ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေျမာက္ဥကၠလာေဆးရံုႀကီး သားဖြားမီးယပ္ေဆာင္မွာလူနာသတင္းေမး သြားသြားေနရေတာ့ဒီရက္ပိုင္း စိတ္မေကာင္းေတြလည္း ျဖစ္မိပါတယ္။ေဆးရံုစႀကၤန္လူသြားလမ္းမွာ ျပည့္ႀကပ္ညပ္ေနေအာင္ ကိုယ္ဝန္သည္ေတြ ေမြးဖြားကာစ ခေလးနီတာရဲေလးေတြ လူနာမိသားစုဝင္ေတြ အေျမာက္အမ်ား ျဖစ္သလိုထိုင္ေနႀကရပါတယ္။

အေဆာင္ေနရာထိုင္ခင္းလံုေလာက္မွဳမရွိပဲျဖစ္သလိုေနေနႀကရတဲ့ပံုေတြကို ဓါတ္ပံုရိုက္ယူလာခ်င္ေပမယ့္ ကာယကံရွင္မိသားစုေတြကို အားနာတာေႀကာင့္မရိုက္လာခဲ့ပါဘူး။

သစ္ပင္ေအာက္ေတြမွာပါမက်န္ ရွိသမ်ွေနရာလပ္မရွိ လူနာေတြေနေနႀကတာျမင္ပီးအေတာ္စိတ္မေကာင္းျဖစ္မိပါတယ္။

ေမြးဖြားခါနီးနာက်င္ပီးေနရထိုင္ရခက္ေနေပမယ့္စႀကၤန္လမ္းေပၚ ဖိနပ္ေလးခုထိုင္ပီးအဆင္မေျပျဖစ္ေနတဲ့ မိခင္ေလာင္းေတြရယ္

နုနုနယ္နယ္ေမြးကင္းစခေလးငယ္ေလးေတြေရာဂါပိုးအစံုရွိတဲ့ အျပင္ဘက္သံမံတလင္းေပၚမိခင္ေတြက ခ်ီထားရတဲ့ ျမင္ကြင္းေတြရယ္ျမင္ရတာအမွန္တကယ္ပဲ စိတ္မေကာင္းေတြျဖစ္ရပါတယ္။

က်ြန္မလည္း အခုခ်ိန္မွာ ဘာမွမလုပ္ေပးနိုင္တဲ့လူတစ္ေယာက္မို ့ စိတ္မေကာင္းျဖစ္ယံုမ်ွသာျဖစ္ခဲ့ရပါတယ္!

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Daw Ei

#Unicode Version#
မြောက်ဥက္ကလာဆေးရုံကြီး သားဖွားမီးယပ်ဆောင်မှာလူနာသတင်းမေး သွားသွားနေရတော့ဒီရက်ပိုင်း စိတ်မကောင်းတွေလည်း ဖြစ်မိပါတယ်။ဆေးရုံစင်္ကြန်လူသွားလမ်းမှာ ပြည့်ကြပ်ညပ်နေအောင် ကိုယ်ဝန်သည်တွေ မွေးဖွားကာစ ခလေးနီတာရဲလေးတွေ လူနာမိသားစုဝင်တွေ အမြောက်အများ ဖြစ်သလိုထိုင်နေကြရပါတယ်။

အဆောင်နေရာထိုင်ခင်းလုံလောက်မှုမရှိပဲဖြစ်သလိုနေနေကြရတဲ့ပုံတွေကို ဓါတ်ပုံရိုက်ယူလာချင်ပေမယ့် ကာယကံရှင်မိသားစုတွေကို အားနာတာကြောင့်မရိုက်လာခဲ့ပါဘူး။

သစ်ပင်အောက်တွေမှာပါမကျန် ရှိသမျှနေရာလပ်မရှိ လူနာတွေနေနေကြတာမြင်ပီးအတော်စိတ်မကောင်းဖြစ်မိပါတယ်။

မွေးဖွားခါနီးနာကျင်ပီးနေရထိုင်ရခက်နေပေမယ့်စင်္ကြန်လမ်းပေါ် ဖိနပ်လေးခုထိုင်ပီးအဆင်မပြေဖြစ်နေတဲ့ မိခင်လောင်းတွေရယ်

နုနုနယ်နယ်မွေးကင်းစခလေးငယ်လေးတွေရောဂါပိုးအစုံရှိတဲ့ အပြင်ဘက်သံမံတလင်းပေါ်မိခင်တွေက ချီထားရတဲ့ မြင်ကွင်းတွေရယ်မြင်ရတာအမှန်တကယ်ပဲ စိတ်မကောင်းတွေဖြစ်ရပါတယ်။

ကျွန်မလည်း အခုချိန်မှာ ဘာမှမလုပ်ပေးနိုင်တဲ့လူတစ်ယောက်မို ့ စိတ်မကောင်းဖြစ်ယုံမျှသာဖြစ်ခဲ့ရပါတယ်!

ဖိုးသူတော် (www.phothutaw.com)
Credit: Daw Ei



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top