးလောင်တောကြောင်လက်ခ မောင်းခတ်ဆိုတဲ့စကားရှိတယ်။ သတ္တဝါအများတောမီးလောင်ပြီး ဒုက္ခရောက်လို့ ဒရောသောပါး ပြေးလွှားနေရချိန်မှာ တော ကြောင်တွေက လက်ခမောင်း ခတ်ပြီး အောင်ပွဲခံနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ တစ်ဖက်သားဒုက္ခ ရောက်နေချိန်မှာ ချနင်းတယ်ဆို တာ အရိုင်းဆန်တဲ့တောတွင်း ဥပဒေသသာဖြစ်ပါတယ်။ တော ကြောင်ယဉ်ကျေးမှုကို ယဉ်ကျေး တဲ့လူ့အဖွဲ့အစည်းက လက်မခံ ပါဘူး။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် တရားစီ ရင်ရေးနှင့် ဥပဒေရေးရာကော်မ တီကို ရောက်လာတဲ့တိုင်ကြားစာ  တစ်နှစ်အတွင်း ၁,၁၃၂ စောင်အ ထိရှိခဲ့ကြောင်း ကော်မတီရဲ့ နှစ် ပတ်လည်အစီရင်ခံစာမှာ ဖော်ပြ ခဲ့တယ်။ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် နှစ်သစ် ကူးမိန့်ခွန်းမှာလည်း အဂတိလိုက် စားမှုတွေကို  ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့ တယ်။ တကယ်တော့ မြန်မာ့လူ့ အဖွဲ့အစည်းမှာ အဂတိလိုက်စား မှုက အမြစ်တွယ်နေခဲ့တာ ကာလ ရှည်ကြာခဲ့ပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကြွေးကြော်သံက ပြောင်းလဲချိန် တန်ပြီဖြစ်ပါတယ်။ ပြည်သူတွေ က အပြောင်းအလဲကိုလိုချင်လွန်း လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ပုံအောမဲပေးခဲ့ကြတာဖြစ် တယ်။ ပြည်သူတွေရဲ့ မဲနဲ့ NLD ပါတီလည်း အစိုးရဖွဲ့နိုင်ခဲ့ပါ တယ်။ NLD ခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့ နိုင်ငံခြားရေးဝန်ကြီးတာ ဝန်တွေယူပြီး ပြည်ထောင်စုအစိုး ရအဖွဲ့မှာ ပါဝင်ခဲ့တယ်။ လက်ရှိ အစိုးရတက်လာခါစမှာ အရှိန် အဝါကြီးမားခဲ့တယ်။ ရပ်ကွက်ထဲ က နှစ်လုံး၊သုံးလုံးလောင်းကစား တွေ၊ ဘောလုံးလောင်းကစားဒိုင် တွေလည်း ခြေငြိမ်သွားခဲ့သလို ခေတ်အဆက်ဆက် လိုင်းကြေး ယူသူတွေလည်း ကိုယ်ရှိန်သတ်ခဲ့ ကြတယ်။ ဌာနဆိုင်ရာတွေမှာ ဝန် ထမ်းကြီး၊ငယ်ဟူသမျှ ငွေကြေး လာဘ်လာဘနဲ့ တံစိုးလက် ဆောင်မတောင်းရဲဘဲ ရိုးရိုးသား သားလုပ်ဆောင်ခဲ့ကြတယ်။ ဒါ ပေမဲ့ နောက်ပိုင်းမှာတော့ ဒုံရင်း အတိုင်းပြန်ဖြစ်သွားခဲ့ရတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သင်ပုန်းချေရေး၊ နောက်ကြောင်း ပြန်မလှည့်ရေး၊ သူမနာကိုယ်မနာ လမ်းစဉ်၊ အမျိုးသားရင်ကြားစေ့ ရေးစတဲ့ပြောဆိုမှုတွေအပေါ် ကိုယ်ကျိုးရှာ ဝိသမလောဘသ မားတွေက အဓိပ္ပာယ်ကောက်လွဲ ခဲ့ကြတယ်။ ပိုနေမြဲ ကျားနေမြဲ အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ ကြတယ်။  ဌာနဆိုင်ရာ ဝန်ထမ်း တွေထဲမှာ ပြည်သူအပေါ်အနိုင် ကျင့်ချင်တဲ့တောကြောင်လို ဝန် ထမ်းဆိုးတွေရှိနေဆဲဖြစ်တယ်။

အဲဒီလိုဝန်ထမ်းဆိုးတွေ ကြောင့် စိတ်ရင်းစေတနာကောင်း တဲ့ဝန်ထမ်းကောင်းတွေမှာ နစ်နာ ရတယ်။ ခွင်ဖန်တဲ့အကျင့်ပျက်ဝန် ထမ်းဆိုးတွေကြောင့် ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်ရသလို သက် ဆိုင်ရာဌာနလည်း နာမည်ပျက်ရ တယ်။

