ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကၽြန္ေတာ္တို႔ႏိုင္ငံသည္ သယံဇာတေတြ ေပါႂကြယ္၀ပါလ်က္ ဆင္းရဲတြင္းထဲ နစ္၍ေနသည္။
အိမ္ေျမယာေျခ မဲေတြ အမ်ားႀကီး ျဖစ္၍လာသည္။ နာဂစ္ မုန္တိုင္းတိုက္ၿပီး ေနာက္ပိုင္း ဧရာ ၀တီတိုင္းသည္ ဆင္းရဲမြဲေတေဘး က်ေရာက္ကာ ကိုယ့္ရပ္ကိုယ့္ရြာ မေနႏိုင္ေတာ့ဘဲ ျမန္မာျပည္အႏွံ႔ ေျခဆန္႔ၾကရေတာ့၏။
ရန္ကုန္တိုင္းအတြင္းသို႔ စုၿပံဳေရာက္ရွိလာၿပီး လမ္းေဘးတြင္ က်ဴးေက်ာ္တဲေလးေတြထိုးကာ အသက္ ရွင္ရပ္တည္ႏိုင္ဖို႔ ႐ုန္းကန္ႀကိဳးစား ရေတာ့သည္။

ထို႔အတူ ကခ်င္၊ ရွမ္း ေဒသဘက္မွ စစ္ေဘးေရွာင္ဒုက္ၡ သည္ေတြကလည္း ေဆြမ်ိဳးမ်ားရွိရာ သို႔ ေျပာင္းေရႊ႕လာၾကသည္။
ရခိုင္ဘက္မွ ARSA အ ၾကမ္းဖက္သမားေတြ၏ ရန္ေဘးမွ လြတ္ကင္းေအာင္ အလုပ္အကိုင္ အခြင့္အလမ္းေပါမ်ားေသာ၊ ရန္ကုန္ မႏ္ၲေလးၿမိဳ႕ႀကီးမ်ားသို႔ အိုးအိမ္စြန္႔ ခြာထြက္လာခဲ့ၾကရ၏။
ထိုင္းနယ္စပ္ ကရင္ဒုက္ၡ သည္စခန္းတြင္ လူေပါင္းသိန္းေက်ာ္ ေရာက္ရွိေနခဲ့ၿပီး ယခုအခ်ိန္ထိ ကိုယ့္ ရပ္ကိုယ့္ရြာ မျပန္ႏိုင္ၾကေသး။
အိုးအိမ္အတည္တက် ၿငိမ္း ခ်မ္းစြာ မေနႏိုင္ေသးသေရြ႕ေတာ့ သူတို႔၏သားစဥ္မ်ိဳးဆက္သည္ ဆင္းရဲ တြင္းနက္ေနဦးမည္ျဖစ္သည္။
ဆင္းရဲတြင္းဒုက္ၡထဲ က် ေရာက္ေနၾကသူမ်ားသည္ စားစရာကို ၾကက္ယက္သလို ရွာေဖြစားေနရၿပီး မေသ႐ံုတမည္ အသက္ရွင္ခြင့္ေလး ရေန၏။
စားစရာ၊ ေနစရာမရွိမွ ေတာ့ ပညာသင္ၾကားဖို႔ အခြင့္အ လမ္းလည္း ဆံုး႐ႈံးၾကမည္မွာ ေသ ခ်ာသည္။ သည္ၾကားထဲ လယ္သိမ္း ေျမသိမ္းခံရေသာ ေတာင္သူလယ္ သမားမ်ားလည္း သူေဌးသေဘၤာနစ္ တာမ်ိဳးမဟုတ္ဘဲ သူေတာင္းစား ခြက္ေပ်ာက္အျဖစ္မ်ိဳး ႀကံဳေတြ႕ရၿပီး ႀကံဳရာက်ပန္း လုပ္ကိုင္စားေနၾကရ ေတာ့၏။ ဆင္းရဲျခင္းေၾကာင့္ အသိ ၪဏ္မြဲၿပီး ငရဲမေၾကာက္ လူတန္း စားေတြ ေပၚေပါက္လာသည္။

ဖုန္းေလးတစ္လံုး လိုခ်င္ ႐ံုျဖင့္လူ႐ိုက္ၿပီးလုတာမ်ိဳးေတြ၊ ခိုး ၀ွက္လုယက္အႏုၾကမ္းစီး၊ လူသတ္၊ ပစ္ၥည္းယူျခင္းတို႔ အလြယ္တကူ လုပ္လာၾကသည္။
