iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးမ်ား၏ ကာယိေျႏၵ ပ်က္စီးေစသည္ အထိ လက္ေရာက္မႈ က်ဴးလြန္သည္ဟု ဆိုကာ တရားစြဲဆိုထားသည့္ ေဗဒင္ ဆရာ ေအာင္ခ်စ္ပို အမႈအား ဆက္လက္ စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

ကိုးထပ္ႀကီး ဘုရားတြင္ ေဟာခန္း ဖြင့္ခဲ့သည့္ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုသည္ ေဗဒင္ လာေမးသည့္ အမ်ိဳးသမီး တခ်ိဳ႕အား ယၾတာေခ်ေပးမည္ ဟုဆိုကာ အမ်ိဳးသမီးမ်ား၏ ကာယိေျႏၵ ပ်က္စီးေစေသာ ထိပါးမႈမ်ား ျပဳလုပ္မႈျဖင့္ ျမင့္ျမတ္ေကခိုင္ ဆိုသူ အမ်ိဳးသမီးတဦးက တရားလို ျပဳလုပ္၍ ကာယိေျႏၵ ပ်က္စီးေစရန္ လက္ေရာက္က်ဳးလြန္မႈ ပုဒ္မ ၃၅၄ ျဖင့္ စမ္းေခ်ာင္း ၿမိဳ႕မ ရဲစခန္း၌ အမႈ ဖြင့္ခဲ့ျခင္း ျဖစ္သည္။

ယင္းအမႈကို စက္တင္ဘာ ၁၇ ရက္က စမ္းေခ်ာင္းၿမိဳ႕နယ္ တရား႐ုံးတြင္ တရားလို ျမင့္ျမတ္ေကခိုင္၏ သက္ေသမ်ား ျဖစ္ေသာ မိခင္ ျဖစ္သူႏွင့္ ၎၏ ခ်စ္သူရည္းစား ျဖစ္ေသာ ရဲရင့္ ဆိုသူတို႔အား စစ္ေဆးခဲ့ေၾကာင္း သိရသည္။

အဆိုပါ တရားလိုျပ သက္ေသ ၂ ဦး ထြက္ဆိုခ်က္မ်ားႏွင့္ တရားလို ျဖစ္သူ ျမင့္ျမတ္ေကခိုင္၏ ထြက္ဆိုခ်က္မ်ားသည္ ကြဲလြဲမႈ အနည္းငယ္ ရွိေနေၾကာင္း ေဗဒင္ဆရာ ေအာင္ခ်စ္ပို၏ ေရွ႕ေနက ေျပာဆိုသည္။

တရား႐ုံး၌ တရားလိုျပ သက္ေသမ်ား၏ ထြက္ဆိုခ်က္မ်ားႏွင့္ ျမင့္ျမတ္ေကခိုင္၏ Facebook ေပၚ၌ တင္ထားသည့္ စာသား မ်ား ကြဲလြဲခ်က္ တခ်ိဳ႕ရွိေနေၾကာင္း ေအာင္ခ်စ္ပို၏ တရားလႊတ္ေတာ္ေရွ႕ေန ဦးစိုးဝင္းေအာင္က ဧရာဝတီ သို႔ ေျပာသည္။

တရား႐ုံးတြင္ ျမင့္ျမတ္ေကခိုင္က အမႈတြဲ၌ ပါဝင္သည့္ ေဗဒင္ေဟာ စာ႐ြက္အား ၎ ဆုတ္ၿဖဲလိုက္ျခင္း ျဖစ္သည္ဟု ထြက္ဆို ထားသည္။

မိခင္ျဖစ္သူကလည္း ယင္းစာ႐ြက္အား ေဒါသျဖစ္သျဖင့္ ၎စြဲဆုတ္ခဲ့ျခင္း ျဖစ္သည္ဟု ထြက္ဆိုထားေၾကာင္း ဦးစိုးဝင္း ေအာင္က ျပန္လည္ ေျပာျပသည္။