တောကြောင်လို ဝန်ထမ်း ဆိုးတွေကို ရှင်းထုတ်ရမယ့်အချိန် ရောက်ပါပြီ။

အဂတိလိုက်စားမှုတွေကို ရဲရဲဝံ့ဝံ့ရှင်းထုတ်ပြီး အစိုးရပုံရိပ် ကောင်းကို တည်ဆောက်ကြရပါ မယ်။ အဂတိလိုက်စားမှုတွေက ဌာနတူဝန်ထမ်းအချင်းချင်းကြား မှာလည်း ရှိသလို ဝန်ထမ်းနဲ့ ပြည် သူကြားမှာလည်း ရှိနေတယ်။ အ ဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကတော့ လာဘ်ပေး လာဘ်ယူမှုတွေကို နစ်နာသူကိုယ် တိုင်ကဖြစ်စေ၊ တွေ့မြင်ကြားသိ သူကဖြစ်စေ တိုင်ကြားနိုင် ကြောင်း သတင်းထုတ်ပြန်ထားပါ တယ်။

မြန်မာ့လူ့အဖွဲ့အစည်းက ကိုယ့်ပယောဂကြောင့် တခြားသူ နစ်နာမယ့်ကိစ္စတွေမလုပ်လိုကြ ဘူး။ တိုင်ရတောရမယ့်ကိစ္စကြီး၊ ငယ်တွေမှာ လက်ရှောင်ချင်ကြ တယ်။ နစ်နာလွန်းမက နစ်နာမှ သာတိုင်ဟယ်၊ တောဟယ်ဖြစ် ကြရတာပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ လာဘ်ပေး၊ လာဘ်ယူမှုတွေကို စုံစမ်းဖော်ထုတ်အရေးယူစေလို ပါတယ်။

ပြည်သူ့ဆန္ဒမဲနဲ့ တက်လာ တဲ့ဒီမိုကရက်တစ်အစိုးရတိုင်း အ ဂတိလိုက်စားမှုတွေကို တိုက်ဖျက် ဖို့ မဖြစ်မနေတာဝန်ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ သည်ပင်လျှင် အဂတိလိုက်စားမှု ကြောင့် ထောင်ဒဏ်နှစ်ရှည်ကျခံ နေရတယ်။ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဆိုတဲ့ဆိုရိုးစကား အတွက် နမူနာကောင်းဖြစ်တယ်။

အိန္ဒိယနိုင်ငံရဲ့ သမ္မတကြီး ဒုံးပျံနည်းပညာပါမောက္ခအဗ္ဗဒူ ကလမ်သမ္မတရာထူးသက်တမ်း ပြည့်လို့ အိမ်ပြန်တော့ စက်ဘီး ပေါ်မှာ သေတ္တာလေးတင်လို့ ပြန် သွားသတဲ့။ သေတ္တာထဲမှာ သူ့စာ အုပ်တွေသာ ပါသွားတယ်။

မြန်မာနိုင်ငံမှာလည်း အဂ တိကင်းစင်တဲ့ဝန်ကြီးချုပ်တစ် ယောက်ပေါ်ထွက်ခဲ့ဖူးပါတယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကိုကြီးနုလို့ ချစ်စနိုးခေါ်ကြတဲ့ ဖဆပလခေါင်းဆောင်ဦးနုပါ။ ဝန် ကြီးချုပ်ဦးနုတာဝန်ကအငြိမ်းစား ယူတော့ ဝန်ကြီးချုပ်ဘဝမှာ နိုင်ငံ့ ဘဏ္ဍာငွေတစ်ကျပ်တစ်ပြားယူခဲ့ ရင် သူခိုးလို့စွပ်စွဲပါဆိုပြီး ရဲရဲ တောက်ပြောခဲ့တဲ့ပုဂ္ဂိုလ်ပါ။

ဒီစကားက သူ့ကိုယ်ကျင့် သိက္ခာကို မှတ်ကျောက်တင်ခဲ့တဲ့ စကားလည်းဖြစ်သလို နိုင်ငံ့တာ ဝန်ယူချင်ရင် သူ့လိုရိုးသားဖို့လို ကြောင်း နှောင်းလူတွေကို စံနမူ နာအဖြစ် ပြသခဲ့တာလည်းဖြစ် တယ်။ ဦးနုရဲ့လုပ်ရပ်က မြန်မာ့ သမိုင်းမှာ အင်မတန်လှပတဲ့ဇာတ် ဝင်ခန်းတစ်ပုဒ်ဖြစ်ခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် တော ကြောင်တွေ မိုက်ဇာတ်သိမ်းရ မယ့်အချိန်ရောက်ပါပြီ။ မိုက် ဇာတ်မသိမ်းဘဲ ဆက်မိုက်နေရင် ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းခံရ မှာပါ။ ရိုးဂုဏ်က သုံးမကုန် ကြောင်း တောကြောင်တွေသိစေ ချင်ပါတယ်။

(ဆောင်းပါးရှင် သန်းနိုင်ဦးသည် လူမှုရေး၊ စီးပွားရေးနှင့် မျက် မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်)

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily #
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top