မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×



မေရာက္တာသုံးႏွစ္ေက်ာ္ ၿပီျဖစ္သည့္ ပုဂံေျမသုိ႔သြားရန္ စဥ္းစားမိခ်ိန္တြင္ ပထမဆုံးေခါင္း ထဲေပၚလာသည္က ဘာႏွင့္သြား မည္လဲဟူသည့္ေမးခြန္းပင္။ ျမန္ မာမွန္လွ်င္ ပုဂံေရာက္ဖူးရမည္ဟူ ေသာစကားကုိ လက္ကိုင္ထား ကာ ယခင္ႏွစ္မ်ားက ပုဂံသုိ႔အ နည္းဆုံးတစ္ႏွစ္တစ္ေခါက္(သုိ႔ မဟုတ္)၂ ႏွစ္တစ္ေခါက္ေတာ့ ေရာက္ေအာင္သြားခဲ့သည္။ သြား တိုင္းလည္း အခ်ိန္ကုန္သက္သာ ေသာ အေ၀းေျပးကားျဖင့္သာ သြားခဲ့သည္ခ်ည္း။ ႐ုံးဆင္းၿပီး ေနာက္ ေနာက္အက်ဆုံးထြက္ သည့္ ည ၈ နာရီကားျဖင့္ေအာင္ မဂၤလာအေ၀းေျပးမွထြက္၊ တစ္ ညလုံးစီး၊ နံနက္ ၄ နာရီပုဂံ ေရာက္။ ထုိ႔ေနာက္ ကားဂိတ္တြင္ ငုတ္တုတ္မုိးလင္းၿပီးမွ ဟုိတယ္ သုိ႔သြားရသည္။

အခုတစ္ေခါက္ေတာ့ ကား ဂိတ္တြင္ ငုတ္တုတ္မုိးလင္းရမည့္ အေျခအေနမ်ိဳးလည္းမျဖစ္လုိ၍ အျခားနည္းလမ္းရွာၾကည့္ေတာ့ မမ(ျမန္မာ့မီးရထား)ကုိ သတိရမိ သည္။ မမ၏ ယခင္၀န္ေဆာင္မႈ ပိုင္းမွာ လုိအပ္ခ်က္မ်ားရွိခဲ့ေသာ္ လည္း ခုေနာက္ပိုင္းမွာေတာ့ မမသည္ အရင္လုိမဟုတ္၊ေျပာင္း လဲေနၿပီဟု မိတ္ေဆြအခ်ိဳ႕၏ျပန္ လည္မွ်ေ၀မႈသတင္းမ်ားအရ သိ ရသည္။ ထုိသုိ႔ၾကားရကတည္းက တစ္ခ်ိန္ေတာ့ မမႏွင့္ခရီးသြား ၾကည့္ဦးမည္ဟု ေတးထားခဲ့ သည္။ ခုေတာ့ မမႏွင့္နဖူးေတြ႕ ဒူးေတြ႕ ေတြ႕ရေတာ့မည္။

ရထားစီး၍ ခရီးသြားရာတြင္ ကားႏွင့္မတူသည့္တစ္ခ်က္က သီ ခ်င္းမ်ားကုိ မၾကားခ်င္လည္း ၾကားရ၊ ဗီဒီယိုကားမ်ားကုိမၾကည့္ ခ်င္လည္း ၾကည့္ရသည့္ဒုကၡမွ ကင္းလြတ္ျခင္းပင္။ ထုိ႔အျပင္ ရထားျပတင္းမွေန၍ ပတ္၀န္း က်င္႐ႈခင္းမ်ားကုိ ေငးခ်င္ရာေငး ၿပီး ေတြးခ်င္ရာေတြးေနႏုိင္သည္။

ၿပီးေတာ့ နာမည္ေက်ာ္အျမန္ လမ္းမႀကီးေပၚ ေကြးေသာလက္ မဆန္႔မီဆုိသည့္ ေသြးသံရဲရဲ ျဖစ္ရပ္မ်ားကုိ  မၾကာခဏဆုိ သလုိၾကားေနရဆဲမုိ႔ ရန္ကုန္မွပုဂံ သုိ႔ အႏၲရာယ္ကင္း၊ ေဘးရွင္း၊ အေတြးမ်ားလည္း ဖြဲ႕သီႏုိင္မည့္ ရထားျဖင့္သာ ခ်ီတက္ရန္ ဆုံး ျဖတ္ခဲ့သည္။ ထပ္စဥ္းစားမိ တာက  သည္ေလာက္အခ်ိန္ အၾကာႀကီးခုတ္ေမာင္းမည့္ ခရီး ကုိ သီးသီးသန္႔သန္႔၊ သက္ေသာင့္ သက္သာ စီးႏုိင္ေရး။ ထုိ႔ေၾကာင့္ အထက္တန္းအိပ္စင္လက္မွတ္ ျဖတ္ကာ ပုဂံခရီးစဥ္ကုိ စရန္ သတ္လုိက္သည္။ လက္မွတ္ခက တစ္ေစာင္ ၁၆၅၀၀ က်ပ္။

