ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဆရာဝန္ဝန္ေတာ္ေတာ္မ်ားမ်ားကေတာ့ ပဋိဇီဝေဆးေတြကို ေခ်ာင္းဆိုးေပ်ာက္ကင္းေအာင္ေသာက္ဆိုၿပီး ၫႊန္းခဲၾကပါတယ္။ ေခ်ာင္းဆိုးတယ္ဆိုတာကလည္း ႏွစ္ပတ္၊ သုံးပတ္ေလာက္ ဆက္တိုက္ဆိုးတတ္ေတာ့တာပါ။ မလိုအပ္ဘဲ ပဋိဇီဝေဆးေတြ အလြန္အကၽြံသုံးမယ္ဆိုရင္

ကုသရခက္တဲ့ ကူးစက္ေရာဂါေတြကိုပါ ျဖစ္ပြားလာေစႏိုင္တယ္လို႔ ဆိုပါတယ္။ တန္ေဆး၊ လြန္ေဘးေလ။


ပ်ားရည္ကို ေရေႏြးပူပူ၊ သံပရာသီးနည္းနည္း ဒါမွမဟုတ္လည္း ဂ်င္းတစ္တက္ေလာက္နဲ႔ေရာၿပီး ေသာက္ေပးျခင္းက ေခ်ာင္းဆိုးသက္သာေစၿပီး လည္ေခ်ာင္းရွင္းေစႏိုင္တယ္ဆိုတာကို အိမ္ရွင္မတိုင္း သိၿပီးသားျဖစ္မွာပါ။ National Institute for Health and Care Excellence (NICE) နဲ႔ Public Health England (PHE) တို႔ရဲ႕ အသစ္ထပ္မံေတြ႕ရွိထားတဲ့ ေလ့လာခ်က္တစ္ခုမွာလည္း ၎အိမ္တြင္းနည္းလမ္းဟာ ေခ်ာင္းဆိုးတဲ့ေရာဂါလကၡဏာရပ္ေတြကို ပိုလို႔ေကာင္းမြန္၊ သက္သာလာေစႏိုင္တယ္လို႔ ဆိုပါတယ္။ အမ်ားအားျဖင့္ ေခ်ာင္းဆိုးေပ်ာက္ေဆးေတာ္ေတာ္မ်ားမ်ားကို ပဲလ္လာဂိုးနီးယမ္ (pelargonium)၊ ဂြိဳင္ယာဖန္းနစင္ (guaifenesin) ဒါမွမဟုတ္ ဒတ္ဇ္ထေရာမီေသာလ္ဖန္ (dextromethorphan) စတဲ့ အက်ိဳးျပဳဓာတ္ေတြနဲ႔ ေဖာ္စပ္ထားတယ္လို႔ ဆိုပါတယ္။


လူနာေတြအေနနဲ႔ ဆရာဝန္ဆီမသြားခင္ ေရာဂါအေျခအေန တိုးတက္မႈရွိလာလား၊ မရွိလာလားဆိုတာကိုပဲ အရင္ဆုံးမိမိဘာသာ ေလ့လာၾကည့္သင့္တယ္လို႔ ဆိုပါတယ္။ ေခ်ာင္းဆိုးျခင္းေတာ္ေတာ္မ်ားမ်ားဟာ ေရာဂါပိုးမႊားေတြေၾကာင့္ျဖစ္ၿပီး ပဋိဇီဝေဆးေတြကို ေသာက္သုံးလို႔ ေပ်ာက္သြားတာက ရွားပါတယ္။ အခ်ိန္တန္ရင္ သူ႕အလိုလို ေပ်ာက္သြားတတ္တာပါ။

