ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

႐ိုက္စား ဆိုတဲ့ ျမန္မာ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေျပတီဦး ၊ စိုးျမတ္သူဇာတို႔နဲ႔အတူ သ႐ုပ္ေဆာင္ခဲ့တဲ့ အဂၤလန္မင္းသမီး Libby Jennings ကေတာ့ သူ႔အေနနဲ႔ မင္းသားေျပတီဦးနဲ႔ သ႐ုပ္ေဆာင္ရတာ ဘယ္ေတာ့မွ မပ်င္းရေၾကာင္း၊ မင္းသားဟာ အရမ္းရီစရာလုပ္တတ္ၿပီး သေဘာေကာင္းေၾကာင္းေတြ ေျပာၾကားသြားခဲ့ပါတယ္။ သူကေတာ့ ျမန္မာျပည္မွာ ပထမဆုံး႐ုပ္ရွင္လာ႐ိုက္တာေၾကာင့္ အထူးဆန္းေတာ့ ျဖစ္ေပမယ့္လည္း သေဘာက်ၿပီး ျမန္မာႏိုင္ငံကိုလည္း ခ်စ္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

မင္းသမီး Libby Jennings ကေတာ့ ဇာတ္ကားမွာ ဘယ္လိုပါဝင္ၿပီးေတာ့ သ႐ုပ္ေဆာင္ျဖစ္တာလဲ ဆိုတဲ့ ေမးခြန္းကိုေတ့ာ “အစပိုင္းကေတာ့ ေအဂ်င္စီေတြက ဆက္သြယ္ၾကတာေပါ့။ ေနာက္ပိုင္းမွာေတာ့ ျမန္မာႏိုင္ငံလည္းလာလည္ခ်င္တယ္။ အဲ့ဒါေၾကာင့္ လက္ခံလိုက္တာပါ”

မင္းသားေျပတီဦးနဲ႔ သ႐ုပ္ေဆာင္ရတာေရာ အဆင္ေျပလားဆိုတဲ့ ေမးခြန္းကိုေတာ့ မင္းသမီး Libby Jennings က “ကိုေျပတီဦးက အရမ္းကို ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ သ႐ုပ္ေဆာင္တေယာက္ ျဖစ္ပါတယ္။ သူနဲ႔ တြဲ႐ိုက္ခြင့္ရလို႔လည္း ေပ်ာ္ပါတယ္။ ၿပီးေတာ့သူက ရီစရာေတြေျပာၿပီး ႐ုပ္ရွင္႐ိုက္တဲ့အခါမွ ပ်င္းမေနရပါဘူး။ ဒါေၾကာင့္သူနဲ႔တြဲဖက္ၿပီး သ႐ုပ္ေဆာင္ရတာ အရမ္းပဲ ဝမ္းသာေက်နပ္ပါတယ္”

အႀကိဳက္ဆုံးဇာတ္ဝင္ခန္းက ဘာျဖစ္မလဲဆိုေတာ့ မင္းသမီး Libby Jenning က “ဒါကေတာ့ ေျပာဖို႔နည္းနည္းေတာ့ ခက္ပါတယ္။ ဒါေပမဲ့လည္း ႐ုပ္ရွင္တစ္ကားလုံးမွာ မွတ္မိသေလာက္ဆိုရင္ေတာ့ Jet ski စီးတဲ့အခန္းပါပဲ။ အဲ့ဒါကို အရမ္းသေဘာက်တယ္။ တကယ္ကို မေမ့ႏိုင္တဲ့ အမွတ္တရလည္း ျဖစ္ခဲ့ပါတယ္”

