မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အသက္ ၃၅ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးက သူ႔အတြက္ မနက္စာကို ျပင္ဆင္ေပးတာ ေနာက္က်တဲ့အတြက္ မိခင္ျဖစ္သူကို တံျမက္စည္းနဲ႔ ရိုက္ႏွင္ခဲ့မွုတစ္ခု စိတ္မေကာင္းစရာ ျဖစ္ပြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔ နံနက္ ၁၁ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္မွာ မေလးရွားနိုင္ငံ ပန္ကလန္ဘြန္ေဂါ ေက်းရြာမွာ ျဖစ္ပြားခဲ့ပါတယ္။ အဆိုပါအမ်ိဳးသားဟာ မူးယစ္ေဆးစြဲေနသူျဖစ္ၿပီး သူအတြက္ မနက္စာေနာက္က်ခဲ့တဲ့အတြက္ ပထမတြင္ အိမ္ကပစၥည္းေတြ လႊင့္ပစ္၊ မိခင္ျဖစ္သူကို ေအာ္ဟစ္ဆဲဆိုခဲ့ၿပီး အဲဒီေနာက္မွာေတာ့ တံျမက္စည္းယူကာ မိခင္ရဲ့ ခႏၶာကိုယ္ေနရာအႏွံ့ကို ရိုက္ႏွက္ခဲ့တယ္လို႔ အမွုကို ကိုင္တြယ္စစ္ေဆးေနသူ အရာရွိ “ေနာ္ဇဏီ” က ေျပာၾကားခဲ့ပါတယ္။

မိခင္ျဖစ္သူက သားျဖစ္သူရဲ့ ႏွိပ္စက္မွုေတြကို သည္းမခံနိုင္ေတာ့ေၾကာင္း၊ မူးယစ္ေဆးဝယ္ဖို႔ ပိုက္ဆံမေပးပါက ေန႔စဥ္အၾကမ္းဖက္ ေသာင္းက်န္းမွုေတြ ရွိေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။ သူ႔ကို ဖခင္ျဖစ္သူနဲ႔ အျခားညီအစ္ကိုေမာင္ႏွမေတြကလည္း ေၾကာက္ရြံ႕ေနၾကေၾကာင္း ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာေတာ့ ရိုက္ႏွက္ခဲ့သူကို ဖမ္းဆီးထိန္းသိမ္းထားၿပီး သူ႔ရဲ့ မိခင္ျဖစ္သူနဲ႔ ညီငယ္တစ္ေယာက္တို႔ကို ကပ္ပလာဘားတက္စ္ ေဆး႐ုံမွာ ေဆးကုသမွုေတြ ခံယူေနရတယ္လို႔ အရာရွိက ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက သူ့အတွက် မနက်စာကို ပြင်ဆင်ပေးတာ နောက်ကျတဲ့အတွက် မိခင်ဖြစ်သူကို တံမြက်စည်းနဲ့ ရိုက်နှင်ခဲ့မှုတစ်ခု စိတ်မကောင်းစရာ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ မလေးရှားနိုင်ငံ ပန်ကလန်ဘွန်ဂေါ ကျေးရွာမှာ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ မူးယစ်ဆေးစွဲနေသူဖြစ်ပြီး သူအတွက် မနက်စာနောက်ကျခဲ့တဲ့အတွက် ပထမတွင် အိမ်ကပစ္စည်းတွေ လွှင့်ပစ်၊ မိခင်ဖြစ်သူကို အော်ဟစ်ဆဲဆိုခဲ့ပြီး အဲဒီနောက်မှာတော့ တံမြက်စည်းယူကာ မိခင်ရဲ့ ခန္ဓာကိုယ်နေရာအနှံ့ကို ရိုက်နှက်ခဲ့တယ်လို့ အမှုကို ကိုင်တွယ်စစ်ဆေးနေသူ အရာရှိ “နော်ဇဏီ” က ပြောကြားခဲ့ပါတယ်။

မိခင်ဖြစ်သူက သားဖြစ်သူရဲ့ နှိပ်စက်မှုတွေကို သည်းမခံနိုင်တော့ကြောင်း၊ မူးယစ်ဆေးဝယ်ဖို့ ပိုက်ဆံမပေးပါက နေ့စဉ်အကြမ်းဖက် သောင်းကျန်းမှုတွေ ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့ကို ဖခင်ဖြစ်သူနဲ့ အခြားညီအစ်ကိုမောင်နှမတွေကလည်း ကြောက်ရွံ့နေကြကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ရိုက်နှက်ခဲ့သူကို ဖမ်းဆီးထိန်းသိမ်းထားပြီး သူ့ရဲ့ မိခင်ဖြစ်သူနဲ့ ညီငယ်တစ်ယောက်တို့ကို ကပ်ပလာဘားတက်စ် ဆေးရုံမှာ ဆေးကုသမှုတွေ ခံယူနေရတယ်လို့ အရာရှိက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top