ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×






































Chat Box ကေန ေတာင္းတာတဲ့။
အခုခ်ိန္ထိ ႏုပ်ိဳလွပေနဆဲျဖစ္တဲ့ သရုပ္ေဆာင္ မယ္လိုဒီ တစ္ေယာက္ ေကာင္ေလးတစ္ေယာက္ရဲ႕ လက္ထပ္ခြင့္ ေတာင္းျခင္း ကို ခံလုိက္ရတယ္တဲ့။
သာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူ သရုပ္ေဆာင္မယ္လိုဒီဟာ သားေလးကို ေစာင့္ေရွာက္ရင္း ကိုယ္ပိုင္စီးပြားေရးကိုလည္း လုပ္ကိုင္ေနသူပါ။ အခုခ်ိန္ထိ ႏုပ်ိဳလွပေနဆဲျဖစ္တဲ့ သရုပ္ေဆာင္ မယ္လိုဒီ တစ္ေယာက္ ေကာင္ေလးတစ္ေယာက္ရဲ႕ လက္ထပ္ခြင့္ ေတာင္းျခင္း ကို ခံလုိက္ရတယ္လို႕ သိရပါတယ္။


အဲ့ဒီအေၾကာင္းေလးနဲ႕ ပတ္သက္ၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ စက္တင္ဘာ(၁၉) ရက္ေန႕က ယခုလို ေရးသားထားတာေတြ႕ရပါတယ္။

"ဘဝက အဟြာမႏိုင္ ပဲႀကီးဟင္း စားမိမဟုတ္ဘူး။ကိုယ့္ဘာသာေနေနတာကို ႀကိဳးတုတ္ၿပီး ဝမ္းနႈတ္ေဆး အေကြ်းခံရတဲ့ဘဝ ။ဖုန္းနံပါတ္ရလို႔ ဆိုၿပီး ပရိတ္သတ္ေတြကဖုန္းဆက္ အားေပးခ်စ္ခင္ၾကတာနားလည္ပါတယ္။ညဘက္ေတာ့ မဆက္ၾကနဲ႔ေလ အႏူးအၫႊန္႔ေတာင္းပန္ပါ တယ္။    ဒီၾကားထဲ ေကာင္ေလးတစ္ေယာက္က လက္ထပ္ခြင့္ေတာင္းေနေသးတယ္ cb ကေန ကြ်န္မအထင္ သူ႔သူငယ္ခ်င္းတစ္ ေယာက္ ေယာက္က ေဆးထိုးတာ ထင္ပါတယ္" ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေျပာျပထားပါတယ္။
 

သူမဟာ ေဖ့စ္ဘြတ္ကေန ေနၾကာစိ ေရာင္းေနတာျဖစ္ၿပီး ေနၾကာစိ ဝယ္လိုတဲ့ ပရိသတ္ေတြ၊ မိတ္ေဆြေတြ အလြယ္တကူမွာ ယူႏိုင္ေအာင္ လည္း သူမရဲ႕ ဖုန္းနံပါတ္ကို ေပးထားျခင္းလည္း ျဖစ္ပါတယ္။ သူမအေနနဲ႕  အိမ္ေထာင္သည္ ကေလးတစ္ေယာက္အေမျဖစ္တဲ့အတြက္ တျခားအိမ္ေထာင္ရွင္မေတြလိုပဲ အိမ္အလုပ္ လုပ္ေနရပါတယ္လို႕ဆုိထားပါေသးတယ္။

အဲ့ဒါေၾကာင့္သူမမွာ အခ်ိန္ေတြ မပိုသလုိ အခ်ိန္ေတြ ပိုေနရင္လည္း ပရိသတ္ေတြအတြက္ ေဖ့စ္ဘြတ္မွာ Live လႊင့္တယ္လို႕ ေျပာျပထား ပါတယ္။
 

"ဝိုင္းကူတဲ့ညီမေလးက ခဏျပန္ သားသားေလးက ေမေမသာ သားဘဝျဖစ္ေနခ်ိန္အေမကဖ်ားေနၾကာေစ့ကားတန္ဆာခက ေစ်းႀကီး ေနၾကာ ေစ့ဒိုင္က ေငြေစ်းတက္လို႔ ေစ်းတက္မယ္ေျပာဒီဘက္မွာလဲ ေစ်းေလ်ာ့ေရာင္းမိခ်စ္တဲ့ပရိတ္သတ္ႀကီးကလဲ ည၁၂နာရီေလာက္ဖုန္း ဆက္ ေဒၚလာေစ်းကတက္႐ူးသြားရင္ေရာ ခ်စ္ၾကဦးမွာလား" ဆိုၿပီး ဆက္လက္ေျပာထားပါေသးတယ္။
မယ္လုိဒီဟာ ၂၀၁၇ ခုႏွစ္က စလုိ႔  အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကုိင္လာတာကုိ ေတြ႔ရပါတယ္။ သူ႔အေနနဲ႔ ကုိယ္ပုိင္စီးပြားေရး နဲ႔ အတူ အႏုပညာအလုပ္ေရာ၊ သားေလးရဲ႕ ေဝယာဝိစၥ၊ ခင္ပြန္းျဖစ္သူရဲ႕ ေဝယာဝစၥေတြကုိလည္း လုပ္ကုိင္ေဆာင္ရြက္ေပးေနရသူပါ။ ဒါေပမယ့္ လည္း သူမဟာ ပရိသတ္ေတြနဲ႔ အဆက္မျပတ္ေအာင္ေတာ့ ဇာတ္ကားေတြရုိက္ကူးျဖစ္ေနပါတယ္။
သရုပ္ေဆာင္ မယ္လိုဒီဟာ မၾကာေသးခင္က "Vertigo" လုိ႔ အမည္ရတဲ့ ေရာဂါတစ္မ်ဳိးကုိ ခံစားခဲ့ရတယ္လုိ႔ သိရပါတယ္။ဒီေရာဂါကုိလည္း ၂၀၀၈ ခုႏွစ္ကတည္းက ခံစားခဲ့ရတာလုိ႔ ဆုိပါတယ္။ အခုေတာ့ က်န္းမာေရးျပန္လည္ ေကာင္းမြန္ လာၿပီျဖစ္လုိ႔ အႏုပညာအလုပ္ေတြလည္း ျပန္လုပ္ေနၿပီလုိ႔ မီဒီယာေတြကေနတဆင့္ေျပာျပခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 Chat Box ကနေ တောင်းတာတဲ့။
အခုချိန်ထိ နုပျိုလှပနေဆဲဖြစ်တဲ့ သရုပ်ဆောင် မယ်လိုဒီ တစ်ယောက် ကောင်လေးတစ်ယောက်ရဲ့ လက်ထပ်ခွင့် တောင်းခြင်း ကို ခံလိုက်ရတယ်တဲ့။
သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ သရုပ်ဆောင်မယ်လိုဒီဟာ သားလေးကို စောင့်ရှောက်ရင်း ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ကိုင်နေသူပါ။ အခုချိန်ထိ နုပျိုလှပနေဆဲဖြစ်တဲ့ သရုပ်ဆောင် မယ်လိုဒီ တစ်ယောက် ကောင်လေးတစ်ယောက်ရဲ့ လက်ထပ်ခွင့် တောင်းခြင်း ကို ခံလိုက်ရတယ်လို့ သိရပါတယ်။

