×

ဒီေခတ္ၾကီးထဲမွာ Transgender ေတြအေပၚ လူေတြရဲ႕ သေဘာထားအျမင္ ေျပာင္းလဲလာေအာင္ ၾကိဳးစားေနၾကခ်ိန္မွာ ညီညီေမာင္(စမ္းေခ်ာင္း) အတြက္ကေတာ့ ဒီလိုေျဖရွင္းခ်က္ေတြ မလိုပါဘူး။ ခ်စ္သူတစ္ေယာက္ မေကာင္းရင္ ေနာက္တစ္ေယာက္ကို ခ်က္ခ်င္းတြဲျပႏိုင္တဲ့ သုသုရဲ႕ အစြမ္းကိုေတာ့ ပံုမွန္ မိန္းကေလးေတြေတာင္ မီႏိုင္မယ္ မထင္ပါဘူး။ သာယာတဲ့ အိမ္ေထာင္ေရးကို ထူေထာင္ခ်င္တဲ့သုသုက ဖန္ျပြန္ သေႏၶသားနဲ႕ ကေလးယူဖို႕ထိ စီစဥ္ေနျပီ ျဖစ္ပါတယ္။လတ္တေလာမွာ ကိုယ့္ကိုယ္ကို အလွဆံုးျဖစ္ေအာင္ေနျပီး အႏုပညာေလာကဘက္ ေျခဦးလွည့္လာတဲ့ သုသုက MC 7 နဲ႕ အင္တာဗ်ဴးမွာ ခုလို ေျဖၾကားသြားပါတယ္။

“လွလာတယ္ေတာ့ မဟုတ္ပါဘူး။ အရင္တုန္းကထက္စာရင္ ပိုျပီး ကိုယ္ရည္လည္း စစ္လာတယ္။ မ်က္ႏွာေတြ ဘာေတြဆိုလည္း နည္းနည္းေသးသြားေတာ့ ၾကည့္ေကာင္းလာတယ္လို႕ သုကေတာ့ ထင္ပါတယ္။ Gym ေဆာ့ေနတယ္ ဝိတ္ေလွ်ာ့ေနတယ္။ နဂိုကတည္းက အရိုးအဆစ္ၾကီးေတာ့ အမ်ားၾကီးေတာ့ မက်ဘူး။ က်သင့္သေလာက္ေတာ့ က်ပါတယ္။” လို႕ ဆိုပါတယ္။

ခ်စ္သူကို public ခ်မျပတဲ့ အေၾကာင္းရင္းကိုလည္း ခုလို ေျပာျပသြားပါတယ္။“ ပံုမွန္ပါပဲ။ အဆင္ေျပပါတယ္။ ဒီတစ္ခါလည္း public ခ်မျပဘူးဆိုတာ ဘယ္လိုေၾကာင့္မွ မဟုတ္ဘူး။ အဓိကကေတာ့ အသက္ၾကီးလာေတာ့ သိလာရတာက သူနဲ႕ကိုယ္ ေအးေဆးခ်စ္ေနရရင္ေတာ္ျပီ။ လူသိစရာ မလိုေတာ့ဘူး။ အဓိကကေတာ့ သစၥာရွိရွိခ်စ္ေနဖို႕က အဓိကလို႕ ယံုၾကည္လို႕ public ကို မခ်ျပေတာ့တာပါ။” လို႕ ဆိုပါတယ္။