ဗုဒ္ၶဘာသာလူမ်ိဳးမ်ားျဖစ္ ပါလ်က္ ငရဲမေၾကာက္ႏိုင္ေတာ့ဘဲ ဘုရားစိန္ဖူးေတာ္ဦး အလွဴခံပံုး ေဖာက္၊ ေရွးေဟာင္းဘုရားေတြခိုး ၿပီး ေရာင္း၊ အေႁခြအရံနည္းပါးေသာ ေက်ာင္းထိုင္သံဃာေတာ္မ်ားကို သတ္ျဖတ္လုယက္ လုပ္ေနၾကတာ ေတြ႕ျမင္ၾကားသိေနေတာ့ အေတာ္ စိတ္မေကာင္းျဖစ္ေနရသည္။
မူးယစ္ေဆးေတြကလည္း ပါးမွေပါ၊ လမ္းေဘးမွာ အလြယ္ တကူ ၀ယ္၍ရေနသည္။ ေသာက္ စားမူးယစ္ၿပီး ဘာမဟုတ္တာေလး ႏွင့္လူသတ္ရဲလာၾကသည္အထိ ဆိုး မိုက္လာၾကသည္။

သက္ငယ္မုဒိမ္းမႈေတြက လည္း ေနရာအႏွံ႔ ၾကားေနရသည္။ သက္ႀကီးရြယ္အို အဘိုးအဘြားမ်ား အိမ္မွာတစ္ေယာက္တည္း ထားခဲ့ ရမွာ စိတ္မခ်ရေသာေခတ္ ျဖစ္၍ ေနၿပီ။ လမ္းေပၚတြင္သြားလာလုပ္ ကိုင္ေနရေသာ အမ်ိဳးသမီးမ်ား၏ ဘ၀ကလည္း မလံုၿခံဳ၊ အာမခံခ်က္ မရွိသလို ျဖစ္လာၿပီ။
သည္လူေတြကို ႏိုင္ငံေရး အျမတ္ထုတ္လိုသူတို႔က ေငြေပး ျမႇဴဆြယ္လွ်င္ ဘာမဆိုခုိင္း၍ရေန သည္။
ငတ္ေနမွေတာ့ လူသတ္ ဖို႔၀န္မေလး ကားတစ္စင္းေပးလွ်င္ ပဲ သတ္ရသတ္ရ၊ လုပ္ခန႔္သူေတြက တစ္ေန႔တျခား မ်ားျပားလာသည္။
ဒီမိုကေရစီဆိုတာ လုပ္ခ်င္ တာလုပ္လို႔ရသည္ ခပ္မိုက္မိုက္သာ လုပ္၊ လူလိမ္ၼာေတြ ေရွာင္ရွားသြား ပါလိမ္မည္ဟု အထင္ရွိသူေတြက လည္း လမ္းေပၚမွာ ဓားရွည္တစ္ ေခ်ာင္းကိုင္ၿပီး အလြယ္တကူ စီးပြား ရွာစားေနၾက၏။
ကိုယ္လိုလူမိုက္ ၅ ေယာက္ ေလာက္ စုမိလွ်င္ ဘာမဆိုလုပ္ရဲ သည္။ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဟုဆို သူေတြကဆိုၾကသည္။
သည္လိုအေျခအေနမ်ိဳးတြင္ ျပည္သူအခ်င္းခ်င္း စိတ္၀မ္းကြဲကာ မညီမညြတ္ ျဖစ္ၾကေတာ့မည္။
စစ္အာဏာရွင္ အႂကြင္း အက်န္ကို တြန္းလွန္ဖို႔ေမ့ၿပီး ကိုယ့္ အခ်င္းခ်င္း လွည့္ခြပ္ေနေတာ့၏။
ေဖ့စ္ဘြတ္ခ္ေပၚတြင္ အသိ ၪဏ္နည္းစာ ဆဲဆိုေ၀ဖန္ ေလကန္ ေနၾကသူေတြကသန္းႏွင့္ခ်ီရွိေနသည္။
သည္မိုးသည္ေလ သည္လူ ေတြႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေသာ ဒီမို ကေရစီ ႏိုင္ငံေတာ္သစ္ႀကီးကို အဘယ္ကဲ့သို႔ ထူေထာင္ႏိုင္ပါအံ့ နည္း။
ဆင္းရဲျခင္းေၾကာင့္ လူ အမ်ားစုသည္ စိတ္ထားေအာက္တန္း က်ၿပီး အမွန္ႏွင့္အမွား တရားမႈ ႏွင့္ တရားမမႈတို႔ကို မခြဲျခားႏိုင္ေတာ့ ဘဲ သခင္က႐ွဴးတိုက္၍ ေျပးကိုက္ မည့္သူေတြ မ်ားလာသည္။
