×

မိဘဆုိတာ သားသမီးေတြရဲ႕ လက္ဦးဆရာျဖစ္သလုိ
အနာဂတ္ ပန္းတုိင္အတြက္ အလင္းျပေပးတဲ့
မီး႐ူးတန္ေဆာင္ပါ။

မိဘတုိင္းက သားသမီးေတြကုိ ခ်စ္ၾကတာခ်ည္းပါပဲ
ဒါေပမယ့္ ခ်စ္ပုံခ်စ္နည္းေတာ့ ကြာျခားပါတယ္
မိဘက သားသမီးကုိ တကယ္ခ်စ္ရင္ အိပ္တဲ့အခ်ိန္ေရာက္မွ
ခုိးနမ္းပါဆုိတဲ့ စကားအရ ခ်စ္တာကုိသိသာေအာင္
မျပမိဖုိ႔ အေရးႀကီးပါတယ္။

ကေလးတစ္ေယာက္ ငုိေနတုိင္းမုန္႔ေကြၽးရတာက
နည္းလမ္းမဟုတ္ပါဘူး။ ဖေယာင္းနဲ႔တူတဲ့ အျဖဴ ထည္ကေလးေတြကုိ
မိဘေတြက ပညာသားပါပါ ကုိင္တြယ္တတ္ဖုိ႔လုိပါတယ္။

တစ္ခ်ဳိ့ေသာ မိဘေတြက သားသမီးျဖစ္ခ်င္တာေတြခ်ည္းပဲ
လုိက္ေလ်ာကာ အတၱေတြကုိ ေမြးျမဴ ေပးတတ္ၾကတယ္
ပူဆာတုိင္းရေနေတာ့ အတုိင္းအတာကုိ ကေလးက
မဆုံးျဖတ္ႏူိင္ဘဲ လုိတာမရတဲ့အခါ စိတ္ဆုိးစိတ္ေကာက္ျခင္း
အရြဲ႔တုိက္ျခင္း ၊ လူအမ်ားေ႐ွ႕မွာ မိဘကုိ အ႐ွက္ခြဲျခင္းစေသာ
အကုသိုလ္​ အထုပ္ႀကီးကုိ မိဘေတြက သားသမီးေတြကုိ
လက္ေဆာင္ေပးမွန္းမသိ ေပးလာမိတတ္ၾကတယ္။

တစ္ခ်ဳိ့ေသာမိဘေတြကေတာ့ ငါက မိဘပဲ ငါ လုပ္တာမွန္တယ္
ငါေျပာသလုိလုပ္ ငါေကြၽးတာစား ငါ ထားရာေန စေသာ
တစ္ဖက္ေစာင္းနင္း ငါ အတၱကုိ လက္ကုိင္ထားတတ္ၾကတယ္
သားသမီးေတြ အရြယ္ေရာက္လာတာ့ အသိပညာျမင့္မားလာသေလာက္
အရင္ကဖိႏွိပ္ခ်ဳပ္ျခယ္မူွေတြက တြန္းကန္အားျဖစ္လာပီး
ေနာက္ဆုံး မိဘကုိ ေျခရာတုိင္းလာတဲ့အဆင့္ထိ လူၾကားလုိ႔ မေကာင္းေအာင္ ျဖစ္လာတတ္ပါတယ္။

တစ္ခ်ဳိ့ေသာမိဘေတြကေတာ့ သားသမီးေတြကုိ အရမ္းခ်စ္ေတာ့
မခုိင္းရက္ မ႐ုိက္ရက္ပဲ ဖူးဖူးမူွတ္ထားတာၾကာလာေတာ့
ဖြဲတစ္ဆုပ္ေတာင္ မသယ္ခဲ့ဖူးသူက ဆန္တစ္အိတ္ကုိ
မသယ္ႏူိင္တဲ့ ေအာက္သက္မေက် ဟုိမေရာက္ဒီမေရာက္
အႏွစ္မ႐ွိတဲ့ လူေတြျဖစ္လာတတ္တယ္။
အဲ့လုိနဲ႔ အိမ္ေထာင္က်ပီး ကုိယ့္ဘဝကုိ ကုိယ္႐ုန္းကန္ရတဲ့အခါမွာ
မလုပ္တတ္မကုိင္တတ္ ေအာက္သက္မေက်ခဲ့တာေတြက
​ေယာကၡမ /ထီး ၊ လင္ ၊ မယား ေတြရဲ႕ တံေတြးကြက္မွာ
ကုိယ့္သားသမီးရဲ႕ တန္ဖုိးနဲ႔ဂုဏ္သိကၡာေတြ ရက္ရက္စက္စက္
နင္းေျခခံရေတာ့တာေပါ့။