ဒီတစ္ၾကိမ္ မွာေတာ့ ယံုၾကည္ရတဲ့ ခ်စ္သူရထားတဲ့ အေၾကာင္းကိုလည္း သုသုက ခုလိုေလး အမႊန္းတင္သြားပါတယ္။“ ကုိယ့္ကို တစ္ကယ္ခ်စ္တယ္။ ကိုယ္လည္း သူ႕ကို ခ်စ္တယ္။ ေဖ့စ္ဘြတ္ေပၚ မတင္ေတာ့ဘူး သိပ္ျပီး မေျပာေတာ့ဘူးဆိုတာက ပတ္ဝန္းက်င္လည္း အကုန္သိတယ္။ သူငယ္ခ်င္း အသိုင္းအဝိုင္းကလည္း သိတယ္ဆိုေတာ့ မစိုးရိမ္ေတာ့ဘူး။ စႏႈိက္ေက်ာ္လည္း မစိုးရိမ္ေတာ့ဘူး။ အဓိကကေတာ့ ယံုၾကည္မႈရွိသြားတာ ျဖစ္တဲ့အတြက္ စိတ္ခ်တယ္။ အရင္တုန္းက Club သြားမယ္ဆိုရင္ ကိုယ္မပါရင္ မထြက္ေစ့ဘူး။ အခုကေတာ့ ဘယ္သြားသြား ယံုၾကည္မႈရွိသြားျပီျဖစ္လို႕ ကိုယ္မပါလည္း ခြင့္ျပဳတယ္။” လို႕ ဆိုပါတယ္။

ခ်စ္သူက သဝန္မတိုဘဲ က်န္းမာေရးကိုသာ စိတ္ပူေပးတဲ့ အေၾကာင္းကိုလည္း “သဝန္ေတာ့ မတိုဘူး။။ ဝိတ္မခ်လို႕ဆိုျပီး ဒီခႏၶာကိုယ္ကို ခဏခဏေျပာေနတာ။ သူကေတာ့ ပိန္ေစခ်င္တာေပါ့ေနာ္။ ၾကည့္ေကာင္းေစခ်င္တာ ။ အႏုပညာအလုပ္ေတြလည္း နည္းနည္းလုပ္လာျပီဆိုေတာ့ ပိန္ေစခ်င္တာ။ ဒါေပမဲ့ ကိုယ္ကက်ေတာ့ အစားမေလွ်ာ့ႏိုင္ေတာ့ ခုထက္ေတာ့ အမ်ားၾကီး မက်ဘူးေပါ့။” လို႕ ဆိုပါတယ္။သုသုလိုမ်ိဳး Trans-woman တစ္ေယာက္ကို ခ်စ္ေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္ဆိုျပီး ညီညီေမာင္ (စမ္းေခ်ာင္း) က သူ႕ဘက္မွာရွိေနေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးတင္စကား ဆိုခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီခေတ်ကြီးထဲမှာ Transgender တွေအပေါ် လူတွေရဲ့ သဘောထားအမြင် ပြောင်းလဲလာအောင် ကြိုးစားနေကြချိန်မှာ ညီညီမောင်(စမ်းချောင်း) အတွက်ကတော့ ဒီလိုဖြေရှင်းချက်တွေ မလိုပါဘူး။ ချစ်သူတစ်ယောက် မကောင်းရင် နောက်တစ်ယောက်ကို ချက်ချင်းတွဲပြနိုင်တဲ့ သုသုရဲ့ အစွမ်းကိုတော့ ပုံမှန် မိန်းကလေးတွေတောင် မီနိုင်မယ် မထင်ပါဘူး။ သာယာတဲ့ အိမ်ထောင်ရေးကို ထူထောင်ချင်တဲ့သုသုက ဖန်ပြွန် သန္ဓေသားနဲ့ ကလေးယူဖို့ထိ စီစဉ်နေပြီ ဖြစ်ပါတယ်။လတ်တလောမှာ ကိုယ့်ကိုယ်ကို အလှဆုံးဖြစ်အောင်နေပြီး အနုပညာလောကဘက် ခြေဦးလှည့်လာတဲ့ သုသုက MC 7 နဲ့ အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။

