(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

စက္တင္ဘာ ၉ဧရာဝတီတိုင္းေဒသႀကီး ၊ ပုသိမ္ႀကီးၿမိဳ႕နယ္ေရႊေသာင္ယံနယ္ေျမရဲစခန္းအပိုင္၌ စက္တင္ဘာ( ၆ )ရက္ေန႔ညေန ( ၄ )နာရီခြဲအခ်ိန္ေရႊေသာင္ယံ ေဘာမိေက်းရြာအုပ္စု ျပာတိုက္ေက်းရြာရာအိမ္မႉး ဦးေဇာ္ဦးမွ ဓနိဖ်ားအလုပ္စခန္း တဲအိမ္မ်ားမွ ရဲလင္းႏိုင္ေအာင္ အသက္ ( ၃၃ )ႏွစ္( ဘ ) ဦးအုန္းသန္းသည္ဌင္း၏အကိုရင္းျဖစ္သူ၏ဇနီး မအိမြန္စိုးအသက္ ( ၁၆ )ႏွစ္( ဘ)ဦးညြန္႔ေရႊႏွင့္အိမ္ေထာင္ေရးေဖာက္ျပန္ေနသည့္ကိစၥအား ရဲလင္းႏိုင္လက္ရိွေပါင္းသင္းေနထိုင္ေသာ ဇနီးျဖစ္သူ ေဝေဝစိုးအသက္ ( ၂၉ )ႏွစ္( ဘ )ဦးသိန္းဝင္းတို႔( ၃ )ဦးအားေတြ႕ဆံုညိႇႏိုင္းေျဖရွင္းေပးရာမွ ဓားခုတ္မူျဖစ္ပြားရျခင္းဟု စံုစမ္းသိရိွရပါသည္။

ေျဖရွင္းေပးရာတြင္ ရဲလင္းႏိုင္မွ ႏွစ္ေယာက္အတူေပါင္းသင္းေနထိုင္မည္ ေျပာဆိုရာည ညိႇႏိုင္းမရျဖစ္ၿပီးမိန္းမႏွစ္ေယာက္ဆဲဆိုစကားမ်ားၾကရာ ရဲလင္းႏိုင္ကနင္တို႔ဒီမွာ ေျဖရွင္းညိႇႏိုင္းမရရင္ ရဲစခန္းသာသြားတိုင္ၾကေတာ့ ငါေထာင္က်သြားေအးေရာလို႔ေျပာလိုက္ရာ ဇနီးျဖစ္သူေဝေဝစိုးက ဟ့ဲေကာင္မ နင့္ေၾကာင့္ ခေလး ( ၄ )ေယာက္နဲ႔ငါတို႔မိသားစု ဒုကၡေရာက္ေတာ့မယ္ ငါ့ေယာက်ၤားေထာင္အက်မခံႏိုင္ဘူးနင့္ကို ငါသတ္မယ္ဆိုၿပီး လူႀကီးအိမ္မွ အနီးရိွကိုင္းခုတ္ဓားျဖင့္ အိမြန္စိုးအားခုတ္လိုက္ရာ ဘယ္ဘက္လက္ေကာက္ဝတ္နဲ႔လက္ေမာင္းတို႔မွာျပင္းထန္ဒဏ္ရာ ( ၁ )ခ်က္စီရရိွခ့ဲၾကာင္းျဖစ္သည္ဟု “မုနိေျမ”အားေရႊေသာင္ယံနယ္ေျမရဲစခန္းမွတာဝန္က်ရဲအရာရိွတစ္ဦးျဖစ္စဥ္အားေျပာၾကားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မအိမြန္စိုးမွတရားလိုျပဳ၍ အမူဖြင့္အေရးယူေပးရန္တိုင္ၾကားသျဖင့္တရားခံျဖစ္သူ ေဝေဝစိုးအား ေရႊေသာင္ယံနယ္ေျမရဲစခန္းမွ ( ပ )၂၀/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ျဖင့္အမူဖြင့္၍ အမူအား ဒုရဲအုပ္ရဲေအာင္က စစ္ေဆးေဆာင္ရြက္ေနေၾကာင္းစံုစမ္းသိရိွရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မုနိေမ