ျမင့္ျမတ္ေကခိုင္၏ ခ်စ္သူရည္းစား ျဖစ္သူ ရဲရင့္က ၎အေနျဖင့္ ေဟာခန္း အျပင္တြင္ ထိုင္ေနခဲ့ျခင္း ျဖစ္သည္ဟု ထြက္ဆို ခဲ့ေသာ္လည္း ေဖ့စ္ဘြတ္၌မူ ရဲရင့္အား အေအးဆိုင္တြင္ ထိုင္ေစာင့္ခိုင္းထားေၾကာင္း ေရးသားထားသည့္ အတြက္ ကြဲလြဲ မႈ မ်ား ရွိေၾကာင္း ေရွ႕ေနက ေထာက္ျပ ေျပာဆိုသည္။

ထို႔ျပင္ ယင္းအမႈသည္ အခင္းျဖစ္ၿပီး တလေက်ာ္ၾကာမွ အမႈဖြင့္ျခင္း ျဖစ္ေသာေၾကာင့္ စဥ္းစားစရာ ျဖစ္ေနေၾကာင္း၊ မိန္း ကေလး တဦး အေနျဖင့္ အမွန္တကယ္ ကာယိေျႏၵ ဖ်က္ဆီးခံရပါက ခ်က္ခ်င္း တိုင္ၾကားရမည့္ ကိစၥျဖစ္ေၾကာင္း၊ သို႔ေသာ္ ခ်က္ခ်င္း တိုင္တန္းမႈ တစုံတရာ မလုပ္ခဲ့ဟု တရား႐ုံးတြင္ ဝန္ခံ ထြက္ဆိုျခင္းကို ေတြ႕ရေၾကာင္း ေရွ႕ေန ဦးစိုးဝင္းေအာင္က ေျပာသည္။
၎က ဆက္လက္၍ “သူ႔အေမက သုံး၊ ေလးရက္ ေနၿပီးမွ သူ႔သမီးေျပာမွ သိတယ္၊ ေဒါသ ျဖစ္တယ္လို႔ ထြက္တယ္။ ဒီေလာက္ ေဒါသျဖစ္ရင္ ခ်က္ခ်င္း သူတိုင္ရမွာ။ သူတို႔ ဘာလို႔ မတိုင္ခဲ့တာလဲ။ ဒါေတြက စဥ္းစားစရာလို႔ ျမင္တယ္”ဟု ဆို သည္။

တရားလို ျမင့္ျမတ္ေကခိုင္ကမူ“တရားသူႀကီးကပဲ ဆုံးျဖတ္ပါလိမ့္မယ္။ ညီမဘက္ကေတာ့ အေကာင္း ဆုံး ရင္ဆိုင္သြား မယ္။ ညီမတို႔ဘက္ကလည္း တမင္လုပ္တာ မဟုတ္ဘူး။ ဒီအမႈကို ၿပီးဆုံးတဲ့အထိ အမွန္အတိုင္း ဆက္လက္ ရင္ဆိုင္သြား မယ္”ဟု ေျပာဆိုသည္။

ယင္းသို႔ ထြက္ဆိုခ်က္ ကြဲလြဲရျခင္း အေၾကာင္းသည္ ရဲစခန္း၌ အတိုခ်ဳံ႔၍ ထြက္ဆိုျခင္းႏွင့္ တရား႐ုံး၌မူ အေသးစိတ္ ထြက္ ဆိုရျခင္း ျဖစ္ေသာေၾကာင့္ဟု ျမင့္ျမတ္ေကခိုင္က ဧရာဝတီကို ေျပာသည္။

၎က“ျဖစ္စဥ္ အကုန္လုံးႀကီး လြဲသြားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ေဖ့စ္ဘြတ္မွာ Public မွာ တင္တာဆိုေတာ့ အေသးစိတ္ ေရးလို႔လည္း အဆင္မေျပဘူး။ ပို႔စ္ကေတာ့ လူတိုင္းျမင္ရတာ ျဖစ္ေတာ့ အတိုခ်ဳံ႔ၿပီး နည္းနည္းပါးပါးပဲ ေရးမွာေပါ့။ ဒီပို႔စ္နဲ႔ ေတာ့ ယွဥ္ၿပီး ေျပာလို႔ မရဘူး ထင္ပါတယ္”ဟုလည္း ဆိုသည္။