“လှလာတယ်တော့ မဟုတ်ပါဘူး။ အရင်တုန်းကထက်စာရင် ပိုပြီး ကိုယ်ရည်လည်း စစ်လာတယ်။ မျက်နှာတွေ ဘာတွေဆိုလည်း နည်းနည်းသေးသွားတော့ ကြည့်ကောင်းလာတယ်လို့ သုကတော့ ထင်ပါတယ်။ Gym ဆော့နေတယ် ဝိတ်လျှော့နေတယ်။ နဂိုကတည်းက အရိုးအဆစ်ကြီးတော့ အများကြီးတော့ မကျဘူး။ ကျသင့်သလောက်တော့ ကျပါတယ်။” လို့ ဆိုပါတယ်။

ချစ်သူကို public ချမပြတဲ့ အကြောင်းရင်းကိုလည်း ခုလို ပြောပြသွားပါတယ်။“ ပုံမှန်ပါပဲ။ အဆင်ပြေပါတယ်။ ဒီတစ်ခါလည်း public ချမပြဘူးဆိုတာ ဘယ်လိုကြောင့်မှ မဟုတ်ဘူး။ အဓိကကတော့ အသက်ကြီးလာတော့ သိလာရတာက သူနဲ့ကိုယ် အေးဆေးချစ်နေရရင်တော်ပြီ။ လူသိစရာ မလိုတော့ဘူး။ အဓိကကတော့ သစ္စာရှိရှိချစ်နေဖို့က အဓိကလို့ ယုံကြည်လို့ public ကို မချပြတော့တာပါ။” လို့ ဆိုပါတယ်။

ဒီတစ်ကြိမ် မှာတော့ ယုံကြည်ရတဲ့ ချစ်သူရထားတဲ့ အကြောင်းကိုလည်း သုသုက ခုလိုလေး အမွှန်းတင်သွားပါတယ်။“ ကိုယ့်ကို တစ်ကယ်ချစ်တယ်။ ကိုယ်လည်း သူ့ကို ချစ်တယ်။ ဖေ့စ်ဘွတ်ပေါ် မတင်တော့ဘူး သိပ်ပြီး မပြောတော့ဘူးဆိုတာက ပတ်ဝန်းကျင်လည်း အကုန်သိတယ်။ သူငယ်ချင်း အသိုင်းအဝိုင်းကလည်း သိတယ်ဆိုတော့ မစိုးရိမ်တော့ဘူး။ စနှိုက်ကျော်လည်း မစိုးရိမ်တော့ဘူး။ အဓိကကတော့ ယုံကြည်မှုရှိသွားတာ ဖြစ်တဲ့အတွက် စိတ်ချတယ်။ အရင်တုန်းက Club သွားမယ်ဆိုရင် ကိုယ်မပါရင် မထွက်စေ့ဘူး။ အခုကတော့ ဘယ်သွားသွား ယုံကြည်မှုရှိသွားပြီဖြစ်လို့ ကိုယ်မပါလည်း ခွင့်ပြုတယ်။” လို့ ဆိုပါတယ်။

ချစ်သူက သဝန်မတိုဘဲ ကျန်းမာရေးကိုသာ စိတ်ပူပေးတဲ့ အကြောင်းကိုလည်း “သဝန်တော့ မတိုဘူး။။ ဝိတ်မချလို့ဆိုပြီး ဒီခန္ဓာကိုယ်ကို ခဏခဏပြောနေတာ။ သူကတော့ ပိန်စေချင်တာပေါ့နော်။ ကြည့်ကောင်းစေချင်တာ ။ အနုပညာအလုပ်တွေလည်း နည်းနည်းလုပ်လာပြီဆိုတော့ ပိန်စေချင်တာ။ ဒါပေမဲ့ ကိုယ်ကကျတော့ အစားမလျှော့နိုင်တော့ ခုထက်တော့ အများကြီး မကျဘူးပေါ့။” လို့ ဆိုပါတယ်။သုသုလိုမျိုး Trans-woman တစ်ယောက်ကို ချစ်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်ဆိုပြီး ညီညီမောင် (စမ်းချောင်း) က သူ့ဘက်မှာရှိနေပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top