ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 အလိုအေလ်ာက္စနစ္ေတြက လူေတြေနရာ အစားထုိးသြားမလား
ေနာက္ ၄ႏွစ္မွာ စက္ရုပ္ေတြဟာ လက္ရွိအလုပ္အကိုင္ေပါင္း ၇၅ သန္းေနရာကို အစားထိုးသြားမယ့္အျပင္ အလုပ္အကိုင္သစ္ သန္းရာနဲ ့ခ်ီ ေဖာ္ေဆာင္လာလိမ့္မယ္လို ့ကမၻာ့စီးပြားေရးဖိုရမ္ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

Photo: BBC
စစ္တမ္းအရ လာမယ့္ ၂၀၂၂ ခုႏွစ္မွာ စက္ရုပ္ေတြဟာ ကမၻာနဲ ့အဝွမ္းမွ အလုပ္အကိုင္ေနရာေပါင္း ၇၅ သန္းကို ဝင္ေရာက္လာမွာျဖစ္ျပီး အရင္က မရိွခဲ့တဲ့ အလုပ္အကိုင္သစ္ေပါင္း ၁၃၃ သန္းကို ဖန္တီးသြားမယ္လို ့ဆိုပါတယ္။

စက္ရုပ္နည္းပညာတိုးတက္လာျခင္းေၾကာင့္ အလုပ္သမားမ်ားအတြက္ အလုပ္တာဝန္သစ္မ်ားကေန အနားရလာမွာ ျဖစ္ေပမယ့္ အလုပ္အကိုင္အခြင့္အလမ္း နည္းပါးသြားျခင္းက ျပႆနာ ရွိလာမွာပါ။

တြက္ခ်က္မႈမ်ားအရ ကုမၸဏီတစ္ခ်ိဳ ့ဟာ ယာယီဝန္ထမ္း ၊ အလြတ္တန္းသမားမ်ားနဲ ့အထူးသီးသန္ ့ကန္ထရိုက္မ်ားးကို ငွားရမ္း အသံုးျပဳဖို ့ရိွျပီး တစ္ျခား ကုမၸဏီေတြကေတာ့ အလုပ္ေတြကို အလုိအေလ်ာက္ လုပ္ႏိုင္တဲ့ စနစ္ကို သံုးသြားမွာျဖစ္ပါတယ္။

တစ္ခုရိွတာက စက္နဲ ့လူအၾကား ခ်ိတ္ဆက္ေပးမယ့္ ကြ်မ္းက်င္မႈသစ္ေတြအတြက္ေတာ့ ပညာရွင္ေတြ လုိအပ္လာမယ္လို ့ စစ္တမ္းက ေဖာ္ျပထားပါတယ္ ။

ယႏၱရားေတြရဲ့ အလုပ္လုပ္ေဆာင္မႈဟာ လက္ရိွမွာ လုပ္ငန္းခြင္ရဲ့ ၂၉% ပဲ ရိွေပမယ့္ ၂၀၂၂ ခုႏွစ္မွာေတာ့ ၄၂% ထိ ရိွလာဖို ့ရိွပါတယ္။ တစ္ခ်ိန္တည္းမွာ လူေတြရဲ့ ပ်မ္းမွ် အလုပ္လုပ္ခ်ိန္နာရီရဲ့ ၇၁% ကေန ၂၀၂၂ ခုႏွစ္မွာ ၅၈% ထိ က်ဆင္းသြားမယ္လို ့သံုးသပ္ထားပါတယ္။

 ျပီးခဲ့တဲ့ႏွစ္ အေမရိကန္ အမ်ိဳးသားစီးပြားေရးသုေတသန (NBER) မွ ျပဳလုပ္တဲ့ အေမရိကန္အလုပ္သမားေစ်းကြက္မွ စက္ရုပ္မ်ား ႏွင့္ အလုပ္အကိုင္မ်ားဆိုင္ရာ အေထာက္အထားမ်ား ဆိုတဲ့ စာတမ္းအရ ျပီးခဲ့တဲ့ ၁၉၉၀ ကေန ၂၀၀၇ ခုႏွစ္တာ ကာလအတြင္း စက္ရံုမ်ားမွာ စက္ရုပ္သံုးစဲြလာျခင္းဟာ ပ်မ္းမွ်အားျဖင့္ အလုပ္အကိုင္ ၆.၂ ေနရာစာ ေပ်ာက္ဆံုးေစခဲ့တယ္လို ့ဆိုထားပါတယ္။

ဒီသုေတသနအရ ကုမၸဏီမ်ားမွာ လူသားအစား စက္ရုပ္မ်ားသံုးျခင္းေၾကာင့္ အလုပ္သမား ၁၀၀၀ မွာ ၀.၂၅% ကေန ၀.၅၀% အထိ အသံုးစရိတ္ေလ်ာ့က်လာတယ္လို ့ေဖာ္ျပထားပါတယ္။


