×














ပဲပေးနေတဲ့ မေမေချစ်သုဝေကတော့ သမီးလေးတွေအတွက်ပဲ အဝတ်တွေကို ဂရုစိုက်ပြီးသေချာထည့်လာတာကြောင့် သူမကိုယ်သူမမေ့နေတဲ့အကြောင်းကို “တစ်ကိုယ်လုံးရောင်စုံ..ဘာမှလာမပြောနဲ့..bossတွေအတွက်ပဲအကျီင်္သေချာထည့်လာနိုင်တာ” ဆိုပြီးလည်း ချစ်စဖွယ်ရေးသားထားပါသေးတယ်။
Credit:bahuthuta
# Unicode Version ဖြင့် ဖတ်ပါ #
စင်္ကာပူမှာ စတိုင်ကျကျနဲ့ လျှောက်လည်နေတဲ့ ခေတ်တုတ်နဲ့ သစ်တုတ်လေး

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သူတို့ ဇနီးမောင်နှံနှစ်ဦးကတော့ အရုပ်လေးတွေကို ချစ်ဖို့ကောင်းတဲ့ အမြွာမီးမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဆယ်လီမီးမီးလေးတွေလို့တောင် ပြောလို့ရတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ ညီအမနှစ်ဦးကတော့ မေမေချစ်သုဝေနဲ့အတူ စင်္ကာပူသို့အလည်အပတ်ရောက်ရှိနေကြတာပါ။

မေမေချစ်သုဝေကတော့ သမီးလေးတွေကို ဆင်တူဝတ်စုံလေးတွေနဲ့ စတိုင်ကျကျ ဆင်ပေးထားတာကြောင့် ခေတ်နဲ့ သစ်လေးတို့ရဲ့ ခရီးသွားစတိုင်က အရမ်းကို လန်းနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် စင်္ကာပူမှာပျော်နေကြတဲ့ ချစ်သုဝေတို့ မိသားစုလေးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေနဲ့ပိုစ့်ဆင်တူလေးပေးနေတဲ့ မီးမီးလေး

ချစ်သုဝေကတော့ ” Day 2 Gardens by the bay.. လုံးဝမနားတမ်းပြေး..မောသလားမမေးကြေး..🤣😂” ဆိုပြီး သူတို့မိသားစုလေးရဲ့ ပျော်ပျော်ပါးပါးခရီးစဉ်လေးအကြောင်းကို ဝေမျှပေးထားတာပါ။

ပဲပေးနေတဲ့ မေမေချစ်သုဝေကတော့ သမီးလေးတွေအတွက်ပဲ အဝတ်တွေကို ဂရုစိုက်ပြီးသေချာထည့်လာတာကြောင့် သူမကိုယ်သူမမေ့နေတဲ့အကြောင်းကို “တစ်ကိုယ်လုံးရောင်စုံ..ဘာမှလာမပြောနဲ့..bossတွေအတွက်ပဲအကျီၤသေချာထည့်လာနိုင်တာ” ဆိုပြီးလည်း ချစ်စဖွယ်ရေးသားထားပါသေးတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:bahuthuta
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top