မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တ႐ုတ္ႏွင့္ ကုန္သြယ္ေရး စစ္ပြဲအသြင္ အားၿပိဳင္ေနမႈတြင္ အေမရိကန္ဖက္က ဖိအားမရွိေၾကာင္း သမၼတ ေဒၚနယ္လ္ထရမ့္က ေျပာၾကားလုိက္သည္။

အေမရိကန္ႏွင့္ တ႐ုတ္တုိ႔ၾကား ႏွစ္ႏုိင္ငံ အျပန္အလွန္ ကုန္သြယ္ခြန္ စည္းၾကပ္မႈမ်ား ျမႇင့္တင္ခဲ့သည့္ေနာက္ ကုန္သြယ္ေရး စစ္ပြဲအသြင္ကို ေဆာင္လာၿပီး ႏုိင္ငံတကာ ေစ်းကြက္အေပၚတြင္လည္း ႐ိုက္ခတ္မႈမ်ား ႀကီးမားစြာ ျဖစ္ေပၚခဲ့သည္။

ထရမ့္က ႏွစ္ႏုိင္ငံ ကုန္သြယ္ေရး က႑တြင္ အေမရိကန္၏ လိုေငြ အေျမာက္အျမား ျပသေနမႈကို ေထာက္ျပၿပီး မွ်တမႈ မရွိသည့္ အေျခအေန တစ္ရပ္ဟု ေဝဖန္ခဲ့သည္။ ထို႔ေၾကာင့္ ေဒၚလာ ဘီလီယံႏွင့္ခ်ီ တန္ဖိုးရွိသည့္ တ႐ုတ္ သြင္းကုန္မ်ားကို အေမရိကန္က အခြန္ျမႇင့္တင္ စည္းၾကပ္ခဲ့သလို တ႐ုတ္ကလည္း တူတူညီညီ လက္တံု႔ျပန္ခဲ့ရာမွ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရး စစ္ပြဲအသြင္ ေပၚေပါက္လာခဲ့သည္။

ကုန္သြယ္ေရးႏွင့္ ပတ္သက္၍ ႏုိင္ငံႀကီး ႏွစ္ခုၾကား တတိယအႀကိမ္ ေဆြးေႏြးမည့္ အစီအစဉ္ မစတင္မီ၌ ထရမ့္က လက္ရွိ ၿပိဳင္ဆိုင္မႈမ်ိဳး ေ႐ွ႕ဆက္ရန္ အေမရိကန္အတြက္ အခက္အခဲ မရွိဟု တ႐ုတ္ကို သတိေပးခဲ့ျခင္း ျဖစ္သည္။

“က်ဳပ္တို႔အတြက္က ဘာဖိအားမွ မရွိဘူး။ က်ဳပ္တို႔ရဲ႕ ေစ်းကြက္က အေျခအေန ေကာင္းေနတယ္။ သူတို႔ဖက္မွာက ၿပိဳလဲစ ျပဳေနၿပီေလ”ဟု ထရမ့္က ဆိုသည္။ ယခုႏွစ္အတြင္း အေမရိကန္ႏွင့္ တ႐ုတ္ အစိုးရမ်ား အေနျဖင့္ သြင္းကုန္ က႑အေပၚ အျပန္အလွန္ အခြန္ျမႇင့္တင္ စည္းၾကပ္မႈမ်ား ေဒၚလာ ၅၀ ဘီလီယံဖိုးစာမွ်ထိ ျပဳလုပ္ထားၿပီး ျဖစ္သည္။

ထရမ့္က ၎အေနျဖင့္ ေဒၚလာ ဘီလီယံ ၂၀၀ ဖိုးမွ် မ်ားျပားသည့္ တ႐ုတ္ သြင္းကုန္မ်ားအေပၚ တစ္ဆင့္ခ်င္း အခြန္တိုးျမႇင့္ စည္းၾကပ္ရန္ စီစဉ္ထားၿပီး ျဖစ္ေၾကာင္းလည္း ဆိုသည္။ ထိုအေျခအေနက တ႐ုတ္အေပၚ အႀကီးအက်ယ္ အထိနာေစသလို အေမရိကန္ လုပ္ငန္း အခ်ိဳ႕ကိုလည္း ႐ိုက္ခတ္ သက္ေရာက္မည္ ျဖစ္သည္။

