မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အင္တာနက္ေပၚမွာ ေခတ္စားေနတဲ့ ပုိက္ဆံပန္းစည္း ဆုိတာမ်ိဳး ေတြ႔ဖူးၾကမွာပါ။ ပုိက္ဆံေတြကုိ ပန္းစည္းလုိ လုပ္ၿပီး လက္ေဆာင္ေပးၾကတာမ်ိဳးေလ။ ရတဲ့သူကလည္း သူ႔ရဲ႕လက္ေဆာင္ဟာ တန္ဖုိးႀကီးလြန္းလုိ႔ အေပ်ာ္ႀကီး ေပ်ာ္ရသလုိ ေပးတဲ့သူကလည္း ဒါမ်ိဳးေတြ ေပးႏုိင္တဲ့သူဆုိၿပီး ဂုဏ္ယူရတာမ်ိဳးပါ။

ဒါေပမယ့္ တရုတ္ႏုိင္ငံမွာေတာ့ ဒီလုိမ်ိဳး ပုိက္ဆံပန္းစည္းတစ္ခုေၾကာင့္ ေၾကကြဲသြားရတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ ဇာတ္လမ္းရွိခဲ့ပါတယ္။

တရုတ္အမ်ိဳးသား လူငယ္တစ္ေယာက္ဟာ သူ႕ရဲ႕ခ်စ္သူေကာင္မေလး ေမြးေန႔အတြက္ ယြမ္ (၁၀၀)တန္ေတြကုိ ပန္းစည္းသဖြယ္ ကုိယ္တုိင္ဖန္တီးခဲ့ၿပီး ေကာင္မေလးကုိ လက္ေဆာင္ေပးခဲ့တာပါ။ အဲဒီ ပုိက္ဆံပန္းစည္းက ယြမ္(၃)သိန္းေက်ာ္ေလာက္ တန္ဖုိးရွိၿပီး ေကာင္မေလးလည္း အဲဒီလုိ လက္ေဆာင္မ်ိဳး ရတဲ့အတြက္ အေပ်ာ္ႀကီး ေပ်ာ္သြားခဲ့ပါတယ္။

တရုတ္ႏုိင္ငံ၊ ေပက်င္းၿမိဳ႕၊ ၿမိဳ႕လည္ေခါင္က မုိးေမွ်ာ္တုိက္တစ္ခုရဲ႕ VIP အခန္းမွာ ျပဳလုပ္ခဲ့တဲ့ ဒီေမြးေန႔ပြဲဟာ ဆုိရွယ္မီဒီယာေတြေပၚမွာ နာမည္ႀကီးခဲ့တဲ့ ေမြးေန႔ပြဲတစ္ခုပါ။

ဒါေပမယ့္ အဲဒီ ပုိက္ဆံေတြကုိ ဘဏ္မွာ အပ္ထားဖုိ႔ သြားေရာက္တဲ့ အခ်ိန္မွာေတာ့ ဘဏ္ရဲ႕ တာ၀န္ရွိသူေတြက ဒီပုိက္ဆံေတြကုိ လက္ခံလုိ႔ မရဘူးဆုိၿပီး ျငင္းလႊတ္ခဲ့တာပါ။

ဘာေၾကာင့္လဲဆုိေတာ့ လက္ေဆာင္ေပးတဲ့ လူငယ္ဟာ ပန္းစည္းအျဖစ္ ဖန္တီးတဲ့ ေနရာမွာ ကပ္ေၾကးကုိ အသုံးျပဳၿပီး ပုိက္ဆံေတြကုိ ေခါက္လုိ႔ရေအာင္ ျပဳျပင္ခဲ့တာေၾကာင့္ပါပဲ။ အဲဒီအတြက္ေၾကာင့္ ပုိက္ဆံေတြဟာ ကတ္ေၾကးနဲ႔ အျဖတ္ခံထားရတဲ့ ေသးငယ္တဲ့ အစိတ္အပုိင္းေလးေတြ ရွိေနခဲ့ၿပီး အဲဒါေတြကုိ လက္ခံလုိ႔ မရဘူးလုိ႔ ဘဏ္က ျငင္းခဲ့တာပါ။

အဲဒီအျပင္ ပုိက္ဆံေတြကုိ ဖ်က္ဆီးခဲ့တဲ့ အမႈနဲ႔ တရားစြဲလုိ႔ ရတယ္လုိ႔ ဘဏ္က သူ႔ကုိ ေျပာလုိက္တာေၾကာင့္ မိန္းကေလးခမ်ာ ပုိက္ဆံေတြ မသုံးလုိက္ရတဲ့အျပင္ တရားစြဲခံရမယ့္ ေဘးကေတာင္ သီသီေလး လြတ္သြားခဲ့တာျဖစ္ၿပီး အမ်ားအားက်ခဲ့ရတဲ့ ရုိမန္းတစ္ဇာတ္လမ္းေလးဟာ ကတ္ေၾကးတစ္လက္ေၾကာင့္ မလွမပ ျဖစ္သြားခဲ့ရပါတယ္။

