ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မြန္ျပည္နယ္၊ မုဒုံျမဳိ့နယ္၊ ကန္ႀကီးဘုရားေက်ာင္း ဘုန္းႀကီးေက်ာင္းဝင္းအတြင္း၌ စက္တင္ဘာလ ၁၈ ရက္ေန ့ ေန႔လည္ ၁၁ နာရီခ်ိန္ခန္႔တြင္ ဘုန္းျကီး ၂ ပါးအား ဓားေထာက္ၿပီး ဝမ္းလ်ာေမွာက္လွ်က္ ျခိမ္းေျခာက္သူအား ရဲတပ္ဖြဲ႔မွ ေသနတ္ျဖင့္ ပစ္ခတ္၍ (အ႐ွင္)ဖမ္းဆီးခဲ့ေၾကာင္း သိရပါသည္။

ျဖစ္စဥ္မွာ ေက်ာင္းဝင္းအတြင္း သီတင္းသုံးေနေသာ ဦးစႏၵပါလ ဝါေတာ္ ၆ ဝါ (သက္ေတာ္ ၆၃) ႏွစ္ ႏွင့္ ဦးေသာပိတ ဝါေတာ္(၁၁) ဝါ သက္ေတာ္ (၅၁ ႏွစ္) ႏွစ္ပါးမွ ထြန္းထြန္းဦး (၃၅) ႏွစ္ ေခမာလမ္း ျမဳိ့မ ၂ ေနသူအား ဘိလပ္ေျမႏွင့္ ပစၥည္းအခ်ဳိ ့ဝယ္ရန္ ပုိက္ဆံေပးလုိက္ရာမွ ထြန္းထြန္းဦး(၃၅)ႏွစ္မွ ပုိက္ဆံေပ်ာက္သြားၿပီး ျပန္မေပးႏုိင္ဘူးဟုဆုိကာ ဝယ္ရန္မွာထားေသာပစၥည္းမ်ားအား ဝယ္မေပးပဲ ၎ဘုန္းႀကီးေနထုိင္ေသာ ေက်ာင္းေအာက္မွ တုတ္ျဖင့္စိန္ေခၚျခင္း ၊ ေက်ာင္းေပၚတက္၍ ဓားမ သြားယူ၍ ဘုန္းႀကီး ၂ ပါးအား ၾကမ္းျပင္တြင္ေမွာက္ရန္ မေမွာက္ပါက ဓားျဖင့္ ခုတ္မည္ဟု ျခိမ္းေျခာက္ေနေၾကာင္း အနီး႐ွိ ဘုန္းႀကီးတစ္းပါးမွ မုဒုံျမဳိ့မ ရဲစခန္းသုိ႔ ဖုန္းဆက္အေၾကာင္းၾကားခဲ့သည္။

အဆုိပါ ဘုန္းၾကီးေက်ာင္းသုိ ့ မုဒုံျမဳိ့မ ရဲစခန္းမွ ဒုရဲအုပ္ဆန္းထြန္းဦးစီး တပ္ဖြဲ႔ဝင္မ်ား သြားေရာက္ရာတြင္ ထြန္းထြန္းဦး (၃၅) ႏွစ္၊ ေခမာလမ္း၊ ျမဳိ့မ ၂ ေနသူမွ ဓားကုိင္ရင္ ဘုန္းႀကီး ၂ ပါးအား ၾကမး္ျပင္တြင္ ဝမ္းလ်ာေမွာက္ရန္ ခုိင္းေစေနသည္ကုိ ေတြ႔ရ၍ ရဲတပ္ဖြဲ႔မွ ဓားအားေအာက္ခ်ရန္ႏွင့္ အညံ့ခံရန္ အႀကိမ္ႀကိမ္ေျပာဆုိေသာ္လည္ ထြန္းထြန္းဦး (၃၅)ႏွစ္ မွ အညံ့မခံပဲ လက္ထဲမွဓားျဖင့္ ရဲတပ္ဖြဲ႔ဝင္မ်ားထံ ခုတ္ရန္ေျပးလာေနသည္ကုိ ေတြ႔ရေသာေၾကာင့္ ရဲတပ္ဖြဲ႔မွ ခႏၶာကုိယ္ေအာက္ပုိင္းအား ၁၂ ဗုိ႔ေျပာင္းေခ်ာေသနတ္ျဖင့္ ပစ္ခတ္၍ ဓားကုိင္ထားသူအား လုံးေထြးသတ္ပုတ္ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ထုိသုိ႔လုံးေထြးသတ္ပုတ္ဖမ္းဆီရာတြင္ ရဲတပ္ဖြဲ႔မွ အျခားဆင့္ ၃ ဦး ထိခုိက္ဒဏ္ရာမ်ားရ႐ွိခဲ့၍ ထြန္းထြန္းဦး (၃၅) ႏွစ္ ေခမာလမ္း ျမဳိ့မ ၂ ေနသူ၌ ဘယ္ဘက္ေပါင္ရင္းတြင္ ေသနတ္ထိမွန္ဒဏ္ရာ (၆)ခ်က္ ၊ ညာနဖူးတြင္ ေပါက္ျပဲဒဏ္ရာတစ္ခ်က္ရ႐ွိခဲ့ရာ မုဒုံျပည္သူ႔ေဆး႐ုံႀကီး၌ေဆးကုသမႈခံယူေစ၍ ျပစ္မႈက်ဴးလြန္သူအား မုဒုံျမဳိ့မရဲစခန္း၌ ဥပေဒအတုိင္း အမႈဖြင့္ အေရးယူေဆာင္ရြတ္ထားေၾကာင္း သတင္းရ႐ွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အမႊာညီေနာင္ (ေဖ့ဘြတ္ခ္)