ျမန္မာဇာတ္ကားေတြကို ၾကည့္ဖူးလားဆိုတဲ့ ေမးခြန္းအေပၚ မင္းသမီး Libby Jennings က “ဒါကေတာ့ ပထမဆုံးအႀကိမ္ပါပဲ ။ ျမန္မာကားကို ၾကည့္ဖူးတာက ပထမဆုံးပါပဲ။ အခုဒီ႐ုပ္ရွင္မွာလည္း သ႐ုပ္ေဆာင္ေတြ အားလုံးက ေပ်ာ္ေပ်ာ္ပဲ ေနၾကပါတယ္။ ဟာသကားဆိုတဲ့အတိုင္းၾကည့္ရတာေရာ သ႐ုပ္ေဆာင္ရတာေရာ အားလုံးေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပါပဲ။ ေပ်ာ္႐ႊင္ရပါတယ္
 တျခားကားေတြ ကမ္းလွမ္းရင္ေရာ ႐ိုက္ကူးသြားဖို႔ ရွိလားဆိုတဲ့ အေပၚ မင္းသမီး Libby Jennings က “အၿမဲတမ္းႀကိဳဆိုလ်က္ပါပဲ။ လာေရာက္ကမ္းလွမ္းရင္လည္း ျမန္မာႏိုင္ငံမွာ ေနရာတာ လည္ပတ္ရတာ ေကာင္းတဲ့အတြက္ လက္ခံမိမွာပါ။ ရန္ကုန္မွာေတာ့ ေ႐ႊတိဂုံဘုရားကို ေရာက္ၿပီးပါၿပီ။ ဘုရားေပၚမွာ ထီးေလးနဲ႔ ဓါတ္ပုံ႐ိုက္ရတာကို ႀကိဳက္ပါတယ္။ ညဘက္ေတြလည္း သြားဦးမွာပါ။ ဘာလို႔လည္းဆိုေတာ့ ေန႔နဲ႔ညက ခံစားခ်က္ျခင္းမတူဘူးေလ။ ျမန္မာႏိုင္ငံမွာေတာ့ ေနာက္ထပ္အေနနဲ႔ သြားခြင့္ရမယ္ဆိုရင္ေတာ့ ပုဂံကိုသြားခ်င္ပါတယ္။ Fire Balloon လည္းစီးခ်င္တယ္။ မႏၲေလးကိုလည္း သြားခ်င္ပါတယ္။ ျမန္မာ အစားအစာေတြဆိုရင္ေတာ့ မုန္ဟင္းခါးကို ႀကိဳက္ပါတယ္”


ျမန္မာပရိသတ္ေတြကို ေျပာခ်င္တဲ့စကားနဲ႔ ပတ္သက္ၿပီး မင္းသမီး Libby Jennings က “ဒီေန႔ ဒီ႐ုပ္ရွင္ကို လာေရာက္အားေပးၾကတဲ့ ပရိသတ္ေတြ အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Apann Pyay
# Unicode Version ျဖင့္ ဖတ္ပါ #
ရိုက်စား ဆိုတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကြီးမှာ ပြေတီဦး ၊ စိုးမြတ်သူဇာတို့နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ အင်္ဂလန်မင်းသမီး Libby Jennings ကတော့ သူ့အနေနဲ့ မင်းသားပြေတီဦးနဲ့ သရုပ်ဆောင်ရတာ ဘယ်တော့မှ မပျင်းရကြောင်း၊ မင်းသားဟာ အရမ်းရီစရာလုပ်တတ်ပြီး သဘောကောင်းကြောင်းတွေ ပြောကြားသွားခဲ့ပါတယ်။ သူကတော့ မြန်မာပြည်မှာ ပထမဆုံးရုပ်ရှင်လာရိုက်တာကြောင့် အထူးဆန်းတော့ ဖြစ်ပေမယ့်လည်း သဘောကျပြီး မြန်မာနိုင်ငံကိုလည်း ချစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

မင်းသမီး Libby Jennings ကတော့ ဇာတ်ကားမှာ ဘယ်လိုပါဝင်ပြီးတော့ သရုပ်ဆောင်ဖြစ်တာလဲ ဆိုတဲ့ မေးခွန်းကိုတေ့ာ “အစပိုင်းကတော့ အေဂျင်စီတွေက ဆက်သွယ်ကြတာပေါ့။ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံလည်းလာလည်ချင်တယ်။ အဲ့ဒါကြောင့် လက်ခံလိုက်တာပါ”