တိက်ျခင္း၏ ဒုကၡ

(၆၁)အဆန္ထြက္ခ်ိန္ ည ေန ၄ နာရီဟုရထားလက္မွတ္တြင္ ေရးထားေသာ္လည္း ျမန္မာစံ ေတာ္ခ်ိန္ပဲေလဟု ေပါ့ေပါ့တြက္ ကာ အိမ္မွတစ္နာရီသာေစာ၍ ထြက္လာမိခဲ့ျခင္းက ျပႆနာ၏ အစျဖစ္သည္။ လုိက္ပုိ႔သည့္ကား က ၃ နာရီ ၄၅ တြင္ ကန္ေတာ္ႀကီး ပတ္လမ္း၌သာရွိေနခ်ိန္ ဘူတာ ႀကီးကုိ ႀကိဳေရာက္ေနသည့္သူ ငယ္ခ်င္းက ဖုန္းတဂြမ္ဂြမ္ဆက္ ကာ ေလာေတာ့သည္။ ရထားက ၄နာရီ  အတိအက်ထြက္မည္မုိ႔ အခ်ိန္မီမေရာက္မည္ကုိစိတ္ပူ ကာ သူကဖုန္းခဏခဏဆက္ ေလ ကုိယ့္မွာလည္းရင္ပူရေလ။ သူမ်ားေတြတက္ကုန္ၿပီ၊ ေနရာယူ ၾကၿပီ၊ ရထားကထြက္ေတာ့မည္ ဟု သူငယ္ခ်င္း၏ တတြတ္တြတ္ ဖုန္းသံတြင္ကုိယ့္မွာလည္း ဘုရား တ တတ။ သူတစ္ဦးတည္းသာ ရထားပလက္ေဖာင္းေပၚက်န္ ေတာ့ေၾကာင္း ေျပာခ်ိန္မွာေတာ့ ရထားမမီမည္ကုိပူပန္မႈက ေရဆူ အမွတ္သုိ႔ေရာက္သြားသည္။ သုိ႔ ေသာ္ ကံတရားကပုဂံမွပုဂံ၊ ရ ထားမွရထားျဖစ္ေနေသာကုိယ့္ ဘက္မွာမုိ႔ အၿမဲတမ္းကားပိတ္ ေလ့ရွိေသာ ကန္ေတာ္ႀကီးပတ္ လမ္းတြင္ကားမပိတ္။ ၃ နာရီ မိနစ္ ၅၀ တြင္ သိမ္ျဖဴလမ္းသုိ႔ ေရာက္။ သူငယ္ခ်င္းက အေပါက္ ၀က ၀န္ထမ္းကုိ လက္မွတ္ေပးခဲ့ မည္။ ဘူတာေရာက္လွ်င္၀န္ထမ္း ထံမွလက္မွတ္ယူၿပီး တန္း၀င္လာ ခဲ့ဖုိ႔မွာသည္။ ဘူတာႀကီးကုိ ေရာက္ခ်ိန္မွာ ၃ နာရီ ၅၅ မိနစ္။ ရထားကထြက္ရန္အသင့္အေန အထား။ ရထားႏွင့္လုိက္ပါမည့္ ၀န္ထမ္းမ်ားကလည္း အားလုံး ရယ္ဒီ။ ကားေပၚမွ အေျပးအလႊား ဆင္း၊ အထုပ္ဆြဲၿပီး အေပါက္၀မွ လက္မွတ္ယူ၊ ဥဩဆြဲေနေသာ ရထားဆီတန္းေျပး။ အေပါက္မွ ၀န္ထမ္းမ်ားကလည္း စိတ္ပူသ ျဖင့္ ျမန္ျမန္ေျပးရန္ေလာေဆာ္။ ၀႐ုန္းသုန္းကားျဖင့္ ရထားေပၚ ေရာက္မွပင္ သက္ျပင္းခ်ႏုိင္ေတာ့ သည္။

မမ၏ အေျပာင္းအလဲကုိ ၾကားသိၿပီးျဖစ္ေသာ္လည္း မမကုိ ေလွ်ာ့တြက္မိျခင္းေၾကာင့္ ေရာက္ ရေသာဒုကၡ။ ေနာက္ထပ္ ငါးမိနစ္ ခန္႔သာေနာက္က်ခဲ့လွ်င္ ေခါင္း ငုိက္စုိက္အထုပ္ပုိက္ အိမ္ျပန္ရ မည့္ကိန္းမုိ႔ မမႏွင့္ခရီးေ၀းသြား မည္ဆုိလွ်င္ အခ်ိန္အတိအက် ေရာက္ရန္လုိအပ္ေၾကာင္း သင္ ခန္းစာေကာင္းရလုိက္သည္။

အထက္တန္းအိပ္စင္

       ရထားစထြက္ၿပီျဖစ္၍ ပစၥည္းမ်ားကုိ ေနရာခ်ရင္း အိပ္စင္ကုိစူး စမ္းမိသည္။ ပုံမွန္အားျဖင့္အထက္ တန္းအိပ္စင္ေထာင့္ႏွစ္ခုတြင္ ဆုိ ဖာခုံေလးခုံရွိေနၿပီး ထုိခုံမ်ားကုိဆြဲ ဆန္႔လုိက္လွ်င္ အိပ္ရာႏွစ္ခုျဖစ္ သြားသည္။ လူတစ္ဦးစာအတြက္ အဆုိပါအိပ္ရာေပၚတြင္ က်ယ္ က်ယ္၀န္း၀န္းအိပ္ႏုိင္သည္။ အ ေပၚတြင္လည္း အိပ္ရာတစ္ခု။ အေပၚဘက္အိပ္ရာသုိ႔ တက္ရန္ သံေလွကားကေလးတစ္ ခုရွိေန၍ တက္ၾကည့္ေတာ့ အိပ္ရာေပၚ တြင္ မမတံဆိပ္ပါေခါင္းအုံးအျဖဴ ေလးႏွစ္ခုႏွင့္ သပ္ရပ္စြာေခါက္ ထားေသာအျဖဴေရာင္အိပ္ရာ ခင္းေလးႏွစ္ခုက သန္႔သန္႔ရွင္း ရွင္းရွိေနသည္။ ေလးဦးတြဲျဖစ္၍ တစ္ဖက္တြင္လည္း ထုိအတိုင္း။ ေအာက္မွခုံမ်ား၏အလယ္တြင္ စားေသာက္ဖြယ္ရာမ်ားတင္ႏုိင္ ရန္ ေခါက္ခုံေလးတစ္ခုုရွိသည္။ ဆုိဖာခုံမ်ား၏ ေဘးတြင္ေတာ့ ပစၥည္းမ်ားတင္ရန္ သစ္သားခုံ တစ္ခုႏွင့္ စတီးစင္ေလးတစ္ခု။ အေပၚတြင္ ပန္ကာတစ္ခုႏွင့္မီး ေခ်ာင္းႏွစ္ေခ်ာင္း။ အိမ္သာႏွင့္ ေဘစင္က ကပ္လ်က္ရွိေနၿပီး အ သံုးျပဳ၍အဆင္ေျပသည့္အေနအ ထားမ်ိဳးမုိ႔ မမကမဆုိးဘူးပဲဟု တစ္ကုိယ္ေတာ္ မွတ္ခ်က္ခ်မိ သည္။

အထက္တန္းအိပ္စင္တစ္ တြဲတြင္ လူေလးဦးႏႈန္းသတ္မွတ္ ထားေသာ္လည္း မုိးတြင္းကာလ ခရီးသြားနည္းသည့္ရာသီမုိ႔လား ေတာ့မသိ။ တစ္တြဲလုံးတြင္ ကြၽန္မတို႔ႏွစ္ဦးသာရွိသည္။ ထုိအ ေနအထားက ကုိယ္ေတြႏွစ္ဦးအ တြက္ သိပ္ကုိအဆင္ေျပၿပီး လြတ္ လြတ္လပ္လပ္စီးရေသာ္လည္း မမအတြက္မွာမူ သက္ျပင္းခ်ဖြယ္ ရာ။ ခရီးသြားမ်ားမ်ားလုိက္မွ မမ အတြက္အဆင္ေျပႏုိင္မည္။ သုိ႔ ေသာ္ျမန္မာ့ခရီးသြားက႑က လည္း အက်ဘက္ေရာက္ေန သည္။ မုိးတြင္းမို႔ ခရီးသြားနည္းရ သည့္အထဲ ရခုိင္ျပႆနာေၾကာင့္ အေနာက္ႏုိင္ငံမ်ားမွ ခရီးသြား၀င္ ေရာက္မႈက်ဆင္းေနသည္။

