ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×






































 အဝတ္အစားဝတ္တာနဲ႕ ပတ္သက္ၿပီး ခ်စ္သူက ဝင္မစြက္ဖက္ဘူးတဲ့။

Long Distance Relationship ကို ပိုင္ဆုိင္ထားတဲ့ ေအးျမတ္သူရဲ႕အခ်စ္ေရးက သာယာၿပီး အရမ္းကို ေပ်ာ္ရႊင္ဖို႕ ေကာင္း တယ္ လို႕ သိရပါ တယ္။ အပ်ိဳႀကီးဘဝကို စြန္႕လႊတ္ဖို႕ အစီအစဥ္မရွိေသးသလို တစ္ဖက္မွာလည္း သာယာတဲ့အခ်စ္ေရးကို ပိုင္ဆုိင္ထားတာေၾကာင့္ သူမရဲ႕ အခ်စ္ေရးက ေပ်ာ္ရႊင္ရပါတယ္လို႕ ဆိုပါတယ္

"အပ်ိဳႀကီးဘဝကို မစြန္႕လြတ္ေသးဘူးေပ်ာ္ေနေသးတယ္။ ေပ်ာ္ေနေသးတယ္ဆိုတာ အမက ေပ်ာ္ေပ်ာ္ေနတယ္။ ၿပီးေတာ့ အပ်ိဳႀကီးလို႕သာ ေျပာတာ ကိုယ့္မွာလည္း အရမ္းကို ေကာင္းမြန္တဲ့ Relationship တစ္ခုရွိပါတယ္။ ဘာပဲေျပာေျပာ ေအးျမတ္သူတို႕ Long Distance Relationship ဆုိေတာ့ ေအးျမတ္သူအတြက္က အပ်ိဳႀကီးလို႕လဲ ေျပာလို႕ရသလို တစ္ဖက္မွာလည္း ရည္မွန္းထားတဲ့သူရွိတဲ့အ တြက္ ေအးျမတ္ သူ အတြက္ ေပ်ာ္ရႊင္ပါတယ္။" လို႕ သူမက ေျပာျပထားပါတယ္။





































ခ်စ္သူအေၾကာင္းကို အၿမဲတမ္း ပြင့္ပြင့္လင္းလင္းေျပာျပတတ္တဲ့သူမက ဒီလိုေျပာျပခ်င္းဟာလည္း ခ်စ္သူကို အမြန္းတင္တာမဟုတ္ဘူးလို႕ ဆုိပါတယ္။

"တခ်ိဳ႕လည္း ေျပာၾကတယ္။ ခ်စ္သူကို အရမ္းအမြန္းတင္တယ္။ သတင္းလုပ္တယ္ေပ့ါ။မဟုတ္ပါဘူး။ တစ္ခါ တစ္ေလ လူေတြက တစ္ဖက္ သားကို ခ်ီးမြမ္းဖို႕ ေမ့ေနၾကတယ္။ ခ်ီးမြမ္း သင့္တဲ့သူကို ခ်ီးမြမ္းတာလည္း မဂၤလာတစ္ပါးပဲ။ ၿပီးေတာ့ ကိုယ့္ခ်စ္သူကို ကိုယ္ခ်ီးမြမ္း တယ္ဆို တာ ကလည္း သူ႕ိကုလည္း ကိုယ္က ကိုယ္ဘယ္ေလာက္ထိ ေလးစားမႈ ရွီတယ္ဆိုတာကို ျပတဲ့ သေဘာပg။ ေအးျမတ္သူအတြက္ အဆင္ အေျပဆံုးနဲ႕ နားလည္မႈ ရွိတဲ့သူ ျဖစ္လို႕ေလ။ သူ႕ကို ခ်စ္လို႕ ပါ။ " ဆိုၿပီး သူမရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ေျပာျပထားတာပါ။





