သူတို႔ကို အျပစ္မဆိုသာ။ ႏိုင္ငံႏွင့္လူမ်ိဳးထက္ မိမိအမ်ိဳးကို သာခ်စ္ေသာ လူႀကီးလူမိုက္တို႔၏ ေျမႇာက္ပင့္ေသြးထိုး ေနမႈတို႔ေၾကာင့္ စိတ္ဓာတ္ေတြ အရမ္း႐ိုင္းလာၾက ျခင္းျဖစ္သည္။

ဆင္းရဲျခင္းႏွင့္ တိုက္႐ိုက္ အခ်ိဳးက်ေနသည္။ တိုင္းျပည္စီးပြား ေရး ဖြံ႕ၿဖိဳးတိုးတက္ၿပီး လူေတြ လက္ထဲ ေငြရႊင္ကာ သံုးႏိုင္ျဖဳန္း ႏိုင္လာလွ်င္ စိတ္ဓာတ္အေတြးအေခၚ ေတြ ျပဳျပင္ေျပာင္းလဲသြားမွာ ေသ ခ်ာသည္။
ထို႔ေၾကာင့္ ထိုထိုသူတို႔ကို အျပစ္ျမင္ အျပစ္တင္ေနမည့္အစား တိုင္းျပည္စီးပြးေရး ဖြံ႕ၿဖိဳးတိုးတက္ ေအာင္၊ ကိုယ္စြမ္းၪဏ္စြမ္းရွိသမွ် ၀ိုင္း၀န္းႀကိဳးပမ္းၾကပါစို႔၊
အသိၪဏ္မြဲေသာ လူေတြ ကို အသံုးခ်ၿပီး တိုင္းျပည္မၿငိမ္ မသက္ျဖစ္ေအာင္ လုပ္ေနၾကသူမ်ား ကိုလည္း ေဖာ္ထုတ္စည္း႐ံုးအျပစ္ ေပး အေရးယူသင့္ပါသည္။
မွန္မွန္ကန္ကန္ စဥ္းစား ၍ ျပတ္ျပတ္သားသား လုပ္ကိုင္ရ မည့္ အခ်ိန္မ်ိဳး ေရာက္ေနၿပီဟု ထင္ျမင္ယူဆမိပါေၾကာင္း…။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေကာင္းသန္႔
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်တို့နိုင်ငံသည် သယံဇာတတွေ ပေါကြွယ်ဝပါလျက် ဆင်းရဲတွင်းထဲ နစ်၍နေသည်။
အိမ်မြေယာခြေ မဲတွေ အများကြီး ဖြစ်၍လာသည်။ နာဂစ် မုန်တိုင်းတိုက်ပြီး နောက်ပိုင်း ဧရာ ဝတီတိုင်းသည် ဆင်းရဲမွဲတေဘေး ကျရောက်ကာ ကိုယ့်ရပ်ကိုယ့်ရွာ မနေနိုင်တော့ဘဲ မြန်မာပြည်အနှံ့ ခြေဆန့်ကြရတော့၏။
ရန်ကုန်တိုင်းအတွင်းသို့ စုပြုံရောက်ရှိလာပြီး လမ်းဘေးတွင် ကျူးကျော်တဲလေးတွေထိုးကာ အသက် ရှင်ရပ်တည်နိုင်ဖို့ ရုန်းကန်ကြိုးစား ရတော့သည်။

ထို့အတူ ကချင်၊ ရှမ်း ဒေသဘက်မှ စစ်ဘေးရှောင်ဒုက်္ခ သည်တွေကလည်း ဆွေမျိုးများရှိရာ သို့ ပြောင်းရွှေ့လာကြသည်။
ရခိုင်ဘက်မှ ARSA အ ကြမ်းဖက်သမားတွေ၏ ရန်ဘေးမှ လွတ်ကင်းအောင် အလုပ်အကိုင် အခွင့်အလမ်းပေါများသော၊ ရန်ကုန် မန်္တလေးမြို့ကြီးများသို့ အိုးအိမ်စွန့် ခွာထွက်လာခဲ့ကြရ၏။
ထိုင်းနယ်စပ် ကရင်ဒုက်္ခ သည်စခန်းတွင် လူပေါင်းသိန်းကျော် ရောက်ရှိနေခဲ့ပြီး ယခုအချိန်ထိ ကိုယ့် ရပ်ကိုယ့်ရွာ မပြန်နိုင်ကြသေး။