ေရွ႕ကအထက္တန္းအိပ္ စင္တြဲတြင္လည္း ထုိနည္းလည္း ေကာင္းပင္။ ႏုိင္ငံျခားခရီးသြား ႏွစ္ဦးသာရွိသည္။ ခရီးသြားမ်ား သည့္ရာသီတြင္ေတာ့ ရန္ကုန္- ပုဂံရထားအထက္တန္းအိပ္စင္ တစ္တဲြလွ်င္ လူရွစ္ဦးစီးရသည္အ ထိရွိခဲ့ေၾကာင္း မီးရထား၀န္ထမ္း တစ္ဦးက ေျပာျပသည္။ ၀န္ ေဆာင္မႈပုိင္းေျပာင္းလဲလာေသာ္ လည္း ခရီးသြားတက္မလာလွ်င္ အေျပာင္းအလဲ၏အသီးအပြင့္ ကုိခံစားရမည္မဟုတ္။ ေအာက္ တိုဘာဆုိလွ်င္ ခရီးသြားရာသီစ ေတာ့မည္မုိ႔ ေရွ႕ေလွ်ာက္မမအ တြက္အလားအလာေကာင္းပါ ေစဟုသာ ဆုေတာင္းမိသည္။

အစားအေသာက္

ရန္ကုန္မွပုဂံသုိ႔ ၁၉ နာရီ ၾကာရထားစီးရသျဖင့္ ညစာႏွင့္ နံနက္စာကုိ ရထားေပၚတြင္သာ စားရမည္ျဖစ္သည္။ အထက္ တန္းအိပ္စင္တြင္ စားေသာက္တြဲ ပါသျဖင့္ ၀န္ထမ္းမ်ားကရထား မထြက္မီညစာႏွင့္နံနက္စာကုိ ႀကိဳတင္ေအာ္ဒါလာေကာက္ သည္။ ၾကာဆံေၾကာ္၊ ေခါက္ဆြဲ ေၾကာ္၊ ထမင္းေၾကာ္၊ ထမင္း ေပါင္းႏွင့္ တ႐ုတ္စာမ်ားရႏိုင္သ လုိ ကန္စြန္းပလိန္း၊ ေက်ာက္ပြင့္ သုပ္၊ လက္ဖက္သုပ္စသည္တို႔ လည္းမွာႏုိင္သည္။ၾကာဆံေၾကာ္၊ ေခါက္ဆြဲေၾကာ္တစ္ပြဲ က်ပ္ ၂,၀၀၀၊ ကန္စြန္းပလိန္း၊ေက်ာက္ ပြင့္သုပ္က်ပ္ ၁,၅၀၀၊ အေအး တစ္ဘူးက်ပ္ ၁,၀၀၀ ေစ်းက ေတာ့မဆုိး။

အိမ္မွမုန္႔ႏွင့္ အျခားစားစရာမ်ား ထည့္လာလွ်င္ေတာ့မွာစရာမလုိ။ သုိ႔ေသာ္ ရထားအၾကာႀကီးစီးရ မည္ျဖစ္ၿပီး ေနာက္ေန႔နံနက္ ၁၁ နာရီမွ ပုဂံသုိ႔ေရာက္မည္ျဖစ္၍လုိအပ္သည္မ်ားကုိမွာ ထားၾကရန္ ၀န္ထမ္းမ်ားကအႀကံျပဳသည္။

ညစာႏွင့္ နံနက္စာအတြက္ မွာစရာရွိတာမွာၿပီးေနာက္ အစားအေသာက္အတြက္ တစ္ေၾကာ ျဖတ္ရင္း ရထားလမ္းေဘး႐ႈခင္း မ်ားကုိ ေငးရေတာ့သည္။

ရထားလမ္းေဘးျမင္ကြင္းေတြ

လွည္းတန္း၊ သမုိင္း၊ တ ညင္းကုန္း၊ အင္းစိန္စသည့္ဘူတာ မ်ားေက်ာ္လာၿပီး ရန္ကုန္နယ္နိ မိတ္ကုိေက်ာ္လြန္လာၿပီးေနာက္ ႏြားၿခံမ်ား၊ ၾကက္ၿခံမ်ားႏွင့္ငါးကန္ မ်ားကုိ စျမင္ရၿပီ။ တုိက္ႀကီး အ ေက်ာ္တြင္ေတာ့ ေနအိမ္မ်ားထက္ ျမစိမ္းေရာင္လယ္ကြင္းက ပုိမ်ား လာသည္။ ႐ႈပ္ေထြးမြန္းက်ပ္ ေသာ ၿမိဳ႕ျပတြင္ေနထုိင္ကာ  ႐ုန္း ကန္လႈပ္ရွားေနရသူအတြက္ ရ ထားလမ္းေဘး႐ႈခင္းမ်ားက မ်က္ စိေအးေစသည္။ လယ္ကြင္းမ်ား ကုိ ျဖတ္တိုက္လာေသာ လတ္ ဆတ္သန္႔စင္သည့္ ေလကုိ ႐ွဴ ႐ႈိက္၊ ဂ်ံဳးဂ်ံဳးဂ်က္ဂ်က္စည္းခ်က္ မွန္ ရထားသံကုိနားေထာင္၊ ရိပ္ ခနဲျဖတ္ေျပးသြားေသာ ႐ႈေမွ်ာ္ ခင္းမ်ားကုိ လုိက္ေငးေနသျဖင့္ အခ်ိန္ကုန္သည္ကုိပင္ သတိမ ထားမိ။ ရထားကအေမွာင္ထုကုိ ထုိးခြဲၿပီး ခုတ္ေမာင္းေနရာမွ ည ၇ နာရီ ၁၁ မိနစ္တြင္ သာယာ၀တီ ဘူတာသို႔ေရာက္ၿပီ။

သာယာ၀တီ ဘူတာအ ေရာက္ မွာထားသည့္ညစာမ်ား ေရာက္လာသည္။ ေရာက္ရွိလာ ေသာအစားအစာမ်ားက ထိပ္ တန္းအဆင့္မဟုတ္ေသာ္လည္း ပူပူေႏြးေႏြး၊ သန္႔သန္႔ရွင္းရွင္းရွိၿပီး စားေကာင္းေအာင္ျပင္ဆင္ေပး ထားသည္။ ေက်ာက္ပြင့္သုပ္က ေဖာ့ဘူးႏွင့္အျပည့္၊ အရသာ ျမည္းစမ္းၾကည့္ၿပီး ထပ္မွာလုိပါ က စားေသာက္တြဲ၀န္ထမ္းမ်ားကုိ ေခၚ၍ မွာႏုိင္သည္။ သူတို႔ကလာ ပုိ႔မည့္အခ်ိန္ကုိ တစ္ခါတည္းေျပာ သျဖင့္ စားေသာက္ေရးအတြက္ စိတ္မပူရ။ ညစာစားေသာက္ၿပီး ေနာက္ အိပ္စင္အက်ယ္ႀကီးေပၚ လဲေလ်ာင္းရင္း စာဖတ္လုိက္၊ ေထြရာေလးပါးေျပာလိုက္ျဖင့္။ ရ ထားႀကီးကေတာ့ အေမွာင္ကမၻာ ကုိ အရွိန္ျပင္းျပင္းျဖတ္သန္းရင္း သူ႔တာ၀န္သူေက်လုိ႔ေနသည္။