ခႏၶာကိုယ္လွလွေလးနဲ႕ အဝတ္အစား ခပ္မိုက္မိုက္ေလးေတြ ဝတ္တတ္တဲ့သူမအတြက္ ခ်စ္သူကလည္း အဝတ္အစားပိုင္းနဲ႕ ပတ္သက္ၿပီး ဝင္စြက္ဖက္တာမ်ိဳးမရွိဘူးလို႕ ဆုိပါတယ္။

"အဝတ္အစားပိုင္းနဲ႕ ပတ္သက္ၿပီးေတာ့ သူက ဘာပဲ ဝတ္ဝတ္ ေအးျမတ္သူကို မစြက္ဖက္ဘူး ဘယ္လိုပဲ ျဖစ္ျဖစ္ သေဘာက်တယ္။ ျမန္မာ ဝတ္စံုဝတ္လည္း သူသေဘာက်တယ။္ ေဟာ့ေရွာ့ဝတ္လည္း ခ်စ္သူက လွတာကို ဝတ္ပါဖို႕။ ေအးျမတ္သူရဲ႕ အေတြးေတြ ေအးျမတ္ သူရဲ႕ စိတ္အာရံုကို သူဘယ္ေတာ့မွ မေႏွာက္ယွက္ဘူး အၿမဲတမ္း သူအေနာက္ကေန ထိန္ကြတ္ေပးတယ္။ Support လုပ္ေပးတယ္။ " ဆိုၿပီး သူမက စက္တင္ဘာ(၁၃) ရက္ေန႕က ျပဳလုပ္တဲ့ "၂၄ နာရီတစ္ခ်စ္" ပြဲရဲ႕ အင္တာဗ်ဴးမွာ ေျဖဆိုေပးခဲ့တာ ျဖစ္ပါတယ္။
 ေအးျမတ္သူဟာ ခ်စ္သူဆီရက ရတဲ့အခ်စ္ေရာ သူမရဲ႕ ခ်စ္ပရိသတ္ေတြဆီက ရတဲ့ အခ်စ္ေတြေရာ ပိုင္ဆိုင္ခြင့္ရတာေၾကာင့္လည္း သူမရဲ႕ ဘဝက အရမ္းကို ေပ်ာ္စရာေကာင္းေနတာပါလို႕ ယင္းအင္တာဗ်ဴးမွာ ဆက္လက္ေျဖဆိုေပးထားပါတယ္။

"အခ်စ္ဆိုတာက ကိုယ့္ရဲ႕ ခ်စ္သူဆီက ရတဲ့အခ်စ္ေကာ ကိုယ့္ကို ခ်စ္တဲ့  ပရိသတ္ေတြဆီက ရတဲ့ အခ်စ္ေကာ ၿပီးေတာ့ ကိုယ့္ပတ္ဝန္း က်င္မွာ ကိုယ့္ကို ခ်စ္တဲ့သူေတြ အရမ္းမ်ားေနတဲ့အတြက္ ကိုယ့္ကို အရမ္းကို ခ်စ္ၾကတဲ့အတြက္ အရမ္းကို ေပ်္ာစရာ ေကာင္းၿပီးေတာ့ အရမ္းကို လက္ဆက္ေနတာပါ"လို႕ သူမက ဆုိပါတယ္။

သူမအေနနဲ႕ ခ်စ္သူကို Official ခ်ျပဖို႕အတြက္ေတာ့ အခ်ိန္အတိုင္းအတာေတာ့ လိုေသးတယ္လို႕ ဆုိပါတယ္။ ပစၥည္းေကာငး္ေလး ရထားေပ မယ့္လည္း Review ေကာင္းေကာင္း မ ေရးရဲဘူးတဲ့။

"ပစၥည္းေကာင္းေကာင္း ရတာ ဥထားရတယ္။ Review ေကာင္းေကာင္းမေရးရဲဘူး။ ပါသြားမွာစိုးလို႕ ခ်စ္သူကို Official မျပရဲေသးဘူူး ပါသြား မွာစိုးလို႕ မစားရေသးပါဘူး။ ေနာက္ထပ္သံုးႏွစ္ေလာက္ ေစာင့္ရဦးမယ္။" ဆိုၿပီး မီဒီယာေတြရဲ႕ေမးခြန္းေလးေတြကို စိတ္ေျဖစြာနဲ႕ ေျဖဆို ေပးခဲ့ပါတယ္။


