ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×







တစ်​ခါတစ်​​လေ မင်းသမီးဆိုတဲ့ ပကာသန​တွေမရှိ​တော့ပဲ ချစ်​သူ့မျက်​နှာ တစ်​ရွာထင်​​နေတတ်​တဲ့ ​ရွှေမှုံ​လေး





# Unicode Version ဖြင့် ဖတ်ပါ #
နေမကောင်းတဲ့ချစ်သူလေးကို စိတ်ပူပြီး ပြာယာခတ်နေတဲ့ ရွှေမှုံရတီ

အဆိုတော်ရွှေထူးနဲ့ အချေမင်းသမီးချောလေး ရွှေမှုံရတီတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ရှေ့ဆက်နေကြတာပါ။

တစ်ယောက်ကိုတစ်ယောက်လည်း ကြင်နာတတ်လွန်းတဲ့သူတို့နှစ်ဦးရဲ့ ချစ်စဖွယ်အပြုအမူလေးတွေကြောင့်လည်း ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့အကြောင်းက ပရိသတ်တွေရဲ့ကြားမှာ တော်တော်လေးကို ရေပန်းစားနေတာပါ။

ဒီနေ့လေးမှာလည်း ရွှေထူးက နေမကောင်းဖြစ်နေတာမို့ ရွှေမှုံရတီတစ်ယောက် ချစ်သူကို စိတ်တွေအရမ်းပူပြီး ပျာယာခတ်နေတဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဂရုစိုက်တတ်လွန်း၊ ချစ်တတ်လွန်းတဲ့ ရွှေမှုံလေးရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

တစ်ခါတစ်လေ မင်းသမီးဆိုတဲ့ ပကာသနတွေမရှိတော့ပဲ ချစ်သူ့မျက်နှာ တစ်ရွာထင်နေတတ်တဲ့ ရွှေမုှံလေး

ရွှေမှုံကတော့ ” သူနေမကောင်းရင် ငါ့မှာ ဆပ်ပြာသည်လင်ပျောက်သလိုပဲ ပြာယာကိုခတ်လို့ :'( ” ဆိုပြီး သူမရဲ့ My Day မှာ တင်ထားတာပါ။

ထပ်ပြီးတော့လည်း နေမကောင်းဖြစ်နေတဲ့ ချစ်သူလေးကိုကြည့်ရတာ သူမအရမ်းစိတ်မကောင်းဖြစ်တဲ့အကြောင်း ရေးသားထားပာသေးတယ်နော်…

ချစ်တတ်လွန်းတဲ့ကောင်မလေး ရွှေမှုံရတီကတော့ ချစ်သူကို သဲသဲလှုပ်အချစ်ပိုနေတာမို့ ကောင်လေးပရိသတ်တွေက ရွှေထူးကို အားကျနေကြတာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:http://bahuthuta.net

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top