ပုဂံေရာက္ရန္ ေလးနာရီအလုိ

မအိပ္ဖူးေသာ အိပ္ရာတြင္ အသိတံခါးက ဖ်တ္ခနဲပိတ္သြား ၿပီးေနာက္ ဘူတာေစ်းသည္မ်ား၏ အသံမ်ားျဖင့္ႏုိးထလာသည့္ နံ နက္ခင္းက အသစ္အဆန္းျဖစ္ေန သည္။ ျပတင္းတံခါးဖြင့္လုိက္ ေတာ့ ေဘးတစ္ဖက္တစ္ခ်က္ တြင္ စိမ္းစိမ္းျမျမလယ္ကြင္းမ်ား၊ ထူးျခားသည္က လယ္ကြင္းစိမ္း မ်ားၾကား ထန္းပင္ႀကီးမ်ားကုိ ထုိး ထုိးေထာင္ေထာင္ျမင္ရျခင္းျဖစ္ သည္။ ထန္းပင္မ်ားကုိျမင္လုိက္ရ သျဖင့္ အညာေျမသုိ႔၀င္ၿပီဟုေတြး မိလုိက္သည္။ ဘူတာမ်ားကုိ ၾကည့္လုိက္ေတာ့ မေကြးတိုင္းထဲ ၀င္ေနၿပီ။ မုန္႔လက္ေကာက္၊ ေျပာင္းဖူးျပဳတ္၊ ခ်ိဳးေၾကာ္၊ မာလ ကာသီးစသျဖင့္ ရထားရပ္သည့္ ဘူတာတိုင္းတြင္ ေစ်းသည္မ်ား အသံကုိၾကားရသည္။ နံနက္စာ လာပုိ႔ေသာ ၀န္ထမ္းက မၾကာမီ ေက်ာက္ပန္းေတာင္းသုိ႔ေရာက္ ေတာ့မည္တဲ့။ နံနက္စာစားၿပီး ေနာက္ ႐ႈခင္းမ်ားကုိ ၀တၱရား မပ်က္ေငး။

ေျမနီလမ္းတြင္ ႏြားလွည္း ေမာင္းေနသူမ်ား၊ ႏြားကုိဆြဲရင္း လယ္ယာလုပ္ငန္းခြင္၀င္ရန္ထြက္ လာၾကသူမ်ား၊ ေကာက္စုိက္ရင္း ရထားအသံၾကား၍ ခါးမတ္ကာ ရထားကုိေငးေနေသာ ေကာက္ စုိက္သမမ်ား၊ မန္က်ည္းပင္အုပ္ အုပ္ႀကီးေအာက္မွ ကြပ္ပ်စ္တြင္ ထုိင္ကာ အဖန္ရည္က်ိဳက္ေနသူ မ်ား၊ ျမင္ရသမွ်႐ႈေမွ်ာ္ခင္းမ်ားက ျမင္ေနက်မဟုတ္ေသာ အညာ ေက်းလက္၏ နိမိတ္ပုံမ်ားျဖစ္ သည္။

ေငးရင္းေတြးရင္းျဖင့္ပင္ ရ ထားကေက်ာက္ပန္းေတာင္းဘူ တာသုိ႔ ၀င္လာၿပီ။ အခ်ိန္ကုိၾကည့္ လုိက္ေတာ့ နံနက္ ၉ နာရီစြန္း ခါစ။ ရထားၾကာၾကာရပ္သျဖင့္ ေစ်းသည္မ်ား ျပတင္းေပါက္နား ကုိ တုိး၀င္လာၾကသည္။ ေကာက္ ညႇင္းေပါင္း၊ နဂါးေမာက္သီး၊ မာ လကာသီးသည္ အမ်ားဆုံးျဖစ္ သည္။ စားေတာ္ပဲေလးမ်ားပုံထား ေသာ ေကာက္ညႇင္းေပါင္းပူပူအိ အိေလးကုိ ဆီဆမ္းကာႏွမ္း ေထာင္းႏုိင္ႏုိင္ျဖင့္မုိ႔ အလြန္စား ေကာင္းသည္။ နဂါးေမာက္သီး တစ္လုံးက်ပ္ ၂၅၀၊ ၁,၀၀၀ ဖုိး ေလးလုံး။ ေစ်းသက္သာလြန္း၍ မခ်ိဳဘူးမထင္ႏွင့္။ အရသာေလး ပင္ၿပီး ခ်ိဳလြန္းမကခ်ိဳေနသျဖင့္ မ်ားမ်ားမ၀ယ္မိရေကာင္းလားဟု ေနာင္တရမိသည္အထိ။ ကီလုိမာ လကာသီးမွာလည္း ရန္ကုန္ကအ သီးမ်ားလုိမဟုတ္၊ ရသာမႈန္႔ႏွင့္ တို႔စားစရာမလုိေအာင္ပင္ ခ်ိဳ လြန္းသည္။

ေက်ာက္ပန္းေတာင္းကုိ လြန္လာေတာ့ ထန္းပင္မ်ားႏွင့္အ တူထေနာင္းပင္မ်ားကုိပါေတြ႕ လာရသည္။ စိမ္းညိဳ႕ေနေသာ ေတာင္တန္းေနာက္ခံ၊ ထန္းႏွင့္ ထေနာင္းပင္စိမ္းစိမ္းမ်ား၊ ထန္း လက္မုိးတဲေလးမ်ားကုိရထား ျပ တင္းမွ ျမင္ရသည္မွာ ပန္းခ်ီကား တစ္ခ်ပ္လုိ။ အျခားအတြဲမွ ခရီး သြားမ်ား၏ အံ့ဩတႀကီးေအာ္ ဟစ္သံမ်ားေၾကာင့္ ျပတင္းေပါက္ တစ္ဖက္ကုိ အေျပးကေလးသြား ၾကည့္မိေတာ့ ေနၾကာခင္း၀ါ၀ါကုိ ေတြ႕ရသည္။ ေနၾကာပန္းက ၀ါ ၀ါ၊ နံနက္ခင္းေနျခည္ႏုကျဖာ တယ္ဆုိ႐ုံမွ်။ အေရာင္အတြဲအ စပ္က ရင္ထဲေရာက္ရွိေအာင္လွ ေနတာမုိ႔ မိန္းေမာရ။ ညတုန္းက အေမွာင္ ကန္႔လန္႔ကာေၾကာင့္ ေပ်ာက္ဆုံးခဲ့ရေသာ ႐ႈေမွ်ာ္ခင္း မ်ားကုိ ႏွေျမာတသမိသည္။

