မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အသက္(၆၀)အထိ ကြာဟခ်က္ရွိေနတဲ့ အိမ္ေထာင္ေရးတစ္ခုကို သာယာမယ္ထင္ၿပီး တည္ေဆာက္ခဲ့တဲ့ ႐ုရွားဝါရင့္သ႐ုပ္ေဆာင္ မင္းသားႀကီး Ivan Krasko ဟာ အခုအခါမွာေတာ့ သူ႕ရဲ႕ေမွ်ာ္မွန္းခ်က္ကို လက္ေလွ်ာ့လုိက္ပါၿပီ။ Ivan ဟာ လက္ရွိအခ်ိန္မွာ အသက္(၈၇)ႏွစ္ ရွိေနၿပီျဖစ္ၿပီး၊ သူရဲ႕ ဇနီးျဖစ္သူကေတာ့ အသက္ (၂၇)ႏွစ္သာ ရွိပါေသးတယ္။

Ivan ရဲ႕ ေျပာၾကားခ်က္အရ ဇနီးျဖစ္သူ Natalia Krasko ဟာ သူနဲ႔ခ်စ္တင္းေႏွာဖုိ႔ ျငင္းဆန္ခဲ့လုိ႔ ေနာက္ဆုံးမွာေတာ့ အလုိမတူတဲ့အိမ္ေထာင္ဘက္ကို ဆက္လက္ေပါင္းသင္းလုိျခင္း မရွိေတာ့ဘူးလုိ႔ မင္းသားႀကီး Ivan က ေျပာပါတယ္။ Natalia ဟာ သူနဲ႔ မဂၤလာေဆာင္စဥ္တုန္းက (၂၄)ႏွစ္အရြယ္သာရွိေသးၿပီး (၂၀၁၅)စက္တင္ဘာမွာ မဂၤလာေဆာင္ခဲ့တာပါ။

Natalia က မင္းသားႀကီး Ivan ကုိ ယခင္ကေလာက္ ဂ႐ုျပဳေစာင့္ေရွာက္ရေကာင္းမွန္း မသိေတာ့ဘဲ၊ ေနာက္ပုိင္းမွာေတာ့ ခ်စ္တင္းေႏွာဖုိ႔အထိကို ျငင္းဆန္လာခဲ့ပါတယ္။ သူမကေတာ့ ကိုယ္ဝန္ရမွာေၾကာက္လုိ႔-ဆုိၿပီး ေျပာပါတယ္။ ဒါေပမယ့္ လင္နဲ႔မယားၾကားမွာ ကိုယ္ဝန္ရမွာ ေၾကာက္တယ္-ဆုိတာက အိမ္ေထာင္ဘက္ကုိ တကယ္မခ်စ္ဘူးလုိ႔ ေကာက္ခ်က္ခ်လုိ႔ရေၾကာင္း နီးစပ္တဲ့အသုိင္းအဝုိင္းက သုံးသပ္ပါတယ္။

Ivan ဟာ ဆုိဗီယက္ေခတ္ကတည္းက သ႐ုပ္ေဆာင္ေလာကမွာ ေနရာရခဲ့တဲ့ မင္းသားႀကီးျဖစ္ၿပီး ဇာတ္ကားေပါင္း (၁၄၀)အထိ ႐ုိက္ကူးႏုိင္ခဲ့တဲ့ တကယ့္ ဝါရင့္နာမည္ႀကီး မင္းသားႀကီးပါ။ Natalia က သူမတုိ႔သာ ကေလးေမြးလာခဲ့ရင္ ကေလးကို ေစာင့္ေရွာက္ဖုိ႔ ေငြေၾကးအခုိင္အမာမရွိဘဲနဲ႔၊ ေနစရာအိမ္တစ္လုံးေတာင္ ေမာင္ပုိင္မရွိဘဲနဲ႔ ကေလးမယူခ်င္ဘူးလုိ႔လည္း ေျပာခဲ့ေၾကာင္း သိရပါတယ္။

