ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေရႊတိဂုံေစတီေတာ္သုိ႔ လာေရာက္ဖူးေျမာ္သည့္ ၿဗိတိန္ႏုိင္ငံျခားေရး၀န္ႀကီးကို တာ၀န္ရွိသူမ်ားႏွင့္ ေတြ႕ရစဥ္ (ဓာတ္ပံု − EPA)

 ၿဗိတိန္ႏိုင္ငံျခား ေရးဝန္ႀကီး ဂ်ယ္ရီမီဟန္႔သည္ ယမန္ေန႔က ရန္ကုန္ၿမိဳ႕သို႔ ေရာက္ ရွိၿပီး ယေန႔မြန္းလြဲပိုင္းတြင္ ႏိုင္ငံ ေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္ႏွင့္ ေနျပည္ ေတာ္၌ ေတြ႕ဆံုမည္ ျဖစ္သည္။

ယမန္ေန႔တြင္ မစၥတာဂ်ယ္ရီ မီဟန္႔သည္ ရန္ကုန္ၿမိဳ႕ရွိ ႏိုင္ငံ ေရးအက်ဥ္းသားမ်ား ကူညီေစာင့္ ေရွာက္ေရးအသင္း (AAPP) ႐ံုး သို႔ သြားေရာက္ၿပီး ျမန္မာႏုိင္ငံ၏ လူ႔အခြင့္အေရး အေျခအေန၊ ႏိုင္ငံေရး အက်ဥ္းသားအေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း AAPP က  သတင္းထုတ္ျပန္သည္။

ခရီးစဥ္အတြင္း ၿဗိတိန္ႏိုင္ငံ ျခားေရးဝန္ႀကီးသည္ အရပ္သား အစိုးရေခါင္းေဆာင္အခ်ိဳ႕၊ တပ္ မေတာ္ေခါင္းေဆာင္အခ်ိဳ႕ႏွင့္ ေတြ႕ဆံုရန္ စီစဥ္ထားေၾကာင္း၎၏  တြစ္တာမွတစ္ဆင့္ေၾကညာထားသည္။

ထို႔အျပင္ ဟန္႔၏သံုးရက္ ၾကာခရီးစဥ္အတြင္း ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းသို႔ သြားေရာက္မည္ ျဖစ္ၿပီး အရပ္ဘက္အဖြဲ႕အစည္း မ်ား၊ သံတမန္မ်ားႏွင့္လည္းေတြ႕ ဆံုရန္ စီစဥ္ထားသည္။

ကြန္ဆာေဗးတစ္ပါတီက ႏိုင္ငံေရးသမား  မစၥတာဂ်ယ္ရီမီ ဟန္႔သည္ ယခုႏွစ္ဇူလိုင္တြင္ ဝန္ ႀကီးေဟာင္း ေဘာရစ္ဂြၽန္ဆင္အစား ႏိုင္ငံျခားေရးဝန္ႀကီး တာဝန္ယူၿပီးေနာက္ ၎၏ပထမဆံုး ျမန္မာႏိုင္ငံခရီးစဥ္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily

#Unicode Version#

ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကို တာဝန်ရှိသူများနှင့် တွေ့ရစဉ် (ဓာတ်ပုံ − EPA)

 ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး ဂျယ်ရီမီဟန့်သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက် ရှိပြီး ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် နေပြည် တော်၌ တွေ့ဆုံမည် ဖြစ်သည်။

ယမန်နေ့တွင် မစ္စတာဂျယ်ရီ မီဟန့်သည် ရန်ကုန်မြို့ရှိ နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) ရုံး သို့ သွားရောက်ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ၊ နိုင်ငံရေး အကျဉ်းသားအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း AAPP က  သတင်းထုတ်ပြန်သည်။

ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံ ခြားရေးဝန်ကြီးသည် အရပ်သား အစိုးရခေါင်းဆောင်အချို့၊ တပ် မတော်ခေါင်းဆောင်အချို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း၎င်း၏  တွစ်တာမှတစ်ဆင့်ကြေညာထားသည်။

ထို့အပြင် ဟန့်၏သုံးရက် ကြာခရီးစဉ်အတွင်း ရန်ကုန်၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်မည် ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်း များ၊ သံတမန်များနှင့်လည်းတွေ့ ဆုံရန် စီစဉ်ထားသည်။

ကွန်ဆာဗေးတစ်ပါတီက နိုင်ငံရေးသမား  မစ္စတာဂျယ်ရီမီ ဟန့်သည် ယခုနှစ်ဇူလိုင်တွင် ဝန် ကြီးဟောင်း ဘောရစ်ဂျွန်ဆင်အစား နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူပြီးနောက် ၎င်း၏ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top