ကြၽန္မက ႐ႈေမွ်ာ္ခင္းမ်ားကုိ ရင္ခုန္သူ။ ေအာက္ျပည္ရန္ကုန္မွ အလယ္ပုိင္းပုဂံသုိ႔အသြား မသိ မသာမွ သိသိသာသာအထိ ေျပာင္းလဲသြားေသာ ေရေျမ သဘာ၀ကုိ ေငးခ်င္သူ။

ယခုေတာ့ ႐ႈေမွ်ာ္ခင္းမ်ားကုိ ေငးခြင့္ရလုိက္တာက မ၀တ၀။ ရထားႀကီးက ပုဂံဘူတာသုိ႔ဆုိက္ ေရာက္ၿပီတဲ့။ နာရီၾကည့္လုိက္ ေတာ့ ဒါမမလားဟုအံ့အားသင့္ရ သည္အထိေအာင္ သတ္မွတ္ ဆိုက္ေရာက္အခ်ိန္အတိုင္း အတိ အက်။ နံနက္ ၁၁ နာရီ။ ဘယ္ ေတာ့လာလာ ရင္ခုန္ႏႈန္းျမန္ရ ေသာ ပုဂံေနျပည္ေတာ္ႀကီးက အတိတ္ေခတ္အေငြ႕အသက္အ ျပည့္ျဖင့္ ဆီးႀကိဳလို႔ေနသည္။

သုိ႔ေသာ္ ရထားကေပးေသာ အရသာက မ၀။ ေနာက္တစ္ခါ ဘယ္သြားသြား ရထားျဖင့္သြားႏုိင္ ေသာခရီးဆုိလွ်င္ ရထားသာထပ္ စီးဦးမည္ဟု စိတ္ပိုင္းျဖတ္လုိက္ သည္။
ဓာတ္ပုံ−ေမဇင္၀င္း
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဓာတ်ပုံ−မေဇင်ဝင်း

မရောက်တာသုံးနှစ်ကျော် ပြီဖြစ်သည့် ပုဂံမြေသို့သွားရန် စဉ်းစားမိချိန်တွင် ပထမဆုံးခေါင်း ထဲပေါ်လာသည်က ဘာနှင့်သွား မည်လဲဟူသည့်မေးခွန်းပင်။ မြန် မာမှန်လျှင် ပုဂံရောက်ဖူးရမည်ဟူ သောစကားကို လက်ကိုင်ထား ကာ ယခင်နှစ်များက ပုဂံသို့အ နည်းဆုံးတစ်နှစ်တစ်ခေါက်(သို့ မဟုတ်)၂ နှစ်တစ်ခေါက်တော့ ရောက်အောင်သွားခဲ့သည်။ သွား တိုင်းလည်း အချိန်ကုန်သက်သာ သော အဝေးပြေးကားဖြင့်သာ သွားခဲ့သည်ချည်း။ ရုံးဆင်းပြီး နောက် နောက်အကျဆုံးထွက် သည့် ည ၈ နာရီကားဖြင့်အောင် မင်္ဂလာအဝေးပြေးမှထွက်၊ တစ် ညလုံးစီး၊ နံနက် ၄ နာရီပုဂံ ရောက်။ ထို့နောက် ကားဂိတ်တွင် ငုတ်တုတ်မိုးလင်းပြီးမှ ဟိုတယ် သို့သွားရသည်။

အခုတစ်ခေါက်တော့ ကား ဂိတ်တွင် ငုတ်တုတ်မိုးလင်းရမည့် အခြေအနေမျိုးလည်းမဖြစ်လို၍ အခြားနည်းလမ်းရှာကြည့်တော့ မမ(မြန်မာ့မီးရထား)ကို သတိရမိ သည်။ မမ၏ ယခင်ဝန်ဆောင်မှု ပိုင်းမှာ လိုအပ်ချက်များရှိခဲ့သော် လည်း ခုနောက်ပိုင်းမှာတော့ မမသည် အရင်လိုမဟုတ်၊ပြောင်း လဲနေပြီဟု မိတ်ဆွေအချို့၏ပြန် လည်မျှဝေမှုသတင်းများအရ သိ ရသည်။ ထိုသို့ကြားရကတည်းက တစ်ချိန်တော့ မမနှင့်ခရီးသွား ကြည့်ဦးမည်ဟု တေးထားခဲ့ သည်။ ခုတော့ မမနှင့်နဖူးတွေ့ ဒူးတွေ့ တွေ့ရတော့မည်။

ရထားစီး၍ ခရီးသွားရာတွင် ကားနှင့်မတူသည့်တစ်ချက်က သီ ချင်းများကို မကြားချင်လည်း ကြားရ၊ ဗီဒီယိုကားများကိုမကြည့် ချင်လည်း ကြည့်ရသည့်ဒုက္ခမှ ကင်းလွတ်ခြင်းပင်။ ထို့အပြင် ရထားပြတင်းမှနေ၍ ပတ်ဝန်း ကျင်ရှုခင်းများကို ငေးချင်ရာငေး ပြီး တွေးချင်ရာတွေးနေနိုင်သည်။

ပြီးတော့ နာမည်ကျော်အမြန် လမ်းမကြီးပေါ် ကွေးသောလက် မဆန့်မီဆိုသည့် သွေးသံရဲရဲ ဖြစ်ရပ်များကို  မကြာခဏဆို သလိုကြားနေရဆဲမို့ ရန်ကုန်မှပုဂံ သို့ အန္တရာယ်ကင်း၊ ဘေးရှင်း၊ အတွေးများလည်း ဖွဲ့သီနိုင်မည့် ရထားဖြင့်သာ ချီတက်ရန် ဆုံး ဖြတ်ခဲ့သည်။ ထပ်စဉ်းစားမိ တာက  သည်လောက်အချိန် အကြာကြီးခုတ်မောင်းမည့် ခရီး ကို သီးသီးသန့်သန့်၊ သက်သောင့် သက်သာ စီးနိုင်ရေး။ ထို့ကြောင့် အထက်တန်းအိပ်စင်လက်မှတ် ဖြတ်ကာ ပုဂံခရီးစဉ်ကို စရန် သတ်လိုက်သည်။ လက်မှတ်ခက တစ်စောင် ၁၆၅၀၀ ကျပ်။