အဲ့ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၁၉) ရက်နေ့က ယခုလို ရေးသားထားတာတွေ့ရပါတယ်။

"ဘဝက အဟွာမနိုင် ပဲကြီးဟင်း စားမိမဟုတ်ဘူး။ကိုယ့်ဘာသာနေနေတာကို ကြိုးတုတ်ပြီး ဝမ်းနှုတ်ဆေး အကျွေးခံရတဲ့ဘဝ ။ဖုန်းနံပါတ်ရလို့ ဆိုပြီး ပရိတ်သတ်တွေကဖုန်းဆက် အားပေးချစ်ခင်ကြတာနားလည်ပါတယ်။ညဘက်တော့ မဆက်ကြနဲ့လေ အနူးအညွှန့်တောင်းပန်ပါ တယ်။    ဒီကြားထဲ ကောင်လေးတစ်ယောက်က လက်ထပ်ခွင့်တောင်းနေသေးတယ် cb ကနေ ကျွန်မအထင် သူ့သူငယ်ချင်းတစ် ယောက် ယောက်က ဆေးထိုးတာ ထင်ပါတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။

သူမဟာ ဖေ့စ်ဘွတ်ကနေ နေကြာစိ ရောင်းနေတာဖြစ်ပြီး နေကြာစိ ဝယ်လိုတဲ့ ပရိသတ်တွေ၊ မိတ်ဆွေတွေ အလွယ်တကူမှာ ယူနိုင်အောင် လည်း သူမရဲ့ ဖုန်းနံပါတ်ကို ပေးထားခြင်းလည်း ဖြစ်ပါတယ်။ သူမအနေနဲ့  အိမ်ထောင်သည် ကလေးတစ်ယောက်အမေဖြစ်တဲ့အတွက် တခြားအိမ်ထောင်ရှင်မတွေလိုပဲ အိမ်အလုပ် လုပ်နေရပါတယ်လို့ဆိုထားပါသေးတယ်။

အဲ့ဒါကြောင့်သူမမှာ အချိန်တွေ မပိုသလို အချိန်တွေ ပိုနေရင်လည်း ပရိသတ်တွေအတွက် ဖေ့စ်ဘွတ်မှာ Live လွှင့်တယ်လို့ ပြောပြထား ပါတယ်။

"ဝိုင်းကူတဲ့ညီမလေးက ခဏပြန် သားသားလေးက မေမေသာ သားဘဝဖြစ်နေချိန်အမေကဖျားနေကြာစေ့ကားတန်ဆာခက ဈေးကြီး နေကြာ စေ့ဒိုင်က ငွေဈေးတက်လို့ ဈေးတက်မယ်ပြောဒီဘက်မှာလဲ ဈေးလျော့ရောင်းမိချစ်တဲ့ပရိတ်သတ်ကြီးကလဲ ည၁၂နာရီလောက်ဖုန်း ဆက် ဒေါ်လာဈေးကတက်ရူးသွားရင်ရော ချစ်ကြဦးမှာလား" ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။
မယ်လိုဒီဟာ ၂၀၁၇ ခုနှစ်က စလို့  အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်စီးပွားရေး နဲ့ အတူ အနုပညာအလုပ်ရော၊ သားလေးရဲ့ ဝေယာဝိစ္စ၊ ခင်ပွန်းဖြစ်သူရဲ့ ဝေယာဝစ္စတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်ပေးနေရသူပါ။ ဒါပေမယ့် လည်း သူမဟာ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်တော့ ဇာတ်ကားတွေရိုက်ကူးဖြစ်နေပါတယ်။
သရုပ်ဆောင် မယ်လိုဒီဟာ မကြာသေးခင်က "Vertigo" လို့ အမည်ရတဲ့ ရောဂါတစ်မျိုးကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ဒီရောဂါကိုလည်း ၂၀၀၈ ခုနှစ်ကတည်းက ခံစားခဲ့ရတာလို့ ဆိုပါတယ်။ အခုတော့ ကျန်းမာရေးပြန်လည် ကောင်းမွန် လာပြီဖြစ်လို့ အနုပညာအလုပ်တွေလည်း ပြန်လုပ်နေပြီလို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top