ေျခေမႊးမီးမေလာင္ လက္ေမႊးမီးမေလာင္ လက္ဖဝါးမွာ
အသားမာမတက္ခဲ့ရတဲ့ ကုိယ့္သားသမီးက ေလာကဓံလူွိင္းတံပုိးၾကားမွာ
ေခါင္းေဖာ္ႏူိင္ဖုိ႔ေနေနသာသာ အသက္႐ွင္ဖုိ႔ေတာင္
မနည္း႐ုန္းကန္ေနရေတာ့တာေပါ့
ဒါကလည္း မိဘက သားသမီးေတြကုိ ခ်စ္တာမဟုတ္ဘဲ
"နစ္"ခဲ့မိသလုိျဖစ္ခဲ့တာေတြလုိ႔ ေျပာရမွာပါပဲ။

မိဘက သားသမီးအေပၚ မခ်စ္တတ္ခဲ့မူႏွင့္ပတ္သက္၍
ၾကားဖူးတဲ့ ပုံျပင္ေလးတစ္ပုဒ္ေျပာျပခ်င္ပါတယ္......

တစ္ခါတုန္းက.....
သားအမိႏွစ္ေယာက္႐ွိတယ္
သားျဖစ္သူက ေက်ာင္းတက္ရင္း ခဲတံ ခဲဖ်က္ေတြေကာက္ရတယ္ဆုိပီး
အေမျဖစ္သူကုိ ေျပာျပတာေပါ့။
အေမျဖစ္သူက ေကာက္ရတဲ့ပစၥည္းပဲ ဆုိပီး သားျဖစ္သူကုိ
ပုိင္႐ွင္ကုိ ႐ွာပီးမေပးခုိင္းဘဲ သေဘာက်သလုိ လက္ခံသလုိ
ေနခဲ့တာေပါ့။

ဒီလုိနဲ႔ သားျဖစ္သူက မၾကာမၾကာ ေက်ာင္းကအျပန္ဆုိရင္
စာအုပ္ ေပတံ ခဲတံေတြ ေကာက္ရတယ္ဆုိပီး အိမ္ကုိယူလာပီး
အေမျဖစ္သူကုိ ႂကြားတာေပါ့
အေမကလည္း တျပဳံးျပဳံးနဲ႔ လက္ခံထားသလုိျဖစ္ေနတာေပါ့

အတန္းေတြႀကီးလာၿပီး အရြယ္ေရာက္လာေတာ့
အရင္အတုိင္းပဲ စာအုပ္ခဲတံေတြအျပင္ ပုိက္ဆံေတြပါ
ေကာက္ရတယ္ဆုိပီး အေမကုိ ျပတာေပါ့။
အဲ့ဒီအခ်ိန္အထိလည္း အေမက သူ႔သားက ကံေကာင္းလုိက္တာဆုိပီး
ေက်နပ္အားရဂုဏ္ယူေနတာေပါ့။

ဒီလုိနဲ႔ ေကာင္ေလးက သူခုိးႀကီးျဖစ္လာခဲ့တယ္
မိခင္ျဖစ္သူက အရင္လုိေကာက္ရတာပဲဆုိပီး သားကုိ
မဆုံးမတဲ့အျပင္ သူခုိးလက္ခံ ေျမႇာက္ေပးသလုိျဖစ္ေနေတာ့တာေပါ့။

တစ္ေန႔မွာ ရဲစခန္းက အေၾကာင္းၾကားမူွေၾကာင့္
မိခင္ျဖစ္သူ အံ့ျသတုန္လႈပ္စြာျဖင့္ အခ်ဳပ္က်ေနတဲ့သားကုိ
သြားေတြ႔တာေပါ့။