ထို႔ျပင္ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုကို သ႐ုပ္ေဆာင္ ဒိန္းေဒါင္၏ သမီးျဖစ္သူ ဒိန္းပိုပိုေဒါင္ကလည္း ကာယိေျႏၵ ပ်က္စီး ေစ သည့္ ကိုယ္ထိ လက္ေရာက္ က်ဴးလြန္ျခင္း ဥပေဒ ပုဒ္မ ၃၅၄ ႏွင့္ ႏႈတ္ျဖင့္ က်ဴးလြန္ျခင္းေၾကာင့္ ျပစ္မႈဆိုင္ရာ ပုဒ္မ ၅၀၆ တို႔ျဖင့္ ေဖေဖာ္ဝါရီ ၇ ရက္က အမႈဖြင့္ခဲ့သည္။

ဒိန္းပိုပိုေဒါင္ကို ယခင္ ႐ုံးခ်ိန္းမ်ားတြင္ စစ္ၿပီးျဖစ္သည့္ အတြက္ တရားလိုျပ သက္ေသ ျမင့္ျမတ္ေကခိုင္ကို စက္တင္ဘာ ၁၇ ရက္က စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ျမင့္ျမတ္ေကခိုင္ႏွင့္ ဒိန္းပိုပိုေဒါင္ တို႔သည္ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုအား တရားစြဲဆိုမႈ၌ တရားလိုျပ သက္ေသအျဖစ္ အျပန္အလွန္ ပါဝင္ထားၾကသည္။

ယင္းအမႈတြင္ တရားလိုျပ သက္ေသမ်ား စစ္ေဆးရန္ ရွိသျဖင့္ ေအာက္တိုဘာ ၁ ရက္ကို ႐ုံးခ်ိန္း ထပ္မံ ေခၚဆိုထားသည္။

ေဗဒင္ဆရာ ေအာင္ခ်စ္ပိုက ၎၏ ဂုဏ္သိကၡာ ထိခိုက္ေစသည့္ စာသားမ်ား ေရးသား ေျပာဆိုသည္ဟူေသာ အခ်က္ျဖင့္ ျမင့္ျမတ္ေကခိုင္ႏွင့္ Facebook ေပၚတြင္ ေရးသားခဲ့သူ ကိုၿဖိဳးေဝဝင္း ဆိုသူတို႔ကို ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၆(ဃ) ျဖင့္ တရားစြဲဆို ထားၿပီး ဒိန္းပိုပိုေဒါင္အား အသေရဖ်က္မႈျဖင့္ ျပန္လည္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧရာ၀တီ

#Unicode Version#
အမျိုးသမီးများ၏ ကာယိန္ဒြေ ပျက်စီးစေသည် အထိ လက်ရောက်မှု ကျူးလွန်သည်ဟု ဆိုကာ တရားစွဲဆိုထားသည့် ဗေဒင် ဆရာ အောင်ချစ်ပို အမှုအား ဆက်လက် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ကိုးထပ်ကြီး ဘုရားတွင် ဟောခန်း ဖွင့်ခဲ့သည့် ဗေဒင်ဆရာ အောင်ချစ်ပိုသည် ဗေဒင် လာမေးသည့် အမျိုးသမီး တချို့အား ယတြာချေပေးမည် ဟုဆိုကာ အမျိုးသမီးများ၏ ကာယိန္ဒြေ ပျက်စီးစေသော ထိပါးမှုများ ပြုလုပ်မှုဖြင့် မြင့်မြတ်ကေခိုင် ဆိုသူ အမျိုးသမီးတဦးက တရားလို ပြုလုပ်၍ ကာယိန္ဒြေ ပျက်စီးစေရန် လက်ရောက်ကျုးလွန်မှု ပုဒ်မ ၃၅၄ ဖြင့် စမ်းချောင်း မြို့မ ရဲစခန်း၌ အမှု ဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းအမှုကို စက်တင်ဘာ ၁၇ ရက်က စမ်းချောင်းမြို့နယ် တရားရုံးတွင် တရားလို မြင့်မြတ်ကေခိုင်၏ သက်သေများ ဖြစ်သော မိခင် ဖြစ်သူနှင့် ၎င်း၏ ချစ်သူရည်းစား ဖြစ်သော ရဲရင့် ဆိုသူတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ တရားလိုပြ သက်သေ ၂ ဦး ထွက်ဆိုချက်များနှင့် တရားလို ဖြစ်သူ မြင့်မြတ်ကေခိုင်၏ ထွက်ဆိုချက်များသည် ကွဲလွဲမှု အနည်းငယ် ရှိနေကြောင်း ဗေဒင်ဆရာ အောင်ချစ်ပို၏ ရှေ့နေက ပြောဆိုသည်။