Natalia ဟာ ဆင္းရဲတဲ့မိသားစုမွ ဆင္းသက္လာသူျဖစ္ၿပီး Ivan ကုိ လက္ထပ္စဥ္တုန္းက ေငြမက္လုိ႔၊ သုိက္တူးခ်င္လုိ႔ဆုိၿပီး စြပ္စြဲခ်က္ေတြနဲ႔ မ်က္ႏွာမျပရဲေအာင္ ျဖစ္ခဲ့ပါေသးတယ္။ ဒါေပမယ့္ သူမကုိယ္တုိင္ကလည္း ေငြကုိ မက္တယ္ဆုိတာ မွန္ေပမယ့္၊ Ivan နဲ႔ လက္ထပ္လုိက္တဲ့အခါမွ Ivan မွာ စုမိေဆာင္းမိ တစ္ခုမွမရွိဘူးဆုိတာကို သိလုိက္ရတာပါ။ Ivan မွာ ကိုယ္ပိုင္အိမ္ေတာင္ မရွိပါဘူးတဲ့။

လက္ထပ္ၿပီးေနာက္ Ivan ရဲ႕ ေျမးႀကီးပိုင္ဆုိင္တဲ့ ေမာ္စကိုက တုိက္ခန္းမွာ အတူစုေနၾကရပါတယ္။ ေနာက္ပုိင္း စိတ္သေဘာထားမတုိက္ဆုိင္တဲ့အခါမွာ Ivan ဟာ သူရဲ႕ တတိယဇနီးျဖစ္တဲ့ Natalia Vyal ထံကို ေျခဦးေတြ ျပန္လွည့္လာခဲ့ပါတယ္။ Vyal ဟာ Ivan နဲ႔ ကေလးႏွစ္ေယာက္ ရခဲ့တဲ့ အိမ္ေထာင္ဘက္တစ္ဦးပါ။

Ivan မွာ ယခင္အိမ္ေထာင္ဘက္ေတြနဲ႔ သား(၃)ေယာက္ သမီးႏွစ္ေယာက္ ထြန္းကားခဲ့သူျဖစ္ၿပီး၊ ေျမးေတြေတာင္ အသက္(၃၀)နီးပါးကို ေရာက္ေနၾကပါၿပီ။ ဒါေပမယ့္ Ivan က Natalia နဲ႔ ကေလးတစ္ေယာက္ေလာက္ ထပ္လုိခ်င္ေနၿပီး၊ Natalia ဘက္ကေန နာေနၾကတဲ့ ေဆြမ်ိဳးသားခ်င္းေတြကေတာ့ ေကၽြးစရာသာမရွိတာ၊ ကေလးက်ေတာ့ ေမြးခ်င္တယ္လုိ႔ ေဝဖန္ခဲ့ပါတယ္။ Ivan ကေတာ့ ဇနီး Natalia နဲ႔ ကြာရွင္းဖုိ႔ ျပင္ဆင္ေနၿပီလုိ႔ ေျပာပါတယ္။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်(၆၀)အထိ ကွာဟချက်ရှိနေတဲ့ အိမ်ထောင်ရေးတစ်ခုကို သာယာမယ်ထင်ပြီး တည်ဆောက်ခဲ့တဲ့ ရုရှားဝါရင့်သရုပ်ဆောင် မင်းသားကြီး Ivan Krasko ဟာ အခုအခါမှာတော့ သူ့ရဲ့မျှော်မှန်းချက်ကို လက်လျှော့လိုက်ပါပြီ။ Ivan ဟာ လက်ရှိအချိန်မှာ အသက်(၈၇)နှစ် ရှိနေပြီဖြစ်ပြီး၊ သူရဲ့ ဇနီးဖြစ်သူကတော့ အသက် (၂၇)နှစ်သာ ရှိပါသေးတယ်။

Ivan ရဲ့ ပြောကြားချက်အရ ဇနီးဖြစ်သူ Natalia Krasko ဟာ သူနဲ့ချစ်တင်းနှောဖို့ ငြင်းဆန်ခဲ့လို့ နောက်ဆုံးမှာတော့ အလိုမတူတဲ့အိမ်ထောင်ဘက်ကို ဆက်လက်ပေါင်းသင်းလိုခြင်း မရှိတော့ဘူးလို့ မင်းသားကြီး Ivan က ပြောပါတယ်။ Natalia ဟာ သူနဲ့ မင်္ဂလာဆောင်စဉ်တုန်းက (၂၄)နှစ်အရွယ်သာရှိသေးပြီး (၂၀၁၅)စက်တင်ဘာမှာ မင်္ဂလာဆောင်ခဲ့တာပါ။