တ႐ုတ္ ႏုိင္ငံျခားေရး ဝန္ႀကီးဌာနကမူ လက္ရွိ တင္းမာေနသည့္ ကုန္သြယ္ေရး မူဝါဒႏွင့္ ပတ္သက္ၿပီး အေမရိကန္ႏွင့္ အေၾကအလည္ ညႇိႏိႈင္း ေဆြးေႏြးရန္ လိုလား လမ္းဖြင့္ထားမည္ဟု ေၾကညာထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC
# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နှင့် ကုန်သွယ်ရေး စစ်ပွဲအသွင် အားပြိုင်နေမှုတွင် အမေရိကန်ဖက်က ဖိအားမရှိကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်သည်။

အမေရိကန်နှင့် တရုတ်တို့ကြား နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ခွန် စည်းကြပ်မှုများ မြှင့်တင်ခဲ့သည့်နောက် ကုန်သွယ်ရေး စစ်ပွဲအသွင်ကို ဆောင်လာပြီး နိုင်ငံတကာ ဈေးကွက်အပေါ်တွင်လည်း ရိုက်ခတ်မှုများ ကြီးမားစွာ ဖြစ်ပေါ်ခဲ့သည်။

ထရမ့်က နှစ်နိုင်ငံ ကုန်သွယ်ရေး ကဏ္ဍတွင် အမေရိကန်၏ လိုငွေ အမြောက်အမြား ပြသနေမှုကို ထောက်ပြပြီး မျှတမှု မရှိသည့် အခြေအနေ တစ်ရပ်ဟု ဝေဖန်ခဲ့သည်။ ထို့ကြောင့် ဒေါ်လာ ဘီလီယံနှင့်ချီ တန်ဖိုးရှိသည့် တရုတ် သွင်းကုန်များကို အမေရိကန်က အခွန်မြှင့်တင် စည်းကြပ်ခဲ့သလို တရုတ်ကလည်း တူတူညီညီ လက်တုံ့ပြန်ခဲ့ရာမှ နှစ်နိုင်ငံ ကုန်သွယ်ရေး စစ်ပွဲအသွင် ပေါ်ပေါက်လာခဲ့သည်။

ကုန်သွယ်ရေးနှင့် ပတ်သက်၍ နိုင်ငံကြီး နှစ်ခုကြား တတိယအကြိမ် ဆွေးနွေးမည့် အစီအစဉ် မစတင်မီ၌ ထရမ့်က လက်ရှိ ပြိုင်ဆိုင်မှုမျိုး ရှေ့ဆက်ရန် အမေရိကန်အတွက် အခက်အခဲ မရှိဟု တရုတ်ကို သတိပေးခဲ့ခြင်း ဖြစ်သည်။

“ကျုပ်တို့အတွက်က ဘာဖိအားမှ မရှိဘူး။ ကျုပ်တို့ရဲ့ ဈေးကွက်က အခြေအနေ ကောင်းနေတယ်။ သူတို့ဖက်မှာက ပြိုလဲစ ပြုနေပြီလေ”ဟု ထရမ့်က ဆိုသည်။ ယခုနှစ်အတွင်း အမေရိကန်နှင့် တရုတ် အစိုးရများ အနေဖြင့် သွင်းကုန် ကဏ္ဍအပေါ် အပြန်အလှန် အခွန်မြှင့်တင် စည်းကြပ်မှုများ ဒေါ်လာ ၅၀ ဘီလီယံဖိုးစာမျှထိ ပြုလုပ်ထားပြီး ဖြစ်သည်။

ထရမ့်က ၎င်းအနေဖြင့် ဒေါ်လာ ဘီလီယံ ၂၀၀ ဖိုးမျှ များပြားသည့် တရုတ် သွင်းကုန်များအပေါ် တစ်ဆင့်ချင်း အခွန်တိုးမြှင့် စည်းကြပ်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်းလည်း ဆိုသည်။ ထိုအခြေအနေက တရုတ်အပေါ် အကြီးအကျယ် အထိနာစေသလို အမေရိကန် လုပ်ငန်း အချို့ကိုလည်း ရိုက်ခတ် သက်ရောက်မည် ဖြစ်သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ လက်ရှိ တင်းမာနေသည့် ကုန်သွယ်ရေး မူဝါဒနှင့် ပတ်သက်ပြီး အမေရိကန်နှင့် အကြေအလည် ညှိနှိုင်း ဆွေးနွေးရန် လိုလား လမ်းဖွင့်ထားမည်ဟု ကြေညာထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top