မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ခ်စ္ဖို႔ေကာင္းလိုက္တာ..
ဆိုးလ္ၿမိဳ႕ရွိ ေတာင္တက္လမ္းတစ္ေလွ်ာက္မွာ ကိုရီးယားအမ်ိဳးသား တစ္ဦးအေနာက္ကို ဘဲေပါက္ကေလး၁၂ေကာင္လိုက္လာတဲ့ အျဖစ္ကေတာ့ ဆိုရွယ္မီဒီယာမွာ နာမည္ႀကီးသြားခဲ့ပါတယ္။



အသက္လယ္လတ္ပိုင္းရွိ လူတစ္ေယာက္ေနာက္ကို ဘဲကေလးေတြက သူတို႔ရဲ႕မိခင္ထင္ၿပီး အေနာက္ တေကာက္ေကာက္လိုက္လာၾကတာျဖစ္ပါတယ္။ သူတို႔ေလးေတြ ဥမေပါက္ခင္တုန္းက ထိုအမ်ိဳးသားက ေသခ်ာေႏြးေႏြးေထြးေထြးလုပ္ေပးခဲ့ေတာ့ ဥေပါက္လာခ်ိန္မွာ ဒီလူကို သူတို႔ရဲ႕မိခင္ႀကီးလို႔ပဲ ထင္ေယာင္ေနၾကတာျဖစ္ပါတယ္။

ေတာင္တက္ရင္လည္း ထိုဘဲကေလးေတြက အေနာက္က တေကာက္ေကာက္လိုက္သတဲ့။ ထိုလူက တစ္ေနရာမွာ နားၿပီဆို သူတို႔ေလးေတြလည္း အုပ္စုလိုက္ရပ္ၿပီး အနားယူၾကတယ္။ မနက္တိုင္း ဒီလို လမ္းေလွ်ာက္ထြက္ျဖစ္တယ္လို႔ သိရပါတယ္။ ဒီဘဲေလးေတြနဲ႔ ထိုအမ်ိဳးသားရဲ႕သံေယာဇဥ္ကေတာ့ ခိုင္ၿမဲေနပါၿပီ။

တစ္ခ်ိဳ႕ေတာင္တက္သမားေတြက ဒီဘဲေလးေတြ ေတာင္တက္ႏိုင္ပါ့မလား ဆိုၿပီးေမးၾကပါတယ္။ ေခြးေတြပဲ တက္ၾကတာေတြ႕ဖူးတယ္။ ဘဲေလးေတြ ေတာင္တက္တာေတာ့ မေတြ႕ဖူးဘူး ဆိုၿပီး ထိုလူကို လာေျပာၾကပါတယ္။

”သူတို႔ေလးေတြနဲ႔ ေကာင္းကင္ႀကီးဆီကို သြားႏိုင္ဖို႔က ကြၽန္ေတာ့္ရဲ႕အိပ္မက္ငယ္ေလးပါပဲ” တဲ့
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Buzzy
# Unicode Version ျဖင့္ ဖတ္ပါ #
ချစ်ဖို့ကောင်းလိုက်တာ..
ဆိုးလ်မြို့ရှိ တောင်တက်လမ်းတစ်လျှောက်မှာ ကိုရီးယားအမျိုးသား တစ်ဦးအနောက်ကို ဘဲပေါက်ကလေး၁၂ကောင်လိုက်လာတဲ့ အဖြစ်ကတော့ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသွားခဲ့ပါတယ်။


အသက်လယ်လတ်ပိုင်းရှိ လူတစ်ယောက်နောက်ကို ဘဲကလေးတွေက သူတို့ရဲ့မိခင်ထင်ပြီး အနောက် တကောက်ကောက်လိုက်လာကြတာဖြစ်ပါတယ်။ သူတို့လေးတွေ ဥမပေါက်ခင်တုန်းက ထိုအမျိုးသားက သေချာနွေးနွေးထွေးထွေးလုပ်ပေးခဲ့တော့ ဥပေါက်လာချိန်မှာ ဒီလူကို သူတို့ရဲ့မိခင်ကြီးလို့ပဲ ထင်ယောင်နေကြတာဖြစ်ပါတယ်။

တောင်တက်ရင်လည်း ထိုဘဲကလေးတွေက အနောက်က တကောက်ကောက်လိုက်သတဲ့။ ထိုလူက တစ်နေရာမှာ နားပြီဆို သူတို့လေးတွေလည်း အုပ်စုလိုက်ရပ်ပြီး အနားယူကြတယ်။ မနက်တိုင်း ဒီလို လမ်းလျှောက်ထွက်ဖြစ်တယ်လို့ သိရပါတယ်။ ဒီဘဲလေးတွေနဲ့ ထိုအမျိုးသားရဲ့သံယောဇဉ်ကတော့ ခိုင်မြဲနေပါပြီ။

တစ်ချို့တောင်တက်သမားတွေက ဒီဘဲလေးတွေ တောင်တက်နိုင်ပါ့မလား ဆိုပြီးမေးကြပါတယ်။ ခွေးတွေပဲ တက်ကြတာတွေ့ဖူးတယ်။ ဘဲလေးတွေ တောင်တက်တာတော့ မတွေ့ဖူးဘူး ဆိုပြီး ထိုလူကို လာပြောကြပါတယ်။

”သူတို့လေးတွေနဲ့ ကောင်းကင်ကြီးဆီကို သွားနိုင်ဖို့က ကျွန်တော့်ရဲ့အိပ်မက်ငယ်လေးပါပဲ” တဲ့
ဖိုးသူတော် (www.phothutaw.com)
Credit:Buzzy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top