Source : Worldofbuzz

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese - Asia
# Unicode Version ျဖင့္ ဖတ္ပါ #
အင်တာနက်ပေါ်မှာ ခေတ်စားနေတဲ့ ပိုက်ဆံပန်းစည်း ဆိုတာမျိုး တွေ့ဖူးကြမှာပါ။ ပိုက်ဆံတွေကို ပန်းစည်းလို လုပ်ပြီး လက်ဆောင်ပေးကြတာမျိုးလေ။ ရတဲ့သူကလည်း သူ့ရဲ့လက်ဆောင်ဟာ တန်ဖိုးကြီးလွန်းလို့ အပျော်ကြီး ပျော်ရသလို ပေးတဲ့သူကလည်း ဒါမျိုးတွေ ပေးနိုင်တဲ့သူဆိုပြီး ဂုဏ်ယူရတာမျိုးပါ။

ဒါပေမယ့် တရုတ်နိုင်ငံမှာတော့ ဒီလိုမျိုး ပိုက်ဆံပန်းစည်းတစ်ခုကြောင့် ကြေကွဲသွားရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းရှိခဲ့ပါတယ်။

တရုတ်အမျိုးသား လူငယ်တစ်ယောက်ဟာ သူ့ရဲ့ချစ်သူကောင်မလေး မွေးနေ့အတွက် ယွမ် (၁၀၀)တန်တွေကို ပန်းစည်းသဖွယ် ကိုယ်တိုင်ဖန်တီးခဲ့ပြီး ကောင်မလေးကို လက်ဆောင်ပေးခဲ့တာပါ။ အဲဒီ ပိုက်ဆံပန်းစည်းက ယွမ်(၃)သိန်းကျော်လောက် တန်ဖိုးရှိပြီး ကောင်မလေးလည်း အဲဒီလို လက်ဆောင်မျိုး ရတဲ့အတွက် အပျော်ကြီး ပျော်သွားခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ မြို့လည်ခေါင်က မိုးမျှော်တိုက်တစ်ခုရဲ့ VIP အခန်းမှာ ပြုလုပ်ခဲ့တဲ့ ဒီမွေးနေ့ပွဲဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးခဲ့တဲ့ မွေးနေ့ပွဲတစ်ခုပါ။

ဒါပေမယ့် အဲဒီ ပိုက်ဆံတွေကို ဘဏ်မှာ အပ်ထားဖို့ သွားရောက်တဲ့ အချိန်မှာတော့ ဘဏ်ရဲ့ တာဝန်ရှိသူတွေက ဒီပိုက်ဆံတွေကို လက်ခံလို့ မရဘူးဆိုပြီး ငြင်းလွှတ်ခဲ့တာပါ။

ဘာကြောင့်လဲဆိုတော့ လက်ဆောင်ပေးတဲ့ လူငယ်ဟာ ပန်းစည်းအဖြစ် ဖန်တီးတဲ့ နေရာမှာ ကပ်ကြေးကို အသုံးပြုပြီး ပိုက်ဆံတွေကို ခေါက်လို့ရအောင် ပြုပြင်ခဲ့တာကြောင့်ပါပဲ။ အဲဒီအတွက်ကြောင့် ပိုက်ဆံတွေဟာ ကတ်ကြေးနဲ့ အဖြတ်ခံထားရတဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေ ရှိနေခဲ့ပြီး အဲဒါတွေကို လက်ခံလို့ မရဘူးလို့ ဘဏ်က ငြင်းခဲ့တာပါ။

အဲဒီအပြင် ပိုက်ဆံတွေကို ဖျက်ဆီးခဲ့တဲ့ အမှုနဲ့ တရားစွဲလို့ ရတယ်လို့ ဘဏ်က သူ့ကို ပြောလိုက်တာကြောင့် မိန်းကလေးခမျာ ပိုက်ဆံတွေ မသုံးလိုက်ရတဲ့အပြင် တရားစွဲခံရမယ့် ဘေးကတောင် သီသီလေး လွတ်သွားခဲ့တာဖြစ်ပြီး အများအားကျခဲ့ရတဲ့ ရိုမန်းတစ်ဇာတ်လမ်းလေးဟာ ကတ်ကြေးတစ်လက်ကြောင့် မလှမပ ဖြစ်သွားခဲ့ရပါတယ်။

Source : Worldofbuzz

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese - Asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top