အိုးအိမ်အတည်တကျ ငြိမ်း ချမ်းစွာ မနေနိုင်သေးသရွေ့တော့ သူတို့၏သားစဉ်မျိုးဆက်သည် ဆင်းရဲ တွင်းနက်နေဦးမည်ဖြစ်သည်။
ဆင်းရဲတွင်းဒုက်္ခထဲ ကျ ရောက်နေကြသူများသည် စားစရာကို ကြက်ယက်သလို ရှာဖွေစားနေရပြီး မသေရုံတမည် အသက်ရှင်ခွင့်လေး ရနေ၏။
စားစရာ၊ နေစရာမရှိမှ တော့ ပညာသင်ကြားဖို့ အခွင့်အ လမ်းလည်း ဆုံးရှုံးကြမည်မှာ သေ ချာသည်။ သည်ကြားထဲ လယ်သိမ်း မြေသိမ်းခံရသော တောင်သူလယ် သမားများလည်း သူဌေးသင်္ဘောနစ် တာမျိုးမဟုတ်ဘဲ သူတောင်းစား ခွက်ပျောက်အဖြစ်မျိုး ကြုံတွေ့ရပြီး ကြုံရာကျပန်း လုပ်ကိုင်စားနေကြရ တော့၏။ ဆင်းရဲခြင်းကြောင့် အသိ ဉဏ်မွဲပြီး ငရဲမကြောက် လူတန်း စားတွေ ပေါ်ပေါက်လာသည်။

ဖုန်းလေးတစ်လုံး လိုချင် ရုံဖြင့်လူရိုက်ပြီးလုတာမျိုးတွေ၊ ခိုး ဝှက်လုယက်အနုကြမ်းစီး၊ လူသတ်၊ ပစ်္စည်းယူခြင်းတို့ အလွယ်တကူ လုပ်လာကြသည်။
ဗုဒ်္ဓဘာသာလူမျိုးများဖြစ် ပါလျက် ငရဲမကြောက်နိုင်တော့ဘဲ ဘုရားစိန်ဖူးတော်ဦး အလှူခံပုံး ဖောက်၊ ရှေးဟောင်းဘုရားတွေခိုး ပြီး ရောင်း၊ အခြွေအရံနည်းပါးသော ကျောင်းထိုင်သံဃာတော်များကို သတ်ဖြတ်လုယက် လုပ်နေကြတာ တွေ့မြင်ကြားသိနေတော့ အတော် စိတ်မကောင်းဖြစ်နေရသည်။
မူးယစ်ဆေးတွေကလည်း ပါးမှပေါ၊ လမ်းဘေးမှာ အလွယ် တကူ ဝယ်၍ရနေသည်။ သောက် စားမူးယစ်ပြီး ဘာမဟုတ်တာလေး နှင့်လူသတ်ရဲလာကြသည်အထိ ဆိုး မိုက်လာကြသည်။

သက်ငယ်မုဒိမ်းမှုတွေက လည်း နေရာအနှံ့ ကြားနေရသည်။ သက်ကြီးရွယ်အို အဘိုးအဘွားများ အိမ်မှာတစ်ယောက်တည်း ထားခဲ့ ရမှာ စိတ်မချရသောခေတ် ဖြစ်၍ နေပြီ။ လမ်းပေါ်တွင်သွားလာလုပ် ကိုင်နေရသော အမျိုးသမီးများ၏ ဘဝကလည်း မလုံခြုံ၊ အာမခံချက် မရှိသလို ဖြစ်လာပြီ။
သည်လူတွေကို နိုင်ငံရေး အမြတ်ထုတ်လိုသူတို့က ငွေပေး မြှူဆွယ်လျှင် ဘာမဆိုခိုင်း၍ရနေ သည်။
ငတ်နေမှတော့ လူသတ် ဖို့ဝန်မလေး ကားတစ်စင်းပေးလျှင် ပဲ သတ်ရသတ်ရ၊ လုပ်ခန့်သူတွေက တစ်နေ့တခြား များပြားလာသည်။
ဒီမိုကရေစီဆိုတာ လုပ်ချင် တာလုပ်လို့ရသည် ခပ်မိုက်မိုက်သာ လုပ်၊ လူလိမ်္မာတွေ ရှောင်ရှားသွား ပါလိမ်မည်ဟု အထင်ရှိသူတွေက လည်း လမ်းပေါ်မှာ ဓားရှည်တစ် ချောင်းကိုင်ပြီး အလွယ်တကူ စီးပွား ရှာစားနေကြ၏။