PHE ဒါ႐ိုက္တာ ေဒါက္တာ ဆူဆန္ ေဟာပ့္ကင္စ္ (Dr. Susan Hopkins) က "ပဋိဇီဝေဆးေတြရဲ႕ ခုခံႏိုင္စြမ္းက ႀကီးမားတဲ့ျပႆနာတစ္ခုလို ျဖစ္ေနပါတယ္။ ကၽြန္ေတာ္တို႔ ပဋိဇီဝေဆးအသုံးျပဳမႈ ပမာဏကို ေလၽွာ႔ခ်သြားဖို႔ အစီအစဥ္လည္း ရွိပါတယ္" လို႔ဆိုပါတယ္။ ဒီေျပာၾကားခ်က္အရ ဆရာဝန္ေတြဟာ မိမိရဲ႕လူနာကို မလိုအပ္ဘဲ ေဆးတိုက္၊ ေဆးေကၽြးျပဳလုပ္တာထက္ မိမိကိုယ္ကို ဂ႐ုစိုက္သင္တဲ့ က်န္းမာေရးေဆြးေႏြးခ်က္ေတြကိုသာ ပိုလို႔အေလးေပး ပညာေပးသင့္ေၾကာင္းကို ေထာက္ခံေနပါတယ္။ တကယ္လို႔ သာမန္ေခ်ာင္းဆိုးတာမ်ိဳးမဟုတ္ဘဲ ေနမေကာင္းေတြ၊ ဘာေတြပါျဖစ္ေနတယ္၊ တျခားေရာဂါလကၡဏာေတြပါ ျပသေနတယ္ဆိုရင္ေတာ့ ေဆးေသာက္သုံးသင့္ၿပီျဖစ္ေၾကာင္း အႀကံျပဳထားပါတယ္။


ပ်ားရည္ကိုေတာ့ အသက္ (၁) ႏွစ္ေအာက္ကေလးေတြကို မတိုက္ေကၽြးဖို႔ေျပာၾကားထားၿပီး ပ်ားရည္မွာပါဝင္တဲ့ ဘက္တီးရီးယားဟာ ကေလးငယ္ေလးေတြကို အစာအဆိပ္ျဖစ္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ ေခ်ာင္းဆိုးတာက တစ္ေန႔တစ္ျခား ပိုပိုဆိုးလာတယ္၊ အသက္႐ႈလို႔လည္း မဝေတာ့ဘူးဆို ဆရာဝန္ကို ေသခ်ာျပသင့္ပါတယ္။


အဓိကကေတာ့ ပဋိဇီဝေဆးေတြကို မလိုအပ္ဘဲ မေသာက္သုံးၾကဖို႔နဲ႔ ေခ်ာင္းဆိုးျခင္းဟာ ဘက္တီးရီးယားေတြေၾကာင့္ျဖစ္တာမို႔ ပုံမွန္ အိမ္တြင္းကုသနည္းေတြနဲ႔လည္း အဆင္ေျပသြားႏိုင္တဲ့အတြက္ မလိုအပ္ဘဲ ေဆးမေသာက္သုံးၾကဖို႔ အႀကံျပဳထားျခင္းပဲ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Po Mo Htoo Aung (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ဆရာဝန်ဝန်တော်တော်များများကတော့ ပဋိဇီဝဆေးတွေကို ချောင်းဆိုးပျောက်ကင်းအောင်သောက်ဆိုပြီး ညွှန်းခဲကြပါတယ်။ ချောင်းဆိုးတယ်ဆိုတာကလည်း နှစ်ပတ်၊ သုံးပတ်လောက် ဆက်တိုက်ဆိုးတတ်တော့တာပါ။ မလိုအပ်ဘဲ ပဋိဇီဝဆေးတွေ အလွန်အကျွံသုံးမယ်ဆိုရင်

ကုသရခက်တဲ့ ကူးစက်ရောဂါတွေကိုပါ ဖြစ်ပွားလာစေနိုင်တယ်လို့ ဆိုပါတယ်။ တန်ဆေး၊ လွန်ဘေးလေ။

ပျားရည်ကို ရေနွေးပူပူ၊ သံပရာသီးနည်းနည်း ဒါမှမဟုတ်လည်း ဂျင်းတစ်တက်လောက်နဲ့ရောပြီး သောက်ပေးခြင်းက ချောင်းဆိုးသက်သာစေပြီး လည်ချောင်းရှင်းစေနိုင်တယ်ဆိုတာကို အိမ်ရှင်မတိုင်း သိပြီးသားဖြစ်မှာပါ။ National Institute for Health and Care Excellence (NICE) နဲ့ Public Health England (PHE) တို့ရဲ့ အသစ်ထပ်မံတွေ့ရှိထားတဲ့ လေ့လာချက်တစ်ခုမှာလည်း ၎င်းအိမ်တွင်းနည်းလမ်းဟာ ချောင်းဆိုးတဲ့ရောဂါလက္ခဏာရပ်တွေကို ပိုလို့ကောင်းမွန်၊ သက်သာလာစေနိုင်တယ်လို့ ဆိုပါတယ်။ အများအားဖြင့် ချောင်းဆိုးပျောက်ဆေးတော်တော်များများကို ပဲလ်လာဂိုးနီးယမ် (pelargonium)၊ ဂွိုင်ယာဖန်းနစင် (guaifenesin) ဒါမှမဟုတ် ဒတ်ဇ်ထရောမီသောလ်ဖန် (dextromethorphan) စတဲ့ အကျိုးပြုဓာတ်တွေနဲ့ ဖော်စပ်ထားတယ်လို့ ဆိုပါတယ်။