အခ်ဳပ္ထဲက သားက "အေမ" အေမ့ကုိသား
အေရးႀကီးေျပာစရာ ႐ွိတယ္ အနားတုိးပါအုံးလုိ႔ ေျပာေတာ့
မိခင္ျဖစ္သူက အနားကုိ တုိးသြားတာေပါ့
မိခင္လည္း အနားေရာက္လာေရာ မိခင္ရဲ႕ နားရြက္တစ္ဖက္ကုိ
သားျဖစ္သူက ကုိက္ျဖတ္လုိက္တယ္
အဲ့ဒီမွာ ႐ုန္းရင္းဆန္ခတ္ျဖစ္ပီး အေမျဖစ္သူက ဝမ္းနည္းေျကကြဲနာက်င္စြာျဖင္႔ သူ႔နားကုိဘာလုိ႔ကုိက္ျဖတ္တာလဲေမးေတာ့.....

သားျဖစ္သူက ငုိေႂကြးေနာင္တရစြာျဖင့္
"ေမေမ.....သားငယ္ငယ္တုန္းက ေကာက္ရတာပါလုိ႔
လိမ္ညာပီး အေမ့ကုိ ပစၥည္းေတြ ျပတုန္းက
အေမ ဘာလုိ႔ သားကုိ မေမးျမန္းဘဲ ေက်နပ္ေနတဲ့
အမူအရာျပခဲ့တာလဲ.......?
ကြၽန္ေတာ့္ကုိ နားလည္ေအာင္မဆုံးမဘဲ
သူခုိးျဖစ္လာေအာင္ေျမႇာက္ပင့္ေပးခဲ့လု
ကုိက္ျဖတ္လုိက္တာလုိ႔ ျပန္ေျပာပါတယ္။

[ပုံျပင္ေလးရဲ႕ လုိအပ္ခ်က္႐ွိရင္ နားလည္ေပးပါလုိ႔ ေတာင္းပန္ပါရေစ]

သာဓကေလးကုိၾကည့္ျခင္းအားျဖင့္ မိဘဆုိတာ သားသမီးေတြကုိ
ပညာသားပါပါမခ်စ္တတ္ ၊ မဆုံးမတတ္​ရင္​
သားသမီးမေကာင္းရင္ ကုိယ့္ေခါင္းႏွင့္ ႏွလုံးသားကုိ
ဓါးျဖင့္မႊန္းသလုိ ခံစားရတတ္ပါတယ္
ငုံထားမတတ္ခ်စ္ရင္ ရင္အနာခံပီး ဆုံးမတတ္မွ
နစ္ရာမေရာက္ဘဲ ခ်စ္ရာေရာက္ပါလိမ့္မယ္။

ေလးစားစြာျဖင့္ ♥ ♥ ♥
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဇင္းနစ္ မေကြး
# Unicode Version ျဖင့္ ဖတ္ပါ #
မိဘဆိုတာ သားသမီးတွေရဲ့ လက်ဦးဆရာဖြစ်သလို
အနာဂတ် ပန်းတိုင်အတွက် အလင်းပြပေးတဲ့
မီးရူးတန်ဆောင်ပါ။

မိဘတိုင်းက သားသမီးတွေကို ချစ်ကြတာချည်းပါပဲ
ဒါပေမယ့် ချစ်ပုံချစ်နည်းတော့ ကွာခြားပါတယ်
မိဘက သားသမီးကို တကယ်ချစ်ရင် အိပ်တဲ့အချိန်ရောက်မှ
ခိုးနမ်းပါဆိုတဲ့ စကားအရ ချစ်တာကိုသိသာအောင်
မပြမိဖို့ အရေးကြီးပါတယ်။

ကလေးတစ်ယောက် ငိုနေတိုင်းမုန့်ကျွေးရတာက
နည်းလမ်းမဟုတ်ပါဘူး။ ဖယောင်းနဲ့တူတဲ့ အဖြူ ထည်ကလေးတွေကို
မိဘတွေက ပညာသားပါပါ ကိုင်တွယ်တတ်ဖို့လိုပါတယ်။