တိကျခြင်း၏ ဒုက္ခ

(၆၁)အဆန်ထွက်ချိန် ည နေ ၄ နာရီဟုရထားလက်မှတ်တွင် ရေးထားသော်လည်း မြန်မာစံ တော်ချိန်ပဲလေဟု ပေါ့ပေါ့တွက် ကာ အိမ်မှတစ်နာရီသာစော၍ ထွက်လာမိခဲ့ခြင်းက ပြဿနာ၏ အစဖြစ်သည်။ လိုက်ပို့သည့်ကား က ၃ နာရီ ၄၅ တွင် ကန်တော်ကြီး ပတ်လမ်း၌သာရှိနေချိန် ဘူတာ ကြီးကို ကြိုရောက်နေသည့်သူ ငယ်ချင်းက ဖုန်းတဂွမ်ဂွမ်ဆက် ကာ လောတော့သည်။ ရထားက ၄နာရီ  အတိအကျထွက်မည်မို့ အချိန်မီမရောက်မည်ကိုစိတ်ပူ ကာ သူကဖုန်းခဏခဏဆက် လေ ကိုယ့်မှာလည်းရင်ပူရလေ။ သူများတွေတက်ကုန်ပြီ၊ နေရာယူ ကြပြီ၊ ရထားကထွက်တော့မည် ဟု သူငယ်ချင်း၏ တတွတ်တွတ် ဖုန်းသံတွင်ကိုယ့်မှာလည်း ဘုရား တ တတ။ သူတစ်ဦးတည်းသာ ရထားပလက်ဖောင်းပေါ်ကျန် တော့ကြောင်း ပြောချိန်မှာတော့ ရထားမမီမည်ကိုပူပန်မှုက ရေဆူ အမှတ်သို့ရောက်သွားသည်။ သို့ သော် ကံတရားကပုဂံမှပုဂံ၊ ရ ထားမှရထားဖြစ်နေသောကိုယ့် ဘက်မှာမို့ အမြဲတမ်းကားပိတ် လေ့ရှိသော ကန်တော်ကြီးပတ် လမ်းတွင်ကားမပိတ်။ ၃ နာရီ မိနစ် ၅၀ တွင် သိမ်ဖြူလမ်းသို့ ရောက်။ သူငယ်ချင်းက အပေါက် ဝက ဝန်ထမ်းကို လက်မှတ်ပေးခဲ့ မည်။ ဘူတာရောက်လျှင်ဝန်ထမ်း ထံမှလက်မှတ်ယူပြီး တန်းဝင်လာ ခဲ့ဖို့မှာသည်။ ဘူတာကြီးကို ရောက်ချိန်မှာ ၃ နာရီ ၅၅ မိနစ်။ ရထားကထွက်ရန်အသင့်အနေ အထား။ ရထားနှင့်လိုက်ပါမည့် ဝန်ထမ်းများကလည်း အားလုံး ရယ်ဒီ။ ကားပေါ်မှ အပြေးအလွှား ဆင်း၊ အထုပ်ဆွဲပြီး အပေါက်ဝမှ လက်မှတ်ယူ၊ ဥဩဆွဲနေသော ရထားဆီတန်းပြေး။ အပေါက်မှ ဝန်ထမ်းများကလည်း စိတ်ပူသ ဖြင့် မြန်မြန်ပြေးရန်လောဆော်။ ဝရုန်းသုန်းကားဖြင့် ရထားပေါ် ရောက်မှပင် သက်ပြင်းချနိုင်တော့ သည်။

မမ၏ အပြောင်းအလဲကို ကြားသိပြီးဖြစ်သော်လည်း မမကို လျှော့တွက်မိခြင်းကြောင့် ရောက် ရသောဒုက္ခ။ နောက်ထပ် ငါးမိနစ် ခန့်သာနောက်ကျခဲ့လျှင် ခေါင်း ငိုက်စိုက်အထုပ်ပိုက် အိမ်ပြန်ရ မည့်ကိန်းမို့ မမနှင့်ခရီးဝေးသွား မည်ဆိုလျှင် အချိန်အတိအကျ ရောက်ရန်လိုအပ်ကြောင်း သင် ခန်းစာကောင်းရလိုက်သည်။

အထက်တန်းအိပ်စင်

       ရထားစထွက်ပြီဖြစ်၍ ပစ္စည်းများကို နေရာချရင်း အိပ်စင်ကိုစူး စမ်းမိသည်။ ပုံမှန်အားဖြင့်အထက် တန်းအိပ်စင်ထောင့်နှစ်ခုတွင် ဆို ဖာခုံလေးခုံရှိနေပြီး ထိုခုံများကိုဆွဲ ဆန့်လိုက်လျှင် အိပ်ရာနှစ်ခုဖြစ် သွားသည်။ လူတစ်ဦးစာအတွက် အဆိုပါအိပ်ရာပေါ်တွင် ကျယ် ကျယ်ဝန်းဝန်းအိပ်နိုင်သည်။ အ ပေါ်တွင်လည်း အိပ်ရာတစ်ခု။ အပေါ်ဘက်အိပ်ရာသို့ တက်ရန် သံလှေကားကလေးတစ် ခုရှိနေ၍ တက်ကြည့်တော့ အိပ်ရာပေါ် တွင် မမတံဆိပ်ပါခေါင်းအုံးအဖြူ လေးနှစ်ခုနှင့် သပ်ရပ်စွာခေါက် ထားသောအဖြူရောင်အိပ်ရာ ခင်းလေးနှစ်ခုက သန့်သန့်ရှင်း ရှင်းရှိနေသည်။ လေးဦးတွဲဖြစ်၍ တစ်ဖက်တွင်လည်း ထိုအတိုင်း။ အောက်မှခုံများ၏အလယ်တွင် စားသောက်ဖွယ်ရာများတင်နိုင် ရန် ခေါက်ခုံလေးတစ်ခုရှိသည်။ ဆိုဖာခုံများ၏ ဘေးတွင်တော့ ပစ္စည်းများတင်ရန် သစ်သားခုံ တစ်ခုနှင့် စတီးစင်လေးတစ်ခု။ အပေါ်တွင် ပန်ကာတစ်ခုနှင့်မီး ချောင်းနှစ်ချောင်း။ အိမ်သာနှင့် ဘေစင်က ကပ်လျက်ရှိနေပြီး အ သုံးပြု၍အဆင်ပြေသည့်အနေအ ထားမျိုးမို့ မမကမဆိုးဘူးပဲဟု တစ်ကိုယ်တော် မှတ်ချက်ချမိ သည်။

အထက်တန်းအိပ်စင်တစ် တွဲတွင် လူလေးဦးနှုန်းသတ်မှတ် ထားသော်လည်း မိုးတွင်းကာလ ခရီးသွားနည်းသည့်ရာသီမို့လား တော့မသိ။ တစ်တွဲလုံးတွင် ကျွန်မတို့နှစ်ဦးသာရှိသည်။ ထိုအ နေအထားက ကိုယ်တွေနှစ်ဦးအ တွက် သိပ်ကိုအဆင်ပြေပြီး လွတ် လွတ်လပ်လပ်စီးရသော်လည်း မမအတွက်မှာမူ သက်ပြင်းချဖွယ် ရာ။ ခရီးသွားများများလိုက်မှ မမ အတွက်အဆင်ပြေနိုင်မည်။ သို့ သော်မြန်မာ့ခရီးသွားကဏ္ဍက လည်း အကျဘက်ရောက်နေ သည်။ မိုးတွင်းမို့ ခရီးသွားနည်းရ သည့်အထဲ ရခိုင်ပြဿနာကြောင့် အနောက်နိုင်ငံများမှ ခရီးသွားဝင် ရောက်မှုကျဆင်းနေသည်။