လူနာတွေအနေနဲ့ ဆရာဝန်ဆီမသွားခင် ရောဂါအခြေအနေ တိုးတက်မှုရှိလာလား၊ မရှိလာလားဆိုတာကိုပဲ အရင်ဆုံးမိမိဘာသာ လေ့လာကြည့်သင့်တယ်လို့ ဆိုပါတယ်။ ချောင်းဆိုးခြင်းတော်တော်များများဟာ ရောဂါပိုးမွှားတွေကြောင့်ဖြစ်ပြီး ပဋိဇီဝဆေးတွေကို သောက်သုံးလို့ ပျောက်သွားတာက ရှားပါတယ်။ အချိန်တန်ရင် သူ့အလိုလို ပျောက်သွားတတ်တာပါ။

PHE ဒါရိုက်တာ ဒေါက်တာ ဆူဆန် ဟောပ့်ကင်စ် (Dr. Susan Hopkins) က "ပဋိဇီဝဆေးတွေရဲ့ ခုခံနိုင်စွမ်းက ကြီးမားတဲ့ပြဿနာတစ်ခုလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ ပဋိဇီဝဆေးအသုံးပြုမှု ပမာဏကို လျှော့ချသွားဖို့ အစီအစဉ်လည်း ရှိပါတယ်" လို့ဆိုပါတယ်။ ဒီပြောကြားချက်အရ ဆရာဝန်တွေဟာ မိမိရဲ့လူနာကို မလိုအပ်ဘဲ ဆေးတိုက်၊ ဆေးကျွေးပြုလုပ်တာထက် မိမိကိုယ်ကို ဂရုစိုက်သင်တဲ့ ကျန်းမာရေးဆွေးနွေးချက်တွေကိုသာ ပိုလို့အလေးပေး ပညာပေးသင့်ကြောင်းကို ထောက်ခံနေပါတယ်။ တကယ်လို့ သာမန်ချောင်းဆိုးတာမျိုးမဟုတ်ဘဲ နေမကောင်းတွေ၊ ဘာတွေပါဖြစ်နေတယ်၊ တခြားရောဂါလက္ခဏာတွေပါ ပြသနေတယ်ဆိုရင်တော့ ဆေးသောက်သုံးသင့်ပြီဖြစ်ကြောင်း အကြံပြုထားပါတယ်။

ပျားရည်ကိုတော့ အသက် (၁) နှစ်အောက်ကလေးတွေကို မတိုက်ကျွေးဖို့ပြောကြားထားပြီး ပျားရည်မှာပါဝင်တဲ့ ဘက်တီးရီးယားဟာ ကလေးငယ်လေးတွေကို အစာအဆိပ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ချောင်းဆိုးတာက တစ်နေ့တစ်ခြား ပိုပိုဆိုးလာတယ်၊ အသက်ရှုလို့လည်း မဝတော့ဘူးဆို ဆရာဝန်ကို သေချာပြသင့်ပါတယ်။

အဓိကကတော့ ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲ မသောက်သုံးကြဖို့နဲ့ ချောင်းဆိုးခြင်းဟာ ဘက်တီးရီးယားတွေကြောင့်ဖြစ်တာမို့ ပုံမှန် အိမ်တွင်းကုသနည်းတွေနဲ့လည်း အဆင်ပြေသွားနိုင်တဲ့အတွက် မလိုအပ်ဘဲ ဆေးမသောက်သုံးကြဖို့ အကြံပြုထားခြင်းပဲ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Po Mo Htoo Aung (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top