တရားရုံး၌ တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များနှင့် မြင့်မြတ်ကေခိုင်၏ Facebook ပေါ်၌ တင်ထားသည့် စာသား များ ကွဲလွဲချက် တချို့ရှိနေကြောင်း အောင်ချစ်ပို၏ တရားလွှတ်တော်ရှေ့နေ ဦးစိုးဝင်းအောင်က ဧရာဝတီ သို့ ပြောသည်။

တရားရုံးတွင် မြင့်မြတ်ကေခိုင်က အမှုတွဲ၌ ပါဝင်သည့် ဗေဒင်ဟော စာရွက်အား ၎င်း ဆုတ်ဖြဲလိုက်ခြင်း ဖြစ်သည်ဟု ထွက်ဆို ထားသည်။

မိခင်ဖြစ်သူကလည်း ယင်းစာရွက်အား ဒေါသဖြစ်သဖြင့် ၎င်းစွဲဆုတ်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း ဦးစိုးဝင်း အောင်က ပြန်လည် ပြောပြသည်။

မြင့်မြတ်ကေခိုင်၏ ချစ်သူရည်းစား ဖြစ်သူ ရဲရင့်က ၎င်းအနေဖြင့် ဟောခန်း အပြင်တွင် ထိုင်နေခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆို ခဲ့သော်လည်း ဖေ့စ်ဘွတ်၌မူ ရဲရင့်အား အအေးဆိုင်တွင် ထိုင်စောင့်ခိုင်းထားကြောင်း ရေးသားထားသည့် အတွက် ကွဲလွဲ မှု များ ရှိကြောင်း ရှေ့နေက ထောက်ပြ ပြောဆိုသည်။

ထို့ပြင် ယင်းအမှုသည် အခင်းဖြစ်ပြီး တလကျော်ကြာမှ အမှုဖွင့်ခြင်း ဖြစ်သောကြောင့် စဉ်းစားစရာ ဖြစ်နေကြောင်း၊ မိန်း ကလေး တဦး အနေဖြင့် အမှန်တကယ် ကာယိန္ဒြေ ဖျက်ဆီးခံရပါက ချက်ချင်း တိုင်ကြားရမည့် ကိစ္စဖြစ်ကြောင်း၊ သို့သော် ချက်ချင်း တိုင်တန်းမှု တစုံတရာ မလုပ်ခဲ့ဟု တရားရုံးတွင် ဝန်ခံ ထွက်ဆိုခြင်းကို တွေ့ရကြောင်း ရှေ့နေ ဦးစိုးဝင်းအောင်က ပြောသည်။
၎င်းက ဆက်လက်၍ “သူ့အမေက သုံး၊ လေးရက် နေပြီးမှ သူ့သမီးပြောမှ သိတယ်၊ ဒေါသ ဖြစ်တယ်လို့ ထွက်တယ်။ ဒီလောက် ဒေါသဖြစ်ရင် ချက်ချင်း သူတိုင်ရမှာ။ သူတို့ ဘာလို့ မတိုင်ခဲ့တာလဲ။ ဒါတွေက စဉ်းစားစရာလို့ မြင်တယ်”ဟု ဆို သည်။