သရုပ္ေဆာင္ေအးျမတ္သူကေတာ့ အခုလက္ရွိမွာ ရုပ္ရွင္ဇာတ္ကားႀကီးေတြလက္ခံရိုက္ကူးေနရသလုိ အႏုပညာရွင္အသစ္ေလးေတြနဲ႔ တြဲၿပီး ရုပ္သံဇာတ္လမ္းတြဲေတြလည္း ရုိက္ကူးေနတယ္လုိ႔ သိရပါတယ္။ မၾကာခင္ ရုံတင္ျပသေတာ့မယ့္ ခ်ဴဆီ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း ပါဝင္ သရုပ္ေဆာင္ထားပါေသးတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 အဝတ်အစားဝတ်တာနဲ့ ပတ်သက်ပြီး ချစ်သူက ဝင်မစွက်ဖက်ဘူးတဲ့။

Long Distance Relationship ကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူရဲ့အချစ်ရေးက သာယာပြီး အရမ်းကို ပျော်ရွှင်ဖို့ ကောင်း တယ် လို့ သိရပါ တယ်။ အပျိုကြီးဘဝကို စွန့်လွှတ်ဖို့ အစီအစဉ်မရှိသေးသလို တစ်ဖက်မှာလည်း သာယာတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတာကြောင့် သူမရဲ့ အချစ်ရေးက ပျော်ရွှင်ရပါတယ်လို့ ဆိုပါတယ်

"အပျိုကြီးဘဝကို မစွန့်လွတ်သေးဘူးပျော်နေသေးတယ်။ ပျော်နေသေးတယ်ဆိုတာ အမက ပျော်ပျော်နေတယ်။ ပြီးတော့ အပျိုကြီးလို့သာ ပြောတာ ကိုယ့်မှာလည်း အရမ်းကို ကောင်းမွန်တဲ့ Relationship တစ်ခုရှိပါတယ်။ ဘာပဲပြောပြော အေးမြတ်သူတို့ Long Distance Relationship ဆိုတော့ အေးမြတ်သူအတွက်က အပျိုကြီးလို့လဲ ပြောလို့ရသလို တစ်ဖက်မှာလည်း ရည်မှန်းထားတဲ့သူရှိတဲ့အ တွက် အေးမြတ် သူ အတွက် ပျော်ရွှင်ပါတယ်။" လို့ သူမက ပြောပြထားပါတယ်။


ချစ်သူအကြောင်းကို အမြဲတမ်း ပွင့်ပွင့်လင်းလင်းပြောပြတတ်တဲ့သူမက ဒီလိုပြောပြချင်းဟာလည်း ချစ်သူကို အမွန်းတင်တာမဟုတ်ဘူးလို့ ဆိုပါတယ်။

"တချို့လည်း ပြောကြတယ်။ ချစ်သူကို အရမ်းအမွန်းတင်တယ်။ သတင်းလုပ်တယ်ပေ့ါ။မဟုတ်ပါဘူး။ တစ်ခါ တစ်လေ လူတွေက တစ်ဖက် သားကို ချီးမွမ်းဖို့ မေ့နေကြတယ်။ ချီးမွမ်း သင့်တဲ့သူကို ချီးမွမ်းတာလည်း မင်္ဂလာတစ်ပါးပဲ။ ပြီးတော့ ကိုယ့်ချစ်သူကို ကိုယ်ချီးမွမ်း တယ်ဆို တာ ကလည်း သူ့ိကုလည်း ကိုယ်က ကိုယ်ဘယ်လောက်ထိ လေးစားမှု ရှီတယ်ဆိုတာကို ပြတဲ့ သဘောပg။ အေးမြတ်သူအတွက် အဆင် အပြေဆုံးနဲ့ နားလည်မှု ရှိတဲ့သူ ဖြစ်လို့လေ။ သူ့ကို ချစ်လို့ ပါ။ " ဆိုပြီး သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြထားတာပါ။