Natalia က မင်းသားကြီး Ivan ကို ယခင်ကလောက် ဂရုပြုစောင့်ရှောက်ရကောင်းမှန်း မသိတော့ဘဲ၊ နောက်ပိုင်းမှာတော့ ချစ်တင်းနှောဖို့အထိကို ငြင်းဆန်လာခဲ့ပါတယ်။ သူမကတော့ ကိုယ်ဝန်ရမှာကြောက်လို့-ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် လင်နဲ့မယားကြားမှာ ကိုယ်ဝန်ရမှာ ကြောက်တယ်-ဆိုတာက အိမ်ထောင်ဘက်ကို တကယ်မချစ်ဘူးလို့ ကောက်ချက်ချလို့ရကြောင်း နီးစပ်တဲ့အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

Ivan ဟာ ဆိုဗီယက်ခေတ်ကတည်းက သရုပ်ဆောင်လောကမှာ နေရာရခဲ့တဲ့ မင်းသားကြီးဖြစ်ပြီး ဇာတ်ကားပေါင်း (၁၄၀)အထိ ရိုက်ကူးနိုင်ခဲ့တဲ့ တကယ့် ဝါရင့်နာမည်ကြီး မင်းသားကြီးပါ။ Natalia က သူမတို့သာ ကလေးမွေးလာခဲ့ရင် ကလေးကို စောင့်ရှောက်ဖို့ ငွေကြေးအခိုင်အမာမရှိဘဲနဲ့၊ နေစရာအိမ်တစ်လုံးတောင် မောင်ပိုင်မရှိဘဲနဲ့ ကလေးမယူချင်ဘူးလို့လည်း ပြောခဲ့ကြောင်း သိရပါတယ်။

Natalia ဟာ ဆင်းရဲတဲ့မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး Ivan ကို လက်ထပ်စဉ်တုန်းက ငွေမက်လို့၊ သိုက်တူးချင်လို့ဆိုပြီး စွပ်စွဲချက်တွေနဲ့ မျက်နှာမပြရဲအောင် ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူမကိုယ်တိုင်ကလည်း ငွေကို မက်တယ်ဆိုတာ မှန်ပေမယ့်၊ Ivan နဲ့ လက်ထပ်လိုက်တဲ့အခါမှ Ivan မှာ စုမိဆောင်းမိ တစ်ခုမှမရှိဘူးဆိုတာကို သိလိုက်ရတာပါ။ Ivan မှာ ကိုယ်ပိုင်အိမ်တောင် မရှိပါဘူးတဲ့။

လက်ထပ်ပြီးနောက် Ivan ရဲ့ မြေးကြီးပိုင်ဆိုင်တဲ့ မော်စကိုက တိုက်ခန်းမှာ အတူစုနေကြရပါတယ်။ နောက်ပိုင်း စိတ်သဘောထားမတိုက်ဆိုင်တဲ့အခါမှာ Ivan ဟာ သူရဲ့ တတိယဇနီးဖြစ်တဲ့ Natalia Vyal ထံကို ခြေဦးတွေ ပြန်လှည့်လာခဲ့ပါတယ်။ Vyal ဟာ Ivan နဲ့ ကလေးနှစ်ယောက် ရခဲ့တဲ့ အိမ်ထောင်ဘက်တစ်ဦးပါ။

Ivan မှာ ယခင်အိမ်ထောင်ဘက်တွေနဲ့ သား(၃)ယောက် သမီးနှစ်ယောက် ထွန်းကားခဲ့သူဖြစ်ပြီး၊ မြေးတွေတောင် အသက်(၃၀)နီးပါးကို ရောက်နေကြပါပြီ။ ဒါပေမယ့် Ivan က Natalia နဲ့ ကလေးတစ်ယောက်လောက် ထပ်လိုချင်နေပြီး၊ Natalia ဘက်ကနေ နာနေကြတဲ့ ဆွေမျိုးသားချင်းတွေကတော့ ကျွေးစရာသာမရှိတာ၊ ကလေးကျတော့ မွေးချင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ Ivan ကတော့ ဇနီး Natalia နဲ့ ကွာရှင်းဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top