×

သံလြင္ဆီဟာ က်န္းမာေရးအတြက္သာမက အလွပအတြက္ပါအသံုးဝင္တာေၾကာင့္ ကမၻာေပၚမွာ လူသိမ်ားတဲ့ အဆီတစ္မ်ိဳးပါပဲ။ မျပည့္ဝဆီျဖစ္ၿပီး သင့္ကို က်န္းမာေစတဲ့ အဆီျဖစ္ပါတယ္။ ဆံေကသာနဲ႔ အသားအေရအတြက္လည္း အက်ိဳးျပဳတဲ့ ကြန္ေပါင္းဓာတ္ေတြမ်ားစြာပါဝင္ပါတယ္။

သဘာဝေပါင္းေဆး

သံလြင္ဆီကို သဘာဝေပါင္းေဆးအေနနဲ႔ အသံုးျပဳလို႔ရပါတယ္။ အရင္ဆံုး ကိုယ့္ဆံပင္အထူအပါးေပၚမူတည္ၿပီး သံလြင္ဆီကို ခြက္တစ္လံုးထဲထည့္ထားပါ။ ၿပီးရင္ Microwave နဲ႔ အပူေပးလိုက္ပါ။ အဲဒီေနာက္ သိပ္မေအးခင္မွာ ဆံပင္အရင္းကေန အဖ်ားထိ လိမ္းေပးပါ။ ဦးေရျပားကိုပါ ပြတ္လိမ္းေပးရပါမယ္။ ၿပီးရင္ Shower Cap ေဆာင္းၿပီး ၁၅ မိနစ္ထားပါ။ အဲဒီေနာက္ ေခါင္းေလွ်ာ္ခ်လိုက္ပါ။ တစ္ပတ္ကို ၂ ႀကိမ္လုပ္ေပးႏုိင္ပါတယ္။

ထိခိုက္ပ်က္စီးေနတဲ့ ဆံေကသာအတြက္

ထိခိုက္ပ်က္စီးေနတဲ့ ဆံေကသာကို ျပန္ၿပီးျပဳျပင္ေပးလို႔ ထိခိုက္ပ်က္စီးေနတဲ့ ဆံသားပိုင္ရွင္ေတြလည္း သံလြင္ဆီကို အသံုးျပဳေပးႏုိင္ပါတယ္။

သံလြင္ဆီ နဲ႔ ပ်ားရည္ကို ၃ ခ်ိဳး ၁ ခ်ိဳးေရာလိုက္ပါ။ ၿပီးရင္ ေသခ်ာေမြၿပီး ဆံပင္အရင္းကေန အဖ်ားထိ ႏွံ႔ေအာင္လိမ္းေပးပါ။ ဦးေရျပားကိုလည္း လိမ္းေပးၿပီး Shower Cap ေဆာင္းကာ မိနစ္ ၄၀ ကေန မိနစ္ ၅၀ ထိထားပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ခ်လိုက္ပါ။ တစ္ပတ္ကို ၁ ႀကိမ္အသံုးျပဳေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystyle

#Unicode Version#
သံလွင်ဆီဟာ ကျန်းမာရေးအတွက်သာမက အလှပအတွက်ပါအသုံးဝင်တာကြောင့် ကမ္ဘာပေါ်မှာ လူသိများတဲ့ အဆီတစ်မျိုးပါပဲ။ မပြည့်ဝဆီဖြစ်ပြီး သင့်ကို ကျန်းမာစေတဲ့ အဆီဖြစ်ပါတယ်။ ဆံကေသာနဲ့ အသားအရေအတွက်လည်း အကျိုးပြုတဲ့ ကွန်ပေါင်းဓာတ်တွေများစွာပါဝင်ပါတယ်။

သဘာဝပေါင်းဆေး

သံလွင်ဆီကို သဘာဝပေါင်းဆေးအနေနဲ့ အသုံးပြုလို့ရပါတယ်။ အရင်ဆုံး ကိုယ့်ဆံပင်အထူအပါးပေါ်မူတည်ပြီး သံလွင်ဆီကို ခွက်တစ်လုံးထဲထည့်ထားပါ။ ပြီးရင် Microwave နဲ့ အပူပေးလိုက်ပါ။ အဲဒီနောက် သိပ်မအေးခင်မှာ ဆံပင်အရင်းကနေ အဖျားထိ လိမ်းပေးပါ။ ဦးရေပြားကိုပါ ပွတ်လိမ်းပေးရပါမယ်။ ပြီးရင် Shower Cap ဆောင်းပြီး ၁၅ မိနစ်ထားပါ။ အဲဒီနောက် ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးနိုင်ပါတယ်။

ထိခိုက်ပျက်စီးနေတဲ့ ဆံကေသာအတွက်

ထိခိုက်ပျက်စီးနေတဲ့ ဆံကေသာကို ပြန်ပြီးပြုပြင်ပေးလို့ ထိခိုက်ပျက်စီးနေတဲ့ ဆံသားပိုင်ရှင်တွေလည်း သံလွင်ဆီကို အသုံးပြုပေးနိုင်ပါတယ်။

သံလွင်ဆီ နဲ့ ပျားရည်ကို ၃ ချိုး ၁ ချိုးရောလိုက်ပါ။ ပြီးရင် သေချာမွေပြီး ဆံပင်အရင်းကနေ အဖျားထိ နှံ့အောင်လိမ်းပေးပါ။ ဦးရေပြားကိုလည်း လိမ်းပေးပြီး Shower Cap ဆောင်းကာ မိနစ် ၄၀ ကနေ မိနစ် ၅၀ ထိထားပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၁ ကြိမ်အသုံးပြုပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top