ခန္ဓာကိုယ်လှလှလေးနဲ့ အဝတ်အစား ခပ်မိုက်မိုက်လေးတွေ ဝတ်တတ်တဲ့သူမအတွက် ချစ်သူကလည်း အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ဝင်စွက်ဖက်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

"အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီးတော့ သူက ဘာပဲ ဝတ်ဝတ် အေးမြတ်သူကို မစွက်ဖက်ဘူး ဘယ်လိုပဲ ဖြစ်ဖြစ် သဘောကျတယ်။ မြန်မာ ဝတ်စုံဝတ်လည်း သူသဘောကျတယ။် ဟော့ရှော့ဝတ်လည်း ချစ်သူက လှတာကို ဝတ်ပါဖို့။ အေးမြတ်သူရဲ့ အတွေးတွေ အေးမြတ် သူရဲ့ စိတ်အာရုံကို သူဘယ်တော့မှ မနှောက်ယှက်ဘူး အမြဲတမ်း သူအနောက်ကနေ ထိန်ကွတ်ပေးတယ်။ Support လုပ်ပေးတယ်။ " ဆိုပြီး သူမက စက်တင်ဘာ(၁၃) ရက်နေ့က ပြုလုပ်တဲ့ "၂၄ နာရီတစ်ချစ်" ပွဲရဲ့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။


အေးမြတ်သူဟာ ချစ်သူဆီရက ရတဲ့အချစ်ရော သူမရဲ့ ချစ်ပရိသတ်တွေဆီက ရတဲ့ အချစ်တွေရော ပိုင်ဆိုင်ခွင့်ရတာကြောင့်လည်း သူမရဲ့ ဘဝက အရမ်းကို ပျော်စရာကောင်းနေတာပါလို့ ယင်းအင်တာဗျူးမှာ ဆက်လက်ဖြေဆိုပေးထားပါတယ်။

"အချစ်ဆိုတာက ကိုယ့်ရဲ့ ချစ်သူဆီက ရတဲ့အချစ်ကော ကိုယ့်ကို ချစ်တဲ့  ပရိသတ်တွေဆီက ရတဲ့ အချစ်ကော ပြီးတော့ ကိုယ့်ပတ်ဝန်း ကျင်မှာ ကိုယ့်ကို ချစ်တဲ့သူတွေ အရမ်းများနေတဲ့အတွက် ကိုယ့်ကို အရမ်းကို ချစ်ကြတဲ့အတွက် အရမ်းကို ပျေ်ာစရာ ကောင်းပြီးတော့ အရမ်းကို လက်ဆက်နေတာပါ"လို့ သူမက ဆိုပါတယ်။

သူမအနေနဲ့ ချစ်သူကို Official ချပြဖို့အတွက်တော့ အချိန်အတိုင်းအတာတော့ လိုသေးတယ်လို့ ဆိုပါတယ်။ ပစ္စည်းကောင်းလေး ရထားပေ မယ့်လည်း Review ကောင်းကောင်း မ ရေးရဲဘူးတဲ့။

"ပစ္စည်းကောင်းကောင်း ရတာ ဥထားရတယ်။ Review ကောင်းကောင်းမရေးရဲဘူး။ ပါသွားမှာစိုးလို့ ချစ်သူကို Official မပြရဲသေးဘူူး ပါသွား မှာစိုးလို့ မစားရသေးပါဘူး။ နောက်ထပ်သုံးနှစ်လောက် စောင့်ရဦးမယ်။" ဆိုပြီး မီဒီယာတွေရဲ့မေးခွန်းလေးတွေကို စိတ်ဖြေစွာနဲ့ ဖြေဆို ပေးခဲ့ပါတယ်။

သရုပ်ဆောင်အေးမြတ်သူကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလက်ခံရိုက်ကူးနေရသလို အနုပညာရှင်အသစ်လေးတွေနဲ့ တွဲပြီး ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ မကြာခင် ရုံတင်ပြသတော့မယ့် ချူဆီ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top