မင်းသားပြေတီဦးနဲ့ သရုပ်ဆောင်ရတာရော အဆင်ပြေလားဆိုတဲ့ မေးခွန်းကိုတော့ မင်းသမီး Libby Jennings က “ကိုပြေတီဦးက အရမ်းကို ပရော်ဖက်ရှင်နယ်ဆန်တဲ့ သရုပ်ဆောင်တယောက် ဖြစ်ပါတယ်။ သူနဲ့ တွဲရိုက်ခွင့်ရလို့လည်း ပျော်ပါတယ်။ ပြီးတော့သူက ရီစရာတွေပြောပြီး ရုပ်ရှင်ရိုက်တဲ့အခါမှ ပျင်းမနေရပါဘူး။ ဒါကြောင့်သူနဲ့တွဲဖက်ပြီး သရုပ်ဆောင်ရတာ အရမ်းပဲ ဝမ်းသာကျေနပ်ပါတယ်”

အကြိုက်ဆုံးဇာတ်ဝင်ခန်းက ဘာဖြစ်မလဲဆိုတော့ မင်းသမီး Libby Jenning က “ဒါကတော့ ပြောဖို့နည်းနည်းတော့ ခက်ပါတယ်။ ဒါပေမဲ့လည်း ရုပ်ရှင်တစ်ကားလုံးမှာ မှတ်မိသလောက်ဆိုရင်တော့ Jet ski စီးတဲ့အခန်းပါပဲ။ အဲ့ဒါကို အရမ်းသဘောကျတယ်။ တကယ်ကို မမေ့နိုင်တဲ့ အမှတ်တရလည်း ဖြစ်ခဲ့ပါတယ်”

မြန်မာဇာတ်ကားတွေကို ကြည့်ဖူးလားဆိုတဲ့ မေးခွန်းအပေါ် မင်းသမီး Libby Jennings က “ဒါကတော့ ပထမဆုံးအကြိမ်ပါပဲ ။ မြန်မာကားကို ကြည့်ဖူးတာက ပထမဆုံးပါပဲ။ အခုဒီရုပ်ရှင်မှာလည်း သရုပ်ဆောင်တွေ အားလုံးက ပျော်ပျော်ပဲ နေကြပါတယ်။ ဟာသကားဆိုတဲ့အတိုင်းကြည့်ရတာရော သရုပ်ဆောင်ရတာရော အားလုံးပျော်ပျော်ရွှင်ရွှင်ပါပဲ။ ပျော်ရွှင်ရပါတယ်

တခြားကားတွေ ကမ်းလှမ်းရင်ရော ရိုက်ကူးသွားဖို့ ရှိလားဆိုတဲ့ အပေါ် မင်းသမီး Libby Jennings က “အမြဲတမ်းကြိုဆိုလျက်ပါပဲ။ လာရောက်ကမ်းလှမ်းရင်လည်း မြန်မာနိုင်ငံမှာ နေရာတာ လည်ပတ်ရတာ ကောင်းတဲ့အတွက် လက်ခံမိမှာပါ။ ရန်ကုန်မှာတော့ ရွှေတိဂုံဘုရားကို ရောက်ပြီးပါပြီ။ ဘုရားပေါ်မှာ ထီးလေးနဲ့ ဓါတ်ပုံရိုက်ရတာကို ကြိုက်ပါတယ်။ ညဘက်တွေလည်း သွားဦးမှာပါ။ ဘာလို့လည်းဆိုတော့ နေ့နဲ့ညက ခံစားချက်ခြင်းမတူဘူးလေ။ မြန်မာနိုင်ငံမှာတော့ နောက်ထပ်အနေနဲ့ သွားခွင့်ရမယ်ဆိုရင်တော့ ပုဂံကိုသွားချင်ပါတယ်။ Fire Balloon လည်းစီးချင်တယ်။ မန္တလေးကိုလည်း သွားချင်ပါတယ်။ မြန်မာ အစားအစာတွေဆိုရင်တော့ မုန်ဟင်းခါးကို ကြိုက်ပါတယ်”

မြန်မာပရိသတ်တွေကို ပြောချင်တဲ့စကားနဲ့ ပတ်သက်ပြီး မင်းသမီး Libby Jennings က “ဒီနေ့ ဒီရုပ်ရှင်ကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Apann Pyay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top