တစ်ချို့သော မိဘတွေက သားသမီးဖြစ်ချင်တာတွေချည်းပဲ
လိုက်လျောကာ အတ္တတွေကို မွေးမြူ ပေးတတ်ကြတယ်
ပူဆာတိုင်းရနေတော့ အတိုင်းအတာကို ကလေးက
မဆုံးဖြတ်နိူင်ဘဲ လိုတာမရတဲ့အခါ စိတ်ဆိုးစိတ်ကောက်ခြင်း
အရွဲ့တိုက်ခြင်း ၊ လူအများရှေ့မှာ မိဘကို အရှက်ခွဲခြင်းစသော
အကုသိုလ် အထုပ်ကြီးကို မိဘတွေက သားသမီးတွေကို
လက်ဆောင်ပေးမှန်းမသိ ပေးလာမိတတ်ကြတယ်။

တစ်ချို့သောမိဘတွေကတော့ ငါက မိဘပဲ ငါ လုပ်တာမှန်တယ်
ငါပြောသလိုလုပ် ငါကျွေးတာစား ငါ ထားရာနေ စသော
တစ်ဖက်စောင်းနင်း ငါ အတ္တကို လက်ကိုင်ထားတတ်ကြတယ်
သားသမီးတွေ အရွယ်ရောက်လာတာ့ အသိပညာမြင့်မားလာသလောက်
အရင်ကဖိနှိပ်ချုပ်ခြယ်မူှတွေက တွန်းကန်အားဖြစ်လာပီး
နောက်ဆုံး မိဘကို ခြေရာတိုင်းလာတဲ့အဆင့်ထိ လူကြားလို့ မကောင်းအောင် ဖြစ်လာတတ်ပါတယ်။

တစ်ချို့သောမိဘတွေကတော့ သားသမီးတွေကို အရမ်းချစ်တော့
မခိုင်းရက် မရိုက်ရက်ပဲ ဖူးဖူးမူှတ်ထားတာကြာလာတော့
ဖွဲတစ်ဆုပ်တောင် မသယ်ခဲ့ဖူးသူက ဆန်တစ်အိတ်ကို
မသယ်နိူင်တဲ့ အောက်သက်မကျေ ဟိုမရောက်ဒီမရောက်
အနှစ်မရှိတဲ့ လူတွေဖြစ်လာတတ်တယ်။
အဲ့လိုနဲ့ အိမ်ထောင်ကျပီး ကိုယ့်ဘဝကို ကိုယ်ရုန်းကန်ရတဲ့အခါမှာ
မလုပ်တတ်မကိုင်တတ် အောက်သက်မကျေခဲ့တာတွေက
ယောက္ခမ /ထီး ၊ လင် ၊ မယား တွေရဲ့ တံတွေးကွက်မှာ
ကိုယ့်သားသမီးရဲ့ တန်ဖိုးနဲ့ဂုဏ်သိက္ခာတွေ ရက်ရက်စက်စက်
နင်းခြေခံရတော့တာပေါ့။

ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် လက်ဖဝါးမှာ
အသားမာမတက်ခဲ့ရတဲ့ ကိုယ့်သားသမီးက လောကဓံလူှိင်းတံပိုးကြားမှာ
ခေါင်းဖော်နိူင်ဖို့နေနေသာသာ အသက်ရှင်ဖို့တောင်
မနည်းရုန်းကန်နေရတော့တာပေါ့
ဒါကလည်း မိဘက သားသမီးတွေကို ချစ်တာမဟုတ်ဘဲ
"နစ်"ခဲ့မိသလိုဖြစ်ခဲ့တာတွေလို့ ပြောရမှာပါပဲ။

မိဘက သားသမီးအပေါ် မချစ်တတ်ခဲ့မူနှင့်ပတ်သက်၍
ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ်......

တစ်ခါတုန်းက.....
သားအမိနှစ်ယောက်ရှိတယ်
သားဖြစ်သူက ကျောင်းတက်ရင်း ခဲတံ ခဲဖျက်တွေကောက်ရတယ်ဆိုပီး
အမေဖြစ်သူကို ပြောပြတာပေါ့။
အမေဖြစ်သူက ကောက်ရတဲ့ပစ္စည်းပဲ ဆိုပီး သားဖြစ်သူကို
ပိုင်ရှင်ကို ရှာပီးမပေးခိုင်းဘဲ သဘောကျသလို လက်ခံသလို
နေခဲ့တာပေါ့။