ရှေ့ကအထက်တန်းအိပ် စင်တွဲတွင်လည်း ထိုနည်းလည်း ကောင်းပင်။ နိုင်ငံခြားခရီးသွား နှစ်ဦးသာရှိသည်။ ခရီးသွားများ သည့်ရာသီတွင်တော့ ရန်ကုန်- ပုဂံရထားအထက်တန်းအိပ်စင် တစ်တွဲလျှင် လူရှစ်ဦးစီးရသည်အ ထိရှိခဲ့ကြောင်း မီးရထားဝန်ထမ်း တစ်ဦးက ပြောပြသည်။ ဝန် ဆောင်မှုပိုင်းပြောင်းလဲလာသော် လည်း ခရီးသွားတက်မလာလျှင် အပြောင်းအလဲ၏အသီးအပွင့် ကိုခံစားရမည်မဟုတ်။ အောက် တိုဘာဆိုလျှင် ခရီးသွားရာသီစ တော့မည်မို့ ရှေ့လျှောက်မမအ တွက်အလားအလာကောင်းပါ စေဟုသာ ဆုတောင်းမိသည်။

အစားအသောက်

ရန်ကုန်မှပုဂံသို့ ၁၉ နာရီ ကြာရထားစီးရသဖြင့် ညစာနှင့် နံနက်စာကို ရထားပေါ်တွင်သာ စားရမည်ဖြစ်သည်။ အထက် တန်းအိပ်စင်တွင် စားသောက်တွဲ ပါသဖြင့် ဝန်ထမ်းများကရထား မထွက်မီညစာနှင့်နံနက်စာကို ကြိုတင်အော်ဒါလာကောက် သည်။ ကြာဆံကြော်၊ ခေါက်ဆွဲ ကြော်၊ ထမင်းကြော်၊ ထမင်း ပေါင်းနှင့် တရုတ်စာများရနိုင်သ လို ကန်စွန်းပလိန်း၊ ကျောက်ပွင့် သုပ်၊ လက်ဖက်သုပ်စသည်တို့ လည်းမှာနိုင်သည်။ကြာဆံကြော်၊ ခေါက်ဆွဲကြော်တစ်ပွဲ ကျပ် ၂,၀၀၀၊ ကန်စွန်းပလိန်း၊ကျောက် ပွင့်သုပ်ကျပ် ၁,၅၀၀၊ အအေး တစ်ဘူးကျပ် ၁,၀၀၀ ဈေးက တော့မဆိုး။

အိမ်မှမုန့်နှင့် အခြားစားစရာများ ထည့်လာလျှင်တော့မှာစရာမလို။ သို့သော် ရထားအကြာကြီးစီးရ မည်ဖြစ်ပြီး နောက်နေ့နံနက် ၁၁ နာရီမှ ပုဂံသို့ရောက်မည်ဖြစ်၍လိုအပ်သည်များကိုမှာ ထားကြရန် ဝန်ထမ်းများကအကြံပြုသည်။

ညစာနှင့် နံနက်စာအတွက် မှာစရာရှိတာမှာပြီးနောက် အစားအသောက်အတွက် တစ်ကြော ဖြတ်ရင်း ရထားလမ်းဘေးရှုခင်း များကို ငေးရတော့သည်။

ရထားလမ်းဘေးမြင်ကွင်းတွေ

လှည်းတန်း၊ သမိုင်း၊ တ ညင်းကုန်း၊ အင်းစိန်စသည့်ဘူတာ များကျော်လာပြီး ရန်ကုန်နယ်နိ မိတ်ကိုကျော်လွန်လာပြီးနောက် နွားခြံများ၊ ကြက်ခြံများနှင့်ငါးကန် များကို စမြင်ရပြီ။ တိုက်ကြီး အ ကျော်တွင်တော့ နေအိမ်များထက် မြစိမ်းရောင်လယ်ကွင်းက ပိုများ လာသည်။ ရှုပ်ထွေးမွန်းကျပ် သော မြို့ပြတွင်နေထိုင်ကာ  ရုန်း ကန်လှုပ်ရှားနေရသူအတွက် ရ ထားလမ်းဘေးရှုခင်းများက မျက် စိအေးစေသည်။ လယ်ကွင်းများ ကို ဖြတ်တိုက်လာသော လတ် ဆတ်သန့်စင်သည့် လေကို ရှူ ရှိုက်၊ ဂျုံးဂျုံးဂျက်ဂျက်စည်းချက် မှန် ရထားသံကိုနားထောင်၊ ရိပ် ခနဲဖြတ်ပြေးသွားသော ရှုမျှော် ခင်းများကို လိုက်ငေးနေသဖြင့် အချိန်ကုန်သည်ကိုပင် သတိမ ထားမိ။ ရထားကအမှောင်ထုကို ထိုးခွဲပြီး ခုတ်မောင်းနေရာမှ ည ၇ နာရီ ၁၁ မိနစ်တွင် သာယာဝတီ ဘူတာသို့ရောက်ပြီ။

သာယာဝတီ ဘူတာအ ရောက် မှာထားသည့်ညစာများ ရောက်လာသည်။ ရောက်ရှိလာ သောအစားအစာများက ထိပ် တန်းအဆင့်မဟုတ်သော်လည်း ပူပူနွေးနွေး၊ သန့်သန့်ရှင်းရှင်းရှိပြီး စားကောင်းအောင်ပြင်ဆင်ပေး ထားသည်။ ကျောက်ပွင့်သုပ်က ဖော့ဘူးနှင့်အပြည့်၊ အရသာ မြည်းစမ်းကြည့်ပြီး ထပ်မှာလိုပါ က စားသောက်တွဲဝန်ထမ်းများကို ခေါ်၍ မှာနိုင်သည်။ သူတို့ကလာ ပို့မည့်အချိန်ကို တစ်ခါတည်းပြော သဖြင့် စားသောက်ရေးအတွက် စိတ်မပူရ။ ညစာစားသောက်ပြီး နောက် အိပ်စင်အကျယ်ကြီးပေါ် လဲလျောင်းရင်း စာဖတ်လိုက်၊ ထွေရာလေးပါးပြောလိုက်ဖြင့်။ ရ ထားကြီးကတော့ အမှောင်ကမ္ဘာ ကို အရှိန်ပြင်းပြင်းဖြတ်သန်းရင်း သူ့တာဝန်သူကျေလို့နေသည်။

