×

ပထမဆံုးဒါ႐ိုက္တာအ ျဖစ္ ႐ိုက္ကူးထားသည့္ ႐ုပ္ရွင္႐ံု တင္မည့္အခ်ိန္သည္ အကယ္ဒမီ တစ္ႀကိဳစာရင္းဝင္သျဖင့္ ရင္ခုန္ ရသည့္ ခံစားခ်က္ႏွင့္ တူညီ ေၾကာင္း မင္းဦးက ေျပာသည္။

‘‘ရင္တုန္ပါတယ္။ အဲဒီဖီ လင္က ဘာနဲ႔သြားတူလဲဆိုေတာ့ ကၽြန္ေတာ္ အကယ္ဒမီမရခင္တုန္း က Nomination (ဆန္ခါတင္) ပါ ေတာ့ ဟိုလူက ေျပာလိုက္၊ ဒီလူ က ေျပာလိုက္နဲ႔ အဲဒီအခ်ိန္တုန္း  ကလို ဘာျဖစ္မလဲဆိုတဲ့ ခံစားမႈ မ်ိဳးကို ခံစားရပါတယ္’’ဟု စက္ တင္ဘာ ၁၄ ရက္တြင္ စတင္႐ံု တင္မည့္ ‘ခ်ဴဆီ’႐ုပ္ရွင္ႏွင့္ ပတ္ သက္၍ ၎၏ခံစားမႈကို ေျပာသည္။

ခ်ဴပ္ဆီဇာတ္ကားကို မင္းဦးက ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးထား ၿပီး ေက်ာ္ထက္ေအာင္ႏွင့္အတူ မယ္လိုဒီ၊ ေအးျမတ္သူ၊ အိေခ်ာပို၊ေမ၊ နန္းဆုဦးတို႔ႏွင့္ ႐ိုက္ကူးပံုေဖာ္ ထားသည္။

ေကတီဗီတြင္ အလုပ္လုပ္ ရသည့္ အမ်ိဳးသမီးမ်ား၏ဘဝကို အဓိက႐ိုက္ကူးပံုေဖာ္ထားၿပီး အ သက္ေမြးဝမ္းေက်ာင္းအလုပ္အ ေပၚတြင္ မူတည္၍ လူတစ္ဦးအ ေပၚတြင္ ထင္ျမင္ခ်က္ မေပးသင့္ေၾကာင္း မက္ေဆ့ခ်္ေပး႐ိုက္ကူး ထားသည္ဟု မင္းဦးက ေျပာ သည္။

‘‘သူတို႔ဆီမွာ ဘဝအေမာ ေတြ ရွိတယ္။ အခက္အခဲေတြရွိ တယ္။ အဲဒါေၾကာင့္ သူတို႔အလုပ္ တစ္ခုကို ၾကည့္ၿပီး သူတို႔က ဘယ္ လိုမိန္းမစားမ်ိဳးဆိုတာမ်ိဳး ဆံုး ျဖတ္ခ်က္ ျမန္ျမန္မခ်မိေအာင္ မိန္းကေလးေတြအားလံုးရဲ႕ကိုယ္ စား႐ိုက္ျပတာပါ’’ဟု မင္းဦးက ေျပာသည္။

ယင္းဇာတ္ကားတြင္ မင္း သမီးငါးဦး ပါဝင္ေသာေၾကာင့္ တစ္ဦးႏွင့္တစ္ဦး ညီတူညီမွ်ရွိေစ ရန္ ႐ိုက္ကူးခဲ့ရသည္မွာ အခက္ အခဲတစ္ခုျဖစ္ေၾကာင္း ၎က ဆို သည္။

‘‘ေနာက္ကား႐ိုက္မယ္ဆို ရင္ေတာင္ အဲဒီေလာက္ညီတဲ့ ဇာတ္မ်ိဳး ရပါ့မလားလို႔ေတာင္ စဥ္းစားမိတယ္။ ဘာျဖစ္လို႔လဲဆို ေတာ့ ဒီကားမွာ အရမ္းညီလို႔’’ဟု မင္းဦးက ေျပာသည္။

ယင္းဇာတ္ကားတြင္ စကား လံုးတစ္လံုး ဆင္ဆာျဖတ္ေတာက္ ခံရၿပီး အျခားေထာက္ၫႊန္မႈမရွိ ခဲ့ေၾကာင္း ၎က ဆိုသည္။

