ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အာဖရိကတုိက္ရဲ့ ရိုးရာေဆးနည္းတစ္ခုဟာ ေခတ္ေပၚေဆး၀ါးေတြကို စိန္ေခၚႏိုင္ေလာက္ေအာင္ ထိခုိက္ဒဏ္ရာေတြကို ကုသရာမွာ အဓိကေသာ့ခ်က္ကို ေဆာင္ထားႏိုင္ဖြယ္ရွိေၾကာင္း ေလ့လာမွဳတစ္ခုအရ သိရွိရပါတယ္။

ပဋိဇီ၀ေဆးေတြနဲ ့တျခားကုသမွဳေတြေတာင္ မေပ်ာက္ကင္းခဲ့တဲ့ အိပ္ရာေပၚအၾကာၾကီး လွဲေနရျခင္းေၾကာင့္ျဖစ္တဲ့ အနာေတြ၊ ေျခေထာက္ျပည္တည္နာေတြအျပင္ ေျခလက္ ျဖတ္ေတာက္ထားတဲ့ ေနရာက အနာဒဏ္ရာေတြမွာ အျဖဴေရာင္သၾကားမွဳန္ ့ကို အုံေပးျခင္းက အနာက်က္မွဳကို ပုိမုိျမန္ဆန္ေစတာကို ေလ့လာမွဳတစ္ခုမွာ ေတြ ့ရွိခဲ့ပါတယ္။

သၾကားဟာ အနာက ေရဓာတ္ကို ပတ္တီးထဲစုပ္ယူေပးကာ ဘက္တီးရီးယားပုိးေတြဟာ အသက္ရွင္ဖုိ ့အတြက္ ေရလုိအပ္တာေၾကာင့္၊ အသက္မရွင္ႏိုင္ေတာ့ဘဲ၊ အနာက်က္မွဳျဖစ္စဥ္ကို ပုိမုိျမန္ဆန္ေစတာျဖစ္တယ္လို ့ သိရပါတယ္။

ဒီေလ့လာမွဳကို Wolverhampton တကၠသိုလ္က သက္ၾကီးသူနာျပဳပညာရပ္ ကထိက Moses Murandu ဆုိသူက ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။ သူဟာ Zimbabwe ႏိုင္ငံမွာၾကီးျပင္းခဲ့သူျဖစ္ျပီး ငယ္စဥ္အခါက သူ ့ရဲ့ အေဖျဖစ္သူဟာ အနာက်က္ဖုိ ့၊နာက်င္မွဳသက္သာဖုိ ့အတြက္ သၾကားကိုအသုံးျပဳခဲ့တာကို အမွတ္ရေနခဲ့သူ ျဖစ္ပါတယ္။

Mr Murandu တစ္ေယာက္ UK ကို ေျပာင္းေရႊ ့ေနထုိင္ခ်ိန္မွာေတာ့ သၾကားကို အက်ိဳးျပဳေဆး၀ါးတစ္မ်ိဳး အျဖစ္  အသိအမွတ္မျပဳထားတာကို သတိထားမိျပီီး လက္ေတြ ့စမ္းသပ္ေလ့လာမွဳ ေတြကို လုပ္ခဲ့တာျဖစ္ပါတယ္။

ဒီေလ့လာမွဳရဲ့တစ္စိတ္တစ္ပုိင္းအျဖစ္ သၾကားကုသမွဳကိုခံယူခဲ့တဲ့ေ၀ဒနာရွင္တစ္ေယာက္ကေတာ့ Birmingham က Alan Bayliss ဆုိသူျဖစ္ျပီး Moseley Hall Hospital က ေျခလက္ျဖတ္ေတာက္ထား တဲ့လူနာမ်ားနာလန္ထူေထာင္ေရးအေဆာင္မွာ ကုမွဳခံယူေနရသူျဖစ္ပါတယ္။ Alan Bayliss ဟာ ဒူးဆစ္ အထက္ပုိင္းကေနေျခေထာက္ျဖတ္ေတာက္မွဳကိုခံထားရသူျဖစ္ျပီး ခြဲစိတ္မွဳခံယူအျပီးမွာ ပုံမွန္ အနာေဆး ထည့္ ပတ္တီးစီးတာေတြလုပ္ခဲ့ေပမယ့္ ေျခေထာက္ကအနာေခါင္းေပါက္ဟာ ေကာင္းေကာင္း မက်က္ေသး သူျဖစ္ပါတယ္။

Mr Murandu ဟာ Mr Bayliss ကုိ သၾကားနဲ ့ကုသမွဳေပးျပီး ႏွစ္ပတ္အတြင္းမွာ အနာဟာ သိသိသာသာ အရြယ္အစားက်ဆင္းသြားတာကို ေတြ ့ရွိခဲ့ရပါတယ္။ Mr Murandu ဟာ ပထမဆုံးအၾကိမ္မွာ သၾကား တစ္ဘူးလုံးကုန္တဲ့အထိ အနာေပၚေလာင္းထည့္ကာ ပတ္တီးစီးေပးခဲ့ျပီး ႏွစ္ပတ္အၾကာမွာေတာ့ သၾကား စားပြဲတင္ဇြႏ္း ၄ဇြန္း ၅ ဇြန္းေလာက္သာ ထည့္ေပးရေတာ့တယ္လုိ ့Mr Bayliss က ေျပာျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin

#Unicode Version#
အာဖရိကတိုက်ရဲ့ ရိုးရာဆေးနည်းတစ်ခုဟာ ခေတ်ပေါ်ဆေးဝါးတွေကို စိန်ခေါ်နိုင်လောက်အောင် ထိခိုက်ဒဏ်ရာတွေကို ကုသရာမှာ အဓိကသော့ချက်ကို ဆောင်ထားနိုင်ဖွယ်ရှိကြောင်း လေ့လာမှုတစ်ခုအရ သိရှိရပါတယ်။

ပဋိဇီဝဆေးတွေနဲ့တခြားကုသမှုတွေတောင် မပျောက်ကင်းခဲ့တဲ့ အိပ်ရာပေါ်အကြာကြီး လှဲနေရခြင်းကြောင့်ဖြစ်တဲ့ အနာတွေ၊ ခြေထောက်ပြည်တည်နာတွေအပြင် ခြေလက် ဖြတ်တောက်ထားတဲ့ နေရာက အနာဒဏ်ရာတွေမှာ အဖြူရောင်သကြားမှုန့်ကို အုံပေးခြင်းက အနာကျက်မှုကို ပိုမိုမြန်ဆန်စေတာကို လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။

သကြားဟာ အနာက ရေဓာတ်ကို ပတ်တီးထဲစုပ်ယူပေးကာ ဘက်တီးရီးယားပိုးတွေဟာ အသက်ရှင်ဖို့အတွက် ရေလိုအပ်တာကြောင့်၊ အသက်မရှင်နိုင်တော့ဘဲ၊ အနာကျက်မှုဖြစ်စဉ်ကို ပိုမိုမြန်ဆန်စေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလေ့လာမှုကို Wolverhampton တက္ကသိုလ်က သက်ကြီးသူနာပြုပညာရပ် ကထိက Moses Murandu ဆိုသူက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ Zimbabwe နိုင်ငံမှာကြီးပြင်းခဲ့သူဖြစ်ပြီး ငယ်စဉ်အခါက သူ့ရဲ့ အဖေဖြစ်သူဟာ အနာကျက်ဖို့၊နာကျင်မှုသက်သာဖို့အတွက် သကြားကိုအသုံးပြုခဲ့တာကို အမှတ်ရနေခဲ့သူ ဖြစ်ပါတယ်။

Mr Murandu တစ်ယောက် UK ကို ပြောင်းရွှေ့နေထိုင်ချိန်မှာတော့ သကြားကို အကျိုးပြုဆေးဝါးတစ်မျိုး အဖြစ်  အသိအမှတ်မပြုထားတာကို သတိထားမိပြီး လက်တွေ့စမ်းသပ်လေ့လာမှု တွေကို လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီလေ့လာမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် သကြားကုသမှုကိုခံယူခဲ့တဲ့ဝေဒနာရှင်တစ်ယောက်ကတော့ Birmingham က Alan Bayliss ဆိုသူဖြစ်ပြီး Moseley Hall Hospital က ခြေလက်ဖြတ်တောက်ထား တဲ့လူနာများနာလန်ထူထောင်ရေးအဆောင်မှာ ကုမှုခံယူနေရသူဖြစ်ပါတယ်။ Alan Bayliss ဟာ ဒူးဆစ် အထက်ပိုင်းကနေခြေထောက်ဖြတ်တောက်မှုကိုခံထားရသူဖြစ်ပြီး ခွဲစိတ်မှုခံယူအပြီးမှာ ပုံမှန် အနာဆေး ထည့် ပတ်တီးစီးတာတွေလုပ်ခဲ့ပေမယ့် ခြေထောက်ကအနာခေါင်းပေါက်ဟာ ကောင်းကောင်း မကျက်သေး သူဖြစ်ပါတယ်။

Mr Murandu ဟာ Mr Bayliss ကို သကြားနဲ့ကုသမှုပေးပြီး နှစ်ပတ်အတွင်းမှာ အနာဟာ သိသိသာသာ အရွယ်အစားကျဆင်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။ Mr Murandu ဟာ ပထမဆုံးအကြိမ်မှာ သကြား တစ်ဘူးလုံးကုန်တဲ့အထိ အနာပေါ်လောင်းထည့်ကာ ပတ်တီးစီးပေးခဲ့ပြီး နှစ်ပတ်အကြာမှာတော့ သကြား စားပွဲတင်ဇွန်း ၄ဇွန်း ၅ ဇွန်းလောက်သာ ထည့်ပေးရတော့တယ်လို့Mr Bayliss က ပြောပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top