ပုဂံရောက်ရန် လေးနာရီအလို

မအိပ်ဖူးသော အိပ်ရာတွင် အသိတံခါးက ဖျတ်ခနဲပိတ်သွား ပြီးနောက် ဘူတာဈေးသည်များ၏ အသံများဖြင့်နိုးထလာသည့် နံ နက်ခင်းက အသစ်အဆန်းဖြစ်နေ သည်။ ပြတင်းတံခါးဖွင့်လိုက် တော့ ဘေးတစ်ဖက်တစ်ချက် တွင် စိမ်းစိမ်းမြမြလယ်ကွင်းများ၊ ထူးခြားသည်က လယ်ကွင်းစိမ်း များကြား ထန်းပင်ကြီးများကို ထိုး ထိုးထောင်ထောင်မြင်ရခြင်းဖြစ် သည်။ ထန်းပင်များကိုမြင်လိုက်ရ သဖြင့် အညာမြေသို့ဝင်ပြီဟုတွေး မိလိုက်သည်။ ဘူတာများကို ကြည့်လိုက်တော့ မကွေးတိုင်းထဲ ဝင်နေပြီ။ မုန့်လက်ကောက်၊ ပြောင်းဖူးပြုတ်၊ ချိုးကြော်၊ မာလ ကာသီးစသဖြင့် ရထားရပ်သည့် ဘူတာတိုင်းတွင် ဈေးသည်များ အသံကိုကြားရသည်။ နံနက်စာ လာပို့သော ဝန်ထမ်းက မကြာမီ ကျောက်ပန်းတောင်းသို့ရောက် တော့မည်တဲ့။ နံနက်စာစားပြီး နောက် ရှုခင်းများကို ဝတ္တရား မပျက်ငေး။

မြေနီလမ်းတွင် နွားလှည်း မောင်းနေသူများ၊ နွားကိုဆွဲရင်း လယ်ယာလုပ်ငန်းခွင်ဝင်ရန်ထွက် လာကြသူများ၊ ကောက်စိုက်ရင်း ရထားအသံကြား၍ ခါးမတ်ကာ ရထားကိုငေးနေသော ကောက် စိုက်သမများ၊ မန်ကျည်းပင်အုပ် အုပ်ကြီးအောက်မှ ကွပ်ပျစ်တွင် ထိုင်ကာ အဖန်ရည်ကျိုက်နေသူ များ၊ မြင်ရသမျှရှုမျှော်ခင်းများက မြင်နေကျမဟုတ်သော အညာ ကျေးလက်၏ နိမိတ်ပုံများဖြစ် သည်။

ငေးရင်းတွေးရင်းဖြင့်ပင် ရ ထားကကျောက်ပန်းတောင်းဘူ တာသို့ ဝင်လာပြီ။ အချိန်ကိုကြည့် လိုက်တော့ နံနက် ၉ နာရီစွန်း ခါစ။ ရထားကြာကြာရပ်သဖြင့် ဈေးသည်များ ပြတင်းပေါက်နား ကို တိုးဝင်လာကြသည်။ ကောက် ညှင်းပေါင်း၊ နဂါးမောက်သီး၊ မာ လကာသီးသည် အများဆုံးဖြစ် သည်။ စားတော်ပဲလေးများပုံထား သော ကောက်ညှင်းပေါင်းပူပူအိ အိလေးကို ဆီဆမ်းကာနှမ်း ထောင်းနိုင်နိုင်ဖြင့်မို့ အလွန်စား ကောင်းသည်။ နဂါးမောက်သီး တစ်လုံးကျပ် ၂၅၀၊ ၁,၀၀၀ ဖိုး လေးလုံး။ ဈေးသက်သာလွန်း၍ မချိုဘူးမထင်နှင့်။ အရသာလေး ပင်ပြီး ချိုလွန်းမကချိုနေသဖြင့် များများမဝယ်မိရကောင်းလားဟု နောင်တရမိသည်အထိ။ ကီလိုမာ လကာသီးမှာလည်း ရန်ကုန်ကအ သီးများလိုမဟုတ်၊ ရသာမှုန့်နှင့် တို့စားစရာမလိုအောင်ပင် ချို လွန်းသည်။

ကျောက်ပန်းတောင်းကို လွန်လာတော့ ထန်းပင်များနှင့်အ တူထနောင်းပင်များကိုပါတွေ့ လာရသည်။ စိမ်းညို့နေသော တောင်တန်းနောက်ခံ၊ ထန်းနှင့် ထနောင်းပင်စိမ်းစိမ်းများ၊ ထန်း လက်မိုးတဲလေးများကိုရထား ပြ တင်းမှ မြင်ရသည်မှာ ပန်းချီကား တစ်ချပ်လို။ အခြားအတွဲမှ ခရီး သွားများ၏ အံ့ဩတကြီးအော် ဟစ်သံများကြောင့် ပြတင်းပေါက် တစ်ဖက်ကို အပြေးကလေးသွား ကြည့်မိတော့ နေကြာခင်းဝါဝါကို တွေ့ရသည်။ နေကြာပန်းက ဝါ ဝါ၊ နံနက်ခင်းနေခြည်နုကဖြာ တယ်ဆိုရုံမျှ။ အရောင်အတွဲအ စပ်က ရင်ထဲရောက်ရှိအောင်လှ နေတာမို့ မိန်းမောရ။ ညတုန်းက အမှောင် ကန့်လန့်ကာကြောင့် ပျောက်ဆုံးခဲ့ရသော ရှုမျှော်ခင်း များကို နှမြောတသမိသည်။

ကျွန်မက ရှုမျှော်ခင်းများကို ရင်ခုန်သူ။ အောက်ပြည်ရန်ကုန်မှ အလယ်ပိုင်းပုဂံသို့အသွား မသိ မသာမှ သိသိသာသာအထိ ပြောင်းလဲသွားသော ရေမြေ သဘာဝကို ငေးချင်သူ။

ယခုတော့ ရှုမျှော်ခင်းများကို ငေးခွင့်ရလိုက်တာက မဝတ၀။ ရထားကြီးက ပုဂံဘူတာသို့ဆိုက် ရောက်ပြီတဲ့။ နာရီကြည့်လိုက် တော့ ဒါမမလားဟုအံ့အားသင့်ရ သည်အထိအောင် သတ်မှတ် ဆိုက်ရောက်အချိန်အတိုင်း အတိ အကျ။ နံနက် ၁၁ နာရီ။ ဘယ် တော့လာလာ ရင်ခုန်နှုန်းမြန်ရ သော ပုဂံနေပြည်တော်ကြီးက အတိတ်ခေတ်အငွေ့အသက်အ ပြည့်ဖြင့် ဆီးကြိုလို့နေသည်။

သို့သော် ရထားကပေးသော အရသာက မဝ။ နောက်တစ်ခါ ဘယ်သွားသွား ရထားဖြင့်သွားနိုင် သောခရီးဆိုလျှင် ရထားသာထပ် စီးဦးမည်ဟု စိတ်ပိုင်းဖြတ်လိုက် သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top