လတ္တေလာတြင္ သ႐ုပ္ ေဆာင္အေနျဖင့္သာ ဇာတ္ကား မ်ား႐ိုက္ကူးေနၿပီး ဒါ႐ိုက္တာအ ေနျဖင့္ ႐ိုက္ကူးရန္ရွိေသာ္လည္း ေသခ်ာျပင္ဆင္္ၿပီးမွသာ ႐ိုက္ကူးမည္ဟု ၎က ဆို သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ပထမဆုံးဒါရိုက်တာအ ဖြစ် ရိုက်ကူးထားသည့် ရုပ်ရှင်ရုံ တင်မည့်အချိန်သည် အကယ်ဒမီ တစ်ကြိုစာရင်းဝင်သဖြင့် ရင်ခုန် ရသည့် ခံစားချက်နှင့် တူညီ ကြောင်း မင်းဦးက ပြောသည်။

‘‘ရင်တုန်ပါတယ်။ အဲဒီဖီ လင်က ဘာနဲ့သွားတူလဲဆိုတော့ ကျွန်တော် အကယ်ဒမီမရခင်တုန်း က Nomination (ဆန်ခါတင်) ပါ တော့ ဟိုလူက ပြောလိုက်၊ ဒီလူ က ပြောလိုက်နဲ့ အဲဒီအချိန်တုန်း  ကလို ဘာဖြစ်မလဲဆိုတဲ့ ခံစားမှု မျိုးကို ခံစားရပါတယ်’’ဟု စက် တင်ဘာ ၁၄ ရက်တွင် စတင်ရုံ တင်မည့် ‘ချူဆီ’ရုပ်ရှင်နှင့် ပတ် သက်၍ ၎င်း၏ခံစားမှုကို ပြောသည်။

ချူပ်ဆီဇာတ်ကားကို မင်းဦးက ဒါရိုက်တာအဖြစ် ရိုက်ကူးထား ပြီး ကျော်ထက်အောင်နှင့်အတူ မယ်လိုဒီ၊ အေးမြတ်သူ၊ အိချောပို၊မေ၊ နန်းဆုဦးတို့နှင့် ရိုက်ကူးပုံဖော် ထားသည်။

ကေတီဗီတွင် အလုပ်လုပ် ရသည့် အမျိုးသမီးများ၏ဘဝကို အဓိကရိုက်ကူးပုံဖော်ထားပြီး အ သက်မွေးဝမ်းကျောင်းအလုပ်အ ပေါ်တွင် မူတည်၍ လူတစ်ဦးအ ပေါ်တွင် ထင်မြင်ချက် မပေးသင့်ကြောင်း မက်ဆေ့ချ်ပေးရိုက်ကူး ထားသည်ဟု မင်းဦးက ပြော သည်။

‘‘သူတို့ဆီမှာ ဘဝအမော တွေ ရှိတယ်။ အခက်အခဲတွေရှိ တယ်။ အဲဒါကြောင့် သူတို့အလုပ် တစ်ခုကို ကြည့်ပြီး သူတို့က ဘယ် လိုမိန်းမစားမျိုးဆိုတာမျိုး ဆုံး ဖြတ်ချက် မြန်မြန်မချမိအောင် မိန်းကလေးတွေအားလုံးရဲ့ကိုယ် စားရိုက်ပြတာပါ’’ဟု မင်းဦးက ပြောသည်။

ယင်းဇာတ်ကားတွင် မင်း သမီးငါးဦး ပါဝင်သောကြောင့် တစ်ဦးနှင့်တစ်ဦး ညီတူညီမျှရှိစေ ရန် ရိုက်ကူးခဲ့ရသည်မှာ အခက် အခဲတစ်ခုဖြစ်ကြောင်း ၎င်းက ဆို သည်။

‘‘နောက်ကားရိုက်မယ်ဆို ရင်တောင် အဲဒီလောက်ညီတဲ့ ဇာတ်မျိုး ရပါ့မလားလို့တောင် စဉ်းစားမိတယ်။ ဘာဖြစ်လို့လဲဆို တော့ ဒီကားမှာ အရမ်းညီလို့’’ဟု မင်းဦးက ပြောသည်။

ယင်းဇာတ်ကားတွင် စကား လုံးတစ်လုံး ဆင်ဆာဖြတ်တောက် ခံရပြီး အခြားထောက်ညွှန်မှုမရှိ ခဲ့ကြောင်း ၎င်းက ဆိုသည်။

လတ်တလောတွင် သရုပ် ဆောင်အနေဖြင့်သာ ဇာတ်ကား များရိုက်ကူးနေပြီး ဒါရိုက်တာအ နေဖြင့် ရိုက်ကူးရန်ရှိသော်လည်း သေချာပြင်ဆင်ပြီးမှသာ ရိုက်ကူးမည်ဟု ၎င်းက ဆို သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top