#Unicode Version#
စက်တင်ဘာ ၉ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ကြီးမြို့နယ်ရွှေသောင်ယံနယ်မြေရဲစခန်းအပိုင်၌ စက်တင်ဘာ( ၆ )ရက်နေ့ညနေ ( ၄ )နာရီခွဲအချိန်ရွှေသောင်ယံ ဘောမိကျေးရွာအုပ်စု ပြာတိုက်ကျေးရွာရာအိမ်မှူး ဦးဇော်ဦးမှ ဓနိဖျားအလုပ်စခန်း တဲအိမ်များမှ ရဲလင်းနိုင်အောင် အသက် ( ၃၃ )နှစ်( ဘ ) ဦးအုန်းသန်းသည်ဌင်း၏အကိုရင်းဖြစ်သူ၏ဇနီး မအိမွန်စိုးအသက် ( ၁၆ )နှစ်( ဘ)ဦးညွန့်ရွှေနှင့်အိမ်ထောင်ရေးဖောက်ပြန်နေသည့်ကိစ္စအား ရဲလင်းနိုင်လက်ရှိပေါင်းသင်းနေထိုင်သော ဇနီးဖြစ်သူ ဝေဝေစိုးအသက် ( ၂၉ )နှစ်( ဘ )ဦးသိန်းဝင်းတို့( ၃ )ဦးအားတွေ့ဆုံညှိနိုင်းဖြေရှင်းပေးရာမှ ဓားခုတ်မူဖြစ်ပွားရခြင်းဟု စုံစမ်းသိရှိရပါသည်။

ဖြေရှင်းပေးရာတွင် ရဲလင်းနိုင်မှ နှစ်ယောက်အတူပေါင်းသင်းနေထိုင်မည် ပြောဆိုရာည ညှိနိုင်းမရဖြစ်ပြီးမိန်းမနှစ်ယောက်ဆဲဆိုစကားများကြရာ ရဲလင်းနိုင်ကနင်တို့ဒီမှာ ဖြေရှင်းညှိနိုင်းမရရင် ရဲစခန်းသာသွားတိုင်ကြတော့ ငါထောင်ကျသွားအေးရောလို့ပြောလိုက်ရာ ဇနီးဖြစ်သူဝေဝေစိုးက ဟဲ့ကောင်မ နင့်ကြောင့် ခလေး ( ၄ )ယောက်နဲ့ငါတို့မိသားစု ဒုက္ခရောက်တော့မယ် ငါ့ယောင်္ကျားထောင်အကျမခံနိုင်ဘူးနင့်ကို ငါသတ်မယ်ဆိုပြီး လူကြီးအိမ်မှ အနီးရှိကိုင်းခုတ်ဓားဖြင့် အိမွန်စိုးအားခုတ်လိုက်ရာ ဘယ်ဘက်လက်ကောက်ဝတ်နဲ့လက်မောင်းတို့မှာပြင်းထန်ဒဏ်ရာ ( ၁ )ချက်စီရရှိခဲ့ကြာင်းဖြစ်သည်ဟု “မုနိမြေ”အားရွှေသောင်ယံနယ်မြေရဲစခန်းမှတာဝန်ကျရဲအရာရှိတစ်ဦးဖြစ်စဉ်အားပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မအိမွန်စိုးမှတရားလိုပြု၍ အမူဖွင့်အရေးယူပေးရန်တိုင်ကြားသဖြင့်တရားခံဖြစ်သူ ဝေဝေစိုးအား ရွှေသောင်ယံနယ်မြေရဲစခန်းမှ ( ပ )၂၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆ဖြင့်အမူဖွင့်၍ အမူအား ဒုရဲအုပ်ရဲအောင်က စစ်ဆေးဆောင်ရွက်နေကြောင်းစုံစမ်းသိရှိရပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: မုနိမေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top