ကိုယ်လိုလူမိုက် ၅ ယောက် လောက် စုမိလျှင် ဘာမဆိုလုပ်ရဲ သည်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဟုဆို သူတွေကဆိုကြသည်။
သည်လိုအခြေအနေမျိုးတွင် ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲကာ မညီမညွတ် ဖြစ်ကြတော့မည်။
စစ်အာဏာရှင် အကြွင်း အကျန်ကို တွန်းလှန်ဖို့မေ့ပြီး ကိုယ့် အချင်းချင်း လှည့်ခွပ်နေတော့၏။
ဖေ့စ်ဘွတ်ခ်ပေါ်တွင် အသိ ဉဏ်နည်းစာ ဆဲဆိုဝေဖန် လေကန် နေကြသူတွေကသန်းနှင့်ချီရှိနေသည်။
သည်မိုးသည်လေ သည်လူ တွေနှင့် ဖွံ့ဖြိုးတိုးတက်သော ဒီမို ကရေစီ နိုင်ငံတော်သစ်ကြီးကို အဘယ်ကဲ့သို့ ထူထောင်နိုင်ပါအံ့ နည်း။
ဆင်းရဲခြင်းကြောင့် လူ အများစုသည် စိတ်ထားအောက်တန်း ကျပြီး အမှန်နှင့်အမှား တရားမှု နှင့် တရားမမှုတို့ကို မခွဲခြားနိုင်တော့ ဘဲ သခင်ကရှူးတိုက်၍ ပြေးကိုက် မည့်သူတွေ များလာသည်။
သူတို့ကို အပြစ်မဆိုသာ။ နိုင်ငံနှင့်လူမျိုးထက် မိမိအမျိုးကို သာချစ်သော လူကြီးလူမိုက်တို့၏ မြှောက်ပင့်သွေးထိုး နေမှုတို့ကြောင့် စိတ်ဓာတ်တွေ အရမ်းရိုင်းလာကြ ခြင်းဖြစ်သည်။

ဆင်းရဲခြင်းနှင့် တိုက်ရိုက် အချိုးကျနေသည်။ တိုင်းပြည်စီးပွား ရေး ဖွံ့ဖြိုးတိုးတက်ပြီး လူတွေ လက်ထဲ ငွေရွှင်ကာ သုံးနိုင်ဖြုန်း နိုင်လာလျှင် စိတ်ဓာတ်အတွေးအခေါ် တွေ ပြုပြင်ပြောင်းလဲသွားမှာ သေ ချာသည်။
ထို့ကြောင့် ထိုထိုသူတို့ကို အပြစ်မြင် အပြစ်တင်နေမည့်အစား တိုင်းပြည်စီးပွးရေး ဖွံ့ဖြိုးတိုးတက် အောင်၊ ကိုယ်စွမ်းဉဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းကြပါစို့၊
အသိဉဏ်မွဲသော လူတွေ ကို အသုံးချပြီး တိုင်းပြည်မငြိမ် မသက်ဖြစ်အောင် လုပ်နေကြသူများ ကိုလည်း ဖော်ထုတ်စည်းရုံးအပြစ် ပေး အရေးယူသင့်ပါသည်။
မှန်မှန်ကန်ကန် စဉ်းစား ၍ ပြတ်ပြတ်သားသား လုပ်ကိုင်ရ မည့် အချိန်မျိုး ရောက်နေပြီဟု ထင်မြင်ယူဆမိပါကြောင်း…။
ဖိုးသူတော် (www.phothutaw.com)
Credit:ကောင်းသန့်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top