#Unicode Version#

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကန်ကြီးဘုရားကျောင်း ဘုန်းကြီးကျောင်းဝင်းအတွင်း၌ စက်တင်ဘာလ ၁၈ ရက်နေ ့ နေ့လည် ၁၁ နာရီချိန်ခန့်တွင် ဘုန်းကြီး ၂ ပါးအား ဓားထောက်ပြီး ဝမ်းလျာမှောက်လျှက် ခြိမ်းခြောက်သူအား ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၍ (အရှင်)ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ကျောင်းဝင်းအတွင်း သီတင်းသုံးနေသော ဦးစန္ဒပါလ ဝါတော် ၆ ဝါ (သက်တော် ၆၃) နှစ် နှင့် ဦးသောပိတ ဝါတော်(၁၁) ဝါ သက်တော် (၅၁ နှစ်) နှစ်ပါးမှ ထွန်းထွန်းဦး (၃၅) နှစ် ခေမာလမ်း မြို့မ ၂ နေသူအား ဘိလပ်မြေနှင့် ပစ္စည်းအချို ့ဝယ်ရန် ပိုက်ဆံပေးလိုက်ရာမှ ထွန်းထွန်းဦး(၃၅)နှစ်မှ ပိုက်ဆံပျောက်သွားပြီး ပြန်မပေးနိုင်ဘူးဟုဆိုကာ ဝယ်ရန်မှာထားသောပစ္စည်းများအား ဝယ်မပေးပဲ ၎င်းဘုန်းကြီးနေထိုင်သော ကျောင်းအောက်မှ တုတ်ဖြင့်စိန်ခေါ်ခြင်း ၊ ကျောင်းပေါ်တက်၍ ဓားမ သွားယူ၍ ဘုန်းကြီး ၂ ပါးအား ကြမ်းပြင်တွင်မှောက်ရန် မမှောက်ပါက ဓားဖြင့် ခုတ်မည်ဟု ခြိမ်းခြောက်နေကြောင်း အနီးရှိ ဘုန်းကြီးတစ်းပါးမှ မုဒုံမြို့မ ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

အဆိုပါ ဘုန်းကြီးကျောင်းသို ့ မုဒုံမြို့မ ရဲစခန်းမှ ဒုရဲအုပ်ဆန်းထွန်းဦးစီး တပ်ဖွဲ့ဝင်များ သွားရောက်ရာတွင် ထွန်းထွန်းဦး (၃၅) နှစ်၊ ခေမာလမ်း၊ မြို့မ ၂ နေသူမှ ဓားကိုင်ရင် ဘုန်းကြီး ၂ ပါးအား ကြမး်ပြင်တွင် ဝမ်းလျာမှောက်ရန် ခိုင်းစေနေသည်ကို တွေ့ရ၍ ရဲတပ်ဖွဲ့မှ ဓားအားအောက်ချရန်နှင့် အညံ့ခံရန် အကြိမ်ကြိမ်ပြောဆိုသော်လည် ထွန်းထွန်းဦး (၃၅)နှစ် မှ အညံ့မခံပဲ လက်ထဲမှဓားဖြင့် ရဲတပ်ဖွဲ့ဝင်များထံ ခုတ်ရန်ပြေးလာနေသည်ကို တွေ့ရသောကြောင့် ရဲတပ်ဖွဲ့မှ ခန္ဓာကိုယ်အောက်ပိုင်းအား ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်၍ ဓားကိုင်ထားသူအား လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့လုံးထွေးသတ်ပုတ်ဖမ်းဆီရာတွင် ရဲတပ်ဖွဲ့မှ အခြားဆင့် ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ထွန်းထွန်းဦး (၃၅) နှစ် ခေမာလမ်း မြို့မ ၂ နေသူ၌ ဘယ်ဘက်ပေါင်ရင်းတွင် သေနတ်ထိမှန်ဒဏ်ရာ (၆)ချက် ၊ ညာနဖူးတွင် ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့ရာ မုဒုံပြည်သူ့ဆေးရုံကြီး၌ဆေးကုသမှုခံယူစေ၍ ပြစ်မှုကျူးလွန်သူအား မုဒုံမြို့မရဲစခန်း၌ ဥပဒေအတိုင်း အမှုဖွင့် အရေးယူဆောင်ရွတ်ထားကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: အမွှာညီနောင် (ဖေ့ဘွတ်ခ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top