တရားလို မြင့်မြတ်ကေခိုင်ကမူ“တရားသူကြီးကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ညီမဘက်ကတော့ အကောင်း ဆုံး ရင်ဆိုင်သွား မယ်။ ညီမတို့ဘက်ကလည်း တမင်လုပ်တာ မဟုတ်ဘူး။ ဒီအမှုကို ပြီးဆုံးတဲ့အထိ အမှန်အတိုင်း ဆက်လက် ရင်ဆိုင်သွား မယ်”ဟု ပြောဆိုသည်။

ယင်းသို့ ထွက်ဆိုချက် ကွဲလွဲရခြင်း အကြောင်းသည် ရဲစခန်း၌ အတိုချုံ့၍ ထွက်ဆိုခြင်းနှင့် တရားရုံး၌မူ အသေးစိတ် ထွက် ဆိုရခြင်း ဖြစ်သောကြောင့်ဟု မြင့်မြတ်ကေခိုင်က ဧရာဝတီကို ပြောသည်။

၎င်းက“ဖြစ်စဉ် အကုန်လုံးကြီး လွဲသွားတာမျိုးတော့ မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်မှာ Public မှာ တင်တာဆိုတော့ အသေးစိတ် ရေးလို့လည်း အဆင်မပြေဘူး။ ပို့စ်ကတော့ လူတိုင်းမြင်ရတာ ဖြစ်တော့ အတိုချုံ့ပြီး နည်းနည်းပါးပါးပဲ ရေးမှာပေါ့။ ဒီပို့စ်နဲ့ တော့ ယှဉ်ပြီး ပြောလို့ မရဘူး ထင်ပါတယ်”ဟုလည်း ဆိုသည်။

ထို့ပြင် ဗေဒင်ဆရာ အောင်ချစ်ပိုကို သရုပ်ဆောင် ဒိန်းဒေါင်၏ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကလည်း ကာယိန္ဒြေ ပျက်စီး စေ သည့် ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်း ဥပဒေ ပုဒ်မ ၃၅၄ နှင့် နှုတ်ဖြင့် ကျူးလွန်ခြင်းကြောင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၆ တို့ဖြင့် ဖေဖော်ဝါရီ ၇ ရက်က အမှုဖွင့်ခဲ့သည်။

ဒိန်းပိုပိုဒေါင်ကို ယခင် ရုံးချိန်းများတွင် စစ်ပြီးဖြစ်သည့် အတွက် တရားလိုပြ သက်သေ မြင့်မြတ်ကေခိုင်ကို စက်တင်ဘာ ၁၇ ရက်က စစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်မြတ်ကေခိုင်နှင့် ဒိန်းပိုပိုဒေါင် တို့သည် ဗေဒင်ဆရာ အောင်ချစ်ပိုအား တရားစွဲဆိုမှု၌ တရားလိုပြ သက်သေအဖြစ် အပြန်အလှန် ပါဝင်ထားကြသည်။

ယင်းအမှုတွင် တရားလိုပြ သက်သေများ စစ်ဆေးရန် ရှိသဖြင့် အောက်တိုဘာ ၁ ရက်ကို ရုံးချိန်း ထပ်မံ ခေါ်ဆိုထားသည်။

ဗေဒင်ဆရာ အောင်ချစ်ပိုက ၎င်း၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် စာသားများ ရေးသား ပြောဆိုသည်ဟူသော အချက်ဖြင့် မြင့်မြတ်ကေခိုင်နှင့် Facebook ပေါ်တွင် ရေးသားခဲ့သူ ကိုဖြိုးဝေဝင်း ဆိုသူတို့ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆို ထားပြီး ဒိန်းပိုပိုဒေါင်အား အသရေဖျက်မှုဖြင့် ပြန်လည် အမှုဖွင့်ထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top