ဒီလိုနဲ့ သားဖြစ်သူက မကြာမကြာ ကျောင်းကအပြန်ဆိုရင်
စာအုပ် ပေတံ ခဲတံတွေ ကောက်ရတယ်ဆိုပီး အိမ်ကိုယူလာပီး
အမေဖြစ်သူကို ကြွားတာပေါ့
အမေကလည်း တပြုံးပြုံးနဲ့ လက်ခံထားသလိုဖြစ်နေတာပေါ့

အတန်းတွေကြီးလာပြီး အရွယ်ရောက်လာတော့
အရင်အတိုင်းပဲ စာအုပ်ခဲတံတွေအပြင် ပိုက်ဆံတွေပါ
ကောက်ရတယ်ဆိုပီး အမေကို ပြတာပေါ့။
အဲ့ဒီအချိန်အထိလည်း အမေက သူ့သားက ကံကောင်းလိုက်တာဆိုပီး
ကျေနပ်အားရဂုဏ်ယူနေတာပေါ့။

ဒီလိုနဲ့ ကောင်လေးက သူခိုးကြီးဖြစ်လာခဲ့တယ်
မိခင်ဖြစ်သူက အရင်လိုကောက်ရတာပဲဆိုပီး သားကို
မဆုံးမတဲ့အပြင် သူခိုးလက်ခံ မြှောက်ပေးသလိုဖြစ်နေတော့တာပေါ့။

တစ်နေ့မှာ ရဲစခန်းက အကြောင်းကြားမူှကြောင့်
မိခင်ဖြစ်သူ အံ့သြတုန်လှုပ်စွာဖြင့် အချုပ်ကျနေတဲ့သားကို
သွားတွေ့တာပေါ့။

အချုပ်ထဲက သားက "အမေ" အမေ့ကိုသား
အရေးကြီးပြောစရာ ရှိတယ် အနားတိုးပါအုံးလို့ ပြောတော့
မိခင်ဖြစ်သူက အနားကို တိုးသွားတာပေါ့
မိခင်လည်း အနားရောက်လာရော မိခင်ရဲ့ နားရွက်တစ်ဖက်ကို
သားဖြစ်သူက ကိုက်ဖြတ်လိုက်တယ်
အဲ့ဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပီး အမေဖြစ်သူက ဝမ်းနည်းကြေကွဲနာကျင်စွာဖြင့် သူ့နားကိုဘာလို့ကိုက်ဖြတ်တာလဲမေးတော့.....

သားဖြစ်သူက ငိုကြွေးနောင်တရစွာဖြင့်
"မေမေ.....သားငယ်ငယ်တုန်းက ကောက်ရတာပါလို့
လိမ်ညာပီး အမေ့ကို ပစ္စည်းတွေ ပြတုန်းက
အမေ ဘာလို့ သားကို မမေးမြန်းဘဲ ကျေနပ်နေတဲ့
အမူအရာပြခဲ့တာလဲ.......?
ကျွန်တော့်ကို နားလည်အောင်မဆုံးမဘဲ
သူခိုးဖြစ်လာအောင်မြှောက်ပင့်ပေးခဲ့လု
ကိုက်ဖြတ်လိုက်တာလို့ ပြန်ပြောပါတယ်။

[ပုံပြင်လေးရဲ့ လိုအပ်ချက်ရှိရင် နားလည်ပေးပါလို့ တောင်းပန်ပါရစေ]

သာဓကလေးကိုကြည့်ခြင်းအားဖြင့် မိဘဆိုတာ သားသမီးတွေကို
ပညာသားပါပါမချစ်တတ် ၊ မဆုံးမတတ်ရင်
သားသမီးမကောင်းရင် ကိုယ့်ခေါင်းနှင့် နှလုံးသားကို
ဓါးဖြင့်မွှန်းသလို ခံစားရတတ်ပါတယ်
ငုံထားမတတ်ချစ်ရင် ရင်အနာခံပီး ဆုံးမတတ်မှ
နစ်ရာမရောက်ဘဲ ချစ်ရာရောက်ပါလိမ့်မယ်။

လေးစားစွာဖြင့် ♥ ♥ ♥
ဖိုးသူတော် (www.phothutaw.com)
Credit:ဇင်းနစ် မကွေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top