Photo: Business Insider

ဒ့ါအျပင္ မက္ဆာခ်ဳးဆက္နည္းပညာ တကၠသိုလ္နဲ ့ေဘာ့စတြန္တကၠသိုလ္မွ စီးပြားေရးပညာရွင္ ဒါရြန္ ေအ့ေမာ့ဂ္လူကေတာ့ လာမယ့္ ၂၀၂၅ ခုႏွစ္ မွာ အေမရိကန္တစ္ခြင္မွာ အလုပ္အကိုင္ေနရာေပါင္း ၃.၃ သန္း ကေန ၆.၁ သန္းအထိ ဆံုးရံႈးလာဖို ့ရိွေနတယ္လို ့ေျပာထားပါတယ္။ လူသားတို ့ရဲ့ အလုပ္အကိုင္ေနရာကို အစားထိုးသြားမယ့္ စက္ရုပ္မ်ားရဲ့ ျပႆနာဟာ အကန္ ့အသတ္မရိွေတာင္ ျဖစ္သြားဖို ့ရိွေနပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 အလိုအလျောက်စနစ်တွေက လူတွေနေရာ အစားထိုးသွားမလား
နောက် ၄နှစ်မှာ စက်ရုပ်တွေဟာ လက်ရှိအလုပ်အကိုင်ပေါင်း ၇၅ သန်းနေရာကို အစားထိုးသွားမယ့်အပြင် အလုပ်အကိုင်သစ် သန်းရာနဲ့ချီ ဖော်ဆောင်လာလိမ့်မယ်လို့ကမ္ဘာ့စီးပွားရေးဖိုရမ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Photo: BBC
စစ်တမ်းအရ လာမယ့် ၂၀၂၂ ခုနှစ်မှာ စက်ရုပ်တွေဟာ ကမ္ဘာနဲ့အဝှမ်းမှ အလုပ်အကိုင်နေရာပေါင်း ၇၅ သန်းကို ဝင်ရောက်လာမှာဖြစ်ပြီး အရင်က မရှိခဲ့တဲ့ အလုပ်အကိုင်သစ်ပေါင်း ၁၃၃ သန်းကို ဖန်တီးသွားမယ်လို့ဆိုပါတယ်။

စက်ရုပ်နည်းပညာတိုးတက်လာခြင်းကြောင့် အလုပ်သမားများအတွက် အလုပ်တာဝန်သစ်များကနေ အနားရလာမှာ ဖြစ်ပေမယ့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသွားခြင်းက ပြဿနာ ရှိလာမှာပါ။

တွက်ချက်မှုများအရ ကုမ္ပဏီတစ်ချို့ဟာ ယာယီဝန်ထမ်း ၊ အလွတ်တန်းသမားများနဲ့အထူးသီးသန့်ကန်ထရိုက်များးကို ငှားရမ်း အသုံးပြုဖို့ရှိပြီး တစ်ခြား ကုမ္ပဏီတွေကတော့ အလုပ်တွေကို အလိုအလျောက် လုပ်နိုင်တဲ့ စနစ်ကို သုံးသွားမှာဖြစ်ပါတယ်။

တစ်ခုရှိတာက စက်နဲ့လူအကြား ချိတ်ဆက်ပေးမယ့် ကျွမ်းကျင်မှုသစ်တွေအတွက်တော့ ပညာရှင်တွေ လိုအပ်လာမယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ် ။

ယန္တရားတွေရဲ့ အလုပ်လုပ်ဆောင်မှုဟာ လက်ရှိမှာ လုပ်ငန်းခွင်ရဲ့ ၂၉% ပဲ ရှိပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ၄၂% ထိ ရှိလာဖို့ရှိပါတယ်။ တစ်ချိန်တည်းမှာ လူတွေရဲ့ ပျမ်းမျှ အလုပ်လုပ်ချိန်နာရီရဲ့ ၇၁% ကနေ ၂၀၂၂ ခုနှစ်မှာ ၅၈% ထိ ကျဆင်းသွားမယ်လို့သုံးသပ်ထားပါတယ်။

 ပြီးခဲ့တဲ့နှစ် အမေရိကန် အမျိုးသားစီးပွားရေးသုတေသန (NBER) မှ ပြုလုပ်တဲ့ အမေရိကန်အလုပ်သမားဈေးကွက်မှ စက်ရုပ်များ နှင့် အလုပ်အကိုင်များဆိုင်ရာ အထောက်အထားများ ဆိုတဲ့ စာတမ်းအရ ပြီးခဲ့တဲ့ ၁၉၉၀ ကနေ ၂၀၀၇ ခုနှစ်တာ ကာလအတွင်း စက်ရုံများမှာ စက်ရုပ်သုံးစွဲလာခြင်းဟာ ပျမ်းမျှအားဖြင့် အလုပ်အကိုင် ၆.၂ နေရာစာ ပျောက်ဆုံးစေခဲ့တယ်လို့ဆိုထားပါတယ်။

ဒီသုတေသနအရ ကုမ္ပဏီများမှာ လူသားအစား စက်ရုပ်များသုံးခြင်းကြောင့် အလုပ်သမား ၁၀၀၀ မှာ ဝ.၂၅% ကနေ ဝ.၅၀% အထိ အသုံးစရိတ်လျော့ကျလာတယ်လို့ဖော်ပြထားပါတယ်။

Photo: Business Insider

ဒ့ါအပြင် မက်ဆာချုးဆက်နည်းပညာ တက္ကသိုလ်နဲ့ဘော့စတွန်တက္ကသိုလ်မှ စီးပွားရေးပညာရှင် ဒါရွန် အေ့မော့ဂ်လူကတော့ လာမယ့် ၂၀၂၅ ခုနှစ် မှာ အမေရိကန်တစ်ခွင်မှာ အလုပ်အကိုင်နေရာပေါင်း ၃.၃ သန်း ကနေ ၆.၁ သန်းအထိ ဆုံးရှုံးလာဖို့ရှိနေတယ်လို့ပြောထားပါတယ်။ လူသားတို့ရဲ့ အလုပ်အကိုင်နေရာကို အစားထိုးသွားမယ့် စက်ရုပ်များရဲ့ ပြဿနာဟာ အကန့်အသတ်မရှိတောင် ဖြစ